စပို့တင္း လစၥဘြန္း ၊ မန္ခ်က္စတာ ယူနုိက္တက္ နဲ့ ရီးယဲ မက္ဒရစ္ အသင္း ေတြရဲ့ ကစားသမား ေဟာင္း ျဖစ္သူ စီ ေရာ္နယ္ဒို ဟာ ကစားသမား ဘဝ အတြင္း အထူး ေကာင္းမြန္တဲ့ ေဘာလံုး စေကး ၊ ဂိုးေတြ မ်ားစြာ သြင္းယူ နုိင္ခဲ့ ျခင္းနဲ့ အျခား ထူးကဲ လွတဲ့ ကြင္းအတြင္း စြမ္းရည္ ေတြေၾကာင့္ ကမ႓ာ့ အေကာင္းဆံုး ကစားသမား တစ္ဦး အျဖစ္ သတ္မွတ္ ထားခံ ခဲ့ရ သူပဲ ျဖစ္ပါတယ္ ။

အခုေတာ့ စီ ေရာ္နယ္ဒို က ကစားသမား ဘဝ အတြင္း သူ သြင္းယူ ခဲ့တဲ့ ရာခ်ီ တဲ့ သြင္းဂိုး ေတြ အနက္ ဘယ္ ဂိုးက အေကာင္းဆံုး လဲ ဆုိတာ ကုိ ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။ ဒါဟာ သူ လက္ရွိ ကစား ေနတဲ့ ဂ်ဴဗင္တပ္ အသင္း အတြက္ ေတာ့ ခံရ ခက္ခဲ့ အေျဖ တစ္ခု ပဲ ျဖစ္ခဲ့ ရ ပါတယ္ ။

ဟုတ္ပါတယ္ ၊ စီ ေရာ္နယ္ဒို ေရြးခ်ယ္ သြားခဲ့ လိုက္တဲ့ သူ့ရဲ့ ကစားသမား ဘဝ အေကာင္းဆံုး သြင္းဂိုး ကေတာ့.2018 ခုႏွစ္ က ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ အတြင္း ဂ်ဴဗင္တပ္ အသင္း ဖက္ကို သြင္းယူ ခဲ့တဲ့ သူ့ရဲ့ အလန္းစား ဘုိင္စကယ္ ကန္ခ်က္ ပဲ ျဖစ္ခဲ့ ရ ပါတယ္ ။

သူ့ရဲ့ အဆုိပါ ကန္ခ်က္ ေကာင္းမြန္ လွပ ခဲ့ပံု က ျပိဳင္ဖက္ ဂ်ဴဗင္တပ္ အသင္း ရဲ့ ပရိသတ္ ေတြေတာင္ ဂိုး ေပးလိုက္ ရတယ္ ဆုိတာ ကို ေခတၱ ေမ့ေပ်ာက္ ျပီး ျပိဳင္ဖက္ ရီးယဲ မက္ဒရစ္ အသင္းသားကို မတ္တပ္ရပ္ လက္ခုပ္တီး အားေပး ခဲ့ရ တဲ့ အထိ ျဖစ္ခဲ့ ၾကရ ပါ ေသးတယ္ ။

အဆုိပါ သြင္းဂိုး နဲ့ ျပိဳင္ပြဲ အတြင္း သူ့ရဲ့ စြမ္းေဆာင္ရည္ ေတြကပဲ စီ ေရာ္နယ္ဒို ကို ဂ်ဴဗင္တပ္ အသင္း ဆီ ေျပာင္းေရႊ့ ေစဖုိ႔ လမ္းစ တစ္ခု ကို ျဖစ္သြား ေစခဲ့ တာ အမွန္ ပါပဲ ။

အခုေတာ့ အဂၤါ ေန့က ပီးယားစ္ ေမာ္ဂန္ နဲ့ ျပဳလုပ္ ခဲ့တဲ့ အင္တာဗ်ဴး မွာ ကစားသမား ဘဝ ရဲ့ အေကာင္းဆံုး သြင္းဂိုး အေၾကာင္း အေမး ခံလိုက္ ရတဲ့ စီ ေရာ္နယ္ဒို က မဆုိင္း မတြ ပဲ ဂ်ဴဗင္တပ္ အသင္း ဖက္ သြင္းယူ ခဲ့တဲ့ အဆုိပါ ဂိုးကို ေရြးခ်ယ္ ေပးသြား ခဲ့လိုက္ ပါတယ္ ။

” က်ြန္ေတာ္ ကိုယ္တုိင္ ဒီလို ဂိုးမ်ိဳး ကို သြင္းယူ နုိင္ဖုိ႔ အတြက္ ႏွစ္ေတြ အေတာ္ မ်ားမ်ား ၾကိဳးစား ခဲ့ရ ပါတယ္ ။ က်ြန္ေတာ့္ ဘဝမွာ ဂိုးေတြ 700 ေက်ာ္ သြင္းယူ ထားခဲ့ ေပမယ့္ အခုလို ဂိုးမ်ိဳး မသြင္းယူ နုိင္ခဲ့ ပါဘူး ။ ေနာက္ဆံုး ေတာ့ က်ြန္ေတာ္ ဒါကို လုပ္ေဆာင္ နုိင္ျပီ ဆုိတဲ့ ခံစားခ်က္ ကို ပိုင္ဆုိင္ ခဲ့ရ ပါတယ္ ။ တစ္ကယ့္ ကို လွပ တဲ့ ခုန္ကန္ခ်က္ ပါပဲ ”

” က်ြန္ေတာ္ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ မွာ ဘူဖြန္ ဖက္ကို ၊ ဂ်ဴဗင္တပ္ အသင္း ဖက္ကို အခုလိုမ်ိဳး ခုန္ျပီး ကန္သြင္း လိုက္ခဲ့ ျခင္းက တစ္ကယ့္ ကို လွပ လြန္းတဲ့ ဂိုး တစ္ခု ျဖစ္ေစ ခဲ့ရ ပါတယ္ ” လို့ စီ ေရာ္နယ္ဒို က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ေမာ္ဂန္ ကိုယ္တုိင္ ကလည္း သူဟာ အဆုိပါ ဂိုးကို အလြန္ ႏွစ္သက္ လွေၾကာင္း ဝန္ခံ လိုက္ျပီး အဲ့ဒီလို ဂိုးမ်ိဳး သြင္းယူ ျခင္းက လိင္မွဳ ကိစၥ ျပဳလုပ္ ရတာ ထက္ ပို ေကာင္းတဲ့ ခံစားခ်က္ ကုိ ျဖစ္ေပၚ ေစသလား လို႔ ေမးလိုက္ တဲ့ အခ်ိန္ …

” နုိးပါ ၊ က်ြန္ေတာ့္ Geo ( ခ်စ္သူ ေဂ်ာ္ဂ်ီနာ ) ေလးနဲ့ ဆုိရင္ ေတာ့ မဟုတ္ဘူး လို့ပဲ ေျဖ ပါရေစ ” လို႔ ေရာ္နယ္ဒို က ရယ္ေမာ ရင္း ဟာသ လုပ္သြား ခဲ့လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ကစားသမားဘဝ သွင်းယူခဲ့တဲ့ ဂိုးတွေအနက် ဘယ်ဂိုးက အကောင်းဆုံးလဲ ဆိုတာ ဖွင့်ဟရင်း ဟာသလုပ် သွားတဲ့ #စီရော်နယ်ဒို

================

စပို့တင်း လစ္စဘွန်း ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ရီးယဲ မက်ဒရစ် အသင်း တွေရဲ့ ကစားသမား ဟောင်း ဖြစ်သူ စီ ရော်နယ်ဒို ဟာ ကစားသမား ဘဝ အတွင်း အထူး ကောင်းမွန်တဲ့ ဘောလုံး စကေး ၊ ဂိုးတွေ များစွာ သွင်းယူ နိုင်ခဲ့ ခြင်းနဲ့ အခြား ထူးကဲ လှတဲ့ ကွင်းအတွင်း စွမ်းရည် တွေကြောင့် ကမ႓ာ့ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် သတ်မှတ် ထားခံ ခဲ့ရ သူပဲ ဖြစ်ပါတယ် ။

အခုတော့ စီ ရော်နယ်ဒို က ကစားသမား ဘဝ အတွင်း သူ သွင်းယူ ခဲ့တဲ့ ရာချီ တဲ့ သွင်းဂိုး တွေ အနက် ဘယ် ဂိုးက အကောင်းဆုံး လဲ ဆိုတာ ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒါဟာ သူ လက်ရှိ ကစား နေတဲ့ ဂျူဗင်တပ် အသင်း အတွက် တော့ ခံရ ခက်ခဲ့ အဖြေ တစ်ခု ပဲ ဖြစ်ခဲ့ ရ ပါတယ် ။

ဟုတ်ပါတယ် ၊ စီ ရော်နယ်ဒို ရွေးချယ် သွားခဲ့ လိုက်တဲ့ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး သွင်းဂိုး ကတော့.2018 ခုနှစ် က ချန်ပီယံ လိဂ် ပြိုင်ပွဲ အတွင်း ဂျူဗင်တပ် အသင်း ဖက်ကို သွင်းယူ ခဲ့တဲ့ သူ့ရဲ့ အလန်းစား ဘိုင်စကယ် ကန်ချက် ပဲ ဖြစ်ခဲ့ ရ ပါတယ် ။

သူ့ရဲ့ အဆိုပါ ကန်ချက် ကောင်းမွန် လှပ ခဲ့ပုံ က ပြိုင်ဖက် ဂျူဗင်တပ် အသင်း ရဲ့ ပရိသတ် တွေတောင် ဂိုး ပေးလိုက် ရတယ် ဆိုတာ ကို ခေတ္တ မေ့ပျောက် ပြီး ပြိုင်ဖက် ရီးယဲ မက်ဒရစ် အသင်းသားကို မတ်တပ်ရပ် လက်ခုပ်တီး အားပေး ခဲ့ရ တဲ့ အထိ ဖြစ်ခဲ့ ကြရ ပါ သေးတယ် ။

အဆိုပါ သွင်းဂိုး နဲ့ ပြိုင်ပွဲ အတွင်း သူ့ရဲ့ စွမ်းဆောင်ရည် တွေကပဲ စီ ရော်နယ်ဒို ကို ဂျူဗင်တပ် အသင်း ဆီ ပြောင်းရွှေ့ စေဖို့ လမ်းစ တစ်ခု ကို ဖြစ်သွား စေခဲ့ တာ အမှန် ပါပဲ ။

အခုတော့ အင်္ဂါ နေ့က ပီးယားစ် မော်ဂန် နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး မှာ ကစားသမား ဘဝ ရဲ့ အကောင်းဆုံး သွင်းဂိုး အကြောင်း အမေး ခံလိုက် ရတဲ့ စီ ရော်နယ်ဒို က မဆိုင်း မတွ ပဲ ဂျူဗင်တပ် အသင်း ဖက် သွင်းယူ ခဲ့တဲ့ အဆိုပါ ဂိုးကို ရွေးချယ် ပေးသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် ကိုယ်တိုင် ဒီလို ဂိုးမျိုး ကို သွင်းယူ နိုင်ဖို့ အတွက် နှစ်တွေ အတော် များများ ကြိုးစား ခဲ့ရ ပါတယ် ။ ကျွန်တော့် ဘဝမှာ ဂိုးတွေ 700 ကျော် သွင်းယူ ထားခဲ့ ပေမယ့် အခုလို ဂိုးမျိုး မသွင်းယူ နိုင်ခဲ့ ပါဘူး ။ နောက်ဆုံး တော့ ကျွန်တော် ဒါကို လုပ်ဆောင် နိုင်ပြီ ဆိုတဲ့ ခံစားချက် ကို ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ တစ်ကယ့် ကို လှပ တဲ့ ခုန်ကန်ချက် ပါပဲ ”

” ကျွန်တော် ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ ဘူဖွန် ဖက်ကို ၊ ဂျူဗင်တပ် အသင်း ဖက်ကို အခုလိုမျိုး ခုန်ပြီး ကန်သွင်း လိုက်ခဲ့ ခြင်းက တစ်ကယ့် ကို လှပ လွန်းတဲ့ ဂိုး တစ်ခု ဖြစ်စေ ခဲ့ရ ပါတယ် ” လို့ စီ ရော်နယ်ဒို က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မော်ဂန် ကိုယ်တိုင် ကလည်း သူဟာ အဆိုပါ ဂိုးကို အလွန် နှစ်သက် လှကြောင်း ဝန်ခံ လိုက်ပြီး အဲ့ဒီလို ဂိုးမျိုး သွင်းယူ ခြင်းက လိင်မှု ကိစ္စ ပြုလုပ် ရတာ ထက် ပို ကောင်းတဲ့ ခံစားချက် ကို ဖြစ်ပေါ် စေသလား လို့ မေးလိုက် တဲ့ အချိန် …

” နိုးပါ ၊ ကျွန်တော့် Geo ( ချစ်သူ ဂျော်ဂျီနာ ) လေးနဲ့ ဆိုရင် တော့ မဟုတ်ဘူး လို့ပဲ ဖြေ ပါရစေ ” လို့ ရော်နယ်ဒို က ရယ်မော ရင်း ဟာသ လုပ်သွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar