မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က ဒီရာသီ အတွင်း အသင်းဟောင်း အနေနဲ့ အဆင့် ပိုမို ကောင်းမွန်ရေးထက် နည်းပြ ဆိုးလ်ရှား လက်အောက် မှာ ပိုမို တိုးတက် ကောင်းမွန် လာရေး က ပိုပြီး အရေး ကြီးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒါဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း အနေ နဲ့ ဒီ ရာသီ အတွင်း ဖြစ်အောင် လုပ်ဆောင် သင့်တဲ့ အရာ တစ်ခု လို့ ကျွန်တော် ထင် ပါတယ် ။ လက်ရှိ သူတို့ တွေဟာ မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် သွားနေ ကြလား ဆိုတာ နဲ့ ပတ်သက် ပြီး သံသယ ဝင်နေ စရာ အကြောင်း မရှိ ပါဘူး ”

” မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တွေ အနေ နဲ့ လက်ရှိ စိတ်ပျက် စရာ အကောင်းဆုံး အရာ တစ်ခု က လက်ရှိ အသင်း ဟာ သူတို့ မျှော်လင့် ထားတာ ထက် ပိုပြီး နိမ့်ကျ တဲ့ အနေအထား တစ်ခု ကို ရောက်ရှိ နေခြင်း ပါပဲ ။ ဒါ့အပြင် ယူနိုက်တက် ဟာ အပြောင်း အရွှေ့ အတွင်း ငွေကြေး အသားတင် သုံးစွဲ မှု လုံလောက်စွာ မပြုလုပ် ထားခဲ့ ကြဘူး လေ ”

” အပေါ်ယံ အနေ အထား ကို ကြည့် လိုက်မယ် ဆိုရင် သူတို့ တွေဟာ ဖယ်လိုင်နီ ၊ ဟာရဲရား ၊ ဒါမီယံ နဲ့ လူကာကူ တို့ကို လက်လွှတ် ခံခဲ့ ရသလို အလက်ဆစ် နဲ့ စမောလင်း တို့ကို လည်း အငှား ချထား ခဲ့ကြ ပါတယ် ။ အဲ့ဒီ အတွက် သူတို့ တွေဟာ ရှေဆက် တိုးတက် လာနိုင် ခြေ ရှိတဲ့ ကစားသမား တွေကို ခေါ်ယူ ထားနိုင် ခဲ့ကြ ပါတယ် ”

” လက်ရှိ အနေ အထား ကို ကြည့်ပြီး ကောက်ချက် တစ်ခု ချလိုက်မယ် ဆိုရင် သူတို့ တွေဟာ ပေါင် 60 – 70 သန်း လောက်ပဲ အသားတင် သုံးစွဲ ထားခဲ့ ကြ ပါတယ် ။ ဒါဟာ နောက်ပြန် သွားနေ ခြင်း တစ်ခု ပါပဲ ။ အမှန် တစ်ကယ် ဆိုရင် သူတို့ တွေဟာ ဆုံးရှုံး လိုက် ရတဲ့ တိုက်စစ် နေရာ နဲ့ အားနည်း သွားတဲ့ ကွင်းလယ် အပိုင်း တွေကို အင်အား ဖြည့်ဖို့ အဓိက ထားသင့် နေခဲ့ တာပါ ”

” သူတို့ တွေဟာ ဒီနွေ အတွင်း ကောင်းမွန် တဲ့ ခေါ်ယူ မှုတွေ ပြုလုပ် ခဲ့တဲ့ အတွက် ချီးကျူး ဂုဏ်ပြု လို ပေမယ့် အမှား အချို့ ကို ပြုလုပ် ထားခဲ့ ကြ ပါတယ် ။ သူတို့ တွေဟာ အရင် တုန်းက အသက် အရွယ် ရရှိ နေပြီ ဖြစ်တဲ့ ကစားသမား တွေ အတွက် ငွေ များစွာ အသုံးပြု လိုခဲ့ ကြတဲ့ အချိန် ကျွန်တော် ဝေဖန် မှုတွေ ပြုလုပ် ခဲ့ ပါတယ် ။ သူတို့ အဲ့တာ တွေကို ရပ်တန့် သင့် ပါပြီ ။ သူတို့ ဆီမှာ စီမံကိန်း တစ်ခု နဲ့ မဟာဗျူးဟာ တစ်ခု ရှိနေ သင့် ပါပြီ ။ အဲ့တာ တွေက လွန် ခဲ့တဲ့ 7 နှစ်လောက် ကတည်းက ပျောက်ဆုံး နေခဲ့ တာပါ ”

” အခု သူတို့ တွေကို ကြည့်လိုက် တဲ့ အခါ မှာတော့ အရင် တုန်က လိုပဲ ဗြိတိန် ရဲ့ အရည် အသွေး ရှိတဲ့ ကစားသမား လေးတွေ ကို ခေါ်ယူ ၊ အကယ်ဒမီ မှ ကစားသမား လေးတွေ ကို အသုံး ပြုရင်း မဟာဗျူးဟာ တစ်ခု ကို အကောင်အထည် ဖော်နေ ကြ ပါပြီ ။ သူတို့ တွေဟာ နိုင်ငံတကာ အဆင့်မီ အရည်အသွေး ရှိတဲ့ ကစားသမား တွေကို ရွေးချယ် နေကြ ပါပြီ ”

” လက်ရှိ ယူနိုက်တက် အသင်း တစ်ခုလုံး ရဲ့ ပျမ်းမျှ အသက် ကို ကြည်လိုက်မယ် ဆိုရင် သူတို့ တွေဟာ 24 နှစ် ဝန်းကျင် ပဲ ရှိနေ ကြ ပါတယ် ။ ဒါ့အပြင် အသင်း လူစားရင်း ထဲမှာ အကယ်ဒမီ ထွက် ကစားသမား 8 ယောက် အထိ ရှိနေ ပါတယ် ။ ဒါပေမယ့် တူညီ နေဆဲ အရာ တစ်ခု က အသင်း ရဲ့ စွမ်းဆောင်ရည် ဟာ ပရိသတ် တွေ မျှော်လင့် နေ ကြတဲ့ အောက်ကို ရောက်ရှိ နေခြင်း ပါပဲ ”

” ကျွန်တော် အခု ပြောလို နေတဲ့ အဓိက အကြောင်း အရင်း က သူတို့ တွေဟာ လမ်းကြောင်း ပြောင်းလဲ လိုက် ကြပြီ ဆိုတာ ပါပဲ ။ ခင်ဗျား ကြိုက်ကြိုက် ၊ မကြိုက်ကြိုက် သူတို့ တွေဟာ လမ်းကြောင်း တစ်ခု ကို ပြောင်းလဲ လိုက်ကြ ပါပြီ ။ ဂျိမ်းစ် ၊ ဘစ်ဆာကာ နဲ့ မက်ဂွားဟား တို့လို လူငယ် ကစားသမား တွေကို ခေါ်ယူ ပြီး သူတို့ တွေဟာ နောင် 10 နှစ် အတွက် ကစား ပေးဖို့ မျှော်လင့် လို့ ရနိုင် မယ့် အသင်း တစ်သင်း ကို တည်ဆောက် နေကြ ပါပြီ ။ သူတို့ သုံးယောက် လုံးက ရာသီ သစ်ကို ကောင်းမွန်စွာ စတင် နိုင်ခဲ့ ကြတယ် လေ ”

” ယူနိုက်တက် အသင်း က လူငယ် ကစားသမား တွေကို ပိုင်ဆိုင် နေပြီ ဆိုတာ မတူညီ တဲ့ အာရုံ တစ်ခု ကို ဖြစ်စေ ပါတယ် ။ သူတို့ တွေ ကောင်း ကြလား ? မကောင်း ကြဘူး လား ? ကျွန်တော် ကတော့ သူတို့ လက်စတာ နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း ဘစ်ဆာကာ ၊ တော်မီနေး ၊ ပါရဲရား ၊ ရပ်ရှ်ဖို့ နဲ့ ဂျိမ်းစ် တို့ကို ကြည့်ရှု ခဲ့ ပါတယ် ။ ပြီးတော့ ကျွန်တော့် ကို ကျွန်တော် ပြန်မေး ပါတယ် ‘ သူတို့ လုံလောက်စွာ ကောင်းမွန် ကြလား ပေါ့ ‘ ။ ဒီ လက်ရှိ အခြေအနေ ကို ပြောရမယ် ဆိုရင် တော့ နိုးပါ ။ သူတို့ တွေဟာ ဆက်လက် သက်သေ ပြကြ ရပါ ဦးမယ် ။ သူတို့ တွေက အလားအလာ ကောင်းတဲ့ ကစားသမား တွေ ဖြစ် ကြတယ် ဆိုတာ ပွဲစဉ် အတွင်း အကောင်းဆုံး လုပ်ပြ ရင်း သက်သေ ပြနိုင် ခဲ့ကြ ပါတယ် ”

” ကျွန်တော် တို့ အတွက် ကတော့ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် ပြီး ဆု ဖလား တစ်ခု ဆွတ်ခူး နိုင်မယ် ဆိုရင် အောင်မြင် တဲ့ ဘောလုံး ရာသီ ကို ပိုင်ဆိုင် တယ်လို့ ပြောလို့ တောင် ရပါ လိမ့်မယ် ။ ယူနိုက်တက် ရဲ့ အနေအထား က အဲ့ဒီလို ဖြစ်နေ ပါပြီ ။ ယူနိုက်တက် ဘယ် နေရာ မှာ ရှိနေ သင့်လဲ ဆိုတာ နဲ့ နှိုင်းယှဉ် လိုက်မယ် ဆိုရင် အဲ့တာ က လက် မခံနိုင် စရာ ပါပဲ ။ ညံ့တဲ့ စွမ်းဆောင်ရည် တွေကို ပြသရင်း 6-7 နှစ်တာ ကာလ အတွင်း ရာသီ အချို့ မှာ အဆင့် 6 ၊ 5 တွေမှာ ရပ်တည် နေပုံ က အကောင်းဆုံး အချိန် နဲ့ နှိုင်းယှဉ် ရင် တစ်ခြားစီ ပါပဲ ”

” သူတို့ အနေ နဲ့ နောက်ထပ် ကောင်းမွန် တဲ့ အပြောင်း အရွှေ့ ရာသီ 3 – 4 ခုလောက် အထိ ဆက်လက် ပိုင်ဆိုင် နိုင်ဖို့ လိုအပ် နေပါ သေးတယ် ။ ပြီးခဲ့တဲ့ အပြောင်း အရွှေ့ တုန်းက သူတို့ တွေဟာ မှန်ကန် တဲ့ ကစား သမား ခေါ်ယူ မှုတွေ ပြုလုပ် ခဲ့ ကြတယ် ဆိုတာ အရေး အကြီးဆုံး အရာ တစ်ခု မဟုတ် ပါဘူး ။ သူတို့ အမှား မလုပ် ကြဖို့ က အရေး အကြီးဆုံး အရာ ပဲ ဖြစ်ပါတယ် ။ အကယ်လို့ ယူနိုက်တက် မှာ ဖယ်လိုင်နီ ၊ ဟာရဲရား နဲ့ လူကာကူ တို့သာ ရှိနေ ကြသေးရင် အသင်း ဟာ ပိုပြီး တောင့်တင်း နေ လိမ့်မယ် ဆိုတာ ကျွန်တော် ယုံကြည် ပါတယ် ။ ဒါပေမယ့် ရေရှည် အတွက် တော့ သူတို့ တွေဟာ ယူနိုက်တက် ကို ရှိနေ သင့်တဲ့ နေရာ ဆီ ခေါ်ဆောင် လာနိုင်မယ့် သူတွေတော့ မဟုတ် ကြ ပါဘူး ”

” မှန်ပါတယ် ။ ယူနိုက်တက် အနေ နဲ့ ပရီးမီးယား လိဂ် ဖလား ကို ဆွတ်ခူး နိုင်ရ ပါ့မယ် ။ ဒီမှာ က အသင်း တွေကို ဒီ ဖလား နဲ့ အရင်ဆုံး တိုင်းတာ ကြတာ လေ ။ အဲ့တာ က ပြောင်းလဲ သွားမယ့် အရာတော့ မဟုတ် ပါဘူး ။ ဒါပေမယ့် အခုလို ပုံစံ မျိုးနဲ့ ကျွန်တော် တို့ အဲ့ဒီ အနေအထား ထိ မရောက်နိုင် သေး ပါဘူး ။ ဒီ ကြားထဲ မှာ ကျွန်တော် တို့ ဘောလုံး ကစား ပုံတွေ ပိုမို တိုးတက် ကောင်းမွန် အောင် လုပ်ဆောင် ရမယ့် အဆင့် တစ်ခု ရှိနေ ပါ သေးတယ် ။ အဲ့ဒီ အခါ ကျမှ လူတွေ က အသင်း ကို ပိုမို နှစ်သက် လာမှာ ဖြစ်ပြီး ကျွန်တော် တို့ နောက် တစ်ဆင့် ကို တက်နိုင် ကြမှာပါ ” လို့ ဂယ်ရီ နဗီးလ် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar