လြန္ခဲ့တဲ့ လပိုင္း ကအထိ အန္ဆူ ဖာတီ က ဘယ္သူလဲ ဆိုတာ မသိပဲ ျဖစ္ေနရင္ ေဘာလံုးပရိသတ္ေတြကို အျပစ္မဆိုသာေပမယ့္ လက္ရွိ အခ်ိန္မွာေတာ့ ဖာတီဟာ ဘယ္လုိ ကစားသမားမ်ိဳးလဲ ဆုိတာ ရင္းႏွီးမွဳ မရွိေသးရင္ ၊ ေခတ္ေနာက္က် က်န္ေနခဲ့ပါလိမ့္မယ္ ထင္ပါတယ္။

အန္ဆူ ဖာတီ ဆိုတာ ဘာစီလိုနာ သမိုင္းေၾကာင္း တစ္ေလွ်ာက္ –

• အသက္ အငယ္ဆံုး နဲ႔ ဂိုးသြင္းထားတဲ့သူ
• ခ်န္ပီယံလိဂ္ ပြဲထြက္ကစားခြင့္ အသက္အငယ္ဆံုးနဲ႔ ရရွိထားသူ
• လာလီဂါ သမိုင္းေၾကာင္း တစ္ေလွ်ာက္ တစ္ပြဲထဲ နဲ႔ သြင္းဂိုး + ဂိုးဖန္တီးမႈကို ျပဳလုပ္ႏိုင္တဲ့ အသက္အငယ္ဆံုး ေဘာလံုးသမား
စတဲ့ မွတ္တမ္းေတြကို ဆက္တိုက္ ပိုင္ဆိုင္ထားတဲ့ ေတာင္ပံ ကစားသမားေလး ျဖစ္ပါတယ္။

မေန႔ညက ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ အဖြင့္ပြဲစဥ္မွာေတာ့ သူဟာ ဘာစီလိုနာ အသင္းအတြက္ စတင္ ပြဲထြက္ ကစားခြင့္ ရရွိခဲ့ျပီး ၊ အသင္းရဲ႕ သမိုင္းေၾကာင္း တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ ကစားခြင့္ အသက္အငယ္ဆံုး နဲ႔ ရရွိထားတဲ့ ဘုိဂ်န္ ကာကစ္ ရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္လုိက္ျပီ ျဖစ္ပါတယ္။ ကာကစ္ဟာ 2007 ခုႏွစ္က လီယြန္ နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အဲဒီ စံခ်ိန္ကို (17 ႏွစ္ 22 ရက္နဲ႔) တင္ထားခဲ့တာ ျဖစ္ျပီး ၊ ဖာတီ ကေတာ့ 16 ႏွစ္ ၊ 10 လ ၊ 14 ရက္နဲ႔ အဆိုပါက စံခ်ိန္ကို ေက်ာ္တက္သြားခဲ့တာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ သူဟာ ခ်န္ပီယံလိဂ္ သမိုင္းေၾကာင္း တစ္ေလွ်ာက္ အသက္ အငယ္ဆံုး ပြဲထြက္ ကစားခြင့္ ရရွိတဲ့ ေဘာလံုးသမား 10 ေယာက္ စာရင္းမွာ မွတ္တမ္းတင္ႏိုင္ခဲ့ ျပန္ပါတယ္။

ခ်န္ပီယံလိဂ္ သမိုင္းေၾကာင္း တစ္ေလွ်ာက္ အသက္အငယ္ဆံုး ဂိုးသြင္းသူ အျဖစ္ ရပ္တည္လွ်က္ ရွိေနတဲ့ ေဘာလံုးသမား ကေတာ့ ပီတာ အိုဖိုရီ-ကြာယီ ျဖစ္ျပီး 1997 ခုႏွစ္က ရုိဆင္ေဘာ့ အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အုိလံပီယာေကာ့စ္ အသင္းအတြက္ သြင္းယူ ေပးခဲ့တာျဖစ္ပါတယ္။

သူဟာ အဲဒီ အခ်ိန္မွာ အသက္ 17 ႏွစ္ နဲ႔ 195 ရက္ နဲ႔ မွတ္တမ္း စံခ်ိန္မွတ္တမ္း ေရးထိုးခဲ့တာ ျဖစ္ျပီး ၊ ဖာတီ အေနနဲ႔ အဆိုပါ မွတ္တမ္းကို ခ်ိဳးဖ်က္ဖို႔ အတြက္လဲ ဒီရာသီမွာ အခြင့္အလမ္းေတြ ရရွိလာဖြယ္ ရွိေနပါေသးတယ္။

သူဟာ ျပီးခဲ့တဲ့ အပတ္က ကစားခဲ့တဲ့ ဗလင္စီယာ အသင္းနဲ႔ ပြဲစဥ္မွာ အသင္းအတြက္ အဖြင့္ဂိုးကို ပြဲစလို႔ 2 မီးနစ္မွာပဲ အဖြင့္ဂိုး သြင္းယူ ျပခဲ့တဲ့ အျပင္ ၊ ေနာက္ထပ္ 5 မီးနစ္ အၾကာမွာလဲ အသင္းေဖာ္ ဒီေဂ်ာင္ ဂိုးသြင္းႏိုင္ဖို႔ ဖန္းတီးျပသြားခဲ့တာ ျဖစ္ပါတယ္။ အသက္ 16 ႏွစ္ သာ ရွိေသးတဲ့ ဖာတီဟာ လာလီဂါ ျပိဳင္ပြဲၾကီးမွာ သြင္းဂိုးေရာ ၊ ဂိုးဖန္တီးမႈပါ 7 မီးနစ္ အတြင္း လုပ္ျပသြားခဲ့တာေၾကာင့္ ၊ ဘာစီလိုနာ ပရိသတ္ေတြ သာမက တစ္ကမၻာလံုးက စပိန္ ေဘာလံုး ပရိသတ္ေတြပါ အ့့ံအားသင့္ခဲ့ရျပီး၊ ၊ ျပိဳင္ပြဲ သမိုင္းေၾကာင္း တစ္ေလွ်ာက္ တစ္ပြဲထဲ Goal + Assit ကို ျပဳလုပ္ႏိုင္တဲ့ အသက္ အငယ္ဆံုး ေဘာလံုးသမား ဆိုတဲ့ မွတ္တမ္းပါ ပိုင္ဆိုင္သြားခဲ့ပါတယ္။

ဖာတီ ကို 2002 ခုႏွစ္ ေအာက္တိုဘာလ 30 ရက္ေန႔မွာ အာဖရိက တိုက္က ဂီနီယာ-ဆစ္ဆာအူ ႏိုင္ငံမွာ ေမြးဖြားခဲ့ပါတယ္။ အဲဒီမွာ 6 ႏွစ္တာ ျဖတ္ေက်ာ္ခဲ့ျပီးေနာက္ စပိန္ ေတာင္ပိုင္းက ဟာရီးရား ဆိုတဲ့ ျမိဳ႕ေလးဆီ ေျပာင္းေရႊ႕အေျခခ်ခဲ့ၾကပါတယ္။ သူ႔ရဲ႕ ဖခင္ ဘုိရီဟာ ဆီမီး ပရို ေဘာလံုးသမား တစ္ေယာက္ ျဖစ္ခဲ့ျပီး ၊ ဟာရီးရား ျမိဳ႕ေတာ္၀န္ ရဲ႕ ဒရိုက္ဘာ အလုပ္ကို လုပ္ကိုင္ခြင့္ ရရွိခဲ့တာေၾကာင့္ ၊ အခုလို မိသားစုအလုိုက္ ေျပာင္းေရႊ႕ခဲ့ၾကတာ ျဖစ္ပါတယ္။

ဖာတီတို႔ မိသားစုမွာ စပိန္ ေဘာလံုး ေလာကကို စတင္၀င္ေရာက္ႏုိင္ခဲ့သူဟာ အၾကီးဆံုးသား ျဖစ္တဲ့ ဘရာအီမာ ျဖစ္ျပီး ၊ ဆီဗီလာ အကယ္ဒမီ မွာ စတင္ ၀င္ေရာက္ခြင့္ ရရွိခဲ့တာပါ။ အဲဒီေနာက္ ဖာတီဟာ သူ႔ရဲ႕ ေဘာလံုး စြမ္းေဆာင္ရည္ေတြေၾကာင့္ စပိန္မွာ နာမည္ၾကီး လူငယ္ေလးတစ္ေယာက္ ျဖစ္လာခဲ့သလို ၊ အင္အားၾကီး ကလပ္ေပါင္း မ်ားစြာရဲ႕ ေခၚယူဖို႔ ကမ္းလွမ္းျခင္း ခံခဲ့ရပါတယ္။

ဖခင္ျဖင္သူ ဘိုရီ ရဲ႕ ေျပာျပခ်က္ အရ ဖာတီ ကို ေခၚယူဖို႔ လစာ အမ်ားဆံုးေပးခဲ့တာ ရီးရဲ မက္ဒရစ္ ျဖစ္တယ္လို႔ သိရျပီး ၊ ဘာစီလိုနာ ကေတာ့ ကစားသမားကို လုိလိုခ်င္ခ်င္ နဲ႔ ၾကိဳးစားခဲ့သလို ၊ အိမ္အထိပါ လာေရာက္ လည္ပတ္ျပီး စည္းရံုးခဲ့တာေၾကာင့္ ဘာစီလိုနာ ကို ေျပာင္းေရႊ႕ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဘာစီလိုနာ ဟာ ဖာတီ တို႔ မိသားစု တစ္ခုလံုးကို လာမာစီယာ ပရ၀ုဏ္ အတြင္း ေနထုိင္စရာပါ စီစဥ္ေပးခဲ့တာေၾကာင့္ ၊ မိသားစု တစ္ခုလံုး လာမာစီယာ ကို ေျပာင္းေရႊ႕လာခဲ့ၾကတဲ့ အျပင္ ၊ သားၾကီး ဘရာအီမာ ၊ ဖာတီ နဲ႔ သားငယ္ မီဂြယ္ တို႔ပါက လာမာစီယာ မွာ ၀င္ေရာက္ခဲ့ၾကပါတယ္။

2014 ခုႏွစ္မွာ ဘာစီလိုနာ ဟာ လူငယ္ ကစားသမား ေခၚယူခြင့္ကို ရုတ္တရက္ ပိတ္ပင္ခံလိုက္ရတာေၾကာင့္ ဖာတီဟာ အသင္းနဲ႔ တရား၀င္ မွတ္ပံုတင္ႏုိင္ျခင္း မရွိခဲ့သလုိ ၊ 2015 ခုႏွစ္မွာလဲ ေျခေထာက္က်ိဳးသြားတဲ့ ဒဏ္ရာ ရရွိခဲ့လို႔ ကာလရွည္ အနားယူခဲ့ရပါေသးတယ္။

တကယ္ေတာ့ ဖာတီဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီ ကတည္းက လူငယ္ ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြမွာ သူ႔ရဲ႕အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို ျပသေနခဲ့ျပီ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ အၾကိဳဗိုလ္လုပြဲမွာ ခ်ဲဆီး အသင္းဘက္ကို သူတစ္ဦးထဲ 2 ဂိုး သြင္းယူခဲ့ေပမယ့္ ၊ ပင္နယ္တီ အဆံုးအျဖတ္ကန္သြင္းရာမွာေတာ့ ရႈံးနိမ့္ျပီး ျပိဳင္ပြဲကေန ထြက္လိုက္ရပါတယ္။ သို႔ေသာ္ စီနီယာ ပြဲထြက္ ကစားခြင့္ ဆိုတာေတာ့ အလြန္ကုို အလွမ္းေ၀းလြန္းေနဆဲပါ……

ဖာတီ အတြက္ စီနီယာ အသင္းၾကီး ပြဲထြက္ ကစားခြင့္ရဖို႔ အေၾကာင္းဖန္လာခဲ့တာကလဲ ၾကံၾကံဖန္ဖန္ အေနအထား တစ္ခု ကေန ျဖစ္ပါတယ္။ ေဟာ္လန္ လူငယ္ ကစားသမားေလး ဆိုင္မြန္ဇာဗီဟာ ဘာစီလိုနာ ပရိသတ္ တိုင္းရဲ႕အသည္းေက်ာ္ ကစားသမား ျဖစ္ျပီး ၊ အသင္းရဲ႕ အနာဂတ္ ေမွ်ာ္လင့္ခ်က္လို႔ သတ္မွတ္ထားခဲ့သည့္တိုင္ေအာင္ ၊ ျပီးခဲ့တဲ့ ေႏြရာသီက ပီအက္စ္ဂ်ီ အသင္းထံ မေမွ်ာ္လင့္ပဲ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

အဲဒီ အေျပာင္းအေရႊ႕ေၾကာင့္ပဲ ဘာစီလိုနာ က ဖာတီ ကို ခ်က္ျခင္း 3 ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျပီး ၊ အသက္ 16 ႏွစ္ အရြယ္ပဲ ရွိေနေသးသည့္ တုိင္ေအာင္ စာခ်ဳပ္ ဖ်က္သိမ္းခြင့္ ေလ်ာ္ေၾကးကို ယူရုိ သန္း 100 အထိ သတ္မွတ္ခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ အခြင့္အေရး ေပၚလာပါက စီနီယာ အသင္းၾကီးအထိပါ တို႔ျမွင့္ ကစားခြင့္ေပးဖို႔ ရည္ရြယ္ထားခဲ့တာပါ။

လာလီဂါ အဖြင့္ပြဲစဥ္ ျဖစ္တဲ့ ဘီဘာအို နဲ႔ ပြဲမွာေတာ့ ဖာတီဟာ အသင္းရဲ႕ အရံ ကစားသမား စာရင္းေတာင္ ပါ၀င္ႏိုင္ခဲ့ျခင္း မရွိေပမယ့္ ၊ အဲဒီ ပြဲမွာ ဒမ္ဘီလီ ၊ ဆြာရက္ တို႔ ဒဏ္ရာ ကိုယ္စီရရွိသြားတာေၾကာင့္ ၊ သူ႔အတြက္ စတင္ ပြဲထြက္ ကစားခြင့္ ရဖို႔ အေၾကာင္းဖန္လာခဲ့ပါတယ္။ နည္းျပ ဗယ္ဗာဒီဟာ ဒမ္ဘီလီ ၊ မက္ဆီ ၊ ဆြာရက္ တို႔ မရွိေတာ့တဲ့ တိုက္စစ္ျပသနာ အတြက္ ခ်က္ျခင္း အေျဖရွာဖို႔ ၾကိဳးစားလာခဲ့သလုိ ၊ 16 ႏွစ္သား ဖာတီကိုလဲ အသင္းၾကီးအတြက္ ေခၚယူဖို႔ ဆံုးျဖတ္ခ်က္ ခ်လိုက္ပါတယ္။

ဘက္တစ္ကို 5-1 နဲ႔ အႏိုင္ရရွိတဲ့ ပြဲစဥ္မွာေတာ့ ဖာတီဟာ အသင္းအတြက္ 10 မီးနစ္ခန္႔ ကို လူစားလဲ ၀င္ေရာက္ ကစားခြင့္ ရရွိခဲ့ျပီး ၊ သူ႔ရဲ႕ အလားအလာေကာင္း တစ္ခ်ိဳ႕ကို ျပသသြားႏိုင္ခဲ့တာေၾကာင့္ ၊ ပြဲအျပီးမွာ မက္ဆီ ကိုယ္တုိင္က ေပြ႔ဖက္ျပီး ဂုဏ္ျပဳခ်ီးက်ဴးစကား ေတြ ေျပာဆိုတာ ခံလုိက္ရပါတယ္။

အိုဆာဆူနာ နဲ႔ ကစားတဲ့ ပြဲစဥ္မွာေတာ့ ဘာစီလိုနာ အသင္းဟာ ပထမပိုင္းမွာ 1-0 နဲ႔ ရႈံးနိမ့္ေနခဲ့တာေၾကာင့္ ၊ ဗယ္ဗာဒီဟာ ဒုတိယ ပိုင္း အစမွာကတည္းက ဖာတီကို ထည့္သြင္း ကစားခဲ့ပါတယ္။ ဖာတီဟာ ကြင္းထဲ ၀င္ေရာက္လို႔ မၾကာခင္မွာပဲ အသင္းအတြက္ ေခ်ပဂိုးကို ေခါင္းတိုက္ သြင္းယူ ျပလိုက္ျပီး ၊ သူကုိယ္တုိင္လဲ ဘာစီလိုနာ အတြက္ အသက္အငယ္ဆံုး ဂိုးသြင္းတဲ့ ဂုဏ္ပုဒ္ ကို ပိုင္ဆုိင္သြားခဲ့ပါတယ္။

လက္ရွိမွာေတာ့ စပိန္ ေဘာလံုးအဖြဲ႔ခ်ဳပ္ဟာ ဖာတီကုိ သူတို႔ အတြက္ ကိ္ုယ္စားျပဳ ကစားေပးဖို႔ စည္းရံုးေရးေတြ ဆင္းေနျပီ ျဖစ္ျပီး ေအာက္တုိဘာလ 26 ရက္ ကေန ႏို၀င္ဘာလ 17 ရက္ေန႔ အထိ က်င္းပမယ့္ ယူ 17 ကမၻာ့ဖလား ျပိဳင္ပြဲမွာ စပိန္ ယူ 17 အသင္းမွာ ေရြးခ်ယ္ဖို႔ လုပ္ေဆာင္လွ်က္ ရွိေနပါတယ္။

ဖာတီ ဟာ ဂီနီယာ ဘစ္ဆာအူ အတြက္ ကစားေပးခြင့္ ရွိေနသည့္တိုင္ေအာင္ စပိန္အတြက္ ကစားမယ္လို႔ သတင္းေတြ ထြက္ေပၚလွ်က္ ရွိေနတဲ့အျပင္ ၊ အကယ္၍ သူဟာ စပိန္ကို ေရြးခ်ယ္လိုက္ပါက စာရြက္ စာတမ္းကိစၥေတြ လုပ္ေဆာင္ဖို႔ လိုအပ္ေနေသးတာေၾကာင့္ ၊ ဘာစီလိုနာ ဟာ သူ႔ကို အနည္းဆံုး 1 လ ၀န္းက်င္ခန္႔ ဆံုးရႈံးရဖြယ္ ရွိေနပါတယ္။

ဖာတီ လို႔ လူငယ္ ၾကယ္ပြင့္ ကစားသမားေလး တစ္ေယာက္ ေပၚထြက္လာျခင္းဟာ စပိန္ အတြက္ေရာ ၊ တစ္ခ်ိန္က နာမည္ၾကီးခဲ့တဲ့ လာမာစီယာ အကယ္ဒမီ အတြက္ပါ သတင္းေကာင္းတစ္ရပ္လို႔ ဆုိခ်င္ပါတယ္ဗ်ာ……….

SM

Unicode

ဘာစီလိုနာ နဲ့ သမိုင်းသစ် မှတ်တမ်းပေါင်း များစွာ ရေးထိုးနေတဲ့ လာမာစီယာရဲ့ နောက်ဆုံး ကြယ်ပွင့် (သို့) အန်ဆူ ဖာတီ
*****************************************************

လွန်ခဲ့တဲ့ လပိုင်း ကအထိ အန်ဆူ ဖာတီ က ဘယ်သူလဲ ဆိုတာ မသိပဲ ဖြစ်နေရင် ဘောလုံးပရိသတ်တွေကို အပြစ်မဆိုသာပေမယ့် လက်ရှိ အချိန်မှာတော့ ဖာတီဟာ ဘယ်လို ကစားသမားမျိုးလဲ ဆိုတာ ရင်းနှီးမှု မရှိသေးရင် ၊ ခေတ်နောက်ကျ ကျန်နေခဲ့ပါလိမ့်မယ် ထင်ပါတယ်။

အန်ဆူ ဖာတီ ဆိုတာ ဘာစီလိုနာ သမိုင်းကြောင်း တစ်လျှောက် –

• အသက် အငယ်ဆုံး နဲ့ ဂိုးသွင်းထားတဲ့သူ
• ချန်ပီယံလိဂ် ပွဲထွက်ကစားခွင့် အသက်အငယ်ဆုံးနဲ့ ရရှိထားသူ
• လာလီဂါ သမိုင်းကြောင်း တစ်လျှောက် တစ်ပွဲထဲ နဲ့ သွင်းဂိုး + ဂိုးဖန်တီးမှုကို ပြုလုပ်နိုင်တဲ့ အသက်အငယ်ဆုံး ဘောလုံးသမား
စတဲ့ မှတ်တမ်းတွေကို ဆက်တိုက် ပိုင်ဆိုင်ထားတဲ့ တောင်ပံ ကစားသမားလေး ဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာတော့ သူဟာ ဘာစီလိုနာ အသင်းအတွက် စတင် ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး ၊ အသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက် ချန်ပီယံလိဂ် ကစားခွင့် အသက်အငယ်ဆုံး နဲ့ ရရှိထားတဲ့ ဘိုဂျန် ကာကစ် ရဲ့ စံချိန်ကို ချိုးဖျက်လိုက်ပြီ ဖြစ်ပါတယ်။ ကာကစ်ဟာ 2007 ခုနှစ်က လီယွန် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အဲဒီ စံချိန်ကို (17 နှစ် 22 ရက်နဲ့) တင်ထားခဲ့တာ ဖြစ်ပြီး ၊ ဖာတီ ကတော့ 16 နှစ် ၊ 10 လ ၊ 14 ရက်နဲ့ အဆိုပါက စံချိန်ကို ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ သူဟာ ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက် အသက် အငယ်ဆုံး ပွဲထွက် ကစားခွင့် ရရှိတဲ့ ဘောလုံးသမား 10 ယောက် စာရင်းမှာ မှတ်တမ်းတင်နိုင်ခဲ့ ပြန်ပါတယ်။

ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူ အဖြစ် ရပ်တည်လျှက် ရှိနေတဲ့ ဘောလုံးသမား ကတော့ ပီတာ အိုဖိုရီ-ကွာယီ ဖြစ်ပြီး 1997 ခုနှစ်က ရိုဆင်ဘော့ အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အိုလံပီယာကော့စ် အသင်းအတွက် သွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။

သူဟာ အဲဒီ အချိန်မှာ အသက် 17 နှစ် နဲ့ 195 ရက် နဲ့ မှတ်တမ်း စံချိန်မှတ်တမ်း ရေးထိုးခဲ့တာ ဖြစ်ပြီး ၊ ဖာတီ အနေနဲ့ အဆိုပါ မှတ်တမ်းကို ချိုးဖျက်ဖို့ အတွက်လဲ ဒီရာသီမှာ အခွင့်အလမ်းတွေ ရရှိလာဖွယ် ရှိနေပါသေးတယ်။

သူဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ဗလင်စီယာ အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို ပွဲစလို့ 2 မီးနစ်မှာပဲ အဖွင့်ဂိုး သွင်းယူ ပြခဲ့တဲ့ အပြင် ၊ နောက်ထပ် 5 မီးနစ် အကြာမှာလဲ အသင်းဖော် ဒီဂျောင် ဂိုးသွင်းနိုင်ဖို့ ဖန်းတီးပြသွားခဲ့တာ ဖြစ်ပါတယ်။ အသက် 16 နှစ် သာ ရှိသေးတဲ့ ဖာတီဟာ လာလီဂါ ပြိုင်ပွဲကြီးမှာ သွင်းဂိုးရော ၊ ဂိုးဖန်တီးမှုပါ 7 မီးနစ် အတွင်း လုပ်ပြသွားခဲ့တာကြောင့် ၊ ဘာစီလိုနာ ပရိသတ်တွေ သာမက တစ်ကမ္ဘာလုံးက စပိန် ဘောလုံး ပရိသတ်တွေပါ အ့့ံအားသင့်ခဲ့ရပြီး၊ ၊ ပြိုင်ပွဲ သမိုင်းကြောင်း တစ်လျှောက် တစ်ပွဲထဲ Goal + Assit ကို ပြုလုပ်နိုင်တဲ့ အသက် အငယ်ဆုံး ဘောလုံးသမား ဆိုတဲ့ မှတ်တမ်းပါ ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဖာတီ ကို 2002 ခုနှစ် အောက်တိုဘာလ 30 ရက်နေ့မှာ အာဖရိက တိုက်က ဂီနီယာ-ဆစ်ဆာအူ နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ အဲဒီမှာ 6 နှစ်တာ ဖြတ်ကျော်ခဲ့ပြီးနောက် စပိန် တောင်ပိုင်းက ဟာရီးရား ဆိုတဲ့ မြို့လေးဆီ ပြောင်းရွှေ့အခြေချခဲ့ကြပါတယ်။ သူ့ရဲ့ ဖခင် ဘိုရီဟာ ဆီမီး ပရို ဘောလုံးသမား တစ်ယောက် ဖြစ်ခဲ့ပြီး ၊ ဟာရီးရား မြို့တော်ဝန် ရဲ့ ဒရိုက်ဘာ အလုပ်ကို လုပ်ကိုင်ခွင့် ရရှိခဲ့တာကြောင့် ၊ အခုလို မိသားစုအလိုုက် ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဖာတီတို့ မိသားစုမှာ စပိန် ဘောလုံး လောကကို စတင်ဝင်ရောက်နိုင်ခဲ့သူဟာ အကြီးဆုံးသား ဖြစ်တဲ့ ဘရာအီမာ ဖြစ်ပြီး ၊ ဆီဗီလာ အကယ်ဒမီ မှာ စတင် ၀င်ရောက်ခွင့် ရရှိခဲ့တာပါ။ အဲဒီနောက် ဖာတီဟာ သူ့ရဲ့ ဘောလုံး စွမ်းဆောင်ရည်တွေကြောင့် စပိန်မှာ နာမည်ကြီး လူငယ်လေးတစ်ယောက် ဖြစ်လာခဲ့သလို ၊ အင်အားကြီး ကလပ်ပေါင်း များစွာရဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။

ဖခင်ဖြင်သူ ဘိုရီ ရဲ့ ပြောပြချက် အရ ဖာတီ ကို ခေါ်ယူဖို့ လစာ အများဆုံးပေးခဲ့တာ ရီးရဲ မက်ဒရစ် ဖြစ်တယ်လို့ သိရပြီး ၊ ဘာစီလိုနာ ကတော့ ကစားသမားကို လိုလိုချင်ချင် နဲ့ ကြိုးစားခဲ့သလို ၊ အိမ်အထိပါ လာရောက် လည်ပတ်ပြီး စည်းရုံးခဲ့တာကြောင့် ဘာစီလိုနာ ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာစီလိုနာ ဟာ ဖာတီ တို့ မိသားစု တစ်ခုလုံးကို လာမာစီယာ ပရဝုဏ် အတွင်း နေထိုင်စရာပါ စီစဉ်ပေးခဲ့တာကြောင့် ၊ မိသားစု တစ်ခုလုံး လာမာစီယာ ကို ပြောင်းရွှေ့လာခဲ့ကြတဲ့ အပြင် ၊ သားကြီး ဘရာအီမာ ၊ ဖာတီ နဲ့ သားငယ် မီဂွယ် တို့ပါက လာမာစီယာ မှာ ၀င်ရောက်ခဲ့ကြပါတယ်။

2014 ခုနှစ်မှာ ဘာစီလိုနာ ဟာ လူငယ် ကစားသမား ခေါ်ယူခွင့်ကို ရုတ်တရက် ပိတ်ပင်ခံလိုက်ရတာကြောင့် ဖာတီဟာ အသင်းနဲ့ တရားဝင် မှတ်ပုံတင်နိုင်ခြင်း မရှိခဲ့သလို ၊ 2015 ခုနှစ်မှာလဲ ခြေထောက်ကျိုးသွားတဲ့ ဒဏ်ရာ ရရှိခဲ့လို့ ကာလရှည် အနားယူခဲ့ရပါသေးတယ်။

တကယ်တော့ ဖာတီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကတည်းက လူငယ် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေခဲ့ပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲမှာ ချဲဆီး အသင်းဘက်ကို သူတစ်ဦးထဲ 2 ဂိုး သွင်းယူခဲ့ပေမယ့် ၊ ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာမှာတော့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။ သို့သော် စီနီယာ ပွဲထွက် ကစားခွင့် ဆိုတာတော့ အလွန်ကိုု အလှမ်းဝေးလွန်းနေဆဲပါ……

ဖာတီ အတွက် စီနီယာ အသင်းကြီး ပွဲထွက် ကစားခွင့်ရဖို့ အကြောင်းဖန်လာခဲ့တာကလဲ ကြံကြံဖန်ဖန် အနေအထား တစ်ခု ကနေ ဖြစ်ပါတယ်။ ဟော်လန် လူငယ် ကစားသမားလေး ဆိုင်မွန်ဇာဗီဟာ ဘာစီလိုနာ ပရိသတ် တိုင်းရဲ့အသည်းကျော် ကစားသမား ဖြစ်ပြီး ၊ အသင်းရဲ့ အနာဂတ် မျှော်လင့်ချက်လို့ သတ်မှတ်ထားခဲ့သည့်တိုင်အောင် ၊ ပြီးခဲ့တဲ့ နွေရာသီက ပီအက်စ်ဂျီ အသင်းထံ မမျှော်လင့်ပဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အဲဒီ အပြောင်းအရွှေ့ကြောင့်ပဲ ဘာစီလိုနာ က ဖာတီ ကို ချက်ခြင်း 3 နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး ၊ အသက် 16 နှစ် အရွယ်ပဲ ရှိနေသေးသည့် တိုင်အောင် စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေးကို ယူရို သန်း 100 အထိ သတ်မှတ်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အခွင့်အရေး ပေါ်လာပါက စီနီယာ အသင်းကြီးအထိပါ တို့မြှင့် ကစားခွင့်ပေးဖို့ ရည်ရွယ်ထားခဲ့တာပါ။

လာလီဂါ အဖွင့်ပွဲစဉ် ဖြစ်တဲ့ ဘီဘာအို နဲ့ ပွဲမှာတော့ ဖာတီဟာ အသင်းရဲ့ အရံ ကစားသမား စာရင်းတောင် ပါ၀င်နိုင်ခဲ့ခြင်း မရှိပေမယ့် ၊ အဲဒီ ပွဲမှာ ဒမ်ဘီလီ ၊ ဆွာရက် တို့ ဒဏ်ရာ ကိုယ်စီရရှိသွားတာကြောင့် ၊ သူ့အတွက် စတင် ပွဲထွက် ကစားခွင့် ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ နည်းပြ ဗယ်ဗာဒီဟာ ဒမ်ဘီလီ ၊ မက်ဆီ ၊ ဆွာရက် တို့ မရှိတော့တဲ့ တိုက်စစ်ပြသနာ အတွက် ချက်ခြင်း အဖြေရှာဖို့ ကြိုးစားလာခဲ့သလို ၊ 16 နှစ်သား ဖာတီကိုလဲ အသင်းကြီးအတွက် ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဘက်တစ်ကို 5-1 နဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာတော့ ဖာတီဟာ အသင်းအတွက် 10 မီးနစ်ခန့် ကို လူစားလဲ ၀င်ရောက် ကစားခွင့် ရရှိခဲ့ပြီး ၊ သူ့ရဲ့ အလားအလာကောင်း တစ်ချို့ကို ပြသသွားနိုင်ခဲ့တာကြောင့် ၊ ပွဲအပြီးမှာ မက်ဆီ ကိုယ်တိုင်က ပွေ့ဖက်ပြီး ဂုဏ်ပြုချီးကျူးစကား တွေ ပြောဆိုတာ ခံလိုက်ရပါတယ်။

အိုဆာဆူနာ နဲ့ ကစားတဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာ အသင်းဟာ ပထမပိုင်းမှာ 1-0 နဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် ၊ ဗယ်ဗာဒီဟာ ဒုတိယ ပိုင်း အစမှာကတည်းက ဖာတီကို ထည့်သွင်း ကစားခဲ့ပါတယ်။ ဖာတီဟာ ကွင်းထဲ ၀င်ရောက်လို့ မကြာခင်မှာပဲ အသင်းအတွက် ချေပဂိုးကို ခေါင်းတိုက် သွင်းယူ ပြလိုက်ပြီး ၊ သူကိုယ်တိုင်လဲ ဘာစီလိုနာ အတွက် အသက်အငယ်ဆုံး ဂိုးသွင်းတဲ့ ဂုဏ်ပုဒ် ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

လက်ရှိမှာတော့ စပိန် ဘောလုံးအဖွဲ့ချုပ်ဟာ ဖာတီကို သူတို့ အတွက် ကိ်ုယ်စားပြု ကစားပေးဖို့ စည်းရုံးရေးတွေ ဆင်းနေပြီ ဖြစ်ပြီး အောက်တိုဘာလ 26 ရက် ကနေ နိုဝင်ဘာလ 17 ရက်နေ့ အထိ ကျင်းပမယ့် ယူ 17 ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စပိန် ယူ 17 အသင်းမှာ ရွေးချယ်ဖို့ လုပ်ဆောင်လျှက် ရှိနေပါတယ်။

ဖာတီ ဟာ ဂီနီယာ ဘစ်ဆာအူ အတွက် ကစားပေးခွင့် ရှိနေသည့်တိုင်အောင် စပိန်အတွက် ကစားမယ်လို့ သတင်းတွေ ထွက်ပေါ်လျှက် ရှိနေတဲ့အပြင် ၊ အကယ်၍ သူဟာ စပိန်ကို ရွေးချယ်လိုက်ပါက စာရွက် စာတမ်းကိစ္စတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတာကြောင့် ၊ ဘာစီလိုနာ ဟာ သူ့ကို အနည်းဆုံး 1 လ ၀န်းကျင်ခန့် ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

ဖာတီ လို့ လူငယ် ကြယ်ပွင့် ကစားသမားလေး တစ်ယောက် ပေါ်ထွက်လာခြင်းဟာ စပိန် အတွက်ရော ၊ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ လာမာစီယာ အကယ်ဒမီ အတွက်ပါ သတင်းကောင်းတစ်ရပ်လို့ ဆိုချင်ပါတယ်ဗျာ……….

SM