







အဲ့ဒီနောက် လီဗာပူး အသင်း ရဲ့ အထောင် တိုက်စစ်မှူး ဖြစ်သူ ရောဘတ်တို ဖာမီနို ဟာ ကမ္ဘ္ဘာ့ အဆင့် ကစားသမား ဖြစ်ကြောင်း ဂယ်ရီ နဗီးလ် က ဆက်လက် ပြောကြား သွားခဲ့ ပြီး မန်စီးတီး အသင်း ရဲ့ ခံစစ် ကြောင်းက အမှတ်ပေး ဖလား ဆုနဲ့ ဝေးကွာ စေနိုင် လိမ့်မယ် လို့ သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Unicode

ကမ႓ာ့အဆင့် ကစားသမား သုံးဦး ခေါ်ယူခွင့် ရရှိမယ် ဆိုရင် ဘယ်သူတွေကို ယူနိုက်တက်ဆီ ခေါ်ယူ သွားဖြစ်မလဲ ဆိုတာ ဖြေကြားလိုက်တဲ့ #ဂယ်ရီနဗီးလ်

==================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က တွစ်တာ မှာ ပြုလုပ် ခဲ့တဲ့ အမေး အဖြေ ကဏ္ဍ တစ်ခု မှာ စိတ်ကြိုက် ကစားသမား ခေါ်ယူ ခွင့် ရရှိ မယ် ဆိုရင် ဘယ် ကစားသမား သုံးဦး ကို ခေါ်ယူ သွားလိမ့် မလဲ ဆိုတာ အမေး ခံခဲ့ လိုက်ရ ပါတယ် ။

အဆိုပါ မေးခွန်း အမေး ခံလိုက် ရတဲ့ အချိန် မှာတော့ နဗီးလ် က ပြင်သစ် လက်ရွေးစင် ကစားသမား သုံးဦး ဖြစ် ကြတဲ့ အန်ဂိုလို ကန်တီ ၊ ရာဖေး ဗာနီ နဲ့ ကိုင်လီယန် အမ်ဘက်ပီ တို့ကို မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ခေါ်ယူ သွားမှာ ဖြစ်ကြောင်း မဆိုင်း မတွ ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

အထူးသဖြင့် ဂယ်ရီ နဗီးလ် ဟာ လက်ရှိ ယူနိုက်တက် အသင်း ရဲ့ ကျောရိုး ကို ပိုမို တောင့်တင်း ပြီး ကစား အား ပိုမို ကောင်းမွန် စေလို တာကြောင့် အဆိုပါ ပြင်သစ် လက်ရွေးစင် ကစား သမား သုံးဦး ကို အဓိက ထား ရွေးချယ် သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီ နောက် နောက်ထပ် ပရိသတ် တစ်ဦး က လက်ရှိ ဆိုးလ်ရှား ဦးဆောင် နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် ဆု ဖလား ကို ဘယ်တော့ လောက်မှ စိန်ခေါ် နိုင်လိမ့် မလဲ ဆိုတာ ဂယ်ရီ နဗီးလ် ကို မေးမြန်း သွားခဲ့ လိုက် ပါတယ် ။

ဒါကို ဂယ်ရီ နဗီး က အကယ်လို့ အသင်း ဟာ ကစားသမား ကောင်းတွေ ကို အမြန်ဆုံး ခေါ်ယူ အင်အား ဖြည့်တင်း နိုင်မယ် ဆိုရင် အစောဆုံး အနေ နဲ့ 2021 – 22 ရာသီ လောက်မှ အမှတ်ပေး ဖလား ကို ပြန်လည် စိန်ခေါ် နိုင် လိမ့်မယ် လို့ သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီ နောက် လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ပိုင်းဟာ လုံလောက်စွာ ထူးခြား ကောင်းမွန် ခြင်း မရှိ သေးကြောင်း ပြောကြား ခဲ့ပြီး လီဗာပူး အသင်း ဟာ သူတို့ ရဲ့ သမိုင်း တစ်လျောက် ပထမဆုံး အကြိမ် ပရီးမီးယား လိဂ် ဆု ဖလား ကို ရယူ ဆွတ်ခူး နိုင်ဖို့ အကောင်းဆုံး အခွင့် အရေး တစ်ခု ပိုင်ဆိုင် ထားပြီ ဖြစ်ကြောင်း မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

ဒါ့အပြင် မနေ့ ကလည်း လက်ရှိ ယူနိုက်တက် နည်းပြ တာဝန် အတွက် ကမ်းလှမ်း ခံ ရမယ် ဆိုရင် ဘာလုပ် ဖြစ် မလဲ လို့ အမေး ခံလိုက် ရချိန် ဂယ်ရီ နဗီးလ် က ‘ အဲ့ဒီလို ကမ်းလှမ်း မှု တစ်ခု က မလာ သေး ပါဘူး ၊ လာရင် လည်း ကျွန်တော် ငြင်းဆန် ပြီး အဝေး ကို ထွက်ပြေး သွားမှာ ပါ ‘ လို့ ပြန်လည် ဖြေကြား ခဲ့ပါ သေးတယ် ။

အဲ့ဒီနောက် နည်းပြ လောက ထဲကို ပြန်လည် ဝင်ရောက် လိမ့်ဦး မလား လို့ အမေး ခံလိုက် ရတဲ့ အချိန် ဂယ်ရီ နဗီးလ် က ‘ No ‘ လို့ တစ်ခွန်း တည်း ဖြေကြား သွားခဲ့ ပြီး သူ တွေ့ကြုံ ခဲ့ သမျှ ထဲ အဆန်းကြယ် ဆုံး အရာ က ဘာလဲ ဆိုတာ အမေး ခံလိုက် ရတဲ့ အချိန် ‘ ဗလန်စီယာ အသင်း ရဲ့ စာချုပ် ‘ လို့ ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် လီဗာပူး အသင်း ရဲ့ အထောင် တိုက်စစ်မှူး ဖြစ်သူ ရောဘတ်တို ဖာမီနို ဟာ ကမ႓႓ာ့ အဆင့် ကစားသမား ဖြစ်ကြောင်း ဂယ်ရီ နဗီးလ် က ဆက်လက် ပြောကြား သွားခဲ့ ပြီး မန်စီးတီး အသင်း ရဲ့ ခံစစ် ကြောင်းက အမှတ်ပေး ဖလား ဆုနဲ့ ဝေးကွာ စေနိုင် လိမ့်မယ် လို့ သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar