ခ်ယ္လ္ဆီး အသင္း ရဲ႕ ေတာင္ပံ ကစားသမား အီဒင္ ဟာဇတ္ ဟာ ယခုႏွစ္ ေဘာလံုး ရာသီ အကုန္ မွာ ခ်ယ္လ္ဆီး ကေန ထြက္ခြာဖို႕ နာမည္ၾကီး ေနျပီး နည္းျပ ဇီဒန္း ကိုင္တြယ္ ေနတဲ့ ရီးရဲလ္ မက္ဒရစ္ သို႕ ေရာက္ရွိ ႏိုင္ဖြယ္ ရွိေနတယ္ လို႕ သတင္း မ်ား ထြက္ေပၚ ေနခဲ့ ပါတယ္ ။ တဖက္ မွာလည္း ဟာဇတ္ ကိုယ္တိုင္ က ၄င္းရဲ႕ အနာဂတ္ နဲ႕ ပတ္သက္ျပီး မေသခ်ာ တဲ့ အေျဖ ေတြနဲ႕ သာ တုန္႕ျပန္ ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ လာမယ့္ ေဘာလံုး ရာသီ မွာ ကစားသမား သစ္ ေခၚယူခြင့္ အပိတ္ခံ ထားရတဲ့ အေရး နဲ႕ ရင္ဆိုင္ ေနခဲ့ရျပီး အသင္း ရဲ႕ အဓိက ကစားသမား တခ်ိဳ႕ ကို လာမယ့္ ေဘာလံုး ရာသီ မွာ ဆက္လက္ ထိန္းသိမ္းဖို႕ အခက္အခဲ ေတြ ျဖစ္ေပၚ ေနပါတယ္ ။ တခ်ိဳ႕ ကစားသမား ေတြဟာ လည္း စာခ်ဳပ္ သက္တမ္း ကုန္ဆံုး ခါနီး အေနအထား ေတြ ဆီသို႕ ေရာက္ရွိ ေနျပီ ျဖစ္ပါတယ္ ။

စာခ်ဳပ္ သက္တမ္းတိုး ရမယ့္ ကစားသမား ေတြကို ခ်ယ္လ္ဆီး အသင္း အေနနဲ႕ အလ်င္အျမန္ စာခ်ဳပ္ ခ်ဳပ္ဆို သြားဖို႕ လိုေနျပီး အငွားခ် ထားတဲ့ ကစားသမား ေတြ ထဲကလည္း အသံုးတည့္မယ့္ ကစားသမား တခ်ိဳ႕ ကို စီနီယာ အသင္း မွာ သံုးစြဲ သြားဖို႕ လိုေနပါတယ္ ။ ထို႕အျပင္ ဂ်ရူး ၊ ေဒးဗစ္ လူးဝဇ္ အစရွိတဲ့ ဝါရင့္ ကစားသမား ေတြကိုလည္း အသင္း မွာ ဆက္ထားသင့္ ၊ မထားသင့္ ဆံုးျဖတ္ ရေတာ့မွာ ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ တိုက္စစ္မွဴး ေဟာင္း ဒီဒီယာ ဒေရာ့ဘာ ကေတာ့ ေတာင္ပံ ကစားသမား ဟာဇတ္ ဟာ အနာဂတ္ ကာလ မွာ ခ်ယ္လ္ဆီး အတြက္ ဆက္ ကစားေပးသည္ ျဖစ္ေစ ၊ မကစား ေပးေတာ့သည္ ျဖစ္ေစ ၊ အသင္း ရဲ႕ ဂႏၲဝင္ ကစားသမား တဦး ျဖစ္သြားျပီ လုိ႕ Goal နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ထုတ္ေဖာ္ ခ်ီးက်ဴး သြားခဲ့ ပါတယ္ ။

ဒေရာ့ဘာ က ” အီဒင္ ဟာ အရင္ ကထက္ ပိုျပီး အဆံုးသတ္ ေသခ်ာတဲ့ ကစားသမား ျဖစ္လာပါျပီ ။ ဒါဟာ သူ႕ရဲ႕ အသက္အရြယ္ ရင့္က်က္ လာမႈ ေၾကာင့္လည္း ျဖစ္ပါလိမ့္မယ္ ။ သူဟာ ပြဲတိုင္း မွာ အေကာင္းဆံုး စြမ္းေဆာင္ရည္ ကို ထုတ္ျပ ေနျပီး ဒီ စြမ္းေဆာင္ရည္ ေတြ အေပၚ မွာလည္း ကြ်န္ေတာ္ အရမ္း ေပ်ာ္ရႊင္ မိပါတယ္ ။ ေနာက္ျပီး သူဟာ အသင္းကို ဦးေဆာင္ ေနျပီး အသင္း ရဲ႕ တာဝန္ ေတြကို ပခံုးေျပာင္း ထမ္းေဆာင္ ေနပါတယ္ ။ ”

” သူဟာ ကိုယ့္ကုိယ္ကို ေရာ ၊ အသင္းေဖာ္ ေတြ ဆီကပါ ၾကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ မ်ားစြာ ထားတတ္သူပါ ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူဟာ ပြဲစဥ္ တိုင္းကို အႏိုင္ရလို တဲ့ အတြက္ေၾကာင့္ပါ ။ တခါတေလ က်ရင္ ဒီလိုမ်ိဳး စိတ္ထားမ်ိဳးဟာ ကိုယ့္လိုခ်င္တဲ့ ပန္းတိုင္ ကို ေရာက္ဖို႕ ပိုျပီး တြန္းအား ျဖစ္ေစပါတယ္ ။ ကိုယ္ ကလည္း ကိုယ့္ အသင္းေဖာ္ ေတြကို ေနာက္ အဆင့္ တဆင့္ ဆီ ေရာက္ေစခ်င္တာကိုး ။ တခါတေလ မွာ ဒါမ်ိဳး ေတြ ရွိတတ္ပါတယ္ ။ ”

” ဒါေပမယ့္ ပြဲၾကီး ေတြ ပိုျပီး ကစားရ ေလေလ ၊ သူ႕ အတြက္ ပြဲရဲ႕ အေျခအေန နဲ႕ အေနအထား အေပၚ သံုးသပ္ ႏိုင္စြမ္း ျမင့္မားေလ ပါပဲ ။ အနာဂတ္ မွာ ဘာေတြပဲ ျဖစ္လာပါေစ ၊ သူဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ တဦး ျဖစ္သြားပါျပီ ။ သူ ခ်ယ္လ္ဆီး နဲ႕ အတူ ရရွိ ခဲ့တဲ့ ေအာင္ျမင္မႈ ေတြကို ၾကည့္ပါဦး ။ သူဟာ ပရီးမီးယားလိဂ္ ၂ၾကိမ္ ၊ အက္ဖ္ေအ ဖလား ၂ၾကိမ္ ၊ တႏွစ္တာ အေကာင္းဆံုး ကစားသမား ဆုေတြကို လည္း ရျပီးပါျပီ ။ ”

” ကြ်န္ေတာ္ တို႕ဟာ အီဒင္ ဟာဇတ္ အေၾကာင္း ေျပာေနၾကတာပါ ။ သူဟာ ကြ်န္ေတာ္ တို႕ မျမင္ ရတာ ၾကာျပီ ျဖစ္တဲ့ အရာေတြ ကို ယူေဆာင္ လာေပးသူပါ ။ အနီးစပ္ဆံုး ႏႈိင္းယွဥ္ ရမယ္ ဆို သူဟာ ဂ်ီယန္ဖရန္ကို ဇိုလာ ရဲ႕ ကစားပံု နဲ႕ အလား သ႑ာန္ ဆင္ပါတယ္ ။ အလိမ္အေခါက္ စြမ္းရည္ ေကာင္းတယ္ ၊ တဦးခ်င္း ေက်ာ္ျဖတ္ ႏိုင္တယ္ ၊ ပြဲအေျဖ ကို ေျပာင္းလဲ ႏိုင္စြမ္း အျပည့္ ရွိပါတယ္ ။ ဒါဟာ အီဒင္ ဟာဇတ္ ပါပဲ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဟာဇတ် ကို ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် တယောက် အဖြစ် သတ်မှတ် လိုက်တဲ့ #ဒရော့ဘာ

ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား အီဒင် ဟာဇတ် ဟာ ယခုနှစ် ဘောလုံး ရာသီ အကုန် မှာ ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ နာမည်ကြီး နေပြီး နည်းပြ ဇီဒန်း ကိုင်တွယ် နေတဲ့ ရီးရဲလ် မက်ဒရစ် သို့ ရောက်ရှိ နိုင်ဖွယ် ရှိနေတယ် လို့ သတင်း များ ထွက်ပေါ် နေခဲ့ ပါတယ် ။ တဖက် မှာလည်း ဟာဇတ် ကိုယ်တိုင် က ၄င်းရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး မသေချာ တဲ့ အဖြေ တွေနဲ့ သာ တုန့်ပြန် ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ လာမယ့် ဘောလုံး ရာသီ မှာ ကစားသမား သစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတဲ့ အရေး နဲ့ ရင်ဆိုင် နေခဲ့ရပြီး အသင်း ရဲ့ အဓိက ကစားသမား တချို့ ကို လာမယ့် ဘောလုံး ရာသီ မှာ ဆက်လက် ထိန်းသိမ်းဖို့ အခက်အခဲ တွေ ဖြစ်ပေါ် နေပါတယ် ။ တချို့ ကစားသမား တွေဟာ လည်း စာချုပ် သက်တမ်း ကုန်ဆုံး ခါနီး အနေအထား တွေ ဆီသို့ ရောက်ရှိ နေပြီ ဖြစ်ပါတယ် ။

စာချုပ် သက်တမ်းတိုး ရမယ့် ကစားသမား တွေကို ချယ်လ်ဆီး အသင်း အနေနဲ့ အလျင်အမြန် စာချုပ် ချုပ်ဆို သွားဖို့ လိုနေပြီး အငှားချ ထားတဲ့ ကစားသမား တွေ ထဲကလည်း အသုံးတည့်မယ့် ကစားသမား တချို့ ကို စီနီယာ အသင်း မှာ သုံးစွဲ သွားဖို့ လိုနေပါတယ် ။ ထို့အပြင် ဂျရူး ၊ ဒေးဗစ် လူးဝဇ် အစရှိတဲ့ ဝါရင့် ကစားသမား တွေကိုလည်း အသင်း မှာ ဆက်ထားသင့် ၊ မထားသင့် ဆုံးဖြတ် ရတော့မှာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဟောင်း ဒီဒီယာ ဒရော့ဘာ ကတော့ တောင်ပံ ကစားသမား ဟာဇတ် ဟာ အနာဂတ် ကာလ မှာ ချယ်လ်ဆီး အတွက် ဆက် ကစားပေးသည် ဖြစ်စေ ၊ မကစား ပေးတော့သည် ဖြစ်စေ ၊ အသင်း ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သွားပြီ လို့ Goal နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ထုတ်ဖော် ချီးကျူး သွားခဲ့ ပါတယ် ။

ဒရော့ဘာ က ” အီဒင် ဟာ အရင် ကထက် ပိုပြီး အဆုံးသတ် သေချာတဲ့ ကစားသမား ဖြစ်လာပါပြီ ။ ဒါဟာ သူ့ရဲ့ အသက်အရွယ် ရင့်ကျက် လာမှု ကြောင့်လည်း ဖြစ်ပါလိမ့်မယ် ။ သူဟာ ပွဲတိုင်း မှာ အကောင်းဆုံး စွမ်းဆောင်ရည် ကို ထုတ်ပြ နေပြီး ဒီ စွမ်းဆောင်ရည် တွေ အပေါ် မှာလည်း ကျွန်တော် အရမ်း ပျော်ရွှင် မိပါတယ် ။ နောက်ပြီး သူဟာ အသင်းကို ဦးဆောင် နေပြီး အသင်း ရဲ့ တာဝန် တွေကို ပခုံးပြောင်း ထမ်းဆောင် နေပါတယ် ။ ”

” သူဟာ ကိုယ့်ကိုယ်ကို ရော ၊ အသင်းဖော် တွေ ဆီကပါ ကြီးမားတဲ့ မျှော်လင့်ချက် များစွာ ထားတတ်သူပါ ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ပွဲစဉ် တိုင်းကို အနိုင်ရလို တဲ့ အတွက်ကြောင့်ပါ ။ တခါတလေ ကျရင် ဒီလိုမျိုး စိတ်ထားမျိုးဟာ ကိုယ့်လိုချင်တဲ့ ပန်းတိုင် ကို ရောက်ဖို့ ပိုပြီး တွန်းအား ဖြစ်စေပါတယ် ။ ကိုယ် ကလည်း ကိုယ့် အသင်းဖော် တွေကို နောက် အဆင့် တဆင့် ဆီ ရောက်စေချင်တာကိုး ။ တခါတလေ မှာ ဒါမျိုး တွေ ရှိတတ်ပါတယ် ။ ”

” ဒါပေမယ့် ပွဲကြီး တွေ ပိုပြီး ကစားရ လေလေ ၊ သူ့ အတွက် ပွဲရဲ့ အခြေအနေ နဲ့ အနေအထား အပေါ် သုံးသပ် နိုင်စွမ်း မြင့်မားလေ ပါပဲ ။ အနာဂတ် မှာ ဘာတွေပဲ ဖြစ်လာပါစေ ၊ သူဟာ ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် တဦး ဖြစ်သွားပါပြီ ။ သူ ချယ်လ်ဆီး နဲ့ အတူ ရရှိ ခဲ့တဲ့ အောင်မြင်မှု တွေကို ကြည့်ပါဦး ။ သူဟာ ပရီးမီးယားလိဂ် ၂ကြိမ် ၊ အက်ဖ်အေ ဖလား ၂ကြိမ် ၊ တနှစ်တာ အကောင်းဆုံး ကစားသမား ဆုတွေကို လည်း ရပြီးပါပြီ ။ ”

” ကျွန်တော် တို့ဟာ အီဒင် ဟာဇတ် အကြောင်း ပြောနေကြတာပါ ။ သူဟာ ကျွန်တော် တို့ မမြင် ရတာ ကြာပြီ ဖြစ်တဲ့ အရာတွေ ကို ယူဆောင် လာပေးသူပါ ။ အနီးစပ်ဆုံး နှိုင်းယှဉ် ရမယ် ဆို သူဟာ ဂျီယန်ဖရန်ကို ဇိုလာ ရဲ့ ကစားပုံ နဲ့ အလား သဏ္ဍာန် ဆင်ပါတယ် ။ အလိမ်အခေါက် စွမ်းရည် ကောင်းတယ် ၊ တဦးချင်း ကျော်ဖြတ် နိုင်တယ် ၊ ပွဲအဖြေ ကို ပြောင်းလဲ နိုင်စွမ်း အပြည့် ရှိပါတယ် ။ ဒါဟာ အီဒင် ဟာဇတ် ပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR