ခ်ဲလ္ဆီး အသင္းရဲ႕ ထာဝရ ဂိုးအမ်ားဆံုး ကစားသမား ျဖစ္တဲ႔ လမ္းပတ္ရဲ႕ နည္းျပဘဝ ပထမဆံုး ခ်န္ပီယံ လိဂ္အဖြင့္ပြဲစဥ္ကေတာ့ မလွပခဲ႔ပဲ စတန္းဖို႔ဒ္ဘရစ္ခ်္ မွာရွံုးပြဲျကံုသြားခဲ႔ရတာျဖစ္ပါတယ္။သူတို႔ဟာ လတ္တေလာမွာ တပ္ပ်က္ေနခဲ႔တဲ႔ ဗလင္စီယာအသင္းကုိအိမ္ကြင္းမွာ ဧည့္ခံခဲ႔ရေပမယ့္မထင္မွတ္ပဲ အေရးနိမ့္ခဲ႔တာျဖစ္ပါတယ္။

ဗလင္စီယာ အသင္းအတြက္ တလံုးတည္းေသာ အႏိုင္ဂိုးကို ပြဲခ်ိန္ ၇၄ မိနစ္ မွာ ရိုဒရီဂိုက ျပစ္ဒဏ္ေဘာကေန က်လာတဲ႔ေဘာလံုးကိုအေကာင္းဆံုးေျပးထြက္ျပီး ကန္သြင္းယူခဲ႔တာျဖစ္ပါတယ္။ပြဲျပီးခါနီးမွာ ေတာ့ခ်ဲဆီးလ္ အသင္းအတြက္ အတြက္ အဖိုးတန္ေခ်ပဂိုးရႏိုင္မယ္အခြင့္အေရးေကာင္းတခုရခဲ႔ပါေသးတယ္။

ဗလင္စီယာေနာက္ခံလူ ဒန္နီရယ္လက္စ္ဟာ ဂိုးဧရိယာအတြင္း မွာ ေဘာလံုးကို လက္နဲ႔တားသလိုျဖစ္သြားခဲ႔လို႔ VAR နဲ႔ ျပန္ျကည့္အျပီးမွာ ကြင္းလယ္ဒိုင္က ပင္နယ္တီအျဖစ္သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ဘာကေလရဲ႕ ကန္ခ်က္ ဘာတန္းထိထြက္ခဲ႔လို႔ ခ်ဲလ္ဆီးတို႔နစ္နာခဲ႔ရတာျဖစ္ပါတယ္။

ပံုမွန္အားျဖင့္ ခ်ဲဆီးလ္ရဲ႕ ပင္နယ္တီေတြကို ေဂ်ာ္ဂ်င္ဟိုက ကန္သြင္းေလ့ရွိတာျဖစ္ျပီး ဒုတိယဦးစားေပးျဖစ္တဲ႔ ဝီလီယံ လည္းရွိေနခ်ိန္မွာ ဘာကေလကအတင္းကန္သြင္းသြားခဲ႔တာျဖစ္ပါတယ္။အသင္းေဖာ္ေတြနဲ႔ စကားအေခ်အတင္ျဖစ္ျပီးမွ ဝင္ေအာင္လည္းမကန္ႏိုင္ခဲ႔တဲ႔ သူ႔ကို ေဝဖန္ျပစ္တင္ သူေတြလည္းအမ်ားအျပားရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ဘာကေလကေတာ့ သူဟာခ်ဲဆီးလ္အသင္းရဲ႕ ပင္နယ္တီကန္ခြင့္ရထားသူျဖစ္ျပီး ေနာက္ထပ္ရလာရင္လည္း ကန္ဦးမွာျဖစ္တယ္လို႔ ဆိုသြားခဲ႔ပါတယ္။သတင္းေထာက္ေတြနဲ႔ အင္တာဗ်ဴးမွာ ဘာကေလက –

” က်ြန္ေတာ္သာကြင္းထဲမွာရွိေနရင္ ရလာတဲ႔ ပင္နယ္တီေတြကို ကန္သြားမွာျဖစ္ပါတယ္။က်ြန္ေတာ္ဒီေန႔ ေကာင္းေကာင္းအသံုး မခ်ႏိုင္ခဲ႔ဘူးဆိုေပမယ့္ လည္း လူတိုင္းက ပင္နယ္တီလြဲတတ္ပါတယ္။ဂိုးမသြင္းႏိုင္ခဲ႔ေပမယ့္လည္းယံုျကည္မွဳေတာ့ရွိပါတယ္။

အဲ႔ဒီပြဲမွာ ေနာက္ထပ္ ပင္နယ္တီရခဲ႔ရင္ လည္း ထပ္ျပီးကန္သြင္းသြားဖို႔ က်ြန္ေတာ္႔မွာ ယံုျကည္မွဳ ရွိပါတယ္။လူတိုင္းပင္နယ္တီလြဲခြင့္ရွိပါတယ္။ဒါဟာကမၻာျကီး ပ်က္သုန္းသြားတာမဟုတ္ပါဘူး။က်ြန္ေတာ္တို႔အတြက္ေနာက္ထပ္၅ပြဲက်န္ေနေသးျပီး အႏိုင္ရေအာင္ျကိုးစားဖို႔ကစားဖို႕စိတ္ကူးထားပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟို၊ ဝီလီယံ နဲ႔ ေအဘရာဟင္တို႔လို ပင္နယ္တီအကန္ေကာင္းသူေတြကြင္းအတြင္းရွိေနေပမယ့္ သူအတင္းရယူကန္သြင္းခဲ႔တဲ႔ အေပၚ ဘာကေလက -” က်ြန္ေတာ္တို႔ လူစာရင္းမွာ ပင္နယ္ဆီအကန္ေကာင္းသူေတြ အမ်ားျကီးရွိထားပါတယ္။ဒါေပမယ့္ အသင္းရဲ႕ ပြဲထြက္စာရင္းစာရြက္ နဲ႔အဝတ္လဲခန္းအတြင္းမွာေတာ့ ပင္နယ္တီရရင္က်ြန္ေတာ္ကန္မယ္လို႕ ေျပာထားတာျဖစ္ပါတယ္။

ဒါမွ မဟုတ္ရင္ ေဂ်ာ္ဂ်င္ဟိုကန္မွာျဖစ္ပါတယ္။ဒါေပမယ့္လည္း လူတိုင္းက ပင္နယ္တီေတြ ကန္သြင္းႏိုင္တယ္ လို႔ ယံုျကည္ခ်က္ရွိျကတာျဖစ္ပါတယ္။ဒါေပမယ့္ အဲ႔ဒီလူေတြအားလံုးကလည္း ပင္နယ္တီေတြ လြဲေခ်ာ္တတ္ပါတယ္။သူတို႔က ဒီပင္နယ္တီကိုကန္ဖို႔ ယံုျကည္ခ်က္ ကုိယ္စီရွိထားခဲ႔ေပမယ္ က်ြန္ေတာ္ကလည္း ေလ့က်င့္ေရးကြင္းမွာ ေန႔တိုင္းေလ့က်င့္ထားခဲ႕တာျဖစ္ပါတယ္။ေလ့က်င့္ခန္းေတြမွာေကာ ရာသီျကို ပြဲေတြမွာပါက်ြန္ေတာ္ပင္နယ္တီ မလြဲထားခဲ႔ပါဘူး။

ပင္နယ္တီ ေတြဆိုတာ ကံေကာင္းဖို႔ ပိုျပီးလိုပါတယ္။ က်ြန္ေတာ္ဟာ ယံုျကည္မွဳရွိျပီး ေနာက္ထပ္လည္း ပင္နယ္တီေတြ ဆက္ကန္ဖို႔ ဆႏၵရွိထားပါတယ္။အုပ္စုအဖြင့္ အိမ္ကြင္းပြဲစဥ္မွာ ရွံုးနိမ့္ခဲ႔တာျဖစ္လို႔ စိတ္ေတာ့ပ်က္စရာျဖစ္ခဲ႔ပါတယ္။ပင္နယ္တီလြဲခဲ႔တာဟာက်ြန္ေတာ့အတြက္ကမၻာျကီးပ်က္သုန္းသြားတာေတာ့မဟုတ္ပါဘူး။၃မွတ္လံုးဆံုးရွံုးခဲ႔လို႔ စိတ္ပ်က္စရာျဖစ္ခဲ႔ျပီး က်ြန္ေတာ့အတြက္ေတာ့ ပင္နယ္တီမဝင္ခဲ႔လို႔ စိတ္ပ်က္စရာျဖစ္ခဲ႔တာပါ။လာမယ့္ ပရီးမီးယားလိဂ္ပြဲမွာပဲ ၃မွတ္ျပည့္ရဖို႕ အာရံုစုိက္သြားရေတာ့မွာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

SM

Unicode

ဗလင်စီယာနဲ့ ပွဲမှာပင်နယ်တီလွဲချော်ခဲ့ပေမယ့် ချဲဆီးလ်ဖန်တွေစိတ်ပျက်စရာစကားမျိုးထပ်ပြောလိုက်တဲ့ #ဘာကလေ
=================================

ချဲလ်ဆီး အသင်းရဲ့ ထာဝရ ဂိုးအများဆုံး ကစားသမား ဖြစ်တဲ့ လမ်းပတ်ရဲ့ နည်းပြဘဝ ပထမဆုံး ချန်ပီယံ လိဂ်အဖွင့်ပွဲစဉ်ကတော့ မလှပခဲ့ပဲ စတန်းဖို့ဒ်ဘရစ်ချ် မှာရှုံးပွဲကြံုသွားခဲ့ရတာဖြစ်ပါတယ်။သူတို့ဟာ လတ်တလောမှာ တပ်ပျက်နေခဲ့တဲ့ ဗလင်စီယာအသင်းကိုအိမ်ကွင်းမှာ ဧည့်ခံခဲ့ရပေမယ့်မထင်မှတ်ပဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဗလင်စီယာ အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ရ၄ မိနစ် မှာ ရိုဒရီဂိုက ပြစ်ဒဏ်ဘောကနေ ကျလာတဲ့ဘောလုံးကိုအကောင်းဆုံးပြေးထွက်ပြီး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲပြီးခါနီးမှာ တော့ချဲဆီးလ် အသင်းအတွက် အတွက် အဖိုးတန်ချေပဂိုးရနိုင်မယ်အခွင့်အရေးကောင်းတခုရခဲ့ပါသေးတယ်။

ဗလင်စီယာနောက်ခံလူ ဒန်နီရယ်လက်စ်ဟာ ဂိုးဧရိယာအတွင်း မှာ ဘောလုံးကို လက်နဲ့တားသလိုဖြစ်သွားခဲ့လို့ VAR နဲ့ ပြန်ကြည့်အပြီးမှာ ကွင်းလယ်ဒိုင်က ပင်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဘာကလေရဲ့ ကန်ချက် ဘာတန်းထိထွက်ခဲ့လို့ ချဲလ်ဆီးတို့နစ်နာခဲ့ရတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ချဲဆီးလ်ရဲ့ ပင်နယ်တီတွေကို ဂျော်ဂျင်ဟိုက ကန်သွင်းလေ့ရှိတာဖြစ်ပြီး ဒုတိယဦးစားပေးဖြစ်တဲ့ ဝီလီယံ လည်းရှိနေချိန်မှာ ဘာကလေကအတင်းကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။အသင်းဖော်တွေနဲ့ စကားအချေအတင်ဖြစ်ပြီးမှ ဝင်အောင်လည်းမကန်နိုင်ခဲ့တဲ့ သူ့ကို ဝေဖန်ပြစ်တင် သူတွေလည်းအများအပြားရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဘာကလေကတော့ သူဟာချဲဆီးလ်အသင်းရဲ့ ပင်နယ်တီကန်ခွင့်ရထားသူဖြစ်ပြီး နောက်ထပ်ရလာရင်လည်း ကန်ဦးမှာဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ဘာကလေက –

” ကျွန်တော်သာကွင်းထဲမှာရှိနေရင် ရလာတဲ့ ပင်နယ်တီတွေကို ကန်သွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ ကောင်းကောင်းအသုံး မချနိုင်ခဲ့ဘူးဆိုပေမယ့် လည်း လူတိုင်းက ပင်နယ်တီလွဲတတ်ပါတယ်။ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်းယုံကြည်မှုတော့ရှိပါတယ်။

အဲ့ဒီပွဲမှာ နောက်ထပ် ပင်နယ်တီရခဲ့ရင် လည်း ထပ်ပြီးကန်သွင်းသွားဖို့ ကျွန်တော့်မှာ ယုံကြည်မှု ရှိပါတယ်။လူတိုင်းပင်နယ်တီလွဲခွင့်ရှိပါတယ်။ဒါဟာကမ္ဘာကြီး ပျက်သုန်းသွားတာမဟုတ်ပါဘူး။ကျွန်တော်တို့အတွက်နောက်ထပ်၅ပွဲကျန်နေသေးပြီး အနိုင်ရအောင်ကြိုးစားဖို့ကစားဖို့စိတ်ကူးထားပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျင်ဟို၊ ဝီလီယံ နဲ့ အေဘရာဟင်တို့လို ပင်နယ်တီအကန်ကောင်းသူတွေကွင်းအတွင်းရှိနေပေမယ့် သူအတင်းရယူကန်သွင်းခဲ့တဲ့ အပေါ် ဘာကလေက -” ကျွန်တော်တို့ လူစာရင်းမှာ ပင်နယ်ဆီအကန်ကောင်းသူတွေ အများကြီးရှိထားပါတယ်။ဒါပေမယ့် အသင်းရဲ့ ပွဲထွက်စာရင်းစာရွက် နဲ့အဝတ်လဲခန်းအတွင်းမှာတော့ ပင်နယ်တီရရင်ကျွန်တော်ကန်မယ်လို့ ပြောထားတာဖြစ်ပါတယ်။

ဒါမှ မဟုတ်ရင် ဂျော်ဂျင်ဟိုကန်မှာဖြစ်ပါတယ်။ဒါပေမယ့်လည်း လူတိုင်းက ပင်နယ်တီတွေ ကန်သွင်းနိုင်တယ် လို့ ယုံကြည်ချက်ရှိကြတာဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီလူတွေအားလုံးကလည်း ပင်နယ်တီတွေ လွဲချော်တတ်ပါတယ်။သူတို့က ဒီပင်နယ်တီကိုကန်ဖို့ ယုံကြည်ချက် ကိုယ်စီရှိထားခဲ့ပေမယ် ကျွန်တော်ကလည်း လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းလေ့ကျင့်ထားခဲ့တာဖြစ်ပါတယ်။လေ့ကျင့်ခန်းတွေမှာကော ရာသီကြို ပွဲတွေမှာပါကျွန်တော်ပင်နယ်တီ မလွဲထားခဲ့ပါဘူး။

ပင်နယ်တီ တွေဆိုတာ ကံကောင်းဖို့ ပိုပြီးလိုပါတယ်။ ကျွန်တော်ဟာ ယုံကြည်မှုရှိပြီး နောက်ထပ်လည်း ပင်နယ်တီတွေ ဆက်ကန်ဖို့ ဆန္ဒရှိထားပါတယ်။အုပ်စုအဖွင့် အိမ်ကွင်းပွဲစဉ်မှာ ရှံုးနိမ့်ခဲ့တာဖြစ်လို့ စိတ်တော့ပျက်စရာဖြစ်ခဲ့ပါတယ်။ပင်နယ်တီလွဲခဲ့တာဟာကျွန်တော့အတွက်ကမ္ဘာကြီးပျက်သုန်းသွားတာတော့မဟုတ်ပါဘူး။၃မှတ်လုံးဆုံးရှံုးခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ကျွန်တော့အတွက်တော့ ပင်နယ်တီမဝင်ခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့တာပါ။လာမယ့် ပရီးမီးယားလိဂ်ပွဲမှာပဲ ၃မှတ်ပြည့်ရဖို့ အာရုံစိုက်သွားရတော့မှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။
SM