မန္ခ်က္စတာ ယူႏုိက္တက္ ဂႏၱ၀င္ ဂယ္ရီနဗီးဟာ လီဗာပူး ကြင္းလယ္လူ ဖာဘင္ညိဳ ကို ခ်ီးက်ဴး သြားခဲ့ျပီး သူ႕အေနနဲ႕ ဘရာဇီး လက္ေရြးစင္ကို ဘာေၾကာင့္ လက္ရိွ အေကာင္းဆံုး ကြင္းလယ္ ခံစစ္ ကစားသမား အျဖစ္ ယူဆ ထားသလဲ ဆုိတာ ရွင္းျပ သြားခဲ့ ပါတယ္။ ဘရာဇီး ၾကယ္ပြင့္ဟာ ဒီရာသီ အေကာင္းဆံုး ပံုစံနဲ႕ စတင္လ်က္ ရွိေနျပီး ေျခစြမ္းေကာင္းေတြ ေတာက္ေလွ်ာက္ ျပသလ်က္ ရွိေနကာ ၎ရဲ႕ လီဗာပူး အသင္းဟာ ဆုိရင္လည္း ေနာ့၀ွစ္ ၊ ေဆာက္သမ္တန္ ၊ အာဆင္နယ္ ၊ ဘန္ေလ နဲ႕ နယူးကာဆယ္ တုိ႕ကို အႏုိင္ယူ ထားကာ အမွတ္ေပးဇယား ထိပ္မွာ ၅ မွတ္ အသာနဲ႕ ဦးေဆာင္ ေနပါတယ္။

ယာဂန္ကေလာ့ ရဲ႕ အသင္းဟာ ယေန႕ည နာပိုလီမွာ ခ်န္ပီယံလိဂ္ ဖလားကို စတင္ ကာကြယ္ သြားရေတာ့မွာ ျဖစ္ျပီး မန္ယူႏုိက္တက္ ေနာက္ခံလူေဟာင္း နဗီး ကေတာ့ မုိနာကို ၾကယ္ပြင့္ေဟာင္း ရဲ႕ အသင္း အေပၚ အက်ိဳး ျပဳမွဳကို ခ်ီးက်ဴး သြားပါတယ္။

နဗီး က “ကၽြန္ေတာ္တုိ႕ အခု ေျပာတဲ့ အေၾကာင္း အရာဟာ အဂၤလန္ အတြက္ေကာ ၊ ကမာၻ႕ဖလား အတြက္ေကာ ၊ ဥေရာပ ခ်န္ပီယံရွစ္ အတြက္ေကာ ၊ ပရီးမီးယားလိဂ္ အတြက္ေကာ ပါ၀င္ ပါတယ္။ ဖာဘင္ညိဳရဲ႕ ေဘာလံုး ကိုင္ကစားပံုဟာ အရမ္းကို အံ့ဖြယ္ ေကာင္းလွ ပါတယ္။ ဘက္စကြက္ရဲ႕ ေဘာလံုး ကုိင္ကစားဟန္ဟာ မယံုၾကည္ ႏုိင္စရာပါ။

ကၽြန္ေတာ္ ကေတာ့ ဖာဘင္ညိဳ ဟာ လက္ရွိ အခ်ိန္မွာ အေကာင္းဆံုး ကြင္းလယ္ ခံစစ္ ကစားသမားလို႕ ယူဆ ပါတယ္။ ဘာလို႕လဲ ဆုိေတာ့ ဖာဘင္ညိဳ လုပ္ျပ ေနတာ ေတြကို ၾကည့္လိုက္ပါယ။ တကယ္ေတာ့ သူဟာ ပြဲေတြမွာ ေနာက္ကိုပဲ ဆင္းကစား ေနတာ မဟုတ္ပါဘူး။

အလ်ားလိုက္သာ ကစားျပီး ေဘာလံုး ေတြကို ေဘးတုိက္ပဲ ေပးတဲ့ holding midfield ကစားသမားေတြ ရွိၾက ပါတယ္။ ျပီးေတာ့ သူတို႕ရဲ႕ ေရြ႕လ်ားဟန္ ကလည္း ဒီလို ပံုစံမ်ိဳး ျဖစ္ျပီး တာတုိ ေျပးတဲ့ ပံုစံမ်ိဳး ေလာက္ပဲ ကစား ၾကပါတယ္။ ဖာဘင္ညိဳ ကေတာ့ သူတို႕ေတြ နဲ႕ အတူဘဲ အထက္ေအာက္ ေဒါင္လုိက္ ကစား ပါတယ္။ သူဟာ သူ႕ရဲ႕ ေဘာလံုး ေပးပုိ႕မွဳ ေတြနဲ႕ တိုက္စစ္ကုိ ပံ့ပိုးေပးျပီး သူ ကုိယ္တုိင္လည္း ေရွ႕ကို လုိက္တက္ကာ ေနရာလြတ္ ေတြကို ၀င္ျဖည့္ ကစား ေပးပါတယ္။ ျပီးေတာ့ ေဘာလံုးကုိ အဲဒီ ေနရာေတြ ကေနပဲ ျပန္လည္ ရယူ ပါတယ္။ ကၽြန္ေတာ့္ အျမင္ ကေတာ့ အေကာင္းဆံုး ကြင္းလယ္ ခံစစ္ ကစားသမားေတြ ဆုိတာ ေဘာလံုးကို ေဘးတုိက္ ေပးတာတုိ႕ ရုိးရုိးၾကီး ကစားတဲ့ လူေတြ မဟုတ္ပါဘူး။ သူတုိ႕ဟာ ပြဲအတြင္းမွာ ၾကီးၾကီးမားမား ပါ၀င္ ေနရပါမယ္။

ကြင္းလယ္ ခံစစ္ ကစားသမားေကာင္း ရဲ႕ အဓိက အရည္အေသြးက ကိုယ့္ရဲ႕ ေနာက္ေက်ာမွာ ဘယ္လို အေနအထား ရွိသလဲ ဆုိတာ ၾကိဳသိဖို႕ ျဖစ္ပါတယ္။ ကၽြန္ေတာ္ တစ္ခ်ိဳ႕ ပြဲေတြမွာ ကြင္းလယ္ကုိ ၀င္ကစား ခဲ့ပါတယ္။ ကၽြန္ေတာ္ဟာ ညာေနာက္ခံလူ တစ္ဦး ျဖစ္ေပမယ့္လည္း ဒီေနရာ ၀င္ကစားတဲ့ အခါ ကစားပံု တကယ္ ဆုိး၀ါး ခဲ့ပါတယ္။ ကၽြန္ေတာ္ တစ္ခါတစ္ရံ ကြင္းလယ္မွာ တက္ကစား ျဖစ္ခဲ့ျပီး တစ္စံုတစ္ဦး က ကၽြန္ေတာ့္ကို ေဘာလံုး ေပးပုိ႕တဲ့ အခါ ငါ့ေနာက္မွာ ဘယ္သူ ရွိသလဲ ဆုိျပီး အဲဒီအခ်ိန္မွာမွ ေတြးျဖစ္ပါတယ္။

အရမ္း ေကာင္းတဲ့ ကစားသမားေတြဟာ သူတုိ႕ရဲ႕ ေနာက္မွာ ဘာရွိသလဲ ဆုိတာ သိေနတာပါ။ သူတုိ႕ဟာ ေဘာလံုးကုိ တစ္ေစာင္း အေနအထားနဲ႕ လက္ခံ ရယူျပီး ကစာသမား တစ္ဦးက ဘယ္ဘက္က လာရင္ သူတုိ႕ဟာ ညာဘက္ကို ေဘာလံုး ေပးပို႕ ပါတယ္။ ” လို႕ ဆုိသြား ပါတယ္။

ဖာဘင္ညိဳဟာ ယေန႕ည နာပိုလီ နဲ႕ ခ်န္ပီယံလိဂ္ အေ၀းကြင္း ပြဲစဥ္မွာ လီဗာပူး အတြက္ ပြဲထြက္ ပါ၀င္ ကစား သြားဖို႕ ရွိေနပါတယ္။

ဖာဘင္ညိဳ က “ကၽြန္ေတာ္တုိ႕ဟာ ေရပန္းစားတဲ့ အသင္းေတြ ထဲက တစ္သင္းလို႕ ထင္ပါတယ္။ လက္ရွိ ခ်န္ပီယံဟာ အျမဲတမ္း ေရပန္းစားတဲ့ အသင္း ျဖစ္ျပီး ျပီးခဲ့တဲ့ ၂ ရာသီ အတြင္း လီဗာပူး ရဲ႕ ခ်န္ပီယံလိဂ္မွာ စြမ္းေဆာင္ခဲ့မွု အရ ကၽြန္ေတ္ာတုိ႕ဟာ ဒီဖလားကို အဓိက စိန္ေခၚ နုိင္တဲ့ အသင္းေတြ ထဲက တစ္သင္း ျဖစ္၇မွာပါ။ ဒါေပမယ့္ ဒါဟာ ကၽြန္ေတာ္တုိ႕ အေပၚ ဘာဖိအားမွ ရွိေစမွာ မဟုတ္ပါဘူး။ ကၽြန္ေတ္ာတုိ႕ ဒါကို ဘယ္လို ေျဖရွင္း ရမလဲ ဆုိတာ သိပါတယ္။ ကၽြန္ေတာ္တုိ႕ ဖိအားေတြကို ဘယ္လို ကုိင္တြယ္ ရမလဲ ဆုိတာ သိပါတယ္။ ဒါဟာ ျပသနာ ျဖစ္လာမွာ မဟုတ္ ပါဘူး။

ခ်န္ပီယံလိဂ္ဟာ ဥေရာပရဲ႕ အခက္ခဲဆံုး ျပိဳင္ပြဲေတြ ထဲက တစ္ခု ျဖစ္ျပီး အေကာင္းဆံုး အသင္းေတြပဲ ၀င္ျပိဳင္ ၾကတဲ့ ျပိဳင္ပြဲပါ။ ကၽြန္ေတ္ာတုိ႕ ေနာက္တဆင့္ ကို တက္ေရာက္ဖို႕ အတြက္ အစြမ္းကုန္ အားထုတ္ သြားမွာပါ။ အေရးၾကီးတာက တဆင့္ခ်င္းစီ တက္သြားဖို႕ ပါပဲ။” လို႕ ဆုိသြား ပါတယ္။

SM

Unicode

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမားကို ထုတ်ဖော်လိုက်တဲ့ ဂယ်ရီနဗီး

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဂယ်ရီနဗီးဟာ လီဗာပူး ကွင်းလယ်လူ ဖာဘင်ညို ကို ချီးကျူး သွားခဲ့ပြီး သူ့အနေနဲ့ ဘရာဇီး လက်ရွေးစင်ကို ဘာကြောင့် လက်ရှိ အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမား အဖြစ် ယူဆ ထားသလဲ ဆိုတာ ရှင်းပြ သွားခဲ့ ပါတယ်။ ဘရာဇီး ကြယ်ပွင့်ဟာ ဒီရာသီ အကောင်းဆုံး ပုံစံနဲ့ စတင်လျက် ရှိနေပြီး ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသလျက် ရှိနေကာ ၎င်းရဲ့ လီဗာပူး အသင်းဟာ ဆိုရင်လည်း နော့ဝှစ် ၊ ဆောက်သမ်တန် ၊ အာဆင်နယ် ၊ ဘန်လေ နဲ့ နယူးကာဆယ် တို့ကို အနိုင်ယူ ထားကာ အမှတ်ပေးဇယား ထိပ်မှာ ၅ မှတ် အသာနဲ့ ဦးဆောင် နေပါတယ်။

ယာဂန်ကလော့ ရဲ့ အသင်းဟာ ယနေ့ည နာပိုလီမှာ ချန်ပီယံလိဂ် ဖလားကို စတင် ကာကွယ် သွားရတော့မှာ ဖြစ်ပြီး မန်ယူနိုက်တက် နောက်ခံလူဟောင်း နဗီး ကတော့ မိုနာကို ကြယ်ပွင့်ဟောင်း ရဲ့ အသင်း အပေါ် အကျိုး ပြုမှုကို ချီးကျူး သွားပါတယ်။

နဗီး က “ကျွန်တော်တို့ အခု ပြောတဲ့ အကြောင်း အရာဟာ အင်္ဂလန် အတွက်ကော ၊ ကမ္ဘာ့ဖလား အတွက်ကော ၊ ဥရောပ ချန်ပီယံရှစ် အတွက်ကော ၊ ပရီးမီးယားလိဂ် အတွက်ကော ပါ၀င် ပါတယ်။ ဖာဘင်ညိုရဲ့ ဘောလုံး ကိုင်ကစားပုံဟာ အရမ်းကို အံ့ဖွယ် ကောင်းလှ ပါတယ်။ ဘက်စကွက်ရဲ့ ဘောလုံး ကိုင်ကစားဟန်ဟာ မယုံကြည် နိုင်စရာပါ။

ကျွန်တော် ကတော့ ဖာဘင်ညို ဟာ လက်ရှိ အချိန်မှာ အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမားလို့ ယူဆ ပါတယ်။ ဘာလို့လဲ ဆိုတော့ ဖာဘင်ညို လုပ်ပြ နေတာ တွေကို ကြည့်လိုက်ပါယ။ တကယ်တော့ သူဟာ ပွဲတွေမှာ နောက်ကိုပဲ ဆင်းကစား နေတာ မဟုတ်ပါဘူး။

အလျားလိုက်သာ ကစားပြီး ဘောလုံး တွေကို ဘေးတိုက်ပဲ ပေးတဲ့ holding midfield ကစားသမားတွေ ရှိကြ ပါတယ်။ ပြီးတော့ သူတို့ရဲ့ ရွေ့လျားဟန် ကလည်း ဒီလို ပုံစံမျိုး ဖြစ်ပြီး တာတို ပြေးတဲ့ ပုံစံမျိုး လောက်ပဲ ကစား ကြပါတယ်။ ဖာဘင်ညို ကတော့ သူတို့တွေ နဲ့ အတူဘဲ အထက်အောက် ဒေါင်လိုက် ကစား ပါတယ်။ သူဟာ သူ့ရဲ့ ဘောလုံး ပေးပို့မှု တွေနဲ့ တိုက်စစ်ကို ပံ့ပိုးပေးပြီး သူ ကိုယ်တိုင်လည်း ရှေ့ကို လိုက်တက်ကာ နေရာလွတ် တွေကို ၀င်ဖြည့် ကစား ပေးပါတယ်။ ပြီးတော့ ဘောလုံးကို အဲဒီ နေရာတွေ ကနေပဲ ပြန်လည် ရယူ ပါတယ်။ ကျွန်တော့် အမြင် ကတော့ အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမားတွေ ဆိုတာ ဘောလုံးကို ဘေးတိုက် ပေးတာတို့ ရိုးရိုးကြီး ကစားတဲ့ လူတွေ မဟုတ်ပါဘူး။ သူတို့ဟာ ပွဲအတွင်းမှာ ကြီးကြီးမားမား ပါ၀င် နေရပါမယ်။

ကွင်းလယ် ခံစစ် ကစားသမားကောင်း ရဲ့ အဓိက အရည်အသွေးက ကိုယ့်ရဲ့ နောက်ကျောမှာ ဘယ်လို အနေအထား ရှိသလဲ ဆိုတာ ကြိုသိဖို့ ဖြစ်ပါတယ်။ ကျွန်တော် တစ်ချို့ ပွဲတွေမှာ ကွင်းလယ်ကို ၀င်ကစား ခဲ့ပါတယ်။ ကျွန်တော်ဟာ ညာနောက်ခံလူ တစ်ဦး ဖြစ်ပေမယ့်လည်း ဒီနေရာ ၀င်ကစားတဲ့ အခါ ကစားပုံ တကယ် ဆိုးဝါး ခဲ့ပါတယ်။ ကျွန်တော် တစ်ခါတစ်ရံ ကွင်းလယ်မှာ တက်ကစား ဖြစ်ခဲ့ပြီး တစ်စုံတစ်ဦး က ကျွန်တော့်ကို ဘောလုံး ပေးပို့တဲ့ အခါ ငါ့နောက်မှာ ဘယ်သူ ရှိသလဲ ဆိုပြီး အဲဒီအချိန်မှာမှ တွေးဖြစ်ပါတယ်။

အရမ်း ကောင်းတဲ့ ကစားသမားတွေဟာ သူတို့ရဲ့ နောက်မှာ ဘာရှိသလဲ ဆိုတာ သိနေတာပါ။ သူတို့ဟာ ဘောလုံးကို တစ်စောင်း အနေအထားနဲ့ လက်ခံ ရယူပြီး ကစာသမား တစ်ဦးက ဘယ်ဘက်က လာရင် သူတို့ဟာ ညာဘက်ကို ဘောလုံး ပေးပို့ ပါတယ်။ ” လို့ ဆိုသွား ပါတယ်။

ဖာဘင်ညိုဟာ ယနေ့ည နာပိုလီ နဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာ လီဗာပူး အတွက် ပွဲထွက် ပါ၀င် ကစား သွားဖို့ ရှိနေပါတယ်။

ဖာဘင်ညို က “ကျွန်တော်တို့ဟာ ရေပန်းစားတဲ့ အသင်းတွေ ထဲက တစ်သင်းလို့ ထင်ပါတယ်။ လက်ရှိ ချန်ပီယံဟာ အမြဲတမ်း ရေပန်းစားတဲ့ အသင်း ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း လီဗာပူး ရဲ့ ချန်ပီယံလိဂ်မှာ စွမ်းဆောင်ခဲ့မှု အရ ကျွန်တေ်ာတို့ဟာ ဒီဖလားကို အဓိက စိန်ခေါ် နိုင်တဲ့ အသင်းတွေ ထဲက တစ်သင်း ဖြစ်ရမှာပါ။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ အပေါ် ဘာဖိအားမှ ရှိစေမှာ မဟုတ်ပါဘူး။ ကျွန်တေ်ာတို့ ဒါကို ဘယ်လို ဖြေရှင်း ရမလဲ ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ဖိအားတွေကို ဘယ်လို ကိုင်တွယ် ရမလဲ ဆိုတာ သိပါတယ်။ ဒါဟာ ပြသနာ ဖြစ်လာမှာ မဟုတ် ပါဘူး။

ချန်ပီယံလိဂ်ဟာ ဥရောပရဲ့ အခက်ခဲဆုံး ပြိုင်ပွဲတွေ ထဲက တစ်ခု ဖြစ်ပြီး အကောင်းဆုံး အသင်းတွေပဲ ၀င်ပြိုင် ကြတဲ့ ပြိုင်ပွဲပါ။ ကျွန်တေ်ာတို့ နောက်တဆင့် ကို တက်ရောက်ဖို့ အတွက် အစွမ်းကုန် အားထုတ် သွားမှာပါ။ အရေးကြီးတာက တဆင့်ချင်းစီ တက်သွားဖို့ ပါပဲ။” လို့ ဆိုသွား ပါတယ်။

SM