နည္းျပ ေဟာင္းေတြ ျဖစ္တဲ႕ လိုပက္တီဂီ နဲ႔ ဆုိလာရီ တုိ႔ လက္ထက္ မွာ ထူးမျခားနား အေျခအေန ဆိုးေတြကို သာျကံုေတြ႔ ခဲ႔ရတဲ႔ ရီးရဲလ္ တို႔ ဟာေနာက္ဆံုး မွာေတာ့ ဇီဒန္းကို သာျပန္လည္ တာဝန္ေပးခဲ႕ရပါတယ္။ဒီျပင္သစ္ သားျကီးဟာ ရီးရဲလ္ အသင္းကုိ ခ်န္ပီယံလိဂ္ ၃ႏွစ္ဆက္ အပါအဝင္ ေအာင္ျမင္မွဳေတြ ရယူေပးခဲ႔ဖူးသူျဖစ္ျပီး လြန္ခဲ႔တဲ႔ ဆယ္လေလာက္က မွဘာေနဗ်ဴးေျမကေနထြက္ခြာသြားခဲ႔တာျဖစ္ပါတယ္။

ျပီးခဲ႔တဲ႔ ေႏြရာသီမွာ ဆိုစီဒက္ အသင္း ကေန ေျပာင္းေရႊ႕လာခဲ႔တဲ႔ညာ ေနာက္ခံ ကစားသမားေလး အိုဒရီယိုဇိုလာကေတာ့ သူ႔ရဲ႕ ေဘာလံုး အိုင္ေဒါ ဇီဒန္းရဲ႕ ေအာက္မွာ ကစားခြင့္ရေတာ့ မွာျဖစ္လို႔ ေက်နပ္ေနပံုပါပဲ။ဒါ့အျပင္ ဒီျပင္သစ္သားျကီးကို ျပန္လည္ ေခၚယူေပး ခဲ႔တဲ႔ အသင္းရဲ႕ တာဝန္ ရွိသူေတြကို လည္း သူက ခ်ီးက်ဴးေျပာဆိုသြားခဲ႔ပါတယ္။ အိုဒရီယိုဇိုလာ ဟာ အသင္းသစ္နဲ႔ အဖြင့္ရာသီမွာပဲ ျပိဳင္ပြဲစံု ၁၉ ပြဲအထိ ကစားခြင့္ရထားခဲ႔တာ ျဖစ္လို႔လည္း ဇီဒန္း လက္ထက္မွာပိုျပီး ေတာက္ပလာႏိုင္ေနတာျဖစ္ပါတယ္။

La Galerna နဲ႔ အင္တာဗ်ဴးမွာ အိုဒရီယိုဇိုလာက – – – ” က်ြန္ေတာ္ဟာ ဆန္စီဘတ္ရွန္ ေဒသဖြားတဦးျဖစ္ျပီး လာလီဂါ ျပိဳင္ပြဲရဲ႕ ပရိသတ္တဦး ျဖစ္ပါတယ္။က်ြန္ေတာ္ဟာ ရီးရဲလ္ အသင္းကို ျကိုက္ႏွစ္သက္အားေပးျဖစ္ခဲ႔ပါတယ္။ဘာေျကာင့္ လည္းဆိုေတာ့က်ြန္ေတာ့္ရဲ႕ စံျပတဦးျဖစ္တဲ႔ ဇီဒန္းက အဲ႔ဒီမွာ ကစားခဲ႔ လို႔ျဖစ္ပါတယ္။သူဒီကို ျပန္ေရာက္လာခ်ိန္မွာလည္း က်ြန္ေတာ္န႔ဲ ပတ္သက္ျပီး သူဘယ္အရာေတြကို ျကိုက္ တယ္၊အားနည္းခ်က္ ေတြရွိတယ္ဆိုတာကို ေတာင္ ေျပာျဖစ္ခဲ႔ျကပါေသးတယ္။

သူက အျမဲတမ္း အရွိကို အရွိအတိုင္း ေျပာျပပါတယ္။သူ႔ရဲ႕ရိုးသားမွဳကိုကစားသမားေတြသာမကပဲ ပရိသတ္ေတြကပါ ခ်ီးက်ဴး ေလးစားျကပါတယ္။သူျပန္ေရာက္လာတာဟာ က်ြန္ေတာ္တို႔ကို ေမ်ွာ္လင့္ခ်က္အသစ္ေတြ ုျဖစ္ေစခဲ႔ျပီး စိတ္အားထက္သန္မွဳေတြပါ ျဖစ္သြားေစခဲ႕ပါတယ္။ေျပာရရင္ အမွတ္ေပး ဖလားျကီးကိုဆြတ္ခူးလိုက္ႏိုင္သလိုပါပဲ။သူနဲ႔ ရွိေနရတာကို လည္း က်ြန္ေတာ္တုိ႔ေပ်ာ္ရႊင္ေနပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

ရီးရဲလ္ တို႔ဟာ ဒီရာသီ မွာ မတ္ လအစပိုင္းအတြင္းမွာ ဖလားလက္ မဲ႔ျဖစ္ဖို႔ အေျကာင္းဖန္သြားခဲ႔ျပီျဖစ္ျပီး ဒါဟာအိုဒရီယို ဇိုလာအတြက္ေတာ့ သင္ယူစရာတခုလိုျဖစ္ခဲ႔ပါတယ္။ရီးရဲလ္ အသင္းသားဘဝ အနိမ့္အျမင့္ အတက္အက်ေတြနဲ႔ ပတ္သက္ျပီး အိုဒရီယို ဇိုလာက – – – ” က်ြန္ေတာ့္ အတြက္ကေတာ့ ရိုလာကိုစတာစီးေနရသလိုပါပဲ။အေရးအျကီးဆံုးကေတာ့ ကိုယ့္ကိုယ္ကို ေဝဖန္သံုးသပ္ဖို႔ပဲျဖစ္ပါတယ္။

က်ြန္ေတာ္ဒီီမွာ အမ်ားျကီး သင္ယူခဲ႔ရပါတယ္။ရီးရဲလ္လို အသင္းမွာတရာသီ ဆိုတာ အျခားေနရာမွာ၃ရာသီေလာက္နဲ႔ တူပါတယ္။ျဖစ္ပ်က္ေျပာင္းလဲမွဳေတြ အမ်ားျကီးရွိခဲ႔ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

Unicode

“ဇီဒန်းပြန်ရောက်လာတာဟာ အမတ်ပေးချန်ပီယံဆုကြီးကို ဆွတ်ခူးလိုက်နိုင်ခဲ့သလိုပါပဲ” – – #အိုဒရီယိုဇိုလာ
================================

နည်းပြ ဟောင်းတွေ ဖြစ်တဲ့ လိုပက်တီဂီ နဲ့ ဆိုလာရီ တို့ လက်ထက် မှာ ထူးမခြားနား အခြေအနေ ဆိုးတွေကို သာကြုံတွေ့ ခဲ့ရတဲ့ ရီးရဲလ် တို့ ဟာနောက်ဆုံး မှာတော့ ဇီဒန်းကို သာပြန်လည် တာဝန်ပေးခဲ့ရပါတယ်။ဒီပြင်သစ် သားကြီးဟာ ရီးရဲလ် အသင်းကို ချန်ပီယံလိဂ် ၃နှစ်ဆက် အပါအဝင် အောင်မြင်မှုတွေ ရယူပေးခဲ့ဖူးသူဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်လလောက်က မှဘာနေဗျူးမြေကနေထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ ဆိုစီဒက် အသင်း ကနေ ပြောင်းရွှေ့လာခဲ့တဲ့ညာ နောက်ခံ ကစားသမားလေး အိုဒရီယိုဇိုလာကတော့ သူ့ရဲ့ ဘောလုံး အိုင်ဒေါ ဇီဒန်းရဲ့ အောက်မှာ ကစားခွင့်ရတော့ မှာဖြစ်လို့ ကျေနပ်နေပုံပါပဲ။ဒါ့အပြင် ဒီပြင်သစ်သားကြီးကို ပြန်လည် ခေါ်ယူပေး ခဲ့တဲ့ အသင်းရဲ့ တာဝန် ရှိသူတွေကို လည်း သူက ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ အိုဒရီယိုဇိုလာ ဟာ အသင်းသစ်နဲ့ အဖွင့်ရာသီမှာပဲ ပြိုင်ပွဲစုံ ၁၉ ပွဲအထိ ကစားခွင့်ရထားခဲ့တာ ဖြစ်လို့လည်း ဇီဒန်း လက်ထက်မှာပိုပြီး တောက်ပလာနိုင်နေတာဖြစ်ပါတယ်။

La Galerna နဲ့ အင်တာဗျူးမှာ အိုဒရီယိုဇိုလာက – – – ” ကျွန်တော်ဟာ ဆန်စီဘတ်ရှန် ဒေသဖွားတဦးဖြစ်ပြီး လာလီဂါ ပြိုင်ပွဲရဲ့ ပရိသတ်တဦး ဖြစ်ပါတယ်။ကျွန်တော်ဟာ ရီးရဲလ် အသင်းကို ကြိုက်နှစ်သက်အားပေးဖြစ်ခဲ့ပါတယ်။ဘာကြောင့် လည်းဆိုတော့ကျွန်တော့်ရဲ့ စံပြတဦးဖြစ်တဲ့ ဇီဒန်းက အဲ့ဒီမှာ ကစားခဲ့ လို့ဖြစ်ပါတယ်။သူဒီကို ပြန်ရောက်လာချိန်မှာလည်း ကျွန်တော်နဲ့ ပတ်သက်ပြီး သူဘယ်အရာတွေကို ကြိုက် တယ်၊အားနည်းချက် တွေရှိတယ်ဆိုတာကို တောင် ပြောဖြစ်ခဲ့ကြပါသေးတယ်။

သူက အမြဲတမ်း အရှိကို အရှိအတိုင်း ပြောပြပါတယ်။သူ့ရဲ့ရိုးသားမှုကိုကစားသမားတွေသာမကပဲ ပရိသတ်တွေကပါ ချီးကျူး လေးစားကြပါတယ်။သူပြန်ရောက်လာတာဟာ ကျွန်တော်တို့ကို မျှော်လင့်ချက်အသစ်တွေ ုဖြစ်စေခဲ့ပြီး စိတ်အားထက်သန်မှုတွေပါ ဖြစ်သွားစေခဲ့ပါတယ်။ပြောရရင် အမှတ်ပေး ဖလားကြီးကိုဆွတ်ခူးလိုက်နိုင်သလိုပါပဲ။သူနဲ့ ရှိနေရတာကို လည်း ကျွန်တော်တို့ပျော်ရွှင်နေပါတယ် ” လို့ပြောခဲ့ပါတယ်။

ရီးရဲလ် တို့ဟာ ဒီရာသီ မှာ မတ် လအစပိုင်းအတွင်းမှာ ဖလားလက် မဲ့ဖြစ်ဖို့ အကြောင်းဖန်သွားခဲ့ပြီဖြစ်ပြီး ဒါဟာအိုဒရီယို ဇိုလာအတွက်တော့ သင်ယူစရာတခုလိုဖြစ်ခဲ့ပါတယ်။ရီးရဲလ် အသင်းသားဘဝ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပတ်သက်ပြီး အိုဒရီယို ဇိုလာက – – – ” ကျွန်တော့် အတွက်ကတော့ ရိုလာကိုစတာစီးနေရသလိုပါပဲ။အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်ဖို့ပဲဖြစ်ပါတယ်။

ကျွန်တော်ဒီီမှာ အများကြီး သင်ယူခဲ့ရပါတယ်။ရီးရဲလ်လို အသင်းမှာတရာသီ ဆိုတာ အခြားနေရာမှာ၃ရာသီလောက်နဲ့ တူပါတယ်။ဖြစ်ပျက်ပြောင်းလဲမှုတွေ အများကြီးရှိခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။