မန်ချက်စတာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာ အတွက်တော့ ခေါင်းခဲ စရာ ဖြစ်လာ ခဲ့ရ ပါတယ် ။ အသင်းရဲ့ အားထား ရတဲ့ ခံစစ်မှုး အိုင်းမရစ် လာပေါ်တေး တစ်ယောက် ဒဏ်ရာ ကြောင့် ၅ လ ခန့် နား နေရတဲ့ အချိန် မှာ နောက်ထပ် ခံစစ်မှုး တစ်ဦး ဖြစ်တဲ့ ဂျွန် စတုန်း ဟာ လည်း ဒဏ်ရာ ကြောင့် ၄ ပတ် ကနေ ၅ ပတ် အထိ နားရ တော့မယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ဂိုး သမားကကြီး ဟူဂို လိုရစ် ကတော့ သူ ဟာ စိန်ခေါ်မှု အသစ် တစ်ခုခု ကို ရှာဖွေ ဖို့ စိတ်ကူး မိနေ ပါပြီ လို့ ပြောဆို ကာ လန်ဒန် ကလပ် ကို စွန့်ခွာ သွားနိုင် ကြောင်း အရိပ်မြွက် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ ရဲ့ အကို မက်သီးယပ်စ် ကတော့ ရီးရဲ နည်းပြ ဇီဒန်း ဟာ သူ့ ညီ ပေါလ် ကို နှစ်သက် သူ ဖြစ်တာကို လူတိုင်း သိပါတယ် လို့ ပြောဆို ကာ အပြောင်း အရွှေ့ နဲ့ ပတ်သက်ပြီး ထပ်မံ လှုပ်ခတ် စေခဲ့ ပြန်ပါတယ် ။

ရီး၇ဲ မက်ဒရစ် ဟာ လာမယ့် ဇန်န၀ါရီ မှာ ပေါ့ဘာ ကို နောက်ထပ် ကမ်းလှမ်းမှု ပြုလုပ် ဖို့ ရှိနေ ပြီး ကွင်းလယ်လူ တိုနီ ကရူးစ် ကို အလိုက်ပေး ကမ်းလှမ်း သွားဖွယ် ရာ ရှိနေတယ် လို့ လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

လာမယ့် ဇန်န၀ါရီ မှာ အင်္ဂလန် ကို ပြန်ပြောင်းရွှေ့ လာမယ့် ၀ိန်းရွန်နီ က တော့ မေဂျာလိဂ် မှာ ဘောလုံး သမား တွေ ဟာ လစာ နည်းပါး စွာ ရရှိ နေပြီး ဒါဟာ အမေရိကန် ဘောလုံး လောက တိုးတက် ရေး ကို နှောင့်နှေး ကြန့်ကြာ စေနိုင်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဂရစ်ဇ်မန်း ကို ခေါ်ယူမှု နဲ့ ပတ်သက်ပြီး အသက်လက်တီကို မက်ဒရစ် ရဲ့ တိုင်ကြားမှု ကြောင့် ဘာစီလိုနာ အသင်း ဟာ ကွင်းပိတ် ကစား ရမယ့် အပြစ်ဒဏ် ကျ ခံ ရနိုင်ချေ ရှိလာ ခဲ့တယ် လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လာမယ့် နှစ် နွေရာသီ မှာ အင်္ဂလန် ကစား သမား ၂ ဦး ဖြစ်တဲ့ ဂျေဒန် ဆန်ချို နဲ့ ဂျိမ်းစ် မက်ဒီဆင် တို့ ၂ ဦး ကို အဓိက ထား ကမ်းလှမ်း သွားဖို့ ရှိနေတယ် လို့ သိရ ပါတယ်

ယူနိုက်တက် နဲ့ ၂၀၂၀ မှာ စာချုပ် သက်တမ်း ကုန် ဆုံးမယ့် ကွင်းလယ်လူ မာတစ် ကို ယူဗင်တပ် ၊ အေစီ မီလန် ၊ အင်တာ မီလန် တို့ အပြင် ဒေါ့မွန် အသင်း က ပါ စိတ်ဝင်စား မှု ရှိလာ ခဲ့တယ် လို့ သိရ ပါတယ် ။

ကမ္ဘာကျော် ကုန်ပစ္စည်း တစ်ခု ဖြစ်တဲ့ Louis Vuitton ပိုင်ရှင် ဘားနတ် အာနောဒ့် ဟာ အေစီမီလန် အသင်း ကို ပေါင် သန်း ၈၉၀ နဲ့ ၀ယ်ယူဖို့ အတွက် စိတ်ကူး နေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ကွင်းလယ်လူ ဟောင်း ဂျေမီ အိုဟားရား ဟာ တောာင်ပိုင်း နေရှင်နယ်လိဂ် ကလပ် ဘီလာရီကေး အသင်းရဲ့ နည်းပြ ဖြစ်လာခဲ့တယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် အသင်း ဟာ လာမယ့် နွေရာသီ မှာ ရီး၇ဲ ကွင်းလယ်လူ အစ္စကို ကို ခေါ်ယူဖို့ ပြင်ဆင် ထားပြီး ပေါင် သန်း ၇၀ နီးပါး အသုံးပြု ဖို့ စိတ်ကူး နေတယ်လို့ သိရ ပါတယ် ။

အီတလီ စီးရီးအေး ကလပ် ယူဗင်တပ် ကတော့ သူတို့ရဲ့ အင်အား အကြီးဆုံး ပရိသတ် အဖွဲ့ ဖြစ်တဲ့ Juventus Ultras နဲ့ အဆင်မပြေ မှုတွေ ကြီးထွား လာခဲ့ တယ်လို့ သိရ ပါတယ် ။ ပွဲစဉ် လက်မှတ်တွေ ကို ဈေးကစား ၊ မှောင်ခို ၀ယ်ယူမှု အတွက် Ultras အဖွဲ့ ခေါင်းဆောင် တွေကို ဖမ်းဆီး ထိန်းသိမ်း မှု ကြောင့် Ultras အဖွဲ့ဝင် ပရိသတ်တွေ ဟာ အသက်လက်တီကို မက်ဒရစ် နဲ့ ကစားမယ့် စပိန် ခရီးစဉ် ကို လိုက်ပါ မလာခဲ့ဘဲ ဆန္ဒပြခဲ့ ကြတယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR