အိႏၵိယ မွာ က်င္းပခဲ့တဲ့ ကမၻာ့ဖလား ျပိဳင္ပြဲမွာ အဂၤလန္ ယူ 17 အသင္းအတြက္ စုစုေပါင္း 8 ဂိုး အထိသြင္းယူျပီး ဗိုလ္စြဲေအာင္ အကူအညီ ေပးခဲ့သလုိ ၊ သူကိုယ္တိုင္လဲ ေရႊဖိနပ္ဆု ကို သိမ္းပိုက္ ႏိုင္ခဲ့တဲ့ လီဗာပူး အသင္းရဲ႕ တိုက္စစ္မႈးေလး ရီယန္ ဘရူစတာ ဟာ မၾကာခင္မွာပဲ စီနီယာ အသင္းၾကီး ပြဲထြက္ ကစားခြင့္ ရရွိေတာ့မွာ ျဖစ္ပါတယ္။

သူနဲ႔ ကစားေဖာ္ေတြ ျဖစ္ခဲ့တဲ့ ဆန္ခ်ိဳ ဟာ ေဒါ့မြန္ အသင္းရဲ႕ အဓိက ကစားသမား တစ္ဦး ျဖစ္ေနခဲ့ျပီ ျဖစ္သလို ၊ ကြင္းလယ္ကစားသမား ဖိုဒန္ ကလဲ မန္စီးတီး ရဲ႕ အလားအလာ အေကာင္းဆံုး ကစားသမား အျဖစ္ သတ္မွတ္ခံထားရျပီး ၊ အိြဳဒိြဳင္ဆိုရင္လဲ ခ်ဲဆီး ပရိသတ္ေတြ ရဲ႕ ေမွ်ာ္လင့္ခ်က္ ကစားသမား တစ္ဦးအျဖစ္ တည္ေဆာက္ထားႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။

ဘရူစတာ အတြက္ေတာ့ ဒဏ္ရာျပသနာေတြ က ႏွိပ္စက္ခဲ့တာေၾကာင့္ ၊ ေဘာလံုး ေလာကနဲ႔ ကာလရွည္ ေ၀းကြာေနခဲ့ ရသလို ၊ ယခင္လို ယံုၾကည္မႈ အျပည့္နဲ႔ ေဘာလံုး ျပန္ကစားႏိုင္ဖို႔ အတြက္လဲ အခ်ိန္ေတာ္ေတာ္ယူျပီး တည္ေဆာက္ခဲ့ရပါတယ္။

2018 ေႏြရာသီ ေလာက္မွာေတာ့ ဘရူစတာ ဟာ သူ႔ရဲ႕ အဂၤလန္ လူငယ္ ကစားေဖာ္ေတြ နည္းတူ စီနီယာ အသင္းၾကီးမွာ ကစားခြင့္ မရမွာ စိုးရိမ္စိတ္နဲ႔ လီဗာပူး ရဲ႕ ပရို စာခ်ဳပ္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ဖူးပါတယ္။

အဲဒီ အခ်ိန္က အသင္းမွာ စတာရစ္ ၊ ဆိုလန္ကီ ၊ ဒန္နီအင့္စ္ တို႔ပါ ရွိေနတာေၾကာင့္ ၊ ပြဲထြက္ ကစားခြင့္ ရဖို႔ မလြယ္ဘူး ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ စာခ်ဳပ္ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာပါ။ တစ္ခ်ိန္တည္းမွာပဲ မိုခ်န္ ဂလာဘတ္ အသင္းက သူ႔ကို စီနီယာ ပြဲထြက္ ကစားခြင့္ အာမခံခ်က္ မက္လံုးေပးျပီး ၊ တိတ္တဆိတ္ ခ်ဥ္းကပ္လာခဲ့တာေၾကာင့္ လီဗာပူး က ဂ်ာမန္ကလပ္ကို သတိေပးမႈေတြ ျပဳလုပ္ခဲ့ဖူးကာ ၊ ဘရူစတာ ဟာ အသင္းရဲ႕ အနာဂတ္ ျဖစ္တယ္လို႔ ေျပာျပီး ေနာက္ဆုတ္ေစခဲ့ပါတယ္။

2018 ခုႏွစ္ ဇူလိုင္လ အေရာက္မွာေတာ့ ကေလာ့ပ္ ကိုယ္တိုင္က လာမယ့္ရာသီေရာက္လို႔ ရွိရင္ ကစားခြင့္ ေပးမယ္ ဆိုတဲ့ ကတိနဲ႔ အတူ ဘရူစတာကလဲ 2023 ခုႏွစ္ အထိ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။

တကယ္ေတာ့ ဘရူစတာ ကို လန္ဒန္ အေရွ႕ပိုင္း ေဒသမွာ ဘာေဘးဒိုး ႏိုင္ငံသား ဖခင္ အီအန္ နဲ႔ တားကစ္ -ဆိုက္ပရက္ ႏြယ္ဖား မိခင္ ဟက္ဆန္ တို႔က ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ ငယ္စဥ္က ရွီးလ္ အကယ္ဒမီမွာ ေဘာလံုးပညာေတြ သင္ယူခဲ့ကာ ၊ အသက္ 7 ႏွစ္ အရြယ္မွာပဲ ခ်ဲဆီး အသင္းရဲ႕ ေခၚေဆာင္ျခင္းကို ခံခဲ့ရပါတယ္။

ခ်ဲဆီး မွာ 7 ႏွစ္ အၾကာ က်င္လည္ခဲ့ျပီး ေနာက္မွာေတာ့ ၊ လူငယ္ ကစားသမား တစ္ေယာက္အတြက္ စီနီယာ ပြဲထြက္ ကစားခြင့္ ရဖို႔ မလြယ္ကူတဲ့ အေနအထားေတြကို သိေနတဲ့ ဖခင္ ျဖစ္သူဟာ သူ႔ရဲ႕ သားကုိ အသင္းေျပာင္းဖို႔ စိတ္ကူးလာခဲ့ပါတယ္။ သူကိုယ္တိုင္က လီဗာပူး ဖန္တစ္ေယာက္ ျဖစ္ျပီး ၊ လီဗာပူး က သူ႔သားကို ေခၚယူဖို႔ စိတ္၀င္စားလာတဲ့ အခ်ိန္မွာ အေျပာင္းအေရႊ႕ကို အလွ်င္အျမန္ ေပၚထြက္လာေအာင္ တိုက္တြန္းေပးခဲ့ပါတယ္။

ဘရူစတာ ကို ေခၚယူဖို႔ လီဗာပူး ဘက္မွာ ေထာက္ခံခ်က္ ေပးခဲ့သူက အကယ္ဒမီ နည္းျပ မိုက္ကယ္ေဘး (လက္ရိွ ဂ်ရတ္ နဲ႔ အတူ ရိန္းဂ်ားမွာ လက္တြဲလွ်က္ရွိ) ျဖစ္ျပီး 2015 ခုႏွစ္မွာ အသင္းထံ ေခၚေဆာင္ခဲ့ပါတယ္။ လီဗာပူး ကို ေရာက္ရွိ လာခ်ိန္မွာေတာ့ ဂ်ရတ္ ရဲ႕ ၾကီးၾကပ္မႈ နဲ႔ အတူ ေဘာလံုး ပညာေတြကို ဆက္လက္ ေလ့လာႏိုင္ခဲ့သလုိ ၊ သူ႔အတြက္ ဂိုးသြင္း စြမ္းေဆာင္ရည္ ေကာင္းမြန္ဖို႔ အတြက္ ကစားသမားေဟာင္း မက္နာမန္ ကိုယ္တိုင္က အနီးကပ္ ၾကီးၾကပ္ျပီး သင္ၾကားမႈေတြ ျပဳလုပ္ေပးခဲ့ပါေသးတယ္။

ဘရူစတာ ဟာ လက္ရွိ နည္းျပ ကေလာ့ပ္ ရဲ႕ အာရံုစုိက္မႈကို အသက္ 16 ႏွစ္ အရြယ္ မွာကတည္းက ခံခဲ့ရသူ ျဖစ္ျပီး ၊ မဲ၀ုဒ္မွာ ကစားခဲ့တဲ့ အက္ခ်ရင္တန္ အသင္းနဲ႔ ေျခစမ္းပြဲစဥ္မွာ ၊ ကေလာ့ပ္ က လာေရာက္ ၾကည့္ရႈခဲ့သလုိ ၊ ဘရူစတာကလဲ ေျခစြမ္းျပျပီး ဟတ္ထရစ္ သြင္းယူျပသြားခဲ့တာ ျဖစ္ပါတယ္။

2018 ခုႏွစ္ ဇန္န၀ါရီ လ မွာ ယွဥ္ျပိဳင္ ကစားခဲ့တဲ့ မန္စီးတီး ယူ 23 အသင္းနဲ႔ ပြဲစဥ္မွာေတာ့ ၊ ဘရူစတာ ဟာ ျပိဳင္ဘက္ နဲ႔ ေခါင္းယွဥ္တိုက္စဥ္မွာပဲ ဒဏ္ရာ ရရွိသြားခဲ့ပါတယ္။ အဆိုပါ ဒဏ္ရာဟာ ဒူး အရြတ္စုတ္ျပတ္သြားတဲ့ ဒဏ္ရာမ်ိဳး ျဖစ္တာေၾကာင့္ ၊ ခြဲစိတ္ ကုသမွဳေတြကို 2 ၾကိမ္တိုင္တုိင္ ျပဳလုပ္ခဲ့ရပါတယ္။

အဲဒီ ဒဏ္ရာေၾကာင့္ပဲ 14 လ ေလာက္ အနားယူလိုက္ရျပီး ၊ ျပီးခဲ့တဲ့ ဧျပီလ ေရာက္မွပဲ ယူ 23 ပြဲစဥ္ေတြကို ျပန္ကစားေပးႏိုင္ခဲ့တာပါ။ ကေလာ့ပ္ကေတာ့ အခြင့္အေရး ေပးလို႔ရတယ္ ဆိုရင္ပဲ ဘရူစတာကို စီနီယာ အသင္းၾကီးပဲ ေခၚယူထားခဲ့ကာ ၊ ဘာစီလိုနာ ကို အန္ဖီးမွာ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာလဲ အရံ ကစားသမား စာရင္းမွာ ထည့္သြင္းထားခဲ့တာ ျဖစ္ပါတယ္။

သူဟာ ခ်န္ပီယံလိဂ္ ဆုတံဆိပ္ ရယူစဥ္ကလဲ အသင္းမွာ ပါ၀င္ခြင့္ ရရွိခဲ့တဲ့ အျပင္ ၊ ဥေရာပ စူပါဖလား ဆုတံဆိပ္ လက္ခံရရွိစဥ္ကလဲ ပါ၀င္ခဲ့ျပန္ပါတယ္။ ရာသီ အၾကိဳေျခစမ္းပြဲစဥ္ေတြမွာေတာ့ လီဗာပူး အတြက္ စုစုေပါင္း 4 ဂိုး အထိ သြင္းယူေပးႏုိင္ခဲ့သလုိ ၊ ေဒါ့မြန္ နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ပင္နယ္တီ ကန္သြင္းခြင့္ပါ ရရွိလာခဲ့တာပါ။

ဒီရာသီမွာ ဘရူစတာ အေနနဲ႔ လီဗာပူး စီနီယာ အသင္းၾကီးရဲ႕ တရား၀င္ ပြဲထြက္ ကစားခြင့္ ရဖို႔ အေၾကာင္းဖန္လာေစခဲ့တာက ျပီးခဲ့တဲ့ နယူးကာဆယ္ နဲ႔ ပြဲစဥ္ ျဖစ္ပါတယ္။ တိုက္စစ္မႈး တစ္ဦး ျဖစ္တဲ့ အိုရီဂီဟာ ေျခက်င္း၀တ္ ဒဏ္ရာ ရရွိသြားတာေၾကာင့္ ၊ နာပိုလီ နဲ႔ပြဲကို လြဲေခ်ာ္မွန္း သိလုိက္ခ်ိန္မွာေတာ့ ကေလာ့ပ္ဟာ ဘရူစတာကို ေနပယ္ ေခၚေဆာင္သြားဖို႔ လက္ေထာက္နည္းျပ ပက္လင္ဒါ ကို ညႊန္ၾကားလိုက္ပါတယ္။

အဲဒီ အခ်ိန္က ဘရူစတာ ဟာ လီဗာပူး ယူ 23 အသင္းနဲ႔ အတူ ဒါဘီ ေကာင္တီ နဲ႔ ယွဥ္ျပိဳင္ ကစားေနတဲ့ အခ်ိန္မ်ိဳးပါ။ သို႔ေသာ္ ကေလာ့ပ္ကေတာ့ သူ႔ ကစားသမားေလးကို ဒဏ္ရာ ရသြားမွာ စိုးရိမ္တာေၾကာင့္ စြန္႔စားျပီး အသံုးျပဳခိုင္းျခင္း မရွိပဲ ၊ ပြဲစလို႔ မီးနစ္ 20 မွာပဲ လူစားလဲခိုင္းလိုက္ပါတယ္။

လူငယ္ နည္းျပ ခရစ္ခ်္ေလ ကလဲ ကလူစားလဲ ရတဲ့ အေၾကာင္းရင္းကုိ ကစားသမားေလးကို ေသခ်ာ ရွင္းျပခဲ့ျပီး ၊ ပက္လင္ဒါ ရဲ႕ မက္ေဆ့ ေရာက္ရွိလာတဲ့ အတြက္ အခုလို လုပ္ေဆာင္ရတာ ျဖစ္ေၾကာင့္ ေျပာျပသြားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ဘရူစတာဟာ ေနပယ္ ကို ေရာက္ရွိေနတဲ့ လီဗာပူး စီနီယာ အသင္းၾကီး နဲ႔ အတူ ပါ၀င္လွ်က္ ရွိေနပါတယ္။ ဒီညမွာ ကစားမယ့္ နာပိုလီ နဲ႔ ပြဲမွာ မီးနစ္ အနည္းငယ္ ကစားခြင့္ မရဘူး ဆိုရင္ေတာင္ ၊ တနဂၤေႏြေန႔မွာ ကစားမယ့္ ခ်ဲဆီး နဲ႔ ပြဲမွာေတာ့ ရရွိလာဖြယ္ ရွိေနပါတယ္။

အဲဒီလို မွ မဟုတ္ရင္ ေနာက္တစ္ပတ္ထဲမွာ စတင္ ကစားမယ့္ ကာရာေဘာင္ ဖလားပြဲစဥ္ MK ဒြန္း နဲ႔ ပြဲမွာ ေသခ်ာေပါက္ ရရွိသြားမွာပါ။

ဒါေၾကာင့္မို႔ လီဗာပူး ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ လူငယ္ တိုက္စစ္မႈးေလး ဘရူစတာ ရဲ႕ ေျခစြမ္းေတြဟာ မၾကာခင္မွာပဲ ျမင္ေတြ႔ရေတာ့မွာ ေသခ်ာသေလာက္ နီးပါး ရွိေနပါျပီ။ ဘယ္လို ပံုစံမ်ိဳးေတြ ကစားျပသြားမလဲ ဆိုတာေတာာ့ ေစာင့္ၾကည့္လုိက္ၾကရေအာင္ဗ်ာ………..

SPORT MYANMAR

Unicode

စီနီယာ အသင်းကြီမှာ ကစားခွင့် ရတော့မယ့် ၊ တစ်ချိန်က အင်္ဂလန် ပရိသတ်တွေ ရဲ့ အချစ်တော် ဖြစ်ခဲ့တဲ့ ရီယန် ဘရူစတာ
*************************************************

အိန္ဒိယ မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန် ယူ 17 အသင်းအတွက် စုစုပေါင်း 8 ဂိုး အထိသွင်းယူပြီး ဗိုလ်စွဲအောင် အကူအညီ ပေးခဲ့သလို ၊ သူကိုယ်တိုင်လဲ ရွှေဖိနပ်ဆု ကို သိမ်းပိုက် နိုင်ခဲ့တဲ့ လီဗာပူး အသင်းရဲ့ တိုက်စစ်မှုးလေး ရီယန် ဘရူစတာ ဟာ မကြာခင်မှာပဲ စီနီယာ အသင်းကြီး ပွဲထွက် ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

သူနဲ့ ကစားဖော်တွေ ဖြစ်ခဲ့တဲ့ ဆန်ချို ဟာ ဒေါ့မွန် အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သလို ၊ ကွင်းလယ်ကစားသမား ဖိုဒန် ကလဲ မန်စီးတီး ရဲ့ အလားအလာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရပြီး ၊ အွိုဒွိုင်ဆိုရင်လဲ ချဲဆီး ပရိသတ်တွေ ရဲ့ မျှော်လင့်ချက် ကစားသမား တစ်ဦးအဖြစ် တည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘရူစတာ အတွက်တော့ ဒဏ်ရာပြသနာတွေ က နှိပ်စက်ခဲ့တာကြောင့် ၊ ဘောလုံး လောကနဲ့ ကာလရှည် ဝေးကွာနေခဲ့ ရသလို ၊ ယခင်လို ယုံကြည်မှု အပြည့်နဲ့ ဘောလုံး ပြန်ကစားနိုင်ဖို့ အတွက်လဲ အချိန်တော်တော်ယူပြီး တည်ဆောက်ခဲ့ရပါတယ်။

2018 နွေရာသီ လောက်မှာတော့ ဘရူစတာ ဟာ သူ့ရဲ့ အင်္ဂလန် လူငယ် ကစားဖော်တွေ နည်းတူ စီနီယာ အသင်းကြီးမှာ ကစားခွင့် မရမှာ စိုးရိမ်စိတ်နဲ့ လီဗာပူး ရဲ့ ပရို စာချုပ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးပါတယ်။

အဲဒီ အချိန်က အသင်းမှာ စတာရစ် ၊ ဆိုလန်ကီ ၊ ဒန်နီအင့်စ် တို့ပါ ရှိနေတာကြောင့် ၊ ပွဲထွက် ကစားခွင့် ရဖို့ မလွယ်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ စာချုပ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ မိုချန် ဂလာဘတ် အသင်းက သူ့ကို စီနီယာ ပွဲထွက် ကစားခွင့် အာမခံချက် မက်လုံးပေးပြီး ၊ တိတ်တဆိတ် ချဉ်းကပ်လာခဲ့တာကြောင့် လီဗာပူး က ဂျာမန်ကလပ်ကို သတိပေးမှုတွေ ပြုလုပ်ခဲ့ဖူးကာ ၊ ဘရူစတာ ဟာ အသင်းရဲ့ အနာဂတ် ဖြစ်တယ်လို့ ပြောပြီး နောက်ဆုတ်စေခဲ့ပါတယ်။

2018 ခုနှစ် ဇူလိုင်လ အရောက်မှာတော့ ကလော့ပ် ကိုယ်တိုင်က လာမယ့်ရာသီရောက်လို့ ရှိရင် ကစားခွင့် ပေးမယ် ဆိုတဲ့ ကတိနဲ့ အတူ ဘရူစတာကလဲ 2023 ခုနှစ် အထိ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

တကယ်တော့ ဘရူစတာ ကို လန်ဒန် အရှေ့ပိုင်း ဒေသမှာ ဘာဘေးဒိုး နိုင်ငံသား ဖခင် အီအန် နဲ့ တားကစ် -ဆိုက်ပရက် နွယ်ဖား မိခင် ဟက်ဆန် တို့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ငယ်စဉ်က ရှီးလ် အကယ်ဒမီမှာ ဘောလုံးပညာတွေ သင်ယူခဲ့ကာ ၊ အသက် 7 နှစ် အရွယ်မှာပဲ ချဲဆီး အသင်းရဲ့ ခေါ်ဆောင်ခြင်းကို ခံခဲ့ရပါတယ်။

ချဲဆီး မှာ 7 နှစ် အကြာ ကျင်လည်ခဲ့ပြီး နောက်မှာတော့ ၊ လူငယ် ကစားသမား တစ်ယောက်အတွက် စီနီယာ ပွဲထွက် ကစားခွင့် ရဖို့ မလွယ်ကူတဲ့ အနေအထားတွေကို သိနေတဲ့ ဖခင် ဖြစ်သူဟာ သူ့ရဲ့ သားကို အသင်းပြောင်းဖို့ စိတ်ကူးလာခဲ့ပါတယ်။ သူကိုယ်တိုင်က လီဗာပူး ဖန်တစ်ယောက် ဖြစ်ပြီး ၊ လီဗာပူး က သူ့သားကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ အချိန်မှာ အပြောင်းအရွှေ့ကို အလျှင်အမြန် ပေါ်ထွက်လာအောင် တိုက်တွန်းပေးခဲ့ပါတယ်။

ဘရူစတာ ကို ခေါ်ယူဖို့ လီဗာပူး ဘက်မှာ ထောက်ခံချက် ပေးခဲ့သူက အကယ်ဒမီ နည်းပြ မိုက်ကယ်ဘေး (လက်ရှိ ဂျရတ် နဲ့ အတူ ရိန်းဂျားမှာ လက်တွဲလျှက်ရှိ) ဖြစ်ပြီး 2015 ခုနှစ်မှာ အသင်းထံ ခေါ်ဆောင်ခဲ့ပါတယ်။ လီဗာပူး ကို ရောက်ရှိ လာချိန်မှာတော့ ဂျရတ် ရဲ့ ကြီးကြပ်မှု နဲ့ အတူ ဘောလုံး ပညာတွေကို ဆက်လက် လေ့လာနိုင်ခဲ့သလို ၊ သူ့အတွက် ဂိုးသွင်း စွမ်းဆောင်ရည် ကောင်းမွန်ဖို့ အတွက် ကစားသမားဟောင်း မက်နာမန် ကိုယ်တိုင်က အနီးကပ် ကြီးကြပ်ပြီး သင်ကြားမှုတွေ ပြုလုပ်ပေးခဲ့ပါသေးတယ်။

ဘရူစတာ ဟာ လက်ရှိ နည်းပြ ကလော့ပ် ရဲ့ အာရုံစိုက်မှုကို အသက် 16 နှစ် အရွယ် မှာကတည်းက ခံခဲ့ရသူ ဖြစ်ပြီး ၊ မဲဝုဒ်မှာ ကစားခဲ့တဲ့ အက်ချရင်တန် အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ၊ ကလော့ပ် က လာရောက် ကြည့်ရှုခဲ့သလို ၊ ဘရူစတာကလဲ ခြေစွမ်းပြပြီး ဟတ်ထရစ် သွင်းယူပြသွားခဲ့တာ ဖြစ်ပါတယ်။

2018 ခုနှစ် ဇန်နဝါရီ လ မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်စီးတီး ယူ 23 အသင်းနဲ့ ပွဲစဉ်မှာတော့ ၊ ဘရူစတာ ဟာ ပြိုင်ဘက် နဲ့ ခေါင်းယှဉ်တိုက်စဉ်မှာပဲ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ အဆိုပါ ဒဏ်ရာဟာ ဒူး အရွတ်စုတ်ပြတ်သွားတဲ့ ဒဏ်ရာမျိုး ဖြစ်တာကြောင့် ၊ ခွဲစိတ် ကုသမှုတွေကို 2 ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရပါတယ်။

အဲဒီ ဒဏ်ရာကြောင့်ပဲ 14 လ လောက် အနားယူလိုက်ရပြီး ၊ ပြီးခဲ့တဲ့ ဧပြီလ ရောက်မှပဲ ယူ 23 ပွဲစဉ်တွေကို ပြန်ကစားပေးနိုင်ခဲ့တာပါ။ ကလော့ပ်ကတော့ အခွင့်အရေး ပေးလို့ရတယ် ဆိုရင်ပဲ ဘရူစတာကို စီနီယာ အသင်းကြီးပဲ ခေါ်ယူထားခဲ့ကာ ၊ ဘာစီလိုနာ ကို အန်ဖီးမှာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလဲ အရံ ကစားသမား စာရင်းမှာ ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။

သူဟာ ချန်ပီယံလိဂ် ဆုတံဆိပ် ရယူစဉ်ကလဲ အသင်းမှာ ပါ၀င်ခွင့် ရရှိခဲ့တဲ့ အပြင် ၊ ဥရောပ စူပါဖလား ဆုတံဆိပ် လက်ခံရရှိစဉ်ကလဲ ပါ၀င်ခဲ့ပြန်ပါတယ်။ ရာသီ အကြိုခြေစမ်းပွဲစဉ်တွေမှာတော့ လီဗာပူး အတွက် စုစုပေါင်း 4 ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ၊ ဒေါ့မွန် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းခွင့်ပါ ရရှိလာခဲ့တာပါ။

ဒီရာသီမှာ ဘရူစတာ အနေနဲ့ လီဗာပူး စီနီယာ အသင်းကြီးရဲ့ တရားဝင် ပွဲထွက် ကစားခွင့် ရဖို့ အကြောင်းဖန်လာစေခဲ့တာက ပြီးခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲစဉ် ဖြစ်ပါတယ်။ တိုက်စစ်မှုး တစ်ဦး ဖြစ်တဲ့ အိုရီဂီဟာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားတာကြောင့် ၊ နာပိုလီ နဲ့ပွဲကို လွဲချော်မှန်း သိလိုက်ချိန်မှာတော့ ကလော့ပ်ဟာ ဘရူစတာကို နေပယ် ခေါ်ဆောင်သွားဖို့ လက်ထောက်နည်းပြ ပက်လင်ဒါ ကို ညွှန်ကြားလိုက်ပါတယ်။

အဲဒီ အချိန်က ဘရူစတာ ဟာ လီဗာပူး ယူ 23 အသင်းနဲ့ အတူ ဒါဘီ ကောင်တီ နဲ့ ယှဉ်ပြိုင် ကစားနေတဲ့ အချိန်မျိုးပါ။ သို့သော် ကလော့ပ်ကတော့ သူ့ ကစားသမားလေးကို ဒဏ်ရာ ရသွားမှာ စိုးရိမ်တာကြောင့် စွန့်စားပြီး အသုံးပြုခိုင်းခြင်း မရှိပဲ ၊ ပွဲစလို့ မီးနစ် 20 မှာပဲ လူစားလဲခိုင်းလိုက်ပါတယ်။

လူငယ် နည်းပြ ခရစ်ချ်လေ ကလဲ ကလူစားလဲ ရတဲ့ အကြောင်းရင်းကို ကစားသမားလေးကို သေချာ ရှင်းပြခဲ့ပြီး ၊ ပက်လင်ဒါ ရဲ့ မက်ဆေ့ ရောက်ရှိလာတဲ့ အတွက် အခုလို လုပ်ဆောင်ရတာ ဖြစ်ကြောင့် ပြောပြသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ဘရူစတာဟာ နေပယ် ကို ရောက်ရှိနေတဲ့ လီဗာပူး စီနီယာ အသင်းကြီး နဲ့ အတူ ပါ၀င်လျှက် ရှိနေပါတယ်။ ဒီညမှာ ကစားမယ့် နာပိုလီ နဲ့ ပွဲမှာ မီးနစ် အနည်းငယ် ကစားခွင့် မရဘူး ဆိုရင်တောင် ၊ တနင်္ဂနွေနေ့မှာ ကစားမယ့် ချဲဆီး နဲ့ ပွဲမှာတော့ ရရှိလာဖွယ် ရှိနေပါတယ်။

အဲဒီလို မှ မဟုတ်ရင် နောက်တစ်ပတ်ထဲမှာ စတင် ကစားမယ့် ကာရာဘောင် ဖလားပွဲစဉ် MK ဒွန်း နဲ့ ပွဲမှာ သေချာပေါက် ရရှိသွားမှာပါ။

ဒါကြောင့်မို့ လီဗာပူး ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ လူငယ် တိုက်စစ်မှုးလေး ဘရူစတာ ရဲ့ ခြေစွမ်းတွေဟာ မကြာခင်မှာပဲ မြင်တွေ့ရတော့မှာ သေချာသလောက် နီးပါး ရှိနေပါပြီ။ ဘယ်လို ပုံစံမျိုးတွေ ကစားပြသွားမလဲ ဆိုတာတောာ့ စောင့်ကြည့်လိုက်ကြရအောင်ဗျာ………..

SPORT MYANMAR