” ဒါ့ကြောင့် ဒေးဗစ် ရေ ၊ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆုကို တော့ ယူချင် ယူလိုက် ပါ ၊ ယူနိုက်တက် ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ကိုတော့ မယူလိုက် ပါနဲ့ ကွာ ” လို့ အီဗရာ က ပြောကြား သွားခဲ့ ပါတယ် ။
#Sports_Myanmar
Unicode
ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု မရရှိ စေချင်သူ နဲ့ ကစားသမားသစ် သုံးယောက်ရဲ့ ထူူးကဲတဲ့ အရည်အသွေး အကြောင်း ပြောကြားလိုက်တဲ့ #အီဗရာ
=============
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နံပါတ် တစ် ဂိုး သမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ဟာ တနင်္လာ နေ့ တုန်းက အသင်း မှာ 2023 ခုနှစ် ( + 12 သက်တမ်း တိုးနိုင် ခွင့် ) အထိ ဆက်လက် ရှိ နေမယ့် စာချုပ် သစ် အပေါ် လက်မှတ် ရေးထိုး ထားသူ တစ်ဦး ပဲ ဖြစ် ပါတယ် ။
သူဟာ ယူနိုက်တက် မှာ ကစား ခဲ့တဲ့ 8 နှစ်တာ ကာလ အတွင်း 2014 ၊ 2015 ၊ 2016 နဲ့ 2018 ခုနှစ် တွေမှာ အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို လေးကြိမ် ထိ ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ် ။ ဒါ့ကြောင့် အီဗရာ က ဂိုး သမား တစ်ဦး ကို အသင်း ရဲ့ အကောင်းဆုံး ကစားသမား မဖြစ်စေ လိုတဲ့ အတွက် အခုလို ပြောကြား ခဲ့တာ ပဲ ဖြစ်ပါတယ် ။
” ဒေးဗစ် ဟာ အလုပ် တေ ကောင်းမွန်စွာ လုပ်ဆောင် နေတာ နဲ့ ပတ်သက် ပြီး ကျွန်တော် အံ့အား မသင့် ပါဘူး ။ ခက်ခဲ တဲ့ ရာသီ တစ်ခု ကို စတင် ခဲ့ရ ပေမယ့် သူဟာ စိတ်ဓါတ် ပိုင်း ဆိုင်ရာ ကြ့ံခိုင် လွန်းခဲ့ ပါတယ် ”
” ကျွန်တော် ဟာ သူ့ကို ကမ႓ာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ဖို့ အမြဲ ဆုတောင်း ပေးခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် သူ့ကို အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား တော့ မဖြစ်စေ လိုခဲ့ ပါဘူး ။ အဲ့လိုသာ ဖြစ်ပေါ် မယ် ဆိုရင် ဒါဟာ အသင်း ရဲ့ တိုက်စစ် ၊ ကွင်းလယ် နဲ့ ခံစစ် တွေမှာ ပြသနာ ရှိနေ တယ်လို့ ဆိုလိုက် ခြင်း ပါပဲ ”
” ဒါ့ကြောင့် ဒေးဗစ် ရေ ၊ ကမ႓ာ့ အကောင်းဆုံး ကစားသမား ဆုကို တော့ ယူချင် ယူလိုက် ပါ ၊ ယူနိုက်တက် ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ကိုတော့ မယူလိုက် ပါနဲ့ ကွာ ” လို့ အီဗရာ က ပြောကြား သွားခဲ့ ပါတယ် ။
အဲ့ဒီနောက် အသင်း ဖက်မှ ဒီနွေ အတွင်း ဒန်နီယယ် ဂျိမ်းစ် ၊ ဝမ် ဘစ်ဆာကာ နဲ့ ဟယ်ရီ မက်ဂွားယား တို့ကို ခေါ်ယူ ထားခဲ့ တာနဲ့ ပတ်သက် ပြီး …
” ဂျိမ်းစ် နဲ့ ပတ်သက်လို့ ကျွန်တော် အရမ်း ကို နှစ်သက် မိတာ ကတော့ သူ့ရဲ့ စိတ်အား ထက်သန် မှုတွေ ပါပဲ ။ သူဟာ ကောင်းမွန် တဲ့ ဂိုး အချို့ ကို သွင်းယူ နိုင်ခဲ့ ပါတယ် ။ သူဟာ ကစား ပြတာ ကောင်း သလို မြန်လည်း မြန် ပါတယ် ။ ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံး အရာ ကတော့ ဒီ ဂျာစီ ၊ ဒီ အမှတ် တံဆိပ် အတွက် အားတက် သရော ကစား ပေးနေ တဲ့ ဂျိမ်းစ် ကို ပါပဲ ”
” သူ့ရဲ့ အောင်ပွဲ ခံပုံ တွေက သက်သေ ပါပဲ ။ သူဟာ ရိုင်ယန် ဂစ်လို ကစားသမား မျိုးပါ ။ သူ့ အတွက် တော့ ယူနိုက်တက် အတွက် ကစား ပေးရ တယ် ဆိုတာ အိပ်မက် တစ်ခု လို ပါပဲ ။ ကစားသမား တစ်ဦး အသင်း ဆီ ရောက်ရှိ လာတဲ့ အခါ ကျွန်တော် သူတို့ ဆီက အရင်ဆုံး မြင်တွေ့ ချင်တာ အဲ့တာ ပါပဲ ”
” ဝမ် ဘစ်ဆာကာ က တိုက်စစ် လိုက်ပါ ကစား ချင် ပါတယ် ။ တစ်ကယ် တော့ သူ ခံစစ် ကစား တာ ပိုကောင်း ပါတယ် ။ ဖာဂူဆန် အမြဲ ပြောလေ့ ရှိ ပါတယ် ။ ပြိုင်ဖက် နဲ့ တစ်ဦး ချင်း ရင်ဆိုင် ကစား ရတာကို မကြိုက်ဘူး ဆိုရင် ယူနိုက်တက် အတွက် မကစား ပေးနဲ့ ဆိုတာ ပေါ့ ။ ကျွန်တော် ကတော့ ဝမ် ဟာ အဲ့တာ တွေကို ပျော်ရွှင် ခံစား ဖို့ အဆင်သင့် ပဲလို့ တွေ့မြင် မိ ပါတယ် ”
” မက်ဂွားယား ကတော့ အလုပ် တွေကို ပိုမို ကြိုးစား ရ ပါမယ် ။ အကယ်လို့ သူဟာ အမှား လုပ်မိ မယ် ဆိုရင် လူတိုင်း က သူ့ကို ဖောင်းထု ကြမှာ ပါပဲ ။ ဒါ့ကြောင့် သူ့ အနေ နဲ့ စိတ်ဓါတ် ပိုင်း ဆိုင်ရာ မှာ အထူး ကြံ့ခိုင် ဖို့ လိုအပ် ပါတယ် ” လို့ အီဗရာ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar