မန္ခ်က္စတာ ယူနုိက္တက္ အသင္း နဲ့ ကာလရွည္ စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆုိ နုိင္ ခဲ့တဲ့ ေနာက္ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ နံပါတ္ တစ္ ဂိုး သမား ျဖစ္သူ ေဒးဗစ္ ဒီဂီယာ က နည္းျက ဆုိးလ္ရွား ရဲ့ ေကာင္းကြက္ ေတြ အေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လုိက္ ပါတယ္ ။

ဒါ့အျပင္ အသင္း ရဲ့ ကစားသမား တုိင္းက နည္းျပ ျဖစ္သူ အေပၚ ယံုၾကည္ မွဳ အျပည့္ ရွိၾက ေၾကာင္း ၊ အသင္း ဆီ စတင္ ေရာက္ရွိ ကတည္းက ဆုိးလ္ရွား ဟာ သူ့ အေပၚ ယံုၾကည္ မွဳ ရွိတယ္ ဆုိတာ ကို ျပသ ခဲ့ေၾကာင္း ဒီဂီယာ က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” သူ ( ဆုိးလ္ရွား ) အသင္း ဆီ ေရာက္ရွိ လာတ့ဲ ပထမ မိနစ္ က စတင္ ျပီး က်ြန္ေတာ့္ အေပၚ ယံုၾကည္ မွဳ ရွိတယ္ ဆုိတာ ကို ျပသ ထားခဲ့ ပါတယ္ ။ သူဟာ အသင္း အေပၚမွာ သက္ေရာက္ မွဳ ၾကီးမား တယ္လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ အသင္းသား တုိင္းက သူ့ အေပၚ ယံုၾကည္ မွဳ ရွိၾက ပါတယ္ ။ ဒါဟာ တစ္ကယ့္ ကို အေရး ၾကီးတဲ့ အရာ တစ္ခု ပါပဲ ”

” အသင္း ရဲ့ ပရိသတ္ ေတြ ကလည္း သူ့ရဲ့ အေနာက္ မွာ ရပ္တည္ ေနၾက ပါတယ္ ။ သူဟာ အသင္း ရဲ့ အေၾကာင္း ၊ ဒီမွာ ရွိ ေနၾက တဲ့ လူေတြ အေၾကာင္း ကို ေကာင္းေကာင္း သိရွိ တဲ့သူ တစ္ဦး ပါပဲ ။ ဒါဟာ နည္းျပ တစ္ဦး အေန နဲ့ တစ္ကယ့္ ကို မရွိ မျဖစ္ သိေန သင့္တဲ့ အရာ တစ္ခု ပါပဲ ”

” ဒါ့အျပင္ သူဟာ အသင္း ရဲ့ လူငယ္ ကစားသမား ေတြ အေပၚ ကိုလည္း ယံုၾကည္ မွဳေတြ မ်ားစြာ ေပးထား ခဲ့ ပါတယ္ ။ ဒါဟာ က်ြန္ေတာ္ တုိ့ အားလံုး အတြက္ အေရး ၾကီးတဲ့ အရာ တစ္ခု ပါပဲ ။ သူဟာ က်ြန္ေတာ္ တုိ့ေတြ အတြက္ ေတာ့ တစ္ကယ္ ပဲ ၾကီးက်ယ္ တဲ့ မန္ေနဂ်ာ တစ္ဦး ပါပဲ ” လို့ ဒီဂီယာ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ဒီ ရာသီ အတြင္း ပရီးမီးယား လိဂ္ ပြဲစဥ္ 5 ပြဲ ကစား ထား ခဲ့တဲ့ ေနာက္ 2 ပြဲ နုိင္ ၊ ႏွစ္ပြဲ စေရ ၊ တစ္ပြဲ ရွံဳး ရလဒ္ ကို ပိုင္ဆိုင္ ထားခဲ့ ပါတယ္ ။ အဲ့တာ က အသင္း ၾကီး တစ္သင္း အတြက္ ေတာ့ ေကာင္းမြန္ တဲ့ ရလဒ္ မ်ိဳး မဟုတ္ ခဲ့ရ ပါဘူး ။

ဒါေပမယ့္ ျပီးခဲ့တဲ့ ေႏြ အေျပာင္း အေရႊ့ တုန္းက ပဲေလ့စ္ မွ ဘစ္ဆာကာ ၊ လက္စတာ မွ မက္ဂြားယား တုိ့ကို ေခၚယူ ခဲ့တဲ့ ေနာက္ ယူနုိက္တက္ အသင္း ရဲ့ ခံစစ္ ကစားပံု ဟာ ယခင္ ကထက္ သိသိသာသာ တုိးတက္ ေကာင္းမြန္ လာခဲ့ ပါတယ္ ။ လက္ရွိ အခ်ိန္ အထိ ယူနုိက္တက္ဟာ ေပးဂိုး 4 ဂိုး ရွိထား ခဲ့ ပါတယ္ ။ ဒါေပမယ့္ ဒီဂီယာ ကေတာ့ အသင္း ရဲ့ ခံစစ္ ကစား ပံု အေပၚ ေက်နပ္ ဝမ္းေျမာက္ မိေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ တုိ့ ခံစစ္ပိုင္း ကစားပံု ဟာ အေတာ္ေလး တုိးတက္ ေကာင္းမြန္ လာ ခဲ့တယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ က်ြန္ေတာ္ တုိ့ ေတြဟာ ျပီး ခဲ့တဲ့ ႏွစ္ တုန္းက ထက္ ေပးဂိုး ေတြ နည္းပါး လာခဲ့ ၾကပါတယ္ ။ က်ြန္ေတာ္ တုိ့ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ေပးဂိုး မ်ားခဲ့ ၾက ပါတယ္ လို့ ထင္ပါတယ္ ”

” အခုေတာ့ က်ြန္ေတာ္ တုိ႔ ခံစစ္ ကစားပံု ပိုေကာင္း ေနျပီး အသင္း ကလည္း တုိးတက္ ေကာင္းမြန္ လာခဲ့ ပါျပီ ။ အသင္း တစ္သင္း ဟာ ခံစစ္ ကစားပံု ေကာင္းမြန္ ေနမယ္ ဆုိရင္ အသင္း ရဲ့ စုေပါင္း ကစားပံု ဟာလည္း တုိးတက္ ေကာင္းမြန္ လာမွာ ပါပဲ ။ က်ြန္ေတာ္ တုိ့ တုိက္စစ္ မွာ ကစားသမား ေကာင္းေတြ ရွိေန ၾက ပါတယ္ ။ က်ြန္ေတာ္ တုိ႔ ဆက္လက္ တုိးတက္ ေကာင္းမြန္ ဖုိ့ပဲ လုိအပ္ ေနတာ ပါ ”

” က်ြန္ေတာ္တုိ့ ဆက္လက္ လုပ္ေဆာင္ နုိင္ၾက ေသးတဲ့ အရာ ေတြ အမ်ားၾကီး ရွိေန ၾကပါ ေသးတယ္ ။ က်ြန္ေတာ္ တုိ့ နည္းနည္း ခ်င္း ၾကိဳးစား သြားၾက ရမွာ ပါ ။ က်ြန္ေတာ္ တုိ့ေတြ ၾကိဳးစား ျပီး ပုိမို ေတာင့္တင္း တဲ့ အသင္း ကို ဖန္တီး ၾကရ ပါ့မယ္ ။ စြမ္းနုိင္ သမ်ွ အားထုတ္ ၾကိဳးစား ျပီး အသင္း အတြက္ အစြမ္း ကုန္ ေပးဆပ္ အသင္း တစ္ခု ကို ျဖစ္ေစ ေအာင္ လုပ္ေဆာင္ ရပါမယ္ ” လို့ ဒီဂီယာ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ဆိုးလ်ရှားအပေါ် ထာရှိတဲ့ ကစားသမားတွေရဲ့ စိတ်ဓါတ်နဲ့ အသင်းရဲ့ ခံစစ်အကြောင်း ပြောကြားသွားတဲ့ #ဒီဂီယာ

===============

မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ကာလရှည် စာချုပ်သစ် တစ်ရပ် ချုပ်ဆို နိုင် ခဲ့တဲ့ နောက် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နံပါတ် တစ် ဂိုး သမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က နည်းကြ ဆိုးလ်ရှား ရဲ့ ကောင်းကွက် တွေ အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် အသင်း ရဲ့ ကစားသမား တိုင်းက နည်းပြ ဖြစ်သူ အပေါ် ယုံကြည် မှု အပြည့် ရှိကြ ကြောင်း ၊ အသင်း ဆီ စတင် ရောက်ရှိ ကတည်းက ဆိုးလ်ရှား ဟာ သူ့ အပေါ် ယုံကြည် မှု ရှိတယ် ဆိုတာ ကို ပြသ ခဲ့ကြောင်း ဒီဂီယာ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူ ( ဆိုးလ်ရှား ) အသင်း ဆီ ရောက်ရှိ လာတဲ့ ပထမ မိနစ် က စတင် ပြီး ကျွန်တော့် အပေါ် ယုံကြည် မှု ရှိတယ် ဆိုတာ ကို ပြသ ထားခဲ့ ပါတယ် ။ သူဟာ အသင်း အပေါ်မှာ သက်ရောက် မှု ကြီးမား တယ်လို့ ကျွန်တော် ထင် ပါတယ် ။ အသင်းသား တိုင်းက သူ့ အပေါ် ယုံကြည် မှု ရှိကြ ပါတယ် ။ ဒါဟာ တစ်ကယ့် ကို အရေး ကြီးတဲ့ အရာ တစ်ခု ပါပဲ ”

” အသင်း ရဲ့ ပရိသတ် တွေ ကလည်း သူ့ရဲ့ အနောက် မှာ ရပ်တည် နေကြ ပါတယ် ။ သူဟာ အသင်း ရဲ့ အကြောင်း ၊ ဒီမှာ ရှိ နေကြ တဲ့ လူတွေ အကြောင်း ကို ကောင်းကောင်း သိရှိ တဲ့သူ တစ်ဦး ပါပဲ ။ ဒါဟာ နည်းပြ တစ်ဦး အနေ နဲ့ တစ်ကယ့် ကို မရှိ မဖြစ် သိနေ သင့်တဲ့ အရာ တစ်ခု ပါပဲ ”

” ဒါ့အပြင် သူဟာ အသင်း ရဲ့ လူငယ် ကစားသမား တွေ အပေါ် ကိုလည်း ယုံကြည် မှုတွေ များစွာ ပေးထား ခဲ့ ပါတယ် ။ ဒါဟာ ကျွန်တော် တို့ အားလုံး အတွက် အရေး ကြီးတဲ့ အရာ တစ်ခု ပါပဲ ။ သူဟာ ကျွန်တော် တို့တွေ အတွက် တော့ တစ်ကယ် ပဲ ကြီးကျယ် တဲ့ မန်နေဂျာ တစ်ဦး ပါပဲ ” လို့ ဒီဂီယာ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ အတွင်း ပရီးမီးယား လိဂ် ပွဲစဉ် 5 ပွဲ ကစား ထား ခဲ့တဲ့ နောက် 2 ပွဲ နိုင် ၊ နှစ်ပွဲ စရေ ၊ တစ်ပွဲ ရှုံး ရလဒ် ကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ အဲ့တာ က အသင်း ကြီး တစ်သင်း အတွက် တော့ ကောင်းမွန် တဲ့ ရလဒ် မျိုး မဟုတ် ခဲ့ရ ပါဘူး ။

ဒါပေမယ့် ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက ပဲလေ့စ် မှ ဘစ်ဆာကာ ၊ လက်စတာ မှ မက်ဂွားယား တို့ကို ခေါ်ယူ ခဲ့တဲ့ နောက် ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစားပုံ ဟာ ယခင် ကထက် သိသိသာသာ တိုးတက် ကောင်းမွန် လာခဲ့ ပါတယ် ။ လက်ရှိ အချိန် အထိ ယူနိုက်တက်ဟာ ပေးဂိုး 4 ဂိုး ရှိထား ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီဂီယာ ကတော့ အသင်း ရဲ့ ခံစစ် ကစား ပုံ အပေါ် ကျေနပ် ဝမ်းမြောက် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ ခံစစ်ပိုင်း ကစားပုံ ဟာ အတော်လေး တိုးတက် ကောင်းမွန် လာ ခဲ့တယ် လို့ ကျွန်တော် ထင် ပါတယ် ။ ကျွန်တော် တို့ တွေဟာ ပြီး ခဲ့တဲ့ နှစ် တုန်းက ထက် ပေးဂိုး တွေ နည်းပါး လာခဲ့ ကြပါတယ် ။ ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ပေးဂိုး များခဲ့ ကြ ပါတယ် လို့ ထင်ပါတယ် ”

” အခုတော့ ကျွန်တော် တို့ ခံစစ် ကစားပုံ ပိုကောင်း နေပြီး အသင်း ကလည်း တိုးတက် ကောင်းမွန် လာခဲ့ ပါပြီ ။ အသင်း တစ်သင်း ဟာ ခံစစ် ကစားပုံ ကောင်းမွန် နေမယ် ဆိုရင် အသင်း ရဲ့ စုပေါင်း ကစားပုံ ဟာလည်း တိုးတက် ကောင်းမွန် လာမှာ ပါပဲ ။ ကျွန်တော် တို့ တိုက်စစ် မှာ ကစားသမား ကောင်းတွေ ရှိနေ ကြ ပါတယ် ။ ကျွန်တော် တို့ ဆက်လက် တိုးတက် ကောင်းမွန် ဖို့ပဲ လိုအပ် နေတာ ပါ ”

” ကျွန်တော်တို့ ဆက်လက် လုပ်ဆောင် နိုင်ကြ သေးတဲ့ အရာ တွေ အများကြီး ရှိနေ ကြပါ သေးတယ် ။ ကျွန်တော် တို့ နည်းနည်း ချင်း ကြိုးစား သွားကြ ရမှာ ပါ ။ ကျွန်တော် တို့တွေ ကြိုးစား ပြီး ပိုမို တောင့်တင်း တဲ့ အသင်း ကို ဖန်တီး ကြရ ပါ့မယ် ။ စွမ်းနိုင် သမျှ အားထုတ် ကြိုးစား ပြီး အသင်း အတွက် အစွမ်း ကုန် ပေးဆပ် အသင်း တစ်ခု ကို ဖြစ်စေ အောင် လုပ်ဆောင် ရပါမယ် ” လို့ ဒီဂီယာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar