စပိန် မြေမှာ ကစား နေရ ပြီ ဖြစ်တဲ့ ပေါလ် ပေါ့ဂ်ဘာ ရဲ့ အစ်ကို ဖြစ်သူ မက်သီးယပ်စ် ပေါ့ဂ်ဘာ က စပိန် ထိပ်သီး ကလပ် ရီးယဲ မက်ဒရစ် အသင်း က သူ့ညီ ဖြစ်သူ ကို ခေါ်ယူ လို နေတယ် ဆိုတာ သိရှိ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဇီဒန်း ကို နည်းပြ တစ်ဦး အနေ နဲ့ သူလည်း နှစ်သက် ကြောင်း ၊ ဇီဒန်း ကလည်း သူ့ညီ ကို ခေါ်ယူ ဖို့ အလို ရှိကြောင်း ၊ ညီ ဖြစ်သူ ရဲ့ ခြေစွမ်း ကို နှစ်သက် သဘောကျ နေသူ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဇီဒန်း ကိုယ်တိုင် က နည်းပြ ဘဝ ရဲ့ အချို့ အကွေ့ တစ်ခု မှာ ကမ္ဘာ့ အဆင့် ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ ပေါလ် ပေါ့ဂ်ဘာ လို ကစားသမား မျိုးနဲ့ အတူ နည်းပြ အဖြစ် အလုပ် လုပ် လိုတဲ့ အကြောင်း ဝန်ခံ စကား ပြောကြား ခဲ့ဖူး ပါသေးတယ် ။

အခြား တစ်ဖက် မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ကိုယ်တိုင် က အသင်း မှ ထွက်ခွာ လိုကြောင်း ပြောကြား ထားခဲ့ ဖူးတဲ့ အတွက် အပြောင်း အရွှေ့ ဟာ တစ်ချိန်ချိန် မှာ ဖြစ်ပေါ် လာလိမ့် မလဲ ဆိုတာ ပရိသတ် တွေလည်း သိရှိ နေကြ ပါတယ် ။

အခုတော့ ပေါလ် ပေါ့ဂ်ဘာ ရဲ့ အစ်ကို ဖြစ်တဲ့ မက်သီးယပ်စ် ပေါ့ဂ်ဘာ က သူ့ညီ ဖြစ်သူ ကို ရီးယဲ မက်ဒရစ် အသင်း ဖက်က လက်လွှတ် ဦးမှာ မဟုတ် သေးပဲ ဆက်လက် စောင့်ကြည့် နေ ဦးမယ် ဆိုတာ သိရှိ ကြောင်း Radio Marca ရဲ့ သတင်း အစီအစဉ် မှာ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဇီဒန်း ဟာ ကစားသမား ကောင်း တွေကို အလို ရှိခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ အားလုံး ကို မရယူ နိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် သူဟာ လက်ရှိ အသင်း ရှိနေ သင့်တဲ့ နေရာ တစ်ခု ကို ရောက်ရှိ စေနိုင် ဖို့ အတွက် ဆက်လက် ကြိုးစား သွား ဦးမယ် ဆိုတာ တော့ ကျွန်တော် ကောင်းကောင်း သိနေ ပါတယ် ”

” ကျွန်တော် ဇီဒန်း ကို နှစ်သက် လှ ပါတယ် ။ သူဟာ လည်း ကျွန်တော့် ညီ ဖြစ်သူ ကို အရမ်း နှစ်သက် ပါတယ် ။ ဒီ အကြောင်း ကိုတော့ လူတိုင်း သိရှိ နှင့် ပြီးသား ပါ ” လို့ မက်သီးယပ်စ် ပေါ့ဂ်ဘာ က ညီ ဖြစ်သူ နဲ့ ဇီဒန်း အကြောင်း ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း မှ ပေါ့ဂ်ဘာ ကို ပြီး ခဲ့တဲ့ နွေ အပြောင်း အရွှေ့ အတွင်း ခေါ်ယူ လိုနေ ခဲ့ ပေမယ့် အပြောင်း အရွှေ့ ဟာ မဖြစ်ပွား ခဲ့တာ ကြောင့် ပြင်သစ် လက်ရွေးစင် အနေ နဲ့ ယူနိုက်တက် အသင်း အတွက် ပဲ ဆက်လက် ပြီး အထူး အာရုံစိုက် ကစား သွားဖို့ သာ ရှိနေ ပါ တော့တယ် ။

အခုတော့ မက်သီးယပ်စ် ပေါ့ဂ်ဘာ က သူနဲ့ သူ့ရဲ့ မိသားစုဝင် တွေဟာ ထွက်ပေါ် နေတဲ့ ကောလဟာလ သတင်း တွေ အပေါ် ဂရု မစိုက်တက် ကြကြောင်း ၊ ဒါဟာ သူတို့ တွေ အတွက် တော့ ကြားရပါ များလို့ ရိုးအီ နေပြီ ဖြစ်တဲ့ အကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒါဟာ ကျွန်တော် တို့ မိသားစု အတွက် တော့ ရိုးအီ နေပြီ ဖြစ်တဲ့ သာမန် သတင်း တစ်ခု လို ပါပဲ ။ မီဒီယာ တွေ ဆီမှာ ဘာ တွေကို ပြောကြား နေကြ သလဲ ဆိုတာ ကျွန်တော် တို့ ဂရု ကို မစိုက် ကြတော့ ပါဘူး ” လို့ မက်သီးယပ်စ် ပေါ့ဂ်ဘာ က ပြောသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar