မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အာဆင်နယ် အသင်း မှ အလက်ဆစ် ဆန်းချက် ကို ခေါ်ယူ ခဲ့ပြီး လစာ ငွေ များစွာ ပေးကာ ကြီးမား တဲ့ ရင်းနှီး မြှုပ်နှံ မှု ပြုလုပ် ခဲ့ ပေမယ့် ရလဒ် ကတော့ တစ်ကယ့် ကို အံ့ဖွယ် ကောင်းလောက် အောင် ဆိုးရွား ခဲ့ရ ပါတယ် ။

ဆန်းချက် ဟာ 2018 ဇန်နဝါရီ တုန်းက အိုးလ် ထရပ်ဖို့ဒ် ဆီ ရောက်ရှိ လာ ခဲ့တဲ့ နောက်ပိုင်း အသင်း အတွက် 45 ပွဲ အထိ ကစား ပေးထား ခဲ့ ပေမယ့် သွင်းဂိုး 5 ဂိုးသာ သွင်းယူ နိုင် ခဲ့တဲ့ အတွက် ယူနိုက်တက် ပရိသတ် တွေ အတော်လေး စိတ်ပျက် ခဲ့ကြ ရ ပါတယ် ။

အဆိုပါ အချိန် တုန်းက ယူနိုက်တက် ဟာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်း နဲ့ အပြိုင် ဆန်းချက် ကို ခေါ်ယူ ထားခဲ့ ရတာ ဖြစ် ပေမယ့် အခုတော့ အငှား ချထား တဲ့ ကစားသမား အတွက် လစာ ငွေပါ ပေးချေ နေ ရတဲ့ အနေအထား တစ်ရပ် ကို ပိုင်ဆိုင် နေခဲ့ ရ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဘယ် နောက်ခံ ကစားသမား ဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က အလက်ဆစ် ဆန်းချက် ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ အနေ အထား တွေ အဲ့ဒီ လောက် အထိ ဆိုးရွား သွား လိမ့်မယ် လို့ ဘယ်သူ မှ ထင်မိ ခဲ့ ကြမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ယူနိုက်တက် အသင်း မှာ အလက်ဆစ် ဆန်းချက် ဟာ အခုလို မျိုး ဖြစ်သွား ရ လိမ့်မယ် လို့ ဘယ်သူ မှ ကြိုတင် ထင်မှတ် မထား ခဲ့ကြ ပါဘူး ။ သူ ဘာတွေ ဖြစ်သွား သလဲ ဆိုတာ ကျွန်တော် ဖြင့် သိတောင် မသိတော့ ပါဘူး ”

” ယူနိုက်တက် မှာ ကျွန်တော် တို့ တွေ့မြင် ခဲ့ ရတဲ့ အလက်ဆစ် ဆန်းချက် က အာဆင်နယ် မှာ ကစား ခဲ့တဲ့ အလက်ဆစ် ဆန်းချက် မဟုတ် တော့ သလို တောင် ဖြစ်သွား ခဲ့ရ ပါတယ် ။ ယူနိုက်တက် တို့ သူ့ကို ခေါ်ယူ ခဲ့စဉ် တုန်းက သူဟာ အသက်ကြီး တဲ့ ကစားသမား မဟုတ် သေး ပါဘူး ။ သူဟာ ခြေစွမ်း တွေကို သက်သေ ပြပြီး ဒီကို ရောက်ရှိ လာခဲ့ သူပါ ” လို့ ဂယ်ရီ နဗီးလ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် တို့ ဆန်းချက် ကို အင်တာ မီလန် အသင်း ဆီ အငှားချ သွားဖို့ လုပ်ဆောင် ခဲ့စဉ် တုန်းက အီတလီ ထိပ်သီး ကလပ် ဖက်မှ ကစားသမား ရဲ့ မြင့်မား လှတဲ့ လစာ ငွေကို မပေးချေ လိုခဲ့ ကြတဲ့ အတွက် ယူနိုက်တက် ဖက်မှ ကစားသမား ရဲ့ လစာ ငွေ တစ်ဝက် ကျော်ကို စိုက်ပေး ဖို့ သဘော တူညီ ခဲရ ပါ သေးတယ် ။

ဒါကို ကြည့်ခြင်း အားဖြင့် ယူနိုက်တက် မှာ ရှိနေ ခဲ့တဲ့ ကစား သမား ရဲ့ အနေအထား က ဘယ်လောက် အထိ ဆိုးရွား နေခဲ့ သလဲ ဆိုတာ ကို ခန့်မှန်း သိရှိ နိုင် ပါတယ် ။ ဂယ်ရီ နဗီးလ် က တော့ ဆန်းချက် ဆီက အဲ့ဒီလို ဆိုးရွား တဲ့ ခြေစွမ်း မြင်တွေ့ ခဲ့ ရတဲ့ အတွက် မှင်သပ် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ယူနိုက်တက် ဟာ သူ့ကို တစ်နှစ် နှစ်နှစ် လောက်ပဲ အငှား ချမယ် ဆိုတာ ကို ကျွန်တော် တို့ အားလုံး သိရှိ နိုင် ပါတယ် ။ သူ့ရဲ့ လစာ ငွေက အတော်ကြီး မြင့်မား တယ် ဆိုတာ ကို ကျွန်တော် တို့ သိရှိ နေကြ တယ်လေ ”

” ဒါပေမယ့် သူနဲ့ ပတ်သက် လို့ ကျွန်တော် အဓိက ပြော လိုတဲ့ အချက် ကတော့ သူဟာ ယူနိုက်တက် အသင်း မှာ ဒီလောက် အထိ အံ့ဖွယ် အခြေအနေ ဆိုးရွား သွား လိမ့်မယ် လို့ ဘယ်သူ မှ ကြိုတင် မတွက်ဆ နိုင် ခဲ့တဲ့ အကြောင်း ပါပဲ ” လို့ ဂယ်ရီ နဗီးလ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar