ဒီေန့ နံနက္ ဂ်န့္ အသင္း နဲ့ ရင္ဆုိင္ ကစား ခဲ့ ရတဲ့ ခ်န္ပီယံ လိဂ္ အဖြင့္ ပြဲစဥ္ မွာေတာ့ ဆဲလ္ဘတ္ အသင္း ရဲ့ အသက္ 19 နွစ္ အရြယ္ စတား ကစားသမား ေလး ျဖစ္တဲ့ အားလင္း ဘရုထ္ ဟားလန္း ဟာ ရပ္တန့္ မရ နုိင္တဲ့ ေျခစြမ္း ေတြကို ျပသ ထားနုိင္ ခဲ့ ပါတယ္ ။

ဒါဟာ ဟားလန္း အတြက္ ေတာ့ ပထမဆံုး ကစား ခဲ့ ဖူးတဲ့ ခ်န္ပီယံ လိဂ္ ပြဲစဥ္ ျဖစ္ခဲ့ ျပီး သူဟာ ပထမ ပိုင္း အတြင္း မွာပဲ ဟတ္ထရစ္ ဂိုး သြင္းယူ နုိင္ခဲ့ ကာ ဝိန္း ရြန္းနီ ေနာက္ ဒီ ျပိဳင္ပြဲ မွာ ဟတ္ထရစ္ ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ ပထမဆံုး ဆယ္ေက်ာ္သက္ ကစားသမား ျဖစ္နုိင္ ခဲ့ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာေတာ့ ဟားလန္း ဟာ ပြဲခ်ိန္ အစ 2 မိနစ္ မွာပဲ ဆဲလ္ဘတ္ အသင္း အတြက္ အဖြင့္ ဂိုး စတင္ သြင္းယူ ေပးထား နုိင္ခဲ့ ျပီး ပြဲခ်ိန္ 34 မိနစ္ နဲ့ 45 မိနစ္ ေတြမွာ အသင္း အတြက္ ဂိုးေတြ ဆက္လက္ သြင္းယူ ေပးသြား နုိင္ခဲ့ သူပဲ ျဖစ္ပါတယ္ ။

ယခင္ တုန္းက ေတာ့ 2004 ခုႏွစ္ စက္တင္ဘာ လ တုန္းက မန္ခ်က္စတာ ယူနုိက္တက္ တုိ႔ ဖီနာဘာခ်ီ အသင္း ကို 6 – 2 ဆုိတဲ့ ရလဒ္ နဲ့ အနုိင္ ရရွိ ခဲ့စဥ္ တုန္းက ဟတ္ထရစ္ ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ ဝိန္း ရြန္းနီ ဟာ ဒီလို လုပ္ေဆာင္ နုိင္ ခဲ့တဲ့ ေနာက္ဆံုး ကစားသမား ျဖစ္ခဲ့ ပါတယ္ ။

ရြန္းနီ ရဲ့ ဟတ္ထရစ္ မတုိင္ခင္ တုန္းက ေတာ့ 1995 ခုႏွစ္ တုန္းက ရီးယဲ မက္ဒရစ္ အသင္း ရဲ့ ဂႏၶဝင္ ရာအူးလ္ ဟာ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ မွာ ဟတ္ထရစ္ ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ အသက္ အငယ္ဆံုး ကစားသမား တစ္ဦး ျဖစ္ခဲ့ ရ ပါတယ္ ။

ခ်န္ပီယံ လိဂ္ သမိုင္း တစ္ေလ်ာက္ အသက္ အငယ္ဆံုး အျဖစ္ ဟတ္ထရစ္ ဂိုး သြင္းယူ နုိင္ခဲ့ သူေတြ ကေတာ့ ရာအူးလ္ ( အသက္ 18 နွစ္ 113 ရက္ ၊ 1995 ) ၊ ဝိန္း ရြန္းနီ ( အသက္ 18 ႏွစ္ 340 ရက္ ၊ 2004 ) နဲ့ ဟားလန္း ( အသက္ 19 နွစ္ 58 ရက္ ) တုိ့ပဲ ျဖစ္ၾက ပါတယ္ ။

ဒါ့ေၾကာင့္ အခု ေတာ့ ဟားလန္း ဟာ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ ရဲ့ သမုိင္း တစ္ေလ်ာက္ ဟတ္ထရစ္ ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ တတိယ ေျမာက္ အသက္ အငယ္ဆံုး ကစားသမား တစ္ဦး အျဖစ္ ေဘာလံုး ေလာက ရဲ့ ဂႏၶဝင္ ေတြနဲ့ အတူ မွတ္တမ္း ေကာင္း တစ္ရပ္ ပိုင္ဆုိင္ ထားနုိင္ ခဲ့ ပါျပီ ။

သူတုိ့ ေတြရဲ့ ေနာက္မွာေတာ့ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ အတြင္း ဟတ္ထရစ္ ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ ေနာက္ထပ္ ဆယ္ ေက်ာ္သက္ ကစားသမား တစ္ဦး က ယာကူဘူ ပဲ ျဖစ္ပါတယ္ ။ 2002 ခုႏွစ္ တုန္းက မကၠာဘီ ဟုိင္ဖာ တုိ႔ အိုလံပီယာေကာ့စ္ ကို အနုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္ မွာ ယာကူဘူ ဟာ အဆုိပါ မွတ္တမ္း ကို ပိုင္ဆုိင္ ထားနုိင္ ခဲ့တာ ပဲ ျဖစ္ ပါတယ္ ။

ဘယ္လို ပဲ ျဖစ္ေန ပါေစ ၊ အသင္း အတြက္ ခ်န္ပီယံ လိဂ္ ပြဲစဥ္ ပထမဆံုး အၾကိမ္ အျဖစ္ ပြဲထြက္ ကစား ေပး ခဲ့ျပီး ပထမ ပုိင္း အတြင္း ဟတ္ထရစ္ ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ တစ္ဦး တည္းေသာ ဆယ္ေက်ာ္သက္ ကစားသမား ကေတာ့ ဟားလန္း ျဖစ္သြား ခဲ့ရ ပါျပီ ။ ဒီလို စံခ်ိန္ ကိုေတာ့ အခု ထက္ထိ ဘယ္သူ မွ မပိုင္ဆုိင္ နုိင္ၾက ေသး ပါဘူး ။

ဒီ ရာသီ ဟာ ဟားလန္း အတြက္ အခုမွ စတင္ ေကာင္းမြန္ ခဲ့တာ မဟုတ္ ခဲ့ ပါဘူး ။ သူဟာ ျပည္တြင္း ျပိဳင္ပြဲ မွာလည္း ဆဲလ္ဘတ္ အသင္း အတြက္ ပထမဆံုး လိဂ္ပြဲ 7 ပြဲထိ ကစား ေပးထား ခဲ့ရာ မွာ 11 ဂိုး အထိ သြင္းယူ ေပးထား နုိင္ခဲ့ ကာ ဂိုးသြင္း ေကာင္းတဲ့ မွတ္တမ္း တစ္ရပ္ ပိုင္ဆုိင္ ထားနုိင္ ခဲ့ပါ ေသးတယ္ ။

သူသာ ဒီ အတုိင္းသာ ဂိုးေတြ ဆက္လက္ သြင္းယူ ျပ ေနဦးမယ္ ဆုိရင္ ဟားလန္း ဟာ ဥေရာပ ထိပ္သီး ကလပ္ အသင္း ေတြရဲ့ အေျပာင္း အေရႊ့ ပစ္မွတ္ ကစားသမား တစ္ဦး ျဖစ္လာ နုိင္မွာ မလြဲ မေသြ ပါပဲ ။

#Sports_Myanmar

Unicode

ဝိန်းရွန်းနီရဲ့နောက် ချန်ပီယံလိဂ်ရဲ့ စံချိန်ရှင် ကစားသမားလေး တစ်ဦး ဖြစ်လာတဲ့ ဆဲလ်ဘတ်စတား #ဟားလန်း

===================

ဒီနေ့ နံနက် ဂျန့် အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရတဲ့ ချန်ပီယံ လိဂ် အဖွင့် ပွဲစဉ် မှာတော့ ဆဲလ်ဘတ် အသင်း ရဲ့ အသက် 19 နှစ် အရွယ် စတား ကစားသမား လေး ဖြစ်တဲ့ အားလင်း ဘရုထ် ဟားလန်း ဟာ ရပ်တန့် မရ နိုင်တဲ့ ခြေစွမ်း တွေကို ပြသ ထားနိုင် ခဲ့ ပါတယ် ။

ဒါဟာ ဟားလန်း အတွက် တော့ ပထမဆုံး ကစား ခဲ့ ဖူးတဲ့ ချန်ပီယံ လိဂ် ပွဲစဉ် ဖြစ်ခဲ့ ပြီး သူဟာ ပထမ ပိုင်း အတွင်း မှာပဲ ဟတ်ထရစ် ဂိုး သွင်းယူ နိုင်ခဲ့ ကာ ဝိန်း ရွန်းနီ နောက် ဒီ ပြိုင်ပွဲ မှာ ဟတ်ထရစ် ဂိုး သွင်းယူ နိုင် ခဲ့တဲ့ ပထမဆုံး ဆယ်ကျော်သက် ကစားသမား ဖြစ်နိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ဟားလန်း ဟာ ပွဲချိန် အစ 2 မိနစ် မှာပဲ ဆဲလ်ဘတ် အသင်း အတွက် အဖွင့် ဂိုး စတင် သွင်းယူ ပေးထား နိုင်ခဲ့ ပြီး ပွဲချိန် 34 မိနစ် နဲ့ 45 မိနစ် တွေမှာ အသင်း အတွက် ဂိုးတွေ ဆက်လက် သွင်းယူ ပေးသွား နိုင်ခဲ့ သူပဲ ဖြစ်ပါတယ် ။

ယခင် တုန်းက တော့ 2004 ခုနှစ် စက်တင်ဘာ လ တုန်းက မန်ချက်စတာ ယူနိုက်တက် တို့ ဖီနာဘာချီ အသင်း ကို 6 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့စဉ် တုန်းက ဟတ်ထရစ် ဂိုး သွင်းယူ နိုင် ခဲ့တဲ့ ဝိန်း ရွန်းနီ ဟာ ဒီလို လုပ်ဆောင် နိုင် ခဲ့တဲ့ နောက်ဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

ရွန်းနီ ရဲ့ ဟတ်ထရစ် မတိုင်ခင် တုန်းက တော့ 1995 ခုနှစ် တုန်းက ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဂန္ဓဝင် ရာအူးလ် ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ ဟတ်ထရစ် ဂိုး သွင်းယူ နိုင် ခဲ့တဲ့ အသက် အငယ်ဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့ ရ ပါတယ် ။

ချန်ပီယံ လိဂ် သမိုင်း တစ်လျောက် အသက် အငယ်ဆုံး အဖြစ် ဟတ်ထရစ် ဂိုး သွင်းယူ နိုင်ခဲ့ သူတွေ ကတော့ ရာအူးလ် ( အသက် 18 နှစ် 113 ရက် ၊ 1995 ) ၊ ဝိန်း ရွန်းနီ ( အသက် 18 နှစ် 340 ရက် ၊ 2004 ) နဲ့ ဟားလန်း ( အသက် 19 နှစ် 58 ရက် ) တို့ပဲ ဖြစ်ကြ ပါတယ် ။

ဒါ့ကြောင့် အခု တော့ ဟားလန်း ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ ရဲ့ သမိုင်း တစ်လျောက် ဟတ်ထရစ် ဂိုး သွင်းယူ နိုင် ခဲ့တဲ့ တတိယ မြောက် အသက် အငယ်ဆုံး ကစားသမား တစ်ဦး အဖြစ် ဘောလုံး လောက ရဲ့ ဂန္ဓဝင် တွေနဲ့ အတူ မှတ်တမ်း ကောင်း တစ်ရပ် ပိုင်ဆိုင် ထားနိုင် ခဲ့ ပါပြီ ။

သူတို့ တွေရဲ့ နောက်မှာတော့ ချန်ပီယံ လိဂ် ပြိုင်ပွဲ အတွင်း ဟတ်ထရစ် ဂိုး သွင်းယူ နိုင် ခဲ့တဲ့ နောက်ထပ် ဆယ် ကျော်သက် ကစားသမား တစ်ဦး က ယာကူဘူ ပဲ ဖြစ်ပါတယ် ။ 2002 ခုနှစ် တုန်းက မက္ကာဘီ ဟိုင်ဖာ တို့ အိုလံပီယာကော့စ် ကို အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် မှာ ယာကူဘူ ဟာ အဆိုပါ မှတ်တမ်း ကို ပိုင်ဆိုင် ထားနိုင် ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ဘယ်လို ပဲ ဖြစ်နေ ပါစေ ၊ အသင်း အတွက် ချန်ပီယံ လိဂ် ပွဲစဉ် ပထမဆုံး အကြိမ် အဖြစ် ပွဲထွက် ကစား ပေး ခဲ့ပြီး ပထမ ပိုင်း အတွင်း ဟတ်ထရစ် ဂိုး သွင်းယူ နိုင် ခဲ့တဲ့ တစ်ဦး တည်းသော ဆယ်ကျော်သက် ကစားသမား ကတော့ ဟားလန်း ဖြစ်သွား ခဲ့ရ ပါပြီ ။ ဒီလို စံချိန် ကိုတော့ အခု ထက်ထိ ဘယ်သူ မှ မပိုင်ဆိုင် နိုင်ကြ သေး ပါဘူး ။

ဒီ ရာသီ ဟာ ဟားလန်း အတွက် အခုမှ စတင် ကောင်းမွန် ခဲ့တာ မဟုတ် ခဲ့ ပါဘူး ။ သူဟာ ပြည်တွင်း ပြိုင်ပွဲ မှာလည်း ဆဲလ်ဘတ် အသင်း အတွက် ပထမဆုံး လိဂ်ပွဲ 7 ပွဲထိ ကစား ပေးထား ခဲ့ရာ မှာ 11 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ကာ ဂိုးသွင်း ကောင်းတဲ့ မှတ်တမ်း တစ်ရပ် ပိုင်ဆိုင် ထားနိုင် ခဲ့ပါ သေးတယ် ။

သူသာ ဒီ အတိုင်းသာ ဂိုးတွေ ဆက်လက် သွင်းယူ ပြ နေဦးမယ် ဆိုရင် ဟားလန်း ဟာ ဥရောပ ထိပ်သီး ကလပ် အသင်း တွေရဲ့ အပြောင်း အရွှေ့ ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်လာ နိုင်မှာ မလွဲ မသွေ ပါပဲ ။

#Sports_Myanmar