ယေန႔ နံနက္ အေစာပိုင္းမွာ ကစားသြား ခဲ႔တဲ႔ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ပြဲစဥ္မွာ ခ်ဲဆီးလ္ အသင္းက ဗလင္စီယာ အသင္းကို စတန္းဖို႕ ဘရစ္ခ်္ မွာ ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ႔ပါတယ္။ဗလက္စီယာ အသင္းအတြက္ အႏိုင္ဂိုးကို ေတာ့ ပြဲခ်ိန္ ၇၄ မိနစ္ မွာ ေတာင္ပံတိုက္စစ္ ကစားသမား ရိုဒရီဂိုက သြင္းယူေပးခဲ႔တာ ျဖစ္ပါတယ္။

အိမ္ရွင္ ခ်ဲဆီးလ္ အသင္းဟာ ပြဲခ်ိန္ ၈၇ မိနစ္ မွာ ပင္နယ္တီ အခြင့္အေရးရခဲ႔ေပမယ့္ ဘာကေလ က အံ႔အားသင္ဖြယ္ကန္သြင္းယူခဲ႔ျပီး လြဲေခ်ာ္ခဲ႔ လို႔ နစ္နာခဲ႔ရပါတယ္။ခ်ဲဆီးလ္ဂႏၲဝင္ တဦးျဖစ္တဲ႔ ဂတ္ဂ်ြန္ဆင္က လည္းပင္နယ္တီပံုမွန္ကန္ေနက်သူေတြကိုေက်ာ္ကန္ျပီးလြဲေခ်ာ္ခဲ႔တဲ႔ ဘာကေလ ရဲဲ ဆံုးျဖတ္ခ်က္ကို ထိုးႏွက္ေဝဖန္သြားခဲ႔ပါတယ္။

ခ်ဲဆီးလ္ အသင္းမွာပင္နယ္တီ အခြင့္အေရးေတြကို ေနာက္ပိုင္းမွာထိုင္ခံ ကန္သြင္းေလ့ရွိသူက ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို ျဖစ္ျပီး ေနာက္ထပ္ တဦးျဖစ္တဲ႔ ဝီလီယံ ကလည္း အဆိုပါ ပြဲခ်ိန္ အတြင္းကြင္းထဲ မွာ ရွိေနေသးေပမယ့္
ဘာကာေလ က ကန္ဖို႕ ဆံုးျဖတ္ခဲ႔တာျဖစ္ပါတယ္။

ဒီအဂၤလန္ သား ဟာ ပြဲခ်ိန္ မိနစ္ ၈၀ ေရာက္မွ ကိုဗာဆစ္ ရဲ႕ ေနရာမွာ လူစားဝင္ေရာက္ခြင့္ရခဲ႔တာ ျဖစ္ျပီး မျကာခင္မွာရခဲ႔တဲ႕ ပင္နယ္တီကို ကန္သြင္းယူဖို႔ ဆံုးျဖတ္ခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ သူ႔ရဲ႕ကန္ခ်က္ဟာ ဂိုးဘာတန္းထိျပီး ေက်ာ္ထြက္သြားခဲ႔တာ ျဖစ္ပါတယ္။

နည္းျပလမ္းပတ္ကေတာ့ ဘာကေလ ကလည္း ပင္နယ္တီ ေတြကို ကန္သြင္းခြင့္ရထားသူျဖစ္ေပမယ့္ ကြင္းအတြင္းမွာ ကစားသမားေတြျကား သေဘာထားမတူညီ မွဳေတြ ရွိေနခဲ႔တာ ကို အရွင္းျကီးမင္ေတြ႔ထားခဲ႔ရတယ္လို႕
မင္ေတြ႔ထားခဲ႔ရတယ္လို႕ ပြဲအျပီး ဝန္ခံခဲ႔ပါတယ္။

ဂတ္ဂ်ြန္ဆင္ ကလည္း BT Sport နဲ႔ အင္တာဗ်ဴးမွာ – “ဒီေန႔ ညေန မွာဘာကေလ ျပဳလုပ္သလို လုပ္တာ ဟာ အသင္းေဖာ္ေတြ အေပၚ မေလးစားရာေရာက္တဲ႔ အရာတခုကို ျပဳလုပ္လိုက္သလိုနီးပါးျဖစ္ေစပါတယ္။ပြဲစတင္ခင္ကတည္းက ပင္နယ္တီ ကန္မယ့္သူဘယ္သူဆိုတာရွင္းရွင္းလင္းလင္းဆံုးျဖတ္ျပီးသားဆုိတာက်ိန္းေသပါတယ္။

ဒါေပမယ့္ သူ႔ရဲ႕ လုပ္ရပ္က အသင္းေဖာ္ေတြနဲ႔ သူကိုယ္တိုင္ရဲ႕ ျကား တင္းမာမွဳေတြကို ျဖတ္ေစခဲ႔သလို တကယ္ကန္ေတာ့လည္းလြဲေခ်ာ္ခဲ႔ပါတယ္။ပံုမွန္ ပင္နယ္တီေတြကန္တာထက္ပိုျပီး ကုိယ့္ကုိယ္ကုိယ္ ဖိအားမ်ားသြားေစခဲ႕ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

အခု လိုပင္နယ္တီ ဘယ္သူကန္မလဲ အျငင္းပြားမွဳဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ ပြဲစဥ္ေတြ အတြင္း ယူႏိုက္တက္ ကစားသမားေတြျဖစ္တဲ႔ ေပါ့ဘာ နဲ႔ ရတိဖိုဒ္ တို႔ လည္းျဖစ္ခဲ႔ဖူးျပီး ၂ဦးစလံုး လြဲေခ်ာ္ထားခဲ႔တာ ျဖစ္ပါတယ္။ဒါေပမယ့္ အခုပြဲစဥ္မွာေတာ့ ဘာကေလ က ေဘာလံုးကို ပင္နယ္တီ ေနရာမွာသြားတည္ျပီး တန္းကန္ခဲ႔တာ ျဖစ္ပါတယ္။

ဂတ္ဂ်ြန္ဆင္ကေတာ့ အသင္းေခါင္းေဆာင္ျဖစ္သူ အက္ပလီကြီတာအေနနဲ႔ဒီျဖစ္ရပ္ကို ထိန္းသိမ္းႏိုင္ခဲ႔သင့္တယ္လို႕ ဆိုပါတယ္။ဂတ္ဂ်ြန္ဆင္က – ” ပင္နယ္တီ ကန္မယ့္ေဘာလံုး ရဲ႕ အနားမွာ ကစားသမား ၃၊ ၄ ဦးေလာက္ရွိေနခ်ိန္မွာ နည္းျပအေနနဲ႔ ဘယ္သူ႔ကုိ ကန္ခြင့္ျပဳထားတာလဲဆိုတဲ႔ ေမးခြန္းေမးစရာရွိလာပါတယ္။

 

ဒါ့အျပင္ အသင္းေခါင္းေဆာင္ကိုလည္း နည္းျပက ‘ ေဟ့ နားေထာင္ျကစမ္း၊ ပင္နယ္တီကို ဘယ္သူကန္သြင္းရမယ္ဆိုတာကို ပြဲစတင္ခင္ ကတည္းက ဆံုးျဖတ္ျပီးသားပဲေလ ‘ လို႔မေျပာခိုင္းထားဖူးလားဗ်ာ။ဒါဟာကြင္းအတြင္းမွာ အသင္းေခါင္းေဆာင္ရဲ႔ လုပ္ပိုင္ခြင့္ကအေရးပါတယ္ဆိုတာကို သက္ေသျပလိုက္တာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

လီဗာပူး အသင္းဟာ လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း အမွတ္ေပးဇယားထိပ္ဆံုးက လီဗာပူး အသင္းကို ဧည့္ခံကစားသြားရဦးမွာျဖစ္ပါတယ္။သူတို႔ဟာ ဂရင္စ္ဘီီ၊ ဘရိုက္တန္တို႔နဲ႔ ပြဲေတြအျပီးမွာေတာ့ လိုင္လီအသင္းကို ခ်န္ပီယံလိဂ္ အုပ္စုဒုတိယအေက်ာ့အျဖစ္ ျပင္သစ္ေျမမွာသြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

SM

Unicode

ပင်နယ်တီလုကန်ပြီးလွဲချော်ခဲ့တဲ့ ဘာကလေကို ဝေဖန်လိုက်တဲ့ #ဂတ်ဂျွန်ဆင်
==================================

ယနေ့ နံနက် အစောပိုင်းမှာ ကစားသွား ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ ချဲဆီးလ် အသင်းက ဗလင်စီယာ အသင်းကို စတန်းဖို့ ဘရစ်ချ် မှာ ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ပါတယ်။ဗလက်စီယာ အသင်းအတွက် အနိုင်ဂိုးကို တော့ ပွဲချိန် ရ၄ မိနစ် မှာ တောင်ပံတိုက်စစ် ကစားသမား ရိုဒရီဂိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ချဲဆီးလ် အသင်းဟာ ပွဲချိန် ၈၇ မိနစ် မှာ ပင်နယ်တီ အခွင့်အရေးရခဲ့ပေမယ့် ဘာကလေ က အံ့အားသင်ဖွယ်ကန်သွင်းယူခဲ့ပြီး လွဲချော်ခဲ့ လို့ နစ်နာခဲ့ရပါတယ်။ချဲဆီးလ်ဂန္တဝင် တဦးဖြစ်တဲ့ ဂတ်ဂျွန်ဆင်က လည်းပင်နယ်တီပုံမှန်ကန်နေကျသူတွေကိုကျော်ကန်ပြီးလွဲချော်ခဲ့တဲ့ ဘာကလေ ရဲဲ ဆုံးဖြတ်ချက်ကို ထိုးနှက်ဝေဖန်သွားခဲ့ပါတယ်။

ချဲဆီးလ် အသင်းမှာပင်နယ်တီ အခွင့်အရေးတွေကို နောက်ပိုင်းမှာထိုင်ခံ ကန်သွင်းလေ့ရှိသူက ကွင်းလယ်လူ ဂျော်ဂျင်ဟို ဖြစ်ပြီး နောက်ထပ် တဦးဖြစ်တဲ့ ဝီလီယံ ကလည်း အဆိုပါ ပွဲချိန် အတွင်း
ကွင်းထဲ မှာ ရှိနေသေးပေမယ့် ဘာကာလေ က ကန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီအင်္ဂလန် သား ဟာ ပွဲချိန် မိနစ် ၈၀ ရောက်မှ ကိုဗာဆစ် ရဲ့ နေရာမှာ လူစားဝင်ရောက်ခွင့်ရခဲ့တာ ဖြစ်ပြီး မကြာခင်မှာရခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ကန်ချက်ဟာ ဂိုးဘာတန်းထိပြီး ကျော်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

နည်းပြလမ်းပတ်ကတော့ ဘာကလေ ကလည်း ပင်နယ်တီ တွေကို ကန်သွင်းခွင့်ရထားသူဖြစ်ပေမယ့် ကွင်းအတွင်းမှာ ကစားသမားတွေကြား သဘောထားမတူညီ မှုတွေ ရှိနေခဲ့တာ ကို အရှင်းကြီး
မြင်တွေ့ထားခဲ့ရတယ်လို့ ပွဲအပြီး ဝန်ခံခဲ့ပါတယ်။

ဂတ်ဂျွန်ဆင် ကလည်း BT Sport နဲ့ အင်တာဗျူးမှာ – “ဒီနေ့ ညနေ မှာဘာကလေ ပြုလုပ်သလို လုပ်တာ ဟာ အသင်းဖော်တွေ အပေါ် မလေးစားရာရောက်တဲ့ အရာတခုကို ပြုလုပ်လိုက်သလိုနီးပါးဖြစ်စေပါတယ်။ပွဲစတင်ခင်ကတည်းက ပင်နယ်တီ ကန်မယ့်သူဘယ်သူဆိုတာ
ရှင်းရှင်းလင်းလင်းဆုံးဖြတ်ပြီးသားဆိုတာကျိန်းသေပါတယ်။

ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်က အသင်းဖော်တွေနဲ့ သူကိုယ်တိုင်ရဲ့ ကြား တင်းမာမှုတွေကို ဖြတ်စေခဲ့သလို တကယ်ကန်တော့လည်းလွဲချော်ခဲ့ပါတယ်။ပုံမှန် ပင်နယ်တီတွေကန်တာထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားများသွားစေခဲ့ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အခု လိုပင်နယ်တီ ဘယ်သူကန်မလဲ အငြင်းပွားမှုဟာ ပရီးမီးယားလိဂ်ရာသီအဖွင့် ပွဲစဉ်တွေ အတွင်း ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ နဲ့ ရတိဖိုဒ် တို့ လည်းဖြစ်ခဲ့ဖူးပြီး ၂ဦးစလုံး လွဲချော်ထားခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် အခုပွဲစဉ်မှာတော့ ဘာကလေ က ဘောလုံးကို ပင်နယ်တီ နေရာမှာသွားတည်ပြီး တန်းကန်ခဲ့တာ ဖြစ်ပါတယ်။

ဂတ်ဂျွန်ဆင်ကတော့ အသင်းခေါင်းဆောင်ဖြစ်သူ အက်ပလီကွီတာအနေနဲ့ဒီဖြစ်ရပ်ကို ထိန်းသိမ်းနိုင်ခဲ့သင့်တယ်လို့ ဆိုပါတယ်။ဂတ်ဂျွန်ဆင်က – ” ပင်နယ်တီ ကန်မယ့်ဘောလုံး ရဲ့ အနားမှာ ကစားသမား ၃၊ ၄ ဦးလောက်ရှိနေချိန်မှာ နည်းပြအနေနဲ့ ဘယ်သူ့ကို ကန်ခွင့်ပြုထားတာလဲဆိုတဲ့ မေးခွန်းမေးစရာရှိလာပါတယ်။

ဒါ့အပြင် အသင်းခေါင်းဆောင်ကိုလည်း နည်းပြက ‘ ဟေ့ နားထောင်ကြစမ်း၊
ပင်နယ်တီကို ဘယ်သူကန်သွင်းရမယ်ဆိုတာကို ပွဲစတင်ခင် ကတည်းက ဆုံးဖြတ်ပြီးသားပဲလေ ‘ လို့မပြောခိုင်းထားဖူးလားဗျာ။ဒါဟာကွင်းအတွင်းမှာ အသင်းခေါင်းဆောင်ရဲ့ လုပ်ပိုင်ခွင့်ကအရေးပါတယ်ဆိုတာကို သက်သေပြလိုက်တာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

လီဗာပူး အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူး အသင်းကို ဧည့်ခံကစားသွားရဦးမှာဖြစ်ပါတယ်။သူတို့ဟာ ဂရင်စ်ဘီီ၊ ဘရိုက်တန်တို့နဲ့ ပွဲတွေအပြီးမှာတော့ လိုင်လီအသင်းကို ချန်ပီယံလိဂ် အုပ်စုဒုတိယအကျော့အဖြစ် ပြင်သစ်မြေမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

SM