ပရီးမီးယား လိဂ္ ကလပ္ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ လက္ရွိ အသင္း ရဲ့ ယာယီ နည္းျပ ျဖစ္သူ ဂႏၶဝင္ ကစား သမား ေဟာင္း ဆုိးလ္ရွား ကို အသင္း ရဲ့ တရားဝင္ နည္းျပသစ္ အျဖစ္ 3 ႏွစ္ စာခ်ဳပ္ နဲ့ ခန့္အပ္ လိုက္ခဲ့ ျဖစ္ေၾကာင္း မၾကာေသးခင္ ကပဲ အတည္ျပဳ ေၾကျငာ သြားခဲ့ လိုက္ ပါတယ္ ။

ဆုိးလ္ရွား ဟာ ဒီဇင္ဘာ လ တုန္းက ေတာ့ ယူနုိက္တက္ တုိ့ ေမာ္ရင္ဟို ကို ထုတ္ပယ္ ခဲ့တဲ့ ေနာက္ အသင္း ကို ရာသီ ကုန္ အထိ ကိုင္တြယ္ မဲ့ ယာယီ နည္းျပ အျဖစ္ ခန့္အပ္ ခံခဲ့ ရသူ ပဲ ျဖစ္ ပါတယ္ ။ ျပီးရင္ ေတာ့ သူဟာ အသင္း ေဟာင္း မိုလ္ဒီ ဆီ ကို ျပန္ ရမဲ့ သူပဲ ျဖစ္ ပါတယ္ ။

ဒါေပမဲ့ သူဟာ အသင္း ေဟာင္း နဲ့ အတူ ပရိသတ္ ေတြ ျမင္ေတြ လိုတဲ့ တုိက္စစ္ ကစား ဟန္ ၊ ေအာင္ပြဲ ေတြကုိ ရယူ ခဲ့ျပီး ေနာက္ေတာ့ ယူနုိက္တက္ ရဲ့ အျမဲတမ္း နည္းျပ ျဖစ္လာ ခဲ့ ပါတယ္ ။ ဆုိးလ္ရွား ဟာ ယူနုိက္တက္ ကို ကိုင္တြယ္ ခဲ့တဲ့ သံုးလ တာ ကာလ အတြင္း ျပိဳင္ပြဲ စံု 19 ပြဲ အထိ နည္းျပ ထားခဲ့ ပါတယ္ ။

အဆုိပါ ကာလ အတြင္း မွာေတာ့ သူဟာ 14 ပြဲ နုိင္ ၊ 2 ပြဲ သေရ ၊ 3 ပြဲ ရွံဳး ဆုိတဲ့ ရလဒ္ မ်ိဳး ရယူ ေပးထား နုိင္ခဲ့ ပါတယ္ ။ ဒါ့ အျပင္ အသင္း ရဲ့ ဂႏၶဝင္ နည္းျပ ျဖစ္သူ ဆာ အဲလပ္စ္ ယူနုိက္တက္ ကို ကိုင္တြယ္ ခဲ့စဥ္ တုန္းက ရိုးရာ နဲ့ ဓေလ့ ေတြကို လည္း ျပန္လည္ ယူေဆာင္ ေပးလာ နုိင္ ခဲ့သူ ပဲ ျဖစ္ ပါတယ္ ။

ဒါ့ အျပင္ အခု အခ်ိန္ မွာ သူဟာ ပရိသတ္ ေတြ ေမ်ွာ္လင့္ ေနခဲ့ၾက တဲ့ ခ်န္ပီယံ လိဂ္ ဝင္ခြင့္ ရရွိ ေရး ေမ်ွာ္လင့္ခ်က္ ကို အသက္ သြင္း ေပးဖုိ့ နီးစပ္ တဲ့ အေနအထား ကို ေရာက္ရွိ ေနခဲ့ ပါျပီ ။ ယူနုိက္တက္ ဟာ လက္ရွိ အမွတ္ ေပး ဇယား အဆင့္ 4 ေနရာ မွ အာဆင္နယ္ အသင္း ေအာက္ 2 မွတ္ အကြာ မွာ ရပ္တည္ ေနခဲ့ ပါတယ္ ။

ဒါ့အျပင္ ဆုိးလ္ရွား ဟာ ယူနုိက္တက္ ကို ခ်န္ပီယံ လိဂ္ 16 သင္း ရွံဳးထြက္ အဆင့္ မွာ ျပင္သစ္ ထိပ္သီး PSG အသင္း ကို အံ့အား သင့္ဖြယ္ ေက်ာ္ျဖတ္ ေစနုိင္ ခဲ့ျပီး ကြာတား ဖုိင္နယ္ ကို တက္ေရာက္ ေစနုိင္ ခဲ့ ပါတယ္ ။ အခု ေတာ့ ယူနုိက္တက္ ဟာ ကြာတား ဖုိင္နယ္ အဆင့္ မွာ စပိန္ ထိပ္သီး ဘာစီလိုနာ အသင္း နဲ့ ရင္ဆုိင္ ကစား ရမွာ ပဲ ျဖစ္ ပါတယ္ ။

အခု ေတာ့ ယူနုိက္တက္ ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ဂယ္ရီ နဗီးလ္က နည္းျပ သစ္ ျဖစ္လာ သူ ဆုိးလ္ရွား ကို ဂုဏ္ျပဳ စကား ဆုိသြား ခဲ့ျပီး အသင္း ရဲ့ တာဝန္ ရွိသူ အၾကီးအကဲ ေတြအား ( အထူး သျဖင့္ အမွဳ ေဆာင္ခ်ဳပ္ အဒ္ဝုဝဒ္ ) အေျပာင္း အေရႊ့ ကာလ အတြင္း မွာ နည္းျပ သစ္ ကို အေထာက္ အပံ့ ေကာင္းေတြ ေပးသြား ဖုိ့ တုိက္တြန္း သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ အိုလီ အတြက္ တစ္ကယ့္ ကို ၾကည္ႏူး ဝမ္းေျမာက္ မိ ပါတယ္ ။ သူ အသင္း ရဲ့ ယာယီ နည္းျပ အျဖစ္ ခန့္အပ္ ခံခဲ့ ရ တုန္းက ဒီလို ျဖစ္လာ လိမ့္မယ္ လို့ က်ြန္ေတာ္ မေတြး မိခဲ့ ပါဘူး ”

” ဒါေပမဲ့ သူ အသင္း ဆီ ေရာက္ရွိ လာ ကတည္းက ရလဒ္ ေတြနဲ့ အသင္း ရဲ့ စိတ္ဓါတ္ ခံယူခ်က္ ေတြဟာ အံ့အား သင့္ဖြယ္ ေျပာင္းလဲ သြားခဲ့ ပါတယ္ ။ သူ ဒါနဲ့ တစ္ကယ္ ပဲ ထုိက္တန္ လွ ပါတယ္ ”

” အခု ေတာ့ သူဟာ ကစားသမား အေျပာင္းအေရႊ့ နဲ့ ပတ္သက္ လို့ ဘ႑ာေရး ပိုင္း ဆုိင္ရာ နဲ့ မွန္ကန္ တဲ့ အင္အား စုေတြ ပိုင္ဆုိင္ နုိင္ဖုိ့ အတြက္ အေထာက္အပံ့ ေကာင္းေတြ လုိအပ္ ေနပါ ျပီ ” လုိ့ ဂယ္ရီ နဗီးလ္ က အသင္း ရဲ့ တာဝန္ ရိွသူ ေတြကို အၾကံျပဳ တုိက္တြန္း သြားခဲ့ လိုက္ ပါတယ္ ။

ဆုိးလ္ရွား ဟာ ယူနုိက္တက္ ကို စတင္ ကိုင္တြယ္ နည္းျပ ခဲ့တဲ့ အခ်ိန္ မွ စျပီး ပရီးမီးယား လိဂ္ မွာ ရမွတ္ အမ်ားဆံုး ရွာေဖြ နုိင္ခဲ့ သူ အျဖစ္ ရွိေန ပါတယ္ ။

(1) မန္ခ်က္စတာ ယူနုိက္တက္ ( 32 မွတ္ )
(2) လီဗာပူး ( 31 မွတ္ )
(3) မန္စီးတီး ( 30 မွတ္ )
(4) အာဆင္နယ္ ( 26 မွတ္ )
(5) ေတာ့တင္ဟမ္ ( 22 မွတ္ )
(6) ခ်ဲလ္ဆီး ( 20 မွတ္ )

ဆုိးလ္ရွား ဟာ ယူနုိက္တက္ ကို ဘယ္ေလာက္ အထိ ေရွ့ဆက္ ေခၚေဆာင္ သြားနုိင္ လိမ့္မလဲ ဆုိတာ ေတာ့ ……

#Sports_Myanmar

Unicode

ယူနိုက်တက် နည်းပြသစ် ဆိုးလ်ရှားကို ဂုဏ်ပြုရင်း ရှေ့ဆက် ဘာတွေ လိုအပ်လာမလဲဆိုတာ အသင်းကို အကြံပြုသွားတဲ့ #ဂယ်ရီနဗီးလ်

=================

ပရီးမီးယား လိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လက်ရှိ အသင်း ရဲ့ ယာယီ နည်းပြ ဖြစ်သူ ဂန္ဓဝင် ကစား သမား ဟောင်း ဆိုးလ်ရှား ကို အသင်း ရဲ့ တရားဝင် နည်းပြသစ် အဖြစ် 3 နှစ် စာချုပ် နဲ့ ခန့်အပ် လိုက်ခဲ့ ဖြစ်ကြောင်း မကြာသေးခင် ကပဲ အတည်ပြု ကြေငြာ သွားခဲ့ လိုက် ပါတယ် ။

ဆိုးလ်ရှား ဟာ ဒီဇင်ဘာ လ တုန်းက တော့ ယူနိုက်တက် တို့ မော်ရင်ဟို ကို ထုတ်ပယ် ခဲ့တဲ့ နောက် အသင်း ကို ရာသီ ကုန် အထိ ကိုင်တွယ် မဲ့ ယာယီ နည်းပြ အဖြစ် ခန့်အပ် ခံခဲ့ ရသူ ပဲ ဖြစ် ပါတယ် ။ ပြီးရင် တော့ သူဟာ အသင်း ဟောင်း မိုလ်ဒီ ဆီ ကို ပြန် ရမဲ့ သူပဲ ဖြစ် ပါတယ် ။

ဒါပေမဲ့ သူဟာ အသင်း ဟောင်း နဲ့ အတူ ပရိသတ် တွေ မြင်တွေ လိုတဲ့ တိုက်စစ် ကစား ဟန် ၊ အောင်ပွဲ တွေကို ရယူ ခဲ့ပြီး နောက်တော့ ယူနိုက်တက် ရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာ ခဲ့ ပါတယ် ။ ဆိုးလ်ရှား ဟာ ယူနိုက်တက် ကို ကိုင်တွယ် ခဲ့တဲ့ သုံးလ တာ ကာလ အတွင်း ပြိုင်ပွဲ စုံ 19 ပွဲ အထိ နည်းပြ ထားခဲ့ ပါတယ် ။

အဆိုပါ ကာလ အတွင်း မှာတော့ သူဟာ 14 ပွဲ နိုင် ၊ 2 ပွဲ သရေ ၊ 3 ပွဲ ရှုံး ဆိုတဲ့ ရလဒ် မျိုး ရယူ ပေးထား နိုင်ခဲ့ ပါတယ် ။ ဒါ့ အပြင် အသင်း ရဲ့ ဂန္ဓဝင် နည်းပြ ဖြစ်သူ ဆာ အဲလပ်စ် ယူနိုက်တက် ကို ကိုင်တွယ် ခဲ့စဉ် တုန်းက ရိုးရာ နဲ့ ဓလေ့ တွေကို လည်း ပြန်လည် ယူဆောင် ပေးလာ နိုင် ခဲ့သူ ပဲ ဖြစ် ပါတယ် ။

ဒါ့ အပြင် အခု အချိန် မှာ သူဟာ ပရိသတ် တွေ မျှော်လင့် နေခဲ့ကြ တဲ့ ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ ရေး မျှော်လင့်ချက် ကို အသက် သွင်း ပေးဖို့ နီးစပ် တဲ့ အနေအထား ကို ရောက်ရှိ နေခဲ့ ပါပြီ ။ ယူနိုက်တက် ဟာ လက်ရှိ အမှတ် ပေး ဇယား အဆင့် 4 နေရာ မှ အာဆင်နယ် အသင်း အောက် 2 မှတ် အကွာ မှာ ရပ်တည် နေခဲ့ ပါတယ် ။

ဒါ့အပြင် ဆိုးလ်ရှား ဟာ ယူနိုက်တက် ကို ချန်ပီယံ လိဂ် 16 သင်း ရှံုးထွက် အဆင့် မှာ ပြင်သစ် ထိပ်သီး PSG အသင်း ကို အံ့အား သင့်ဖွယ် ကျော်ဖြတ် စေနိုင် ခဲ့ပြီး ကွာတား ဖိုင်နယ် ကို တက်ရောက် စေနိုင် ခဲ့ ပါတယ် ။ အခု တော့ ယူနိုက်တက် ဟာ ကွာတား ဖိုင်နယ် အဆင့် မှာ စပိန် ထိပ်သီး ဘာစီလိုနာ အသင်း နဲ့ ရင်ဆိုင် ကစား ရမှာ ပဲ ဖြစ် ပါတယ် ။

အခု တော့ ယူနိုက်တက် ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ်က နည်းပြ သစ် ဖြစ်လာ သူ ဆိုးလ်ရှား ကို ဂုဏ်ပြု စကား ဆိုသွား ခဲ့ပြီး အသင်း ရဲ့ တာဝန် ရှိသူ အကြီးအကဲ တွေအား ( အထူး သဖြင့် အမှု ဆောင်ချုပ် အဒ်ဝုဝဒ် ) အပြောင်း အရွှေ့ ကာလ အတွင်း မှာ နည်းပြ သစ် ကို အထောက် အပံ့ ကောင်းတွေ ပေးသွား ဖို့ တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် အိုလီ အတွက် တစ်ကယ့် ကို ကြည်နူး ဝမ်းမြောက် မိ ပါတယ် ။ သူ အသင်း ရဲ့ ယာယီ နည်းပြ အဖြစ် ခန့်အပ် ခံခဲ့ ရ တုန်းက ဒီလို ဖြစ်လာ လိမ့်မယ် လို့ ကျွန်တော် မတွေး မိခဲ့ ပါဘူး ”

” ဒါပေမဲ့ သူ အသင်း ဆီ ရောက်ရှိ လာ ကတည်းက ရလဒ် တွေနဲ့ အသင်း ရဲ့ စိတ်ဓါတ် ခံယူချက် တွေဟာ အံ့အား သင့်ဖွယ် ပြောင်းလဲ သွားခဲ့ ပါတယ် ။ သူ ဒါနဲ့ တစ်ကယ် ပဲ ထိုက်တန် လှ ပါတယ် ”

” အခု တော့ သူဟာ ကစားသမား အပြောင်းအရွှေ့ နဲ့ ပတ်သက် လို့ ဘဏ္ဍာရေး ပိုင်း ဆိုင်ရာ နဲ့ မှန်ကန် တဲ့ အင်အား စုတွေ ပိုင်ဆိုင် နိုင်ဖို့ အတွက် အထောက်အပံ့ ကောင်းတွေ လိုအပ် နေပါ ပြီ ” လို့ ဂယ်ရီ နဗီးလ် က အသင်း ရဲ့ တာဝန် ရှိသူ တွေကို အကြံပြု တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

ဆိုးလ်ရှား ဟာ ယူနိုက်တက် ကို စတင် ကိုင်တွယ် နည်းပြ ခဲ့တဲ့ အချိန် မှ စပြီး ပရီးမီးယား လိဂ် မှာ ရမှတ် အများဆုံး ရှာဖွေ နိုင်ခဲ့ သူ အဖြစ် ရှိနေ ပါတယ် ။

(1) မန်ချက်စတာ ယူနိုက်တက် ( 32 မှတ် )
(2) လီဗာပူး ( 31 မှတ် )
(3) မန်စီးတီး ( 30 မှတ် )
(4) အာဆင်နယ် ( 26 မှတ် )
(5) တော့တင်ဟမ် ( 22 မှတ် )
(6) ချဲလ်ဆီး ( 20 မှတ် )

ဆိုးလ်ရှား ဟာ ယူနိုက်တက် ကို ဘယ်လောက် အထိ ရှေ့ဆက် ခေါ်ဆောင် သွားနိုင် လိမ့်မလဲ ဆိုတာ တော့ ……

#Sports_Myanmar