ရီယိုဖာဒီနန် က လီဗာပူး အသင်း အနေနဲ့ နာပိုလီကို မနေ့ညက ၂-၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ အတွက် သွေးပျက်နေစရာ အကြောင်း မရှိဘူးလို့ ဆိုလိုက်ပြီး ဒီရလဒ်ဟာ အရမ်းကို ပြင်းထန်တဲ့ ပင်နယ်တီ ဆုံးဖြတ်ချက်နဲ့ လုံးဝ သက်ဆိုင် နေခဲ့တာလို့ ယုံကြည် နေပါတယ်။ နာပိုလီ နဲ့ လီဗာပူး တို့ရဲ့ တိုက်စစ် အပြိုင် ဖွင့်ကစား ခဲ့တဲ့ ပွဲစဉ်ဟာ ၈၂ မိနစ် ရောက်မှသာ သွင်းဂိုးကို မြင်တွေ့ ခဲ့ရပြီး ကွင်းလယ်ဒိုင်က ဟိုဆေးကယ်လီဟွန် ကို ရောဘတ်ဆန် ပြစ်ဒဏ် ကျူးလွန် ခဲ့တယ်လို့ ယူဆကာ ပင်နယ်တီ သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီပင်နယ်တီကို ဒရီးစ်မာတန်စ် က အဆုံးသတ် ခဲ့တာ ဖြစ်ပြီး ပွဲအပြီးမှာ ယာဂန်ကလော့က ကယ်လီဟွန်ဟာ ပင်နယ်တီ ရရန် ဟန်ဆောင် လှဲချ ခဲ့တယ်လို့ စွပ်စွဲ ခဲ့ပါတယ်။ အဲဒီနောက် လီဗာပူးဟာ ခံစစ် အမှားကနေ တဆင့် ပွဲပြီးခါနီးမှာ နာပိုလီ ကို ဂိုးထပ်ပေးလိုက်ရပြီး ဖာနန်ဒို လိုရန်တီ က ကန်သွင်း ခဲ့ပါတယ်။

ဒါဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ လီဗာပူးတို့ နာပိုလီ ကို အဝေးကွင်းမှာ ၂ ပွဲဆက်တိုက် ရှုံးနိမ့် ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကလည်း ကလော့ရဲ့ အသင်းဟာ လော်ရန်ဇို အင်ဆစ်နီ ရဲ့ နောက်ကျဂိုးနဲ့ ၁-၀ နဲ့ ရှုံးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန် ကတော့ ဒီရှုံးပွဲကြောင့် လီဗာပူး အနေနဲ့ ဘာစိုးရိမ် စရာမှာ မရှိဘူးလို့ ယုံကြည် နေပါတယ်။

ဖာဒီနန် က “သူတို့ အရင်တုန်းကလည်း ဒီလိုမျိုး ဖြစ်ခဲ့ ဖူးပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် အဝေးကွင်း ပွဲတွေမှာ ရှုံးနိမ့် ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဖလား ရအောင် စွမ်းဆောင် နိုင်ခဲ့ ပါတယ်။ ဒါ့ကြောင့် ဒါဟာ သွေးပျက်စရာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အရမ်းကို အတွေ့အကြုံ ကြွယ်ဝတဲ့ မန်နေဂျာ ဖြစ်တဲ့ ကာလို အန်ဆယ်လော့တီ ကိုင်တွယ်တဲ့ အသင်း ဖြစ်တာကြောင့် အ၇မ်းကို ခက်ခဲမယ့် ပွဲစဉ် ဖြစ်လာမယ် ဆိုတာ သူတို့ သိပါတယ်။

လီဗာပူး အသင်း နေပယ်မှာ ကောင်းကောင်း မကစား နိုင်ခဲ့ဘူး ဒါမှမဟုတ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် မပြသ ခဲ့ဘူးလို့ ကျွန်တော် မထင်ပါဘူး။ သူတို့ဟာ အရမ်းကို ပြင်းထန် လွန်းတဲ့ ပင်နယ်တီ ပေးလိုက် ရတာပါ။ ဒီလို အဆင့်မျိုးမှာ အသင်း ကောင်းတွေနဲ့ ရင်ဆိုင် ရတဲ့ အခါ ပွဲကို ပြန်လာ နို်င်ဖို့ အတွက် အခွင့်အရေး သိပ်မရှိ တော့ပါဘူး။” လို့ ဆိုသွား ပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် ကလည်း ဒါဟာ ပင်နယ်တီ မဟုတ်ဘူးလို့ သဘောတူ လိုက်ပြီး သူ့အနေနဲ့ replays ပြန်ကြည့်မှသာ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်လို့ ၀န်ခံ သွားပါတယ်။

အိုဝင်က “သူတို့ ထိတွေ့ပြီး လဲကျ သွားချိန်မှာ ကျွန်တော့် အနေနဲ့ ဒါကို ပင်နယ်တီလို့ ယူဆ ခဲ့ပါတယ်။ ဒါပေမယ့် ဒါကို replay မှာ ပြန်ကြည့် လိုက်တဲ့ အခါ ဒီလို မဟုတ်တော့ဘူးလို့ ကျွန်တော် အတွေး ပြောင်းသွား ခဲ့ပါတယ်။ တစ်ချက် ချိုးလိုက်တဲ့ အခါမှာ သူ့ရဲ့ ညာခြေထောက်ကို ကြည့်လိုက်ပါ။ တရွတ်တိုက် ဆွဲသွား ပါတယ်။ ပြီးတော့ ရောဘတ်ဆန်ဆီကို ဒရွတ်တိုက် ဆွဲပြီး လဲချ ခဲ့တာပါ။

ခန္တာကိုယ် ဟန်ချက်ကို ကြည့်လိုက်မယ် ဆိုရင်လည်း ဒါဟာ ပင်နယ်တီ မဟုတ်ပါဘူး။ ဒါပေမယ့် ဒိုင်လူကြီးကို အပြစ် တင်လို့ မရ ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် စစချင်း တွေ့လိုက်တဲ့ အချိန်မှာ ပင်နယ်တီလို့ ယူဆ ခဲ့လို့ပါ။ ဒါပေမယ့် ဒါဟာ ပင်နယ်တီ မဟုတ်ဘူး ဆိုတာကို VAR က သက်သေ မပြ နိုင်ခဲ့ ပါဘူး။” လို့ ဆိုသွား ပါတယ်။

Liverpool

မန်နေဂျာ ကာလို အန်ဆယ်လော့တီ က “ကျွန်တော်တို့ ဦးဆောင်ဂိုး ရသွား ခဲ့ချိန်မှာ သူတို့ရဲ့ ရစ်သမ် ပျက်သွား ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ မတိုင်မီ လီဗာပူးဟာ ပွဲကို လုံးဝ ထိန်းချုပ် ကစား နိုင်ခဲ့တာပါ။ ကျွန်တော်တို့ ရခဲ့တဲ့ ဂိုး ၂ ဂိုး ကတော့ ပုံမှန် အခြေအနေ မဟုတ်တဲ့ ထူးခြားတဲ့ ပုံစံတွေနဲ့ ရခဲ့တာပါ။

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က သူ့ရဲ့ အသင်း မနေ့ညက နာပိုလီ ကို ၂-၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သူ့အသင်းသားတွေဟာ final pass တွေမှာ ရုန်းကန် ခဲ့ရတယ်လို့ ယုံကြည် နေပါတယ်။ ဆန်အိုပေါ်လိုမှာ နာပိုလီ နဲ့ လီဗာပူးတို့ အပြိုင် တိုက်စစ် ဖွင့်ကစား ခဲ့ကြတာကြောင့် ပွဲဟာ အတော် ကြည့်ကောင်း ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ကြကာ ခြေစွမ်း ကွာဟမှု ကလည်း သိပ်မရှိ ခဲ့ပါဘူး။ ကျွန်တော်ရဲ့ နည်းပြ ခုံတန်းက ကြည့်လိုက်မယ် ဆိုရင်တော့ ဒါဟာ ရှင်းလင်းတဲ့ ပင်နယ်တီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒါနဲ့ ပက်သက်ပြီး အငြင်း မပွား ချင်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ပင်နယ်တီ ဆုံးဖြတ်ချက် နဲ့ ပက်သက်ပြီး ကလော့က “ကျွန်တော် ပြီးခဲ့တဲ့ တစ်ပတ်က နယူးကာဆယ် နဲ့ ပွဲမှာ ကတည်းက ပြောထား ပြီးသားပါ။ ဒါဟာ အဆုံးအဖြတ် ဖြစ်ခဲ့မယ် ဆိုရင် ဆွေးနွေးသွားမယ် ဆိုတာကိုပါ။ ကျွန်တော် ဒါနဲ့ ပက်သက်ပြီး အများကြီး ပြောပြ နိုင်ပါတယ်။ ဒါပေမယ့် ရှုံးလို့ ပြောတဲ့ ပုံစံ ဖြစ်သွားပါလိမ့်မယ်။ ဒီလို မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ရှုံးနိမ့်သူ တစ်ဦးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီလောက် မဆိုးပါဘူး။ ဒါဟာ ဒီည ပွဲကို အပြောင်းအလဲ ဖြစ်သွား စေခဲ့တဲ့ အရာပါပဲ။ sorry ပါ။ ဒါပေမယ့် ကစားသမားဟာ ထိတောင် မထိသေးဘဲ ခုန်လိုက်တာဟာ ပင်နယ်တီ ပေးရမယ့် အရာ မဟုတ်ပါဘူး။ ဒါဟာ လူသားတွေ ဆုံးဖြတ်တဲ့ အရာပါ။ ဗီဒီယိုတွေ ပြန်ကြည့်လိုက်မယ် ဆိုရင် ရှင်းလင်း သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဘာပြောနိုင် မှာလဲ? ဒီအခိုက်အတန့် မှာတော့ ဒါဟာ တကယ့်ကို အဆုံးအဖြတ် ဖြစ်သွား စေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို ပြောင်းလဲလို့ မရတော့ ပါဘူး။” လို့ ဆိုသွား ပါတယ်။

SM