ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ ကြင္းလယ္ တိုက္စစ္ ကစားသမား ေမဆင္ေမာင့္ ဟာ ယေန႕ မနက္ က ကစား သြားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ ပြဲစဥ္ ျဖစ္တဲ့ ဗလင္စီယာ နဲ႕ အသင္း နဲ႕ ပြဲရဲ႕ ပြဲခ်ိန္ ၁၆ မိနစ္ မွာပဲ ျပိဳင္ဖက္ ကြင္းလယ္လူ ကိုကြီလင္ ရဲ႕ ျဖတ္ထုတ္ပံု ၾကမ္းတမ္းမႈ ေၾကာင့္ ဒဏ္ရာ ရရွိ ခဲ့ကာ ပတ္ဒရို နဲ႕ လူစားလဲ ခံခဲ့ ရပါတယ္ ။

ေမာင့္ ဟာ ယခုႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ ရဲ႕ အၾကိဳက္ ကစားသမား ျဖစ္သလို ၊ လမ္းပတ္ ရဲ႕ ကစားကြက္ မွာ မရွိမျဖစ္ အေရးပါတဲ့ ကစားသမား တေယာက္ လည္း ျဖစ္ပါတယ္ ။ ပရီးမီးယားလိဂ္ သြင္းဂိုး ၃ဂိုး အထိ ရရွိ ထားသလို ၊ ၄င္းရဲ႕ အသင္းေဖာ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ေျခစြမ္း ျပေနတာဟာ ေမဆင္ေမာင့္ ရဲ႕ ပံ့ပိုးမႈ ေတြေၾကာင့္ လည္း ျဖစ္ပါတယ္ ။

ယေန႕ မနက္က ပြဲမွာ ေမာင့္ ဒဏ္ရာေၾကာင့္ ကြင္းထဲက ထြက္သြားျပီးေနာက္ မွာ ေအဘရာဟမ္ ဆီလည္း ေဘာလံုး ေပးပို႕မႈ နည္းခဲ့တာ ကို ေတြ႕ရပါတယ္ ။ ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က ေမဆင္ေမာင့္ ဟာ ေျခက်င္းဝတ္ ဒဏ္ရာ ရခဲ့တာ ျဖစ္ေၾကာင္း ၊ အေျခအေန ဘယ္ေလာက္ ျပင္းထန္လဲ ဆိုတာ မသိရေသးေပမယ့္ လာမယ့္ တရက္ ၊ ၂ရက္ အတြင္းမွာ ေသခ်ာ စစ္ေဆး သြားမွာ ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္ ။

လမ္းပတ္ က ” ေမဆင္ ဟာ ေျခက်င္းဝတ္ ဒဏ္ရာ ရထားပါတယ္ ။ အေျခအေန က ဘယ္ေလာက္ ထိ ဆိုးရြား ေနလဲ ဆိုတာေတာ့ ကြ်န္ေတာ္ တို႔ မသိေသးပါဘူး ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ လာမယ့္ ၂၄ နာရီ ၊ ၄၈ နာရီ အတြင္း သူ႕ရဲ႕ ဒဏ္ရာ အေနအထား ကို ေသခ်ာ စစ္ေဆး သြားမွာပါ ။ ဘယ္ အခ်ိန္ေလာက္ ျပန္ကစား ေပးႏိုင္မလဲ ဆိုတာက ေျပာဖို႕ ေစာပါေသးတယ္ ။ ”

” ေမဆင္ ရဲ႕ ဒဏ္ရာ က ကြ်န္ေတာ္ တို႕ အတြက္ ထိုးႏွက္ခ်က္ တခု ျဖစ္ပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူဟာ ကြ်န္ေတာ္ တို႕ အသင္း အတြက္ ျမင့္မားတဲ့ စြမ္းေဆာင္ရည္ ေတြနဲ႕ အက်ိဳးျပဳ ထားတာေၾကာင့္ပါ ။ ေနာက္ျပီး သူ႕ရဲ႕ ဒဏ္ရာ ကို ေနာက္ထပ္ ဆိုးဆိုးရြားရြား မျဖစ္ေစခ်င္တာေၾကာင့္ ကြ်န္ေတာ္ တို႕ သူ႕ကို ေစာေစာစီးစီး လူစားလဲခဲ့တာ ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး လမ္းပတ္ က ယေန႕ မနက္ က ဗလင္စီယာ အသင္း နဲ႕ ပြဲစဥ္ မွာ ၄င္းတို႕ အသင္း ဟာ ကစားပံု ေကာင္းရက္နဲ႕ အႏိုင္မရခဲ့တာ စိတ္ပ်က္စရာ ျဖစ္ေၾကာင္း ၊ အနည္းဆံုး သေရ ရလဒ္ ေလာက္ေတာ့ စြမ္းေဆာင္ ႏိုင္ခဲ့သင့္ေၾကာင္း ၊ ဒါေပမယ့္ အုပ္စု လက္က်န္ ၅ပြဲ ကေန ရလဒ္ေကာင္း ေတြ ဆက္လက္ ထြက္ေပၚေအာင္ ၾကိဳးစား ရမွာ ျဖစ္ေၾကာင္း ထပ္မံ ေျပာဆို ခဲ့ပါတယ္ ။

လမ္းပတ္ က ” ဟုတ္ပါတယ္ ။ ဒီေန႕ပြဲ ကို ကြ်န္ေတာ္ တို႕ အႏိုင္ ရလဒ္ ျဖစ္ေအာင္ ပံုေဖာ္ ခဲ့သင့္တယ္ ဆိုတာ သံသယ ရွိစရာေတာင္ မလိုပါဘူး ။ အႏိုင္ရလဒ္ က ပိုျဖစ္ႏိုင္ပါတယ္ ။ ဒါေပမယ့္ မႏိုင္ဘူး ဆိုရင္ေတာင္ အနည္းဆံုး သေရ ရလဒ္ေတာ့ ရေအာင္ ယူခဲ့သင့္ပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ ဒီေန႕ ပြဲခ်ိန္ အတြင္းမွာ အပိုင္ အခြင့္အေရး ေတြ မဟုတ္ခဲ့ရင္ေတာင္ အခြင့္အေရးေကာင္း တခ်ိဳ႕ ကို ဖန္တီး ႏိုင္ခဲ့ပါတယ္ ။ ”

” ပင္နယ္တီ အခြင့္အေရး ရခဲ့ေပမယ့္ ကြ်န္ေတာ္ တို႕ဟာ ျပိဳင္ဖက္ အသင္း ရဲ႕ တလံုးတည္းေသာ ဂိုးေပါက္ တည့္မတ္မႈ ကေန အႏိုင္ဂိုး ခြင့္ျပဳ ခဲ့ရပါတယ္ ။ ဒါဟာ ခ်န္ပီယံလိဂ္ လို ျပိဳင္ပြဲ က ေပးလိုက္တဲ့ သင္ခန္းစာ တခုပါ ။ ကိုယ့္ အသင္း ကစားပံု ေကာင္းေနရင္ေတာင္ ၊ တပြဲလံုး အသာစီး ရေနရင္ေတာင္ ရႈံးႏိုင္ေသးတယ္ ဆိုတာ ျပသ သြားခဲ့ပါတယ္ ။ သတင္းေကာင္း ကေတာ့ ကြ်န္ေတာ္ တို႕မွာ ကစားရမယ့္ အုပ္စု ပြဲစဥ္ ၅ပြဲ က်န္ပါေသးတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

မေဆင်မောင့် ရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ အကြောင်း ချယ်လ်ဆီး ပရိသတ် တွေကို အသိပေးခဲ့တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ဟာ ယနေ့ မနက် က ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် ဖြစ်တဲ့ ဗလင်စီယာ နဲ့ အသင်း နဲ့ ပွဲရဲ့ ပွဲချိန် ၁၆ မိနစ် မှာပဲ ပြိုင်ဖက် ကွင်းလယ်လူ ကိုကွီလင် ရဲ့ ဖြတ်ထုတ်ပုံ ကြမ်းတမ်းမှု ကြောင့် ဒဏ်ရာ ရရှိ ခဲ့ကာ ပတ်ဒရို နဲ့ လူစားလဲ ခံခဲ့ ရပါတယ် ။

မောင့် ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ အကြိုက် ကစားသမား ဖြစ်သလို ၊ လမ်းပတ် ရဲ့ ကစားကွက် မှာ မရှိမဖြစ် အရေးပါတဲ့ ကစားသမား တယောက် လည်း ဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် သွင်းဂိုး ၃ဂိုး အထိ ရရှိ ထားသလို ၊ ၄င်းရဲ့ အသင်းဖော် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ခြေစွမ်း ပြနေတာဟာ မေဆင်မောင့် ရဲ့ ပံ့ပိုးမှု တွေကြောင့် လည်း ဖြစ်ပါတယ် ။

ယနေ့ မနက်က ပွဲမှာ မောင့် ဒဏ်ရာကြောင့် ကွင်းထဲက ထွက်သွားပြီးနောက် မှာ အေဘရာဟမ် ဆီလည်း ဘောလုံး ပေးပို့မှု နည်းခဲ့တာ ကို တွေ့ရပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က မေဆင်မောင့် ဟာ ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့တာ ဖြစ်ကြောင်း ၊ အခြေအနေ ဘယ်လောက် ပြင်းထန်လဲ ဆိုတာ မသိရသေးပေမယ့် လာမယ့် တရက် ၊ ၂ရက် အတွင်းမှာ သေချာ စစ်ဆေး သွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” မေဆင် ဟာ ခြေကျင်းဝတ် ဒဏ်ရာ ရထားပါတယ် ။ အခြေအနေ က ဘယ်လောက် ထိ ဆိုးရွား နေလဲ ဆိုတာတော့ ကျွန်တော် တို့ မသိသေးပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ဟာ လာမယ့် ၂၄ နာရီ ၊ ၄၈ နာရီ အတွင်း သူ့ရဲ့ ဒဏ်ရာ အနေအထား ကို သေချာ စစ်ဆေး သွားမှာပါ ။ ဘယ် အချိန်လောက် ပြန်ကစား ပေးနိုင်မလဲ ဆိုတာက ပြောဖို့ စောပါသေးတယ် ။ ”

” မေဆင် ရဲ့ ဒဏ်ရာ က ကျွန်တော် တို့ အတွက် ထိုးနှက်ချက် တခု ဖြစ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ကျွန်တော် တို့ အသင်း အတွက် မြင့်မားတဲ့ စွမ်းဆောင်ရည် တွေနဲ့ အကျိုးပြု ထားတာကြောင့်ပါ ။ နောက်ပြီး သူ့ရဲ့ ဒဏ်ရာ ကို နောက်ထပ် ဆိုးဆိုးရွားရွား မဖြစ်စေချင်တာကြောင့် ကျွန်တော် တို့ သူ့ကို စောစောစီးစီး လူစားလဲခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ယနေ့ မနက် က ဗလင်စီယာ အသင်း နဲ့ ပွဲစဉ် မှာ ၄င်းတို့ အသင်း ဟာ ကစားပုံ ကောင်းရက်နဲ့ အနိုင်မရခဲ့တာ စိတ်ပျက်စရာ ဖြစ်ကြောင်း ၊ အနည်းဆုံး သရေ ရလဒ် လောက်တော့ စွမ်းဆောင် နိုင်ခဲ့သင့်ကြောင်း ၊ ဒါပေမယ့် အုပ်စု လက်ကျန် ၅ပွဲ ကနေ ရလဒ်ကောင်း တွေ ဆက်လက် ထွက်ပေါ်အောင် ကြိုးစား ရမှာ ဖြစ်ကြောင်း ထပ်မံ ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ဒီနေ့ပွဲ ကို ကျွန်တော် တို့ အနိုင် ရလဒ် ဖြစ်အောင် ပုံဖော် ခဲ့သင့်တယ် ဆိုတာ သံသယ ရှိစရာတောင် မလိုပါဘူး ။ အနိုင်ရလဒ် က ပိုဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် မနိုင်ဘူး ဆိုရင်တောင် အနည်းဆုံး သရေ ရလဒ်တော့ ရအောင် ယူခဲ့သင့်ပါတယ် ။ ကျွန်တော် တို့ဟာ ဒီနေ့ ပွဲချိန် အတွင်းမှာ အပိုင် အခွင့်အရေး တွေ မဟုတ်ခဲ့ရင်တောင် အခွင့်အရေးကောင်း တချို့ ကို ဖန်တီး နိုင်ခဲ့ပါတယ် ။ ”

” ပင်နယ်တီ အခွင့်အရေး ရခဲ့ပေမယ့် ကျွန်တော် တို့ဟာ ပြိုင်ဖက် အသင်း ရဲ့ တလုံးတည်းသော ဂိုးပေါက် တည့်မတ်မှု ကနေ အနိုင်ဂိုး ခွင့်ပြု ခဲ့ရပါတယ် ။ ဒါဟာ ချန်ပီယံလိဂ် လို ပြိုင်ပွဲ က ပေးလိုက်တဲ့ သင်ခန်းစာ တခုပါ ။ ကိုယ့် အသင်း ကစားပုံ ကောင်းနေရင်တောင် ၊ တပွဲလုံး အသာစီး ရနေရင်တောင် ရှုံးနိုင်သေးတယ် ဆိုတာ ပြသ သွားခဲ့ပါတယ် ။ သတင်းကောင်း ကတော့ ကျွန်တော် တို့မှာ ကစားရမယ့် အုပ်စု ပွဲစဉ် ၅ပွဲ ကျန်ပါသေးတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR