ခ်ယ္လ္ဆီး အသင္း ရဲ႕ ပထမ ဦးစားေပး ဂိုးသမား ကီပါ ဟာ ယခင္ က ခ်န္ပီယံလိဂ္ ပြဲစဥ္ ေတြကို တခါမွ မကစား ခဲ့ဖူးတာေၾကာင့္ ယေန႕ည စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ ကစားမယ့္ ဗလင္စီယာ နဲ႕ ပြဲစဥ္ ဟာ သူ႕ရဲဲ႕ ကစားသမား ဘဝ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲစဥ္ ျဖစ္လာဖို႕ ရွိေနပါတယ္ ။

ယခင္ က ဘီလ္ဘာအို မွာ ကစားခဲ့စဥ္ က ကီပါ ဟာ ဗလင္စီယာ အသင္း နဲ႕ မၾကာခဏ ရင္ဆိုင္ ခဲ့ရျပီး အခုအခါ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ အဲ့ဒီ အေတြ႕အၾကံဳ ေတြကို ထုတ္သံုး လာဖို႕ ရွိေနပါတယ္ ။ မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ကီပါ က ဗလင္စီယာ အသင္း နဲ႕ ရင္ဆိုင္ ခဲ့ဖူးတဲ့ အေတြ႕အၾကံဳ တခ်ိဳ႕ နဲ႕ ဗလင္စီယာ အသင္း ဟာ ယွဥ္ျပိဳင္ရ ခက္ခဲတဲ့ အသင္း ျဖစ္ေၾကာင္း အခုလို ေျပာၾကား ခဲ့ပါတယ္ ။

ကီပါ က ” ဗလင္စီယာ ဟာ အျမဲတမ္း ေၾကာက္စရာေကာင္းတဲ့ ျပိဳင္ဖက္ အေနနဲ႕ ရွိေနမွာပါ ။ အခု လက္ရွိ သူတို႕ ၾကံဳေတြ႕ ေနရတဲ့ မျငိမ္သက္တဲ့ အေျခအေန တခုကို မူတည္ျပီး ကြ်န္ေတာ္ တို႕ရဲ႕ ျပင္ဆင္မႈ ကို ေျပာင္းလဲ လိုက္လို႕ မရပါဘူး ။ တခါတေလ က်ရင္ ဒီလို အေျခအေန ကပဲ အဲ့ဒီ အသင္း က ကစားသမား ေတြရဲ႕ မခံခ်င္စိတ္ ကို ႏႈိးဆြျပီး ေပါက္ကြဲ ေစတတ္ပါတယ္ ။ ကြ်န္ေတာ့ ဖက္က ဗလင္စီယာ အသင္း ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ ကို ေမွ်ာ္လင့္ ေနပါတယ္ ။ ”

” ကြ်န္ေတာ္ ဟာ ဗလင္စီယာ အသင္း အေၾကာင္း ေကာင္းေကာင္း သိထားပါတယ္ ။ သူတို႕မွာ အရည္အေသြး ျမင့္မားတဲ့ ကစားသမား ေတြ ရွိေနတယ္ ဆိုတာ ကြ်န္ေတာ္ သိထားပါတယ္ ။ ေနာက္ျပီး ခံစစ္ ကစားပံု က်စ္လ်စ္မႈလည္း ရွိပါတယ္ ။ သူတို႕ရဲ႕ အေကာင္းဆံုး အားသာခ်က္ ျဖစ္တဲ့ လ်င္ျမန္တဲ့ တန္ျပန္ တိုက္စစ္ ကို ဘယ္လို အသံုးခ် ရမလဲ ဆိုတာကိုလည္း ေကာင္းေကာင္း နားလည္ ထားၾကပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ကီပါ အျပင္ ယေန႕ည မွာ ကစားသမား ဘဝ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲစဥ္ ကို ကစားမယ့္ ကစားသမား တခ်ိဳ႕ လည္း ရွိေနျပီး သူတို႕ ေတြကေတာ့ အကယ္ဒမီ ထြက္ ကစားသမား ေတြ ျဖစ္ၾကတဲ့ တမ္မီ ေအဘရာဟမ္ ၊ ေမဆင္ေမာင့္ ၊ ဖီကာယို တိုမိုရီ တို႕ပဲ ျဖစ္ပါတယ္ ။ ကီပါ ကေတာ့ ယေန႕ည မွာ ၄င္း အပါအဝင္ ခ်ယ္လ္ဆီး လူငယ္ ကစားသမား ေတြဟာ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲစဥ္ အတြက္ အေကာင္းဆံုး ၾကိဳးစား သြားၾကမွာ ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္ ။

ကီပါ က ” အခ်က္အလက္ ေတြကို ေဘးဖယ္ လိုက္မယ္ ဆိုရင္ေတာင္ ကြ်န္ေတာ္ တို႕ဟာ အသက္အရြယ္ အရ ငယ္ရြယ္ ေသးတဲ့ အသင္း တသင္း ျဖစ္ပါတယ္ ။ ေရွ႕ဆက္ တိုးတက္စရာ ေတြ အမ်ားၾကီး ရွိပါေသးတယ္ ။ ဒါေၾကာင့္မို႕ ကြ်န္ေတာ္ တို႕ဖက္ကေတာ့ ျပိဳင္ဖက္ အသင္း ကို ကိုယ္စြမ္း ဉာဏ္စြမ္း အကုန္ ထုတ္သံုးျပီး တိုက္စစ္ဖြင့္ ကစားဖို႕ ၾကိဳးစား သြားမွာပါ ။ ”

” အခု လက္ရွိ အသင္း က ကစားသမား တခ်ိဳ႕ ဟာ မနက္ျဖန္ ညမွ သူတို႕ရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲစဥ္ ကို စတင္ ကစားၾကဖို႕ ရွိေနပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ ဒီလို အခ်ိန္ ကို ေစာင့္ဆိုင္း လာတာ ၾကာပါျပီ ။ ျပီးခဲ့တဲ့ ရာသီ ကဆို ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ ကို ကစားခြင့္ ရဖို႕ တရာသီလံုး ၾကိဳးစား ခဲ့ၾကတာပါ ။ ဒါေၾကာင့္မို႕ မနက္ျဖန္ မွာ ကစားမယ့္ ခ်န္ပီယံလိဂ္ အတြက္ ကြ်န္ေတာ္ တို႕ အားလံုး စိတ္အား ထက္သန္ ေနၾကပါျပီ ။ ”

” စတမ္းဖို႕ဒ္ ဘရစ္ခ်္ က ခ်ယ္လ္ဆီး ပရိသတ္ ေတြရဲ႕ အားေပးမႈ နဲ႕ ခ်န္ပီယံလိဂ္ အေငြ႕အသက္ ေတြကို စတင္ ခံစားဖို႕ မေစာင့္ႏိုင္ေတာ့ပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ကီပါ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က ယူရိုပါလိဂ္ မွာ ခ်ယ္လ္ဆီး အသင္း ခ်န္ပီယံ ျဖစ္ဖို႕ အဓိက ေနရာ ကေန စြမ္းေဆာင္ ေပးခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ကစားသမား ဘဝ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် ကနေ ဘာတွေ မျှော်လင့် ထားလဲ ဆိုတာ ဖွင့်ဟ ပြောဆို လိုက်တဲ့ #ကီပါ

ချယ်လ်ဆီး အသင်း ရဲ့ ပထမ ဦးစားပေး ဂိုးသမား ကီပါ ဟာ ယခင် က ချန်ပီယံလိဂ် ပွဲစဉ် တွေကို တခါမှ မကစား ခဲ့ဖူးတာကြောင့် ယနေ့ည စတမ်းဖို့ဒ် ဘရစ်ချ် မှာ ကစားမယ့် ဗလင်စီယာ နဲ့ ပွဲစဉ် ဟာ သူ့ရဲဲ့ ကစားသမား ဘဝ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် ဖြစ်လာဖို့ ရှိနေပါတယ် ။

ယခင် က ဘီလ်ဘာအို မှာ ကစားခဲ့စဉ် က ကီပါ ဟာ ဗလင်စီယာ အသင်း နဲ့ မကြာခဏ ရင်ဆိုင် ခဲ့ရပြီး အခုအခါ မှာ ချယ်လ်ဆီး အသင်း အတွက် အဲ့ဒီ အတွေ့အကြုံ တွေကို ထုတ်သုံး လာဖို့ ရှိနေပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ကီပါ က ဗလင်စီယာ အသင်း နဲ့ ရင်ဆိုင် ခဲ့ဖူးတဲ့ အတွေ့အကြံု တချို့ နဲ့ ဗလင်စီယာ အသင်း ဟာ ယှဉ်ပြိုင်ရ ခက်ခဲတဲ့ အသင်း ဖြစ်ကြောင်း အခုလို ပြောကြား ခဲ့ပါတယ် ။

ကီပါ က ” ဗလင်စီယာ ဟာ အမြဲတမ်း ကြောက်စရာကောင်းတဲ့ ပြိုင်ဖက် အနေနဲ့ ရှိနေမှာပါ ။ အခု လက်ရှိ သူတို့ ကြံုတွေ့ နေရတဲ့ မငြိမ်သက်တဲ့ အခြေအနေ တခုကို မူတည်ပြီး ကျွန်တော် တို့ရဲ့ ပြင်ဆင်မှု ကို ပြောင်းလဲ လိုက်လို့ မရပါဘူး ။ တခါတလေ ကျရင် ဒီလို အခြေအနေ ကပဲ အဲ့ဒီ အသင်း က ကစားသမား တွေရဲ့ မခံချင်စိတ် ကို နှိုးဆွပြီး ပေါက်ကွဲ စေတတ်ပါတယ် ။ ကျွန်တော့ ဖက်က ဗလင်စီယာ အသင်း ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ကို မျှော်လင့် နေပါတယ် ။ ”

” ကျွန်တော် ဟာ ဗလင်စီယာ အသင်း အကြောင်း ကောင်းကောင်း သိထားပါတယ် ။ သူတို့မှာ အရည်အသွေး မြင့်မားတဲ့ ကစားသမား တွေ ရှိနေတယ် ဆိုတာ ကျွန်တော် သိထားပါတယ် ။ နောက်ပြီး ခံစစ် ကစားပုံ ကျစ်လျစ်မှုလည်း ရှိပါတယ် ။ သူတို့ရဲ့ အကောင်းဆုံး အားသာချက် ဖြစ်တဲ့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ် ကို ဘယ်လို အသုံးချ ရမလဲ ဆိုတာကိုလည်း ကောင်းကောင်း နားလည် ထားကြပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ကီပါ အပြင် ယနေ့ည မှာ ကစားသမား ဘဝ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် ကို ကစားမယ့် ကစားသမား တချို့ လည်း ရှိနေပြီး သူတို့ တွေကတော့ အကယ်ဒမီ ထွက် ကစားသမား တွေ ဖြစ်ကြတဲ့ တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့် ၊ ဖီကာယို တိုမိုရီ တို့ပဲ ဖြစ်ပါတယ် ။ ကီပါ ကတော့ ယနေ့ည မှာ ၄င်း အပါအဝင် ချယ်လ်ဆီး လူငယ် ကစားသမား တွေဟာ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် အတွက် အကောင်းဆုံး ကြိုးစား သွားကြမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ် ။

ကီပါ က ” အချက်အလက် တွေကို ဘေးဖယ် လိုက်မယ် ဆိုရင်တောင် ကျွန်တော် တို့ဟာ အသက်အရွယ် အရ ငယ်ရွယ် သေးတဲ့ အသင်း တသင်း ဖြစ်ပါတယ် ။ ရှေ့ဆက် တိုးတက်စရာ တွေ အများကြီး ရှိပါသေးတယ် ။ ဒါကြောင့်မို့ ကျွန်တော် တို့ဖက်ကတော့ ပြိုင်ဖက် အသင်း ကို ကိုယ်စွမ်း ဉာဏ်စွမ်း အကုန် ထုတ်သုံးပြီး တိုက်စစ်ဖွင့် ကစားဖို့ ကြိုးစား သွားမှာပါ ။ ”

” အခု လက်ရှိ အသင်း က ကစားသမား တချို့ ဟာ မနက်ဖြန် ညမှ သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် ကို စတင် ကစားကြဖို့ ရှိနေပါတယ် ။ ကျွန်တော် တို့ဟာ ဒီလို အချိန် ကို စောင့်ဆိုင်း လာတာ ကြာပါပြီ ။ ပြီးခဲ့တဲ့ ရာသီ ကဆို ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ကစားခွင့် ရဖို့ တရာသီလုံး ကြိုးစား ခဲ့ကြတာပါ ။ ဒါကြောင့်မို့ မနက်ဖြန် မှာ ကစားမယ့် ချန်ပီယံလိဂ် အတွက် ကျွန်တော် တို့ အားလုံး စိတ်အား ထက်သန် နေကြပါပြီ ။ ”

” စတမ်းဖို့ဒ် ဘရစ်ချ် က ချယ်လ်ဆီး ပရိသတ် တွေရဲ့ အားပေးမှု နဲ့ ချန်ပီယံလိဂ် အငွေ့အသက် တွေကို စတင် ခံစားဖို့ မစောင့်နိုင်တော့ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ကီပါ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ယူရိုပါလိဂ် မှာ ချယ်လ်ဆီး အသင်း ချန်ပီယံ ဖြစ်ဖို့ အဓိက နေရာ ကနေ စွမ်းဆောင် ပေးခဲ့ပါတယ် ။

SPORTS MYANMAR