ယေန႕ မနက္ က ကစား သြားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ပြဲစဥ္ တပြဲ ျဖစ္တဲ့ ခ်ယ္လ္ဆီး – ဗလင္စီယာ ပြဲစဥ္ မွာ တိုက္စစ္မွဴး ရိုဒရီဂို ရဲ႕ တလံုးတည္းေသာ သြင္းဂိုး နဲ႕ အတူ ဗလင္စီယာ တို႕ အိမ္ရွင္ ခ်ယ္လ္ဆီး ကို ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ မွာ ပထမဆံုး အႏိုင္ ရခဲ့ျပီ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ မနက္ က ပြဲမွာ သေရ က်ဖို႕ အခြင့္အေရး ပိုင္ဆိုင္ ခဲ့ေပမယ့္ ဘာကေလ ျဖဳန္းတီးပစ္ခဲ့ပါတယ္ ။

ဘာကေလ ဟာ မိနစ္ ၈၀ မွာမွ ကိုဗာဆစ္ အစား လူစားဝင္ လာခဲ့ျပီး ၈၇ မိနစ္ မွာ ေထာင့္ကန္ေဘာ မွ တိုမိုရီ ရဲ႕ ေခါင္းတိုက္ခ်က္ ဗလင္စီယာ ေနာက္ခံလူ ဒန္နီယယ္ ဝက္စ္ ရဲ႕ လက္နဲ႕ ထိခဲ့လို႕ VAR ရဲ႕ အကူအညီ ေၾကာင့္ ခ်ယ္လ္ဆီး တို႕ ကံေကာင္း ေထာက္မစြာ နဲ႕ ေခ်ပဂိုး ရဖို႕ အတြက္ မဟာ အခြင့္အေရးၾကီး တခု ကို ပိုင္ဆိုင္ ခဲ့ပါတယ္ ။

သို႕ေပမယ့္ လည္း ထို ပင္နယ္တီ ကန္ဖို႕ ဘာကေလ ဟာ အသင္းေဖာ္ ၂ဦး ျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟို ၊ ဝီလီယံ တို႕နဲ႕ လုကန္ ခဲ့တာ ျဖစ္ျပီး သူ႕ရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲမွာ ဂိုးရခ်င္ေဇာ နဲ႕ စိတ္လႈပ္ရွားမႈ မ်ားေနျခင္းေၾကာင့္ ၄င္းရဲ႕ ပင္နယ္တီ ကန္ခ်က္ က ဘားတန္း ထိထြက္ခဲ့ ရပါတယ္ ။ ပင္နယ္တီ လြဲေခ်ာ္တာ အျပစ္ မဟုတ္ေပမယ့္ အသင္းေဖာ္ ေတြနဲ႕ လုကန္ ရတဲ့ အေနအထားေၾကာင့္ ခ်ယ္လ္ဆီး ပရိသတ္ ေတြက ၄င္း အေပၚ အေတာ္ စိတ္ပ်က္ ေနၾကပါတယ္ ။

ပြဲျပီး BT Sport နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ နည္းျပ ျဖစ္သူ ဖရန္႕ လမ္းပတ္ က ပင္နယ္တီ ကန္ဖို႕ တာဝန္ ကို ဘာကေလ ထံ သူပဲ ေပးအပ္ ခဲ့တာ ျဖစ္ေၾကာင္း ၊ ေဂ်ာ္ဂ်င္ဟို နဲ႕ ဝီလီယံ ဟာ ဘာကေလ ျပီးမွ ပင္နယ္တီ ကန္ခြင့္ရမယ့္ သူေတြ ျဖစ္ေၾကာင္း ၊ ပင္နယ္တီ လြဲေခ်ာ္ ခဲ့လို႕လည္း အဝတ္လဲခန္း ထဲမွာ အသင္းေဖာ္ အခ်င္းခ်င္း မသင့္ျမတ္ ေနတာမ်ိဳး လံုးဝ မရွိေနေၾကာင္း ဆိုခဲ့ပါတယ္ ။

လမ္းပတ္ က ” ေရာ့စ္ ဟာ ဒီေန႕ ပြဲမွာ လူစားဝင္ ကစားခြင့္ ရရွိခဲ့တာေၾကာင့္ ကြ်န္ေတာ္ သတ္မွတ္ ထားတဲ့ ပံုစံ အရ သူဟာ ပင္နယ္တီ ကန္ခြင့္ အရင္ ရမယ့္ ကစားသမား ျဖစ္ပါတယ္ ။ အဲ့ဒီေနာက္ သူ ကန္တယ္ ၊ လြဲခဲ့တယ္ ။ ပင္နယ္တီ မကန္ခင္ အသင္းေဖာ္ အခ်င္းခ်င္း စကားမ်ား ၾကတဲ့ ကိစၥ ဟာ မီဒီယာ ေတြ အတြက္ ကေတာ့ ဖြဖို႕ သတင္းၾကီးၾကီး တခု ရသြားတာေပါ့ဗ်ာ ။ ”

” အကယ္၍ ေရာ့စ္ သာ ပင္နယ္တီ ဝင္ခဲ့မယ္ ဆိုရင္ ဒီလိုမ်ိဳး ခ်ဲ႕ကား ေနမယ့္ အေၾကာင္း ေျပာေနၾကမွာ မဟုတ္ပါဘူး ။ ဒါေပမယ့္ သူ လဲြခဲ့တယ္ ။ ဒါပါပဲ ။ အႏိုင္ရသင့္တဲ ပြဲမွာ မႏိုင္ခဲ့လို႕ စိတ္ပ်က္တာ ကေတာ့ သူ အပါအဝင္ ကြ်န္ေတာ္ တို႕ တသင္းလံုး ပါပဲ ။ ဒါေပမယ့္ အဝတ္လဲခန္း ထဲမွာေတာ့ ဘာ ျပႆနာ မွ မရွိေနပါဘူး ။ ေရာ့စ္ ဟာ ရာသီၾကိဳ ပြဲစဥ္ ေတြမွာ ကတည္းက ကြ်န္ေတာ္ တို႕ အသင္းရဲ႕ ပင္နယ္တီ ကန္သြင္း ေနတဲ့သူပါပဲ ။ ”

” ပင္နယ္တီ မကန္ခင္ သူတို႕ ဘာေတြ ေျပာေနၾကလဲ ဆိုတာေတာ့ ကြ်န္ေတာ္ မသိပါဘူး ။ အေစာပိုင္း မွာ ဝီလီယံ နဲ႕ ေဂ်ာ္ဂ်င္ဟို ပဲ ကြင္းထဲမွာ ရွိၾကပါတယ္ ။ အဲ့ဒီေတာ့ ေရာ့စ္ သာ မဝင္လာဘူး ဆိုရင္ သူတို႕ဟာ ဒီ ပင္နယ္တီ ကို ကန္သြင္းၾကမယ့္ သူေတြပါပဲ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ တဖက္ မွာ အသင္း ေခါင္းေဆာင္ အက္ဇ္ပီလီကြီတာ ကလည္း ဘာကေလ ဟာ ပင္နယ္တီ အဆံုးသတ္ အေကာင္းဆံုး ကစားသမား ေတြထဲက တေယာက္ ျဖစ္ေၾကာင္း ကာကြယ္ ေျပာဆို ခဲ့ပါတယ္ ။

အက္ဇ္ပီ က ” ေရာ့စ္ ဟာ ကြ်န္ေတာ္ တို႕ အသင္း ရဲ႕ ပင္နယ္တီ အဆံုးသတ္ အေကာင္းဆံုး ကစားသမား တဦး ျဖစ္တာေၾကာင့္ သူ ဒီ ပင္နယ္တီ ကို ကန္ခြင့္ ရခဲ့တာပါ ။ သူ႕မွာ ပင္နယ္တီ ကန္သြင္းဖို႕ ယံုၾကည္ခ်က္ အျပည့္ ရွိေနေပမယ့္ ကံဆိုးလို႕ ဂိုးဘားတန္း ထိခဲ့ရပါတယ္ ။ က်န္တဲ့ အသင္းေဖာ္ ေတြကလည္း သူ႕ အတြက္ ဆက္လက္ျပီး အားေပး ေနၾကတုန္းပါပဲ ။ ေနာက္တခါ ဆိုရင္ ေရာ့စ္ ဟာ ပင္နယ္တီ ကို ဝင္ေအာင္ အဆံုးသတ္ ျပပါလိမ့္မယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဘာကလေ ပင်နယ်တီ လွဲချော် ခဲ့ပြီးနောက် ချယ်လ်ဆီး အသင်း ရဲ့ အဝတ်လဲခန်း အခြေအနေ အကြောင်း ပြောပြ လိုက်တဲ့ #လမ်းပတ်

ယနေ့ မနက် က ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် တပွဲ ဖြစ်တဲ့ ချယ်လ်ဆီး – ဗလင်စီယာ ပွဲစဉ် မှာ တိုက်စစ်မှူး ရိုဒရီဂို ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ အတူ ဗလင်စီယာ တို့ အိမ်ရှင် ချယ်လ်ဆီး ကို ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ပထမဆုံး အနိုင် ရခဲ့ပြီ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ယနေ့ မနက် က ပွဲမှာ သရေ ကျဖို့ အခွင့်အရေး ပိုင်ဆိုင် ခဲ့ပေမယ့် ဘာကလေ ဖြုန်းတီးပစ်ခဲ့ပါတယ် ။

ဘာကလေ ဟာ မိနစ် ၈၀ မှာမှ ကိုဗာဆစ် အစား လူစားဝင် လာခဲ့ပြီး ၈၇ မိနစ် မှာ ထောင့်ကန်ဘော မှ တိုမိုရီ ရဲ့ ခေါင်းတိုက်ချက် ဗလင်စီယာ နောက်ခံလူ ဒန်နီယယ် ဝက်စ် ရဲ့ လက်နဲ့ ထိခဲ့လို့ VAR ရဲ့ အကူအညီ ကြောင့် ချယ်လ်ဆီး တို့ ကံကောင်း ထောက်မစွာ နဲ့ ချေပဂိုး ရဖို့ အတွက် မဟာ အခွင့်အရေးကြီး တခု ကို ပိုင်ဆိုင် ခဲ့ပါတယ် ။

သို့ပေမယ့် လည်း ထို ပင်နယ်တီ ကန်ဖို့ ဘာကလေ ဟာ အသင်းဖော် ၂ဦး ဖြစ်တဲ့ ဂျော်ဂျင်ဟို ၊ ဝီလီယံ တို့နဲ့ လုကန် ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပွဲမှာ ဂိုးရချင်ဇော နဲ့ စိတ်လှုပ်ရှားမှု များနေခြင်းကြောင့် ၄င်းရဲ့ ပင်နယ်တီ ကန်ချက် က ဘားတန်း ထိထွက်ခဲ့ ရပါတယ် ။ ပင်နယ်တီ လွဲချော်တာ အပြစ် မဟုတ်ပေမယ့် အသင်းဖော် တွေနဲ့ လုကန် ရတဲ့ အနေအထားကြောင့် ချယ်လ်ဆီး ပရိသတ် တွေက ၄င်း အပေါ် အတော် စိတ်ပျက် နေကြပါတယ် ။

ပွဲပြီး BT Sport နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် က ပင်နယ်တီ ကန်ဖို့ တာဝန် ကို ဘာကလေ ထံ သူပဲ ပေးအပ် ခဲ့တာ ဖြစ်ကြောင်း ၊ ဂျော်ဂျင်ဟို နဲ့ ဝီလီယံ ဟာ ဘာကလေ ပြီးမှ ပင်နယ်တီ ကန်ခွင့်ရမယ့် သူတွေ ဖြစ်ကြောင်း ၊ ပင်နယ်တီ လွဲချော် ခဲ့လို့လည်း အဝတ်လဲခန်း ထဲမှာ အသင်းဖော် အချင်းချင်း မသင့်မြတ် နေတာမျိုး လုံးဝ မရှိနေကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ရော့စ် ဟာ ဒီနေ့ ပွဲမှာ လူစားဝင် ကစားခွင့် ရရှိခဲ့တာကြောင့် ကျွန်တော် သတ်မှတ် ထားတဲ့ ပုံစံ အရ သူဟာ ပင်နယ်တီ ကန်ခွင့် အရင် ရမယ့် ကစားသမား ဖြစ်ပါတယ် ။ အဲ့ဒီနောက် သူ ကန်တယ် ၊ လွဲခဲ့တယ် ။ ပင်နယ်တီ မကန်ခင် အသင်းဖော် အချင်းချင်း စကားများ ကြတဲ့ ကိစ္စ ဟာ မီဒီယာ တွေ အတွက် ကတော့ ဖွဖို့ သတင်းကြီးကြီး တခု ရသွားတာပေါ့ဗျာ ။ ”

” အကယ်၍ ရော့စ် သာ ပင်နယ်တီ ဝင်ခဲ့မယ် ဆိုရင် ဒီလိုမျိုး ချဲ့ကား နေမယ့် အကြောင်း ပြောနေကြမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် သူ လွဲခဲ့တယ် ။ ဒါပါပဲ ။ အနိုင်ရသင့်တဲ ပွဲမှာ မနိုင်ခဲ့လို့ စိတ်ပျက်တာ ကတော့ သူ အပါအဝင် ကျွန်တော် တို့ တသင်းလုံး ပါပဲ ။ ဒါပေမယ့် အဝတ်လဲခန်း ထဲမှာတော့ ဘာ ပြဿနာ မှ မရှိနေပါဘူး ။ ရော့စ် ဟာ ရာသီကြို ပွဲစဉ် တွေမှာ ကတည်းက ကျွန်တော် တို့ အသင်းရဲ့ ပင်နယ်တီ ကန်သွင်း နေတဲ့သူပါပဲ ။ ”

” ပင်နယ်တီ မကန်ခင် သူတို့ ဘာတွေ ပြောနေကြလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး ။ အစောပိုင်း မှာ ဝီလီယံ နဲ့ ဂျော်ဂျင်ဟို ပဲ ကွင်းထဲမှာ ရှိကြပါတယ် ။ အဲ့ဒီတော့ ရော့စ် သာ မဝင်လာဘူး ဆိုရင် သူတို့ဟာ ဒီ ပင်နယ်တီ ကို ကန်သွင်းကြမယ့် သူတွေပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ တဖက် မှာ အသင်း ခေါင်းဆောင် အက်ဇ်ပီလီကွီတာ ကလည်း ဘာကလေ ဟာ ပင်နယ်တီ အဆုံးသတ် အကောင်းဆုံး ကစားသမား တွေထဲက တယောက် ဖြစ်ကြောင်း ကာကွယ် ပြောဆို ခဲ့ပါတယ် ။

အက်ဇ်ပီ က ” ရော့စ် ဟာ ကျွန်တော် တို့ အသင်း ရဲ့ ပင်နယ်တီ အဆုံးသတ် အကောင်းဆုံး ကစားသမား တဦး ဖြစ်တာကြောင့် သူ ဒီ ပင်နယ်တီ ကို ကန်ခွင့် ရခဲ့တာပါ ။ သူ့မှာ ပင်နယ်တီ ကန်သွင်းဖို့ ယုံကြည်ချက် အပြည့် ရှိနေပေမယ့် ကံဆိုးလို့ ဂိုးဘားတန်း ထိခဲ့ရပါတယ် ။ ကျန်တဲ့ အသင်းဖော် တွေကလည်း သူ့ အတွက် ဆက်လက်ပြီး အားပေး နေကြတုန်းပါပဲ ။ နောက်တခါ ဆိုရင် ရော့စ် ဟာ ပင်နယ်တီ ကို ဝင်အောင် အဆုံးသတ် ပြပါလိမ့်မယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR