ပေါ်တူဂီ နာမည်ကျော် ကစားသမား တဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်မှာအိုးထရက်ဖို့ဒ်ကိုရောက်ရှိခဲ့ပေမယ့် အာဆင်နယ်အသင်းကိုအရင်ပြောင်းရွှေ့ဖို့ ခြေတလှမ်းကွာအနေအထားထိရောက်ခဲ့ဖူးတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ထိုစဉ်ကစပို့တင်း လစ္စဘွန်းအသင်းရဲ့ လူငယ်ကြယ်ပွင့်လေးဖြစ်တဲ့ ရော်နယ်ဒို ဟာ ရာသီကြို ခြေစမ်းပွဲမှာ အင်္ဂလန် နာမည်ကြီး ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ ခြေစွမ်းကို နှစ်ခြိုက်ခဲ့တဲ့ အတွက်ကြောင့် ပေါင် ၁၂.၂၄ သန်း နဲ့အိုးထရက်ဖို့ဒ်မြေကို ပြောင်းရွှေ့သွားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် လည်း ထိုစဉ်က သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားမှု ပြသခဲ့တာ ဟာ ယူနိုက်တက် အသင်းက ပထမဆုံးတော့မဟုတ်ပါဘူး။နည်းပြကြီး အာဆင်ဝင်းဂါးရဲ့ အာဆင်နယ် အသင်းကလည်း သူ့ကို ကမ်းလှမ်း မှုတွေပြုလုပ်ထားနှင့်ပြီးသားဖြစ်တယ်လို့ သိရပါတယ်။ ကာယကံရှင် ကစားသမား ရော်နယ်ဒိုကလည်း သူ့အနေနဲ့ အာဆင်နယ် အသင်းကို ရောက်ရှိဖို့ ဘယ်လောက်အထိနီးစပ်ခဲ့တယ်ဆိုတာကို မကြာသေးမီကပဲအတည်ပြုသွားခဲ့ပါတယ်။ITV နဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက –

” အာဆင်နယ် အသင်းကိုကျွန်တော် ပြောင်းရွှေ့ဖို့ အတော်လေးကို နီးစပ်ခဲ့တာဖြစ်ပါတယ်။အဆင့်တဆင့် ခြေတလှမ်းလောက်ပဲ လိုတဲ့ အထိကို ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။အပြောင်းအရွှေ့ကတော့ ဖြစ်မသွားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက် အာဆင်နယ် အသင်းကြိုးပမ်းခဲ့တဲ့ အရာတိုင်းကို အသိအမှတ်ပြုလေးစားပါတယ်။အထူးသဖြင့် နည်းပြကြီးအာဆင်ဝင်းဂါးကိုဖြစ်ပါတယ်။ဒါပေမယ့် ဘောလုံးလောကမှာ ကစားသမားတယောက်ဟာဘယ်ကိုသွားကစားရမယ်ဆိုတာဘယ်တော့မှမသိနိုင်ပါဘူး။ဘဝမှာလည်းဒီလိုပဲဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီ တုန်းကအာဆင်နယ် မသင်းရဲ့ ကြိုးပမ်း အားထုတ်ခဲ့မှု တွေကိုကျွန်တော် အသိအမှတ်ပြုပါတယ်။ဘာကြောင့် လည်းဆိုတော့ သူတို့ဟာ အံ့မခန်း အသင်းကောင်း တသင်းဖြစ်လို့ ပါပဲ ” လို့ပြန်ပြောင်းပြောပြသွားခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းမှာ၆ရာသီကြာ ကစားခဲ့ပြီး ဘလွန်းဒီအောဆု တကြိမ် နဲ့ ဆုဖလားအောင်မြင်မှု အမြောက်အများကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ရီးရဲလ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်တွေကို ဖြတ်သန်းထားခဲ့ရတာဖြစ်ပါတယ်။

သူဟာ အခုချိန်မှာတော့ ဂျူဗီအသင်းနဲ့ အတူစီးရီးအေ ကစားသမားဘဝကို ဖြတ်သန်းနေပါတယ်။အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့သူ နီးစပ်ခဲ့တယ်ဆိုတာကို အခုတကြိမ်မှာပဲ ထုတ်ပြောဖူးတာတော့ မဟုတ်ပါဘူး။အခုနှစ်အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပေါ်တူဂီ ရုပ်သံအစီအစဉ် တခုမှာ ရော်နယ်ဒိုက – ” အာဆင်ဝင်းဂါး နဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီး အာဆင်နယ်အသင်းကို ပြောင်းဖို့ အကြောင်းဖြစ်လာခဲ့ပါတယ်။ဘာစီလိုနာ၊ အင်တာ၊ ရီးရဲလ် အသင်းတွေနဲ့ လည်း ကျွန်တော်ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့တာဖြစ်ပြီး ခြေစမ်းပွဲကစားအပြီးမှာတော့ ယူနိုက်တက်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း မှာတော့ သူတို့ ကျွန်တော့် အပေါ်ကို ပိုပိုပြီး စိတ်ဝင်စားလာ ခဲ့ လို့ ညှိနှိုင်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ကျွန်တော့်ကို စာချုပ်ချုပ်သွားခဲ့တာဖြစ်ပါတယ် ” လို့ပြောထားခဲ့ဖူးတာဖြစ်ပါတယ်။ေ ရ်ာနယ်ဒိုဟာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၂၉၂ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၁၁၈ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ၂၀၀၉ ခုနှစ်မှာထိုစဉ်က ကမ္ဘာ့စံချိန်တင်ကြေးဖြစ်တဲ့ ပေါင် သန်း ၈၀နဲ့ ရီးရဲလ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ရီးရဲလ်နဲ့ အတူ ဘလွန်းဒီအောဆုလေးကြိမ်အပါအဝင်အောင်မြင်မှုတွေအလီလီ ရယူခဲ့အပြီး ၂၀၁၈ နွေရာသီမှာ တော့ ဂျုဗီအသင်းကိုပြောင်းရွှေ့ရောက်ရှိနေတာဖြစ်ပါတယ်။သူဟာ အသက် ၃၄နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် ဂိုးသွင်းခြေစွမ်းနုပျိုနေဆဲဖြစ်ပြီး အီတလီ မြေ အဖွင့်ရာသီမှာပြိုင်ပွဲစုံ ၄၆ပွဲကစား ၂၉ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

SM