ခ်ယ္လ္ဆီး အသင္း ဟာ ယခုႏွစ္ ေဘာလံုး ရာသီ မစတင္ခင္ က ၄င္းတို႕ရဲ႕ နည္းျပ ေဟာင္း အန္တိုနီယုိ ကြန္တီ ကို ထုတ္ပယ္ျပီး နာပုိလီ နည္းျပေဟာင္း ေမာ္ရစ္ဇီယို ဆာရီ နဲ႕ ေျပာင္းလဲ ခန္႕အပ္ ခဲ့ပါတယ္ ။ ဆာရီ ဟာ ခ်ယ္လ္ဆီး အသင္း ကို ရာသီ အေစာပိုင္း ပြဲစဥ္ ေတြမွာ ရလဒ္ေကာင္း ေတြ ေတာက္ေလွ်ာက္ ယူေဆာင္ ႏိုင္ခဲ့ေပးျပီး ပရီးမီးယားလိဂ္ ၁၃ ပြဲဆက္ ရႈံးပြဲ မရွိ မွတ္တမ္း တခု ကို ရယူ ေပးႏိုင္ ခဲ့ပါတယ္ ။

သို႕ေပမယ့္ လည္း ခ်ယ္လ္ဆီး အသင္း ဟာ ေနာက္ပိုင္း ပြဲစဥ္ ေတြမွာ ရလဒ္ဆိုး ေတြနဲ႕ ဆက္တိုက္ ၾကံဳေတြ႕ ခဲ့ရျပီး ပရီးမီးယားလိဂ္ မွာ လည္း အဆင့္ ၆ အထိ ဆင္းေပးခဲ့ ရပါတယ္ ။ ထို႕အတြက္ေၾကာင့္ ဆာရီ ဟာ နည္းျပ ရာထူး ကေနလည္း ဆင္းေပးရမယ့္ အေနအထား ေတြနဲ႕ ရင္ဆိုင္ ေနခဲ့ ရပါတယ္ ။

ဆာရီ ရဲ႕ ေနရာ မွာ အစားထိုး ဖို႕ အတြက္ေတာ့ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ ကြင္းလယ္လူ ဖရန္႕လမ္းပတ္ က ထိပ္ဆံုး က ေရပန္းစား ေနတာ ျဖစ္ပါတယ္ ။ လမ္းပတ္ ကေတာ့ ယင္း သတင္းေတြ နဲ႕ ပတ္သက္ျပီး မၾကာခဏ ျငင္းဆို ခဲ့သလို ယခု တခါမွာ လည္း ဆာရီ နဲ႕ ပတ္သက္ျပီး ၄င္းရဲ႕ သေဘာထား နဲ႕ နည္းျပ တေယာက္ အျမင္ ေတြ အေၾကာင္း အခုလို ေျပာျပ ခဲ့ပါတယ္ ။

လက္ရွိ ဒါဘီ နည္းျပ လမ္းပတ္ က ” ကြ်န္ေတာ္ ဟာ မန္ေနဂ်ာ တိုင္း အေပၚ ေလးစားမႈ ရွိပါတယ္ ။ အထူးသျဖင့္ ကိုယ္ပိုင္ ကစားဟန္ အေပၚ ခ်စ္ျမတ္ႏိုးျပီး ယံုၾကည္မႈ ရွိတဲ့ နည္းျပ ေတြနဲ႕ ပတ္သက္ရင္ ပိုျပီး ေလးစား ပါတယ္ ။ ကြ်န္ေတာ္ ဟာ ဆာရီ နဲ႕ တခါမွ အလုပ္ တြဲလုပ္ခဲ့ဖူးျခင္း ေတာ့ မရွိခဲ့ပါဘူး ။ ဒါေပမယ့္ သူဟာ နာပိုလီ မွာ ဘယ္ေလာက္ထိ ကစားကြက္ ေကာင္းတဲ့ အသင္း တသင္း ျဖစ္ေအာင္ လုပ္ျပ ခဲ့သလဲ ဆိုတာ ခင္ဗ်ား တို႕လည္း ျမင္ေတြ႕ ရမွာပါ ။ ”

” ကြ်န္ေတာ့ အျမင္မွာေတာ့ အခု အခ်ိန္ သူဟာ ရလဒ္ဆိုး တခ်ိဳ႕ နဲ႕ ၾကံဳေတြ႕ ေနရတယ္ ဆိုတာ ကံမေကာင္း တာလို႕ပဲ ထင္ပါတယ္ ။ လူတိုင္း ဟာ ‘ Sarri-ball ‘ ဆိုျပီး ပါးစပ္ဖ်ား မွာ တြင္တြင္ ေျပာေနတဲ့ အခ်ိန္ မွာ ရလဒ္ဆိုး ၾကံဳေတြ႕ ေနရတာ သူ႕ အတြက္ ကံဆိုးတာပါ ။ ဒါေပမယ့္ ဒီ ေဝါဟာရ ကို သူ ကိုယ္တိုင္ ထုတ္ထား ခဲ့တယ္ လို႕ေတာ့ ကြ်န္ေတာ္ မထင္ပါဘူး ။ ”

” ကြ်န္ေတာ္ သတိထား မိသေလာက္ ကေတာ့ သူဟာ ကိုယ့္ အလုပ္ အေပၚ မွာပဲ အာရုံ စိုက္ေနသလို ပြဲတိုင္း အႏိုင္ယူဖို႔ ၾကိဳးစား ေနျပီး ကစားသမား ေတြကိုလည္း သူ႕ ကစားဟန္ မွာ အံဝင္ေအာင္ လုပ္ေဆာင္ ေနတယ္ လို႕ပဲ ကြ်န္ေတာ္ ထင္ပါတယ္ ။ ဒါေပမယ့္ လူတိုင္း က Sarri-ball ဆိုတဲ့ အခ်က္ ကိုပဲ အာရုံ စိုက္ေနခဲ့ပါတယ္ ။ ကြ်န္ေတာ့ အျမင္မွာေတာ့ သူဟာ မန္ေနဂ်ာ ေကာင္းပါပဲ ။ ”

” ကြ်န္ေတာ္ အခု ပံုသြင္းေနတဲ့ စတိုင္လ္ နဲ႔ သူ႕ ကစားဟန္ ကို ယွဥ္ၾကည့္မယ္ ဆိုရင္ေတာ့ ကြ်န္ေတာ္ ဟာ အရင္ဆံုး ကိုယ္ ပိုင္ဆိုင္ ထားတဲ့ အသင္းသား ေတြရဲ႕ အေနအထား ကို တခ်က္ ၾကည့္ၾကည့္ ပါတယ္ ။ ျပီးေတာ့မွ သူတို႕ ဘယ္လို ပံုစံ ေတြထဲမွာ အံဝင္ ႏိုင္မလဲ ဆံုးျဖတ္ ပါတယ္ ။ ကြ်န္ေတာ္ တို႕ အသင္း နဲ႕ ခ်ယ္လ္ဆီး နဲ႕ ကာရာေဘာင္ ဖလား မွာ ကစားေတာ့ သူက ကြ်န္ေတာ္ တို႕ အသင္း ရဲ႕ ကစားဟန္ နဲ႕ ပတ္သက္ျပီး အေတာ္ ခ်ီးက်ဴး ခဲ့တာပါ ။ ”

” ဒါ့အျပင္ သူဟာ ကြ်န္ေတာ္ အသင္း ကစားခဲ့ဖူး တဲ့ ပြဲစဥ္ ေတြထဲက အခ်က္အလက္ ေတြနဲ႕ ကစားပံု ေတြ အေၾကာင္းလည္း ထပ္ျပီး ေဆြးေႏြး ေျပာဆို ခဲ့ပါေသးတယ္ ။ သူဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ကစားပံု တခုတည္း ကုိပဲ အာရုံစိုက္ တတ္တဲ့ နည္းျပ တေယာက္ မဟုတ္ပါဘူး ။ ကိုယ့္ရဲ႕ ျပိဳင္ဖက္ အသင္း ကစားပံု ဘယ္လို ရွိသလဲ ဆိုတာကိုလည္း ေလ့လာ ေနတတ္တဲ့ သူ တေယာက္ပါ ။ ”

” အခု အခ်ိန္မွာ သူဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ရလဒ္ေကာင္း ေတြ ျပန္ရေအာင္ ၾကိဳးစား လုပ္ေဆာင္ ေပးေနပါတယ္ ။ ကြ်န္ေတာ္ ဟာ သူ႕ကို ေလးစားမႈ အျပည့္ ေပးပါတယ္ ။ ကြ်န္ေတာ္ ဟာ သူ႕ အေၾကာင္းလည္း ေသခ်ာ သိတဲ့ သူ မဟုတ္ပါဘူး ။ ဒါေပမယ့္ ကြ်န္ေတာ့ ရဲ႕ ေလးစားမႈ ကို သူ အျပည့္အဝ ရထားပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဆာရီ ရဲ့ နည်းစနစ် နဲ့ နည်းပြ တဦး အနေနဲ့ မြင်တဲ့ သဘောထား တွေကို ထုတ်ဖော် ပြောကြား သွားခဲ့တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မစတင်ခင် က ၄င်းတို့ရဲ့ နည်းပြ ဟောင်း အန်တိုနီယို ကွန်တီ ကို ထုတ်ပယ်ပြီး နာပိုလီ နည်းပြဟောင်း မော်ရစ်ဇီယို ဆာရီ နဲ့ ပြောင်းလဲ ခန့်အပ် ခဲ့ပါတယ် ။ ဆာရီ ဟာ ချယ်လ်ဆီး အသင်း ကို ရာသီ အစောပိုင်း ပွဲစဉ် တွေမှာ ရလဒ်ကောင်း တွေ တောက်လျှောက် ယူဆောင် နိုင်ခဲ့ပေးပြီး ပရီးမီးယားလိဂ် ၁၃ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်း တခု ကို ရယူ ပေးနိုင် ခဲ့ပါတယ် ။

သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း ဟာ နောက်ပိုင်း ပွဲစဉ် တွေမှာ ရလဒ်ဆိုး တွေနဲ့ ဆက်တိုက် ကြုံတွေ့ ခဲ့ရပြီး ပရီးမီးယားလိဂ် မှာ လည်း အဆင့် ၆ အထိ ဆင်းပေးခဲ့ ရပါတယ် ။ ထို့အတွက်ကြောင့် ဆာရီ ဟာ နည်းပြ ရာထူး ကနေလည်း ဆင်းပေးရမယ့် အနေအထား တွေနဲ့ ရင်ဆိုင် နေခဲ့ ရပါတယ် ။

ဆာရီ ရဲ့ နေရာ မှာ အစားထိုး ဖို့ အတွက်တော့ ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖရန့်လမ်းပတ် က ထိပ်ဆုံး က ရေပန်းစား နေတာ ဖြစ်ပါတယ် ။ လမ်းပတ် ကတော့ ယင်း သတင်းတွေ နဲ့ ပတ်သက်ပြီး မကြာခဏ ငြင်းဆို ခဲ့သလို ယခု တခါမှာ လည်း ဆာရီ နဲ့ ပတ်သက်ပြီး ၄င်းရဲ့ သဘောထား နဲ့ နည်းပြ တယောက် အမြင် တွေ အကြောင်း အခုလို ပြောပြ ခဲ့ပါတယ် ။

လက်ရှိ ဒါဘီ နည်းပြ လမ်းပတ် က ” ကျွန်တော် ဟာ မန်နေဂျာ တိုင်း အပေါ် လေးစားမှု ရှိပါတယ် ။ အထူးသဖြင့် ကိုယ်ပိုင် ကစားဟန် အပေါ် ချစ်မြတ်နိုးပြီး ယုံကြည်မှု ရှိတဲ့ နည်းပြ တွေနဲ့ ပတ်သက်ရင် ပိုပြီး လေးစား ပါတယ် ။ ကျွန်တော် ဟာ ဆာရီ နဲ့ တခါမှ အလုပ် တွဲလုပ်ခဲ့ဖူးခြင်း တော့ မရှိခဲ့ပါဘူး ။ ဒါပေမယ့် သူဟာ နာပိုလီ မှာ ဘယ်လောက်ထိ ကစားကွက် ကောင်းတဲ့ အသင်း တသင်း ဖြစ်အောင် လုပ်ပြ ခဲ့သလဲ ဆိုတာ ခင်ဗျား တို့လည်း မြင်တွေ့ ရမှာပါ ။ ”

” ကျွန်တော့ အမြင်မှာတော့ အခု အချိန် သူဟာ ရလဒ်ဆိုး တချို့ နဲ့ ကြံုတွေ့ နေရတယ် ဆိုတာ ကံမကောင်း တာလို့ပဲ ထင်ပါတယ် ။ လူတိုင်း ဟာ ‘ Sarri-ball ‘ ဆိုပြီး ပါးစပ်ဖျား မှာ တွင်တွင် ပြောနေတဲ့ အချိန် မှာ ရလဒ်ဆိုး ကြံုတွေ့ နေရတာ သူ့ အတွက် ကံဆိုးတာပါ ။ ဒါပေမယ့် ဒီ ဝေါဟာရ ကို သူ ကိုယ်တိုင် ထုတ်ထား ခဲ့တယ် လို့တော့ ကျွန်တော် မထင်ပါဘူး ။ ”

” ကျွန်တော် သတိထား မိသလောက် ကတော့ သူဟာ ကိုယ့် အလုပ် အပေါ် မှာပဲ အာရုံ စိုက်နေသလို ပွဲတိုင်း အနိုင်ယူဖို့ ကြိုးစား နေပြီး ကစားသမား တွေကိုလည်း သူ့ ကစားဟန် မှာ အံဝင်အောင် လုပ်ဆောင် နေတယ် လို့ပဲ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် လူတိုင်း က Sarri-ball ဆိုတဲ့ အချက် ကိုပဲ အာရုံ စိုက်နေခဲ့ပါတယ် ။ ကျွန်တော့ အမြင်မှာတော့ သူဟာ မန်နေဂျာ ကောင်းပါပဲ ။ ”

” ကျွန်တော် အခု ပုံသွင်းနေတဲ့ စတိုင်လ် နဲ့ သူ့ ကစားဟန် ကို ယှဉ်ကြည့်မယ် ဆိုရင်တော့ ကျွန်တော် ဟာ အရင်ဆုံး ကိုယ် ပိုင်ဆိုင် ထားတဲ့ အသင်းသား တွေရဲ့ အနေအထား ကို တချက် ကြည့်ကြည့် ပါတယ် ။ ပြီးတော့မှ သူတို့ ဘယ်လို ပုံစံ တွေထဲမှာ အံဝင် နိုင်မလဲ ဆုံးဖြတ် ပါတယ် ။ ကျွန်တော် တို့ အသင်း နဲ့ ချယ်လ်ဆီး နဲ့ ကာရာဘောင် ဖလား မှာ ကစားတော့ သူက ကျွန်တော် တို့ အသင်း ရဲ့ ကစားဟန် နဲ့ ပတ်သက်ပြီး အတော် ချီးကျူး ခဲ့တာပါ ။ ”

” ဒါ့အပြင် သူဟာ ကျွန်တော် အသင်း ကစားခဲ့ဖူး တဲ့ ပွဲစဉ် တွေထဲက အချက်အလက် တွေနဲ့ ကစားပုံ တွေ အကြောင်းလည်း ထပ်ပြီး ဆွေးနွေး ပြောဆို ခဲ့ပါသေးတယ် ။ သူဟာ ချယ်လ်ဆီး အသင်း ရဲ့ ကစားပုံ တခုတည်း ကိုပဲ အာရုံစိုက် တတ်တဲ့ နည်းပြ တယောက် မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ ပြိုင်ဖက် အသင်း ကစားပုံ ဘယ်လို ရှိသလဲ ဆိုတာကိုလည်း လေ့လာ နေတတ်တဲ့ သူ တယောက်ပါ ။ ”

” အခု အချိန်မှာ သူဟာ ချယ်လ်ဆီး အသင်း အတွက် ရလဒ်ကောင်း တွေ ပြန်ရအောင် ကြိုးစား လုပ်ဆောင် ပေးနေပါတယ် ။ ကျွန်တော် ဟာ သူ့ကို လေးစားမှု အပြည့် ပေးပါတယ် ။ ကျွန်တော် ဟာ သူ့ အကြောင်းလည်း သေချာ သိတဲ့ သူ မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော့ ရဲ့ လေးစားမှု ကို သူ အပြည့်အဝ ရထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR