ပြီးခဲ့တဲ့ အပတ်တွေ အတွင်းပြု လုပ်ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်မဲခွဲပွဲ နဲ့ ပြီးခဲ့တဲ့ ရာသီ အတွက် အကောင်းဆုံး ဆုတွေ ချီးမြှင့်ပွဲ မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၂ဦး ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ တက်ရောက်ခဲ့ကြပါတယ်။သူတို့နှစ်ဟာ ကပ်လျက် အနေအထားနဲ့ ထိုင်ခဲ့ကြပြီး ရွှင်ပျတဲ့ အနေအထားမျိုးနဲ့ စကားစမြည်ပြောနေခဲ့တာတွေကို လည်း တွေ့ခဲ့ရပါတယ်။ဒါကြောင့် လည်း ကမ္ဘာ တဝန်းလုံးက ဘောလုံး ပရိသတ် တိုင်းကို ကျေနပ်ပီတိစြဖ်ထားစေခဲ့တာဖြစ်ပါတယ်။အဆိုပါ အခမ်း အနားမှာ ရော်နယ်ဒိုက တနေ့နေ့ တချိန်ချိန်မှာ မက်ဆီ နဲ့ အတူ ညစား စားချင်တယ် လို့ ထုတ်ပြောသွားခဲ့ပြီး တက်ရောက်လာသူတိုင်းရဲ့ သြဘာပေးမှု ကိုပါ ရရှိခဲ့ပါတယ်။

ဒါကြောင့် လည်း မဟာပြိုင်ဘက်တွေဖြစ်တဲ့ သူနဲ့ မက်ဆီ ကြား ဘယ်လောက်အထိ ခင်မင်ရင်းနှီး မှု ရှိနေပြီ လဲ ဆိုတာကို အများက စိတ်ဝင်စားလာနေကြတာဖြစ်ပါတယ်။သူတို့ကို အားပေးတဲ့ ပရိသတ်အစုအဖွဲ့ အသီးသီးကလည်း ဒီအခြေအနေကို သိချင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်း ITV က သူတို့နှစ်ဦးရဲ့ အမှန်တကယ်ဆက်ဆံရေး အခြေအနေကို မကြာသေးမီကပဲ မေးမြန်းသွားခဲ့ပါတယ်။ရော်နယ်ဒိုက တော့ သူ့ရဲ့ ကစား
သမား ဘဝ တိုးတက်ကောင်းမွန်လာမှုတွေ မှာ မက်ဆီက တွန်းအားပေးသလိုဖြစ်ခဲ့လို့ အသိအအမှတ်ပြု ကျေးဇူးတင် မိတယ် လို့ဆိုပါတယ်။

သူတို့ နှစ်ဦးစလုံး ဟာ တဦးတယောက်ချင်းစီတိုင်းရဲ့ ဆုဖလား အောင်မြင်မှုတွေ နဲ့ ကြိုးစားအားထုတ်မှုတွေကို အပြန်အလှန်လေးစားကြပေမယ့် အခင်အမင်မပျက်တဲ့ ဆက်ဆံရေးတခုထက်မပိုဘူးလို့ ရော်နယ်ဒိုက ဖွင့်ဟပါတယ်။ဒါ့အပြင်သူတို့ဟာ အင်မတန် ခင်မင်တဲ့ သူငယ်ချင်းတွေ လည်း မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ITV ရဲ့ အစီအစဉ်တင်ဆက်သူ ပီရာစ်မော်ဂန်နဲ့ အင်တာဗျူးမှာ ရော်နယ် ဒိုက – ” UEFA ရဲ့ အဆိုပါ အခမ်းအနားမှာ
မက်ဆီးကို ကျွန်တော် စကားပြောလိုက်တဲ့ လူတွေက အများအပြားက အံ့အားသင့်သွားကြပါတယ်။ဒါပေမယ့် သူနဲ့ ကျွန်တော်ကြား ဆက်ဆံရေး က သူငယ်ချင်းတွေ တော့ မဟုတ်ပါဘူး။

ဒါပေမယ့် လည်း စတိတ် စင်မြင့်တွေ ထက်မှာ သူနဲ့ ကျွန်တော် ဆုတံဆိပ်တွေ အလှည့်ကျဆိုသလို တက်ရောက်ယူနေခဲ့တာ ၁၅ နှစ်လောက်ကြာနေပါပြီ။ကျွန်တော်ဟာ သူနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတော့ ရှိထားတာဖြစ်ပါတယ်။ကျွန်တော် ပိုကောင်းတဲ့ ကစားသမားတဦး ဖြစ်လာဖို့ အတွက် သူက တွန်းအားဖြစ်စေခဲ့တယ်ဆိုတာကိုနားလည်ပါတယ်။သူပိုကောင်းလာစေဖို့ အတွက်လည်း ကျွန်တော်က တွန်းအားဖြစ်ခဲ့တာဖြစ်ပါတယ် ” လို့ ထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။

Portugal’s forward Cristiano Ronaldo plays the ball during the UEFA Euro 2020 Group B qualification football match Lithuania v Portugal in Vilnius, Lithuania, on September 10, 2019. (Photo by Petras Malukas / AFP)

ကစားသမား ဘဝ တလျှောက်လုံး မှာ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးက မက်ဆီ လား လို့ မေးမြန်းရာမှာတော့ ရော်နယ်ဒိုက – ” ဟုတ်ပါတယ်။ တကယ်ကို သေချာတာပေါ့ ဗျာ ” လို့ ဖြေသွားခဲ့ပါတယ်။ကစားသမား ဘဝကနေ အနားမယူမီမှာ မက်ဆီ ကို ကျော်ဖြတ်ချင်တဲ့ စံချိန်မှတ်တမ်းတခုက ဘာလဲလို့ မေးမြန်းရာမှာတော့ ရော်နယ်ဒိုက – ” ရွှေဘောလုံး ( ဘလွန်းဒီအောဆု ) အရည်အတွက်မှာဖြစ်ပါတယ်။ကျွန်တော်ဒီဆုကိုမြတ်နိုးပါတယ်။ကျွန်တော်နဲ့ထိုက်တန် တယ်လို့လည်းယူဆပါတယ်။

မက်ဆီဟာ အံ့မခန်း ကစားသမားကောင်း တဦးဖြစ်ပေမယ့်လည်း ကျွန်တော်ကရွှေဘောလုံးဆု၆ ခု၊၇ခု ၈ခုလောက်အထိရှိသင့်တယ်လို့ထင်ပါတယ်။ကျွန်တော်သူ့ထက်ပို ရှိချင်ပါတယ်” လို့ဖြေသွားခဲ့ပါတယ်။ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာကိုမေးမြန်းရာမှာတော့ ရော်နယ်ဒိုက – ” ကျွန်တော်မသိပါဘူး။တချို့က တယောက်ယောက်ကို ကြိုက်ကြသလို အခြားသူတွေ ကလလည်း နောက်တဦးကို ကြိုက်ကြပါတယ်။

သမိုင်းတလျှောက် အကောင်းဆုံးတွေထဲ ကတဦးကတော့ ကျွန်တော်ပဲဖြစ်ပါတယ်။ကျွန်တော့်အတွက်တော့ကျွန်တော်က နံပါတ်တစ်ပါပဲ။အချို့ဖန်တွေ အတွက်တော့ ကျွန်တော်ကအကောင်းဆုံး ဟုတ်မှာ မဟုတ်ပါဘူး ” လို့ဖြေသွားခဲ့ပါတယ်။

SM