ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ မနက္ က ကစား သြားခဲ့တဲ့ ဗလင္စီယာ နဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္ မွာ အမ်ားက အဖြင့္ လွမယ္ လို႕ ထင္မွတ္ ခဲ့ၾကေပမယ့္ ရိုဒရီဂို ရဲ႕ တလံုးတည္းေသာ သြင္းဂိုး နဲ႕ အတူ ဗလင္စီယာ အသင္း ကို အေရးနိမ့္ ခဲ့ရပါတယ္ ။ ပြဲျပီးခါနီး မွာ ခ်ယ္လ္ဆီး တို႕ အနိမ့္ဆံုး သေရ က်ႏိုင္ဖို႕ အခြင့္အေရး ရွိခဲ့ေပမယ့္ ေရာ့စ္ ဘာကေလ ရဲ႕ ပင္နယ္တီ ကန္ခ်က္ ဘားတန္း ထိျပီး လြဲေခ်ာ္ ခဲ့ရပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ လာမယ့္ တနဂၤေႏြ ေန႕မွာ လီဗာပူး အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲၾကပ္ ကို အိမ္ကြင္း မွာပဲ ဆက္လက္ လက္ခံ ကစား သြားရမွာ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ီဒီႏွစ္ ေဘာလံုး ရာသီ အိမ္ကြင္း မွာ ႏိုင္ပြဲ ရွာေဖြ ဖို႕ ရုန္းကန္ ေနရဆဲ ျဖစ္ျပီး ပရီးမီးယားလိဂ္ ရာႏႈန္းျပည့္ အႏိုင္ရထားတဲ့ လီဗာပူး အသင္း ကို အႏိုုင္ ရသြားမလား ဆိုတာ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ကေတာ့ ယေန႕ ခ်န္ပီယံလိဂ္ အဖြင့္ ပြဲစဥ္ မွာ အရႈံး ရလဒ္ နဲ႕ စတင္ ရင္ဆိုင္ ခဲ့ရေပမယ့္ လာမယ့္ တနဂၤေႏြ ေန႕မွာ ကစားမယ့္ လီဗာပူး နဲ႕ ပြဲစဥ္ ဟာ ၄င္းတို႕ အတြက္ ထို အရႈံး ရလဒ္ ကို ျပန္ျပီး ေပါက္ကြဲခြင့္ ရမယ့္ အခြင့္အေရး ျဖစ္ေၾကာင္း Sky Sports နဲ႕ အင္တာဗ်ဴး မွာ ဆိုခဲ့ပါတယ္ ။

ေအဘရာဟမ္ က ” တနဂၤေႏြ ေန႕မွာ ကစားမယ့္ ပြဲဟာ ကြ်န္ေတာ္ တို႕ရဲ႕ လက္ရွိ ပံုစံ ကို အစမ္းသပ္ ခံမယ့္ ပြဲစဥ္ ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ တို႕ရဲ႕ အမ်က္ ေဒါသ ေတြကုိ လီဗာပူး နဲ႕ ရင္ဆိုင္ အေတြ႕မွာ အကုန္ ေပါက္ကြဲ ထုတ္ရမွာ ျဖစ္ပါတယ္ ။ ဒါဟာ အၾကိတ္အနယ္ ရွိလာမယ့္ ပြဲၾကီးပြဲေကာင္း ျဖစ္ျပီး ၂သင္းလံုး အႏိုင္ရဖို႕ အသားကုန္ ၾကိဳးစား လာၾကမွာပါ ။ ”

” ဒီေန႕ ည အရႈံး ရလဒ္ ကို ျပန္လည္ ကုစားဖို႕ အခြင့္အေရးေကာင္း တခုပါ ။ အခု ခ်န္ပီယံလိဂ္ က စတင္ ေနတုန္းပဲ ရွိပါေသးတယ္ ။ ဒီေန႕ ပြဲကို ကြ်န္ေတာ္ တို႕ ရႈံးခဲ့လို႕ ေဒါသ ထြက္မိတာေတာ့ အမွန္ပါပဲ ။ ဒါေပမယ့္ အုပ္စု ပြဲ၅ပြဲ ကစားဖို႕ က်န္ေနပါေသးတယ္ ။ ကြ်န္ေတာ္ တို႕ဖက္ ကသာ ဒီ ၅ပြဲ လံုးကို အႏိုင္ရေအာင္ ကစား ရမွာပါ ။ ဒီေန႕ ပြဲမွာ ကစားပံု အေကာင္းဆံုး မရခဲ့ေပမယ့္ ရလဒ္ အတြက္ ကြ်န္ေတာ္ တို႕ စိတ္ပ်က္ ခဲ့ရပါတယ္ ။ ”

” ဗလင္စီယာ အသင္း ဟာ ၾကိဳးစားပမ္းစား နဲ႕ ကြ်န္ေတာ္ တို႕ကို အိမ္ကြင္း မွာ လာျပီး ရပ္တန္႕ ခဲ့ပါတယ္ ။ အဲ့ဒီ အတြက္ ကြ်န္ေတာ္ တို႕ သူတို႕ အသင္း အေပၚ credit ေပးရမွာပါ ။ ဒီႏွစ္ ေဘာလံုး ရာသီ အတြင္း မွာ ကြ်န္ေတာ္ တို႕ဟာ မ်ားစြာေသာ အနိမ့္အျမင့္ ၊ အတက္အက် ကို ၾကံဳေတြ႕ ရမွာပါ ။ ဒီ အရံႈး ရလဒ္ မွာပဲ နစ္ျမဳပ္ ေနလို႕ မျဖစ္ပါဘူး ။ ဒီ အေျခအေန ကေန အျမန္ဆံုး ရုန္းထြက္ ႏိုင္ဖို႕ ၾကိဳးစား ရမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ေအဘရာဟမ္ က ဗလင္စီယာ နဲ႕ ပြဲမွာ ပင္နယ္တီ လြဲေခ်ာ္ ခဲ့တဲ့ ဘာကေလ အေပၚ အားေပးစကား ဆိုလိုက္သလို ၊ ၄င္းဟာလည္း စူပါဖလား မွာ ပင္နယ္တီ လြဲေခ်ာ္ ခဲ့တာေၾကာင့္ ခက္ခဲ တဲ့ အခ်ိန္ တခ်ိဳ႕ ကို ျဖတ္သန္း ခဲ့ရေပမယ့္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ အျပည့္ နဲ႕ ဆက္လက္ ၾကိဳးစား ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ မွာ မွတ္တမ္းေကာင္း တခ်ိဳ႕ ရခဲ့ေၾကာင္း ဖြင့္ဟ ခဲ့ပါတယ္ ။

ေအဘရာဟမ္ က ” ကြ်န္ေတာ္ ဟာ ကိုယ့္ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ ကို နည္းျပ နဲ႕ ကလပ္ အသင္း အတြက္ ေပးဆပ္ ႏိုင္ဖို႕ လိုပါတယ္ ။ ကြ်န္ေတာ္ ကိုယ္တိုင္ လီဗာပူး နဲ႕ ဥေရာပ စူပါဖလား မွာ ပင္နယ္တီ လဲြေခ်ာ္ ခဲ့တာေၾကာင့္ ဒီလို အခက္အခဲ ေတြကို ကြ်န္ေတာ္ ၾကံဳေတြ႕ လာခဲ့ျပီးပါျပီ ။ ဒါေပမယ့္ အသင္းေဖာ္ ေတြနဲ႕ မန္ေနဂ်ာ ဟာ ကြ်န္ေတာ့ အေပၚ ဆက္လက္ ယံုၾကည္မႈ ေတြ ေပးခဲ့လို႕ ကြ်န္ေတာ္ အေကာင္းဆံုး ၾကိဳးစား ျဖစ္ခဲ့ပါတယ္ ။ ”

” ကြ်န္ေတာ္ ဟာ ၾကီးက်ယ္ တဲ့ ကစားသမား ေတြနဲ႕ အတူ ကစားခြင့္ ရရွိေနတာ ျဖစ္သလို ၊ သူတို႕ ဆီကေန ဂိုးဖန္တီးမႈ ေတြနဲ႕ အခြင့္အေရး ပံ့ပိုးမႈ မ်ားစြာ ရခဲ့ပါတယ္ ။ ဒါေၾကာင့္မို႔ သူတို႕ ပံ့ပိုးတဲ့ အခ်ိန္မွာ ကြ်န္ေတာ္ လူမွန္ ေနရာမွန္ ေနတတ္ဖို႕ပဲ လိုအပ္ခဲ့ပါတယ္ ။ မန္ေနဂ်ာ က ကိုယ့္ အေပၚ မွာ အခ်ိန္ျပည့္ ယံုၾကည္မႈ ရွိေနတယ္ ဆိုတာ ကြ်န္ေတာ့ အတြက္ အရမ္း ေကာင္းပါတယ္ ။ ပြဲစဥ္တိုင္း မွာ ကိုယ္ဟာ မန္ေနဂ်ာ အတြက္ အေကာင္းဆံုး ေပးဆပ္ ကစားခ်င္ ေနတတ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချန်ပီယံလိဂ် ရှုံးပွဲ ကို လာမယ့် လီဗာပူး နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ပြန်လည် ပေါက်ကွဲ ပြမယ် လို့ ကြုံးဝါး လိုက်တဲ့ #အေဘရာဟမ်

ချယ်လ်ဆီး အသင်း ဟာ ယနေ့ မနက် က ကစား သွားခဲ့တဲ့ ဗလင်စီယာ နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ အများက အဖွင့် လှမယ် လို့ ထင်မှတ် ခဲ့ကြပေမယ့် ရိုဒရီဂို ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ အတူ ဗလင်စီယာ အသင်း ကို အရေးနိမ့် ခဲ့ရပါတယ် ။ ပွဲပြီးခါနီး မှာ ချယ်လ်ဆီး တို့ အနိမ့်ဆုံး သရေ ကျနိုင်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ရော့စ် ဘာကလေ ရဲ့ ပင်နယ်တီ ကန်ချက် ဘားတန်း ထိပြီး လွဲချော် ခဲ့ရပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ လာမယ့် တနင်္ဂနွေ နေ့မှာ လီဗာပူး အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲကြပ် ကို အိမ်ကွင်း မှာပဲ ဆက်လက် လက်ခံ ကစား သွားရမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ီဒီနှစ် ဘောလုံး ရာသီ အိမ်ကွင်း မှာ နိုင်ပွဲ ရှာဖွေ ဖို့ ရုန်းကန် နေရဆဲ ဖြစ်ပြီး ပရီးမီးယားလိဂ် ရာနှုန်းပြည့် အနိုင်ရထားတဲ့ လီဗာပူး အသင်း ကို အနိုုင် ရသွားမလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ကတော့ ယနေ့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် မှာ အရှုံး ရလဒ် နဲ့ စတင် ရင်ဆိုင် ခဲ့ရပေမယ့် လာမယ့် တနင်္ဂနွေ နေ့မှာ ကစားမယ့် လီဗာပူး နဲ့ ပွဲစဉ် ဟာ ၄င်းတို့ အတွက် ထို အရှုံး ရလဒ် ကို ပြန်ပြီး ပေါက်ကွဲခွင့် ရမယ့် အခွင့်အရေး ဖြစ်ကြောင်း Sky Sports နဲ့ အင်တာဗျူး မှာ ဆိုခဲ့ပါတယ် ။

အေဘရာဟမ် က ” တနင်္ဂနွေ နေ့မှာ ကစားမယ့် ပွဲဟာ ကျွန်တော် တို့ရဲ့ လက်ရှိ ပုံစံ ကို အစမ်းသပ် ခံမယ့် ပွဲစဉ် ဖြစ်ပါတယ် ။ ကျွန်တော် တို့ရဲ့ အမျက် ဒေါသ တွေကို လီဗာပူး နဲ့ ရင်ဆိုင် အတွေ့မှာ အကုန် ပေါက်ကွဲ ထုတ်ရမှာ ဖြစ်ပါတယ် ။ ဒါဟာ အကြိတ်အနယ် ရှိလာမယ့် ပွဲကြီးပွဲကောင်း ဖြစ်ပြီး ၂သင်းလုံး အနိုင်ရဖို့ အသားကုန် ကြိုးစား လာကြမှာပါ ။ ”

” ဒီနေ့ ည အရှုံး ရလဒ် ကို ပြန်လည် ကုစားဖို့ အခွင့်အရေးကောင်း တခုပါ ။ အခု ချန်ပီယံလိဂ် က စတင် နေတုန်းပဲ ရှိပါသေးတယ် ။ ဒီနေ့ ပွဲကို ကျွန်တော် တို့ ရှုံးခဲ့လို့ ဒေါသ ထွက်မိတာတော့ အမှန်ပါပဲ ။ ဒါပေမယ့် အုပ်စု ပွဲ၅ပွဲ ကစားဖို့ ကျန်နေပါသေးတယ် ။ ကျွန်တော် တို့ဖက် ကသာ ဒီ ၅ပွဲ လုံးကို အနိုင်ရအောင် ကစား ရမှာပါ ။ ဒီနေ့ ပွဲမှာ ကစားပုံ အကောင်းဆုံး မရခဲ့ပေမယ့် ရလဒ် အတွက် ကျွန်တော် တို့ စိတ်ပျက် ခဲ့ရပါတယ် ။ ”

” ဗလင်စီယာ အသင်း ဟာ ကြိုးစားပမ်းစား နဲ့ ကျွန်တော် တို့ကို အိမ်ကွင်း မှာ လာပြီး ရပ်တန့် ခဲ့ပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် တို့ သူတို့ အသင်း အပေါ် credit ပေးရမှာပါ ။ ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ ကျွန်တော် တို့ဟာ များစွာသော အနိမ့်အမြင့် ၊ အတက်အကျ ကို ကြံုတွေ့ ရမှာပါ ။ ဒီ အရှုံး ရလဒ် မှာပဲ နစ်မြုပ် နေလို့ မဖြစ်ပါဘူး ။ ဒီ အခြေအနေ ကနေ အမြန်ဆုံး ရုန်းထွက် နိုင်ဖို့ ကြိုးစား ရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး အေဘရာဟမ် က ဗလင်စီယာ နဲ့ ပွဲမှာ ပင်နယ်တီ လွဲချော် ခဲ့တဲ့ ဘာကလေ အပေါ် အားပေးစကား ဆိုလိုက်သလို ၊ ၄င်းဟာလည်း စူပါဖလား မှာ ပင်နယ်တီ လွဲချော် ခဲ့တာကြောင့် ခက်ခဲ တဲ့ အချိန် တချို့ ကို ဖြတ်သန်း ခဲ့ရပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် နဲ့ ဆက်လက် ကြိုးစား ခဲ့တာကြောင့် ပရီးမီးယားလိဂ် မှာ မှတ်တမ်းကောင်း တချို့ ရခဲ့ကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

အေဘရာဟမ် က ” ကျွန်တော် ဟာ ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ကို နည်းပြ နဲ့ ကလပ် အသင်း အတွက် ပေးဆပ် နိုင်ဖို့ လိုပါတယ် ။ ကျွန်တော် ကိုယ်တိုင် လီဗာပူး နဲ့ ဥရောပ စူပါဖလား မှာ ပင်နယ်တီ လွဲချော် ခဲ့တာကြောင့် ဒီလို အခက်အခဲ တွေကို ကျွန်တော် ကြံုတွေ့ လာခဲ့ပြီးပါပြီ ။ ဒါပေမယ့် အသင်းဖော် တွေနဲ့ မန်နေဂျာ ဟာ ကျွန်တော့ အပေါ် ဆက်လက် ယုံကြည်မှု တွေ ပေးခဲ့လို့ ကျွန်တော် အကောင်းဆုံး ကြိုးစား ဖြစ်ခဲ့ပါတယ် ။ ”

” ကျွန်တော် ဟာ ကြီးကျယ် တဲ့ ကစားသမား တွေနဲ့ အတူ ကစားခွင့် ရရှိနေတာ ဖြစ်သလို ၊ သူတို့ ဆီကနေ ဂိုးဖန်တီးမှု တွေနဲ့ အခွင့်အရေး ပံ့ပိုးမှု များစွာ ရခဲ့ပါတယ် ။ ဒါကြောင့်မို့ သူတို့ ပံ့ပိုးတဲ့ အချိန်မှာ ကျွန်တော် လူမှန် နေရာမှန် နေတတ်ဖို့ပဲ လိုအပ်ခဲ့ပါတယ် ။ မန်နေဂျာ က ကိုယ့် အပေါ် မှာ အချိန်ပြည့် ယုံကြည်မှု ရှိနေတယ် ဆိုတာ ကျွန်တော့ အတွက် အရမ်း ကောင်းပါတယ် ။ ပွဲစဉ်တိုင်း မှာ ကိုယ်ဟာ မန်နေဂျာ အတွက် အကောင်းဆုံး ပေးဆပ် ကစားချင် နေတတ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR