







SPORTS MYANMAR

Unicode

ပြီးခဲ့တဲ့ လတုန်းက ရှာကီရာနဲ့ လိင်မှု ကိစ္စ ဘယ်နှစ်ကြိမ် ပြုလုပ် ခဲ့သလဲ လို့ အမေး ခံလိုက် ရတဲ့ အချိန် အခွင့်အရေး ကို လက်လွတ် မခံခဲ့တဲ့ #ပီကေး
=============================

ဘာစီလိုနာ အသင်း နောက်ခံလူ ဂျာရတ် ပီကေး ဟာ စပိန် ရုပ်မြင် သံ ကြား အ စီ အ စဉ် တစ် ခု မှာ မ ဟာ ပြိုင် ဘက် ရီး ရဲလ် မက် ဒ ရစ် အ သင်း ကို ဖဲ့ ဖို့ အ ခွင့် အ ရေး ရ လာ တဲ့ အ ခါ မှာ လက် လွတ် မ ခံ ဘဲ အ မိ အ ရ အ သုံး ချ သွား ခဲ့ ပါ တယ် ။

စပိန် နောက်ခံလူ ပီကေး ဟာ အ ဓိ က ပြိုင် ဘက် ရီး ရဲလ် မက် ဒ ရစ် အ သင်း ကို သ ရော် ဖို့ လုံး ဝ ရှက် ကြောက် နေ ခြင်း မ ရှိ ဘဲ အ ကောင်း ဆုံး တုန့် ပြန် ဖြေ ကြား သွား ခဲ့ ပါ တယ် ။ ဘာ စီ လို နာ အ သင်း ဟာ ယ ခု နှစ် မတ် လ အ စော ပိုင်း မှာ ရီး ရဲလ် မက် ဒ ရစ် အ သင်း အိမ် ကွင်း ဘာ နေ ဗျူး မှာ နှစ် ပွဲ ဆက် အ နိုင် ရ ရှိ အောင် က စား နိုင် ခဲ့ ပါ တယ် ။

ဘာစီလိုနာ အသင်း နဲ့ ရီးရဲလ် မက်ဒရစ် တို့ ရဲ့ အက်ကလက် စီယို ဒါဘီ ဟာ တွေ့ ဆုံ တိုင်း က စား သ မား အ ချင်း ချင်း ကြား မှာ ကော ၊ ပ ရိ သတ် ကြား မှာ ပါ ပြိုင် ဆိုင် မှု ပြင်း ထန် လေ့ ရှိ ပြီး ကွင်းတွင်း ၊ ကွင်းပြင်ပ မှာပါ အကြိတ်အနယ် ရှိ လှ ပါ တယ် ။

အသက် ၃၂ နှစ် အ ရွယ် ရှိ ပြီ ဖြစ် တဲ့ ပီကေး က စပိန် ရုပ် သံ လိုင်း တစ် ခု ဖြစ် တဲ့ La Resistence နဲ့ အင် တာ ဗျူး မှာ အစီအစဉ် တင်ဆက်သူ ဘရွန်ကာနို ရဲ့ မေး ခွန်း တစ် ခု ကို ရီးရဲလ် မက်ဒရစ် အသင်းကိုပါ သရော်ပြီး ပညာသား ပါပါ ဖြေ ကြား သွား ခဲ့ တာ လည်း ဖြစ် ပါ တယ် ။

ဘရွန်ကာနို က ပီကေး ကို ပြီးခဲ့တဲ့လ အတွင်း ဘယ်နှစ်ကြိမ်လောက် ရှာကီရာ နဲ့ လိင် ဆက်ဆံ ဖြစ် ခဲ့ သ လဲ ဆို တဲ့ မေး ခွန်း မေး ခဲ့ တာ ဖြစ် ပြီး ပီ ကေး က တော့ ”
ဘာနေဗျူး မှာ တုန်း က အ ကြိမ် အ ရေ အ တွက် ကို ကော ထည့် တွက် ရ မှာ လား ” ဆို ပြန် လည် တုန့် ပြန် ဖြေ ကြား လိုက် တာ ပါ ။

ပီကေး ရဲ့ အဖြေ ကို ပ ရိ သတ် တွေ အား လုံး သ ဘော ကျ သွား ခဲ့ ပြီး ပ ရိ သတ် တွေ ရဲ့ ရယ် မော သံ သော သော ညံ သွား ခဲ့ ပါ တယ် ။ ဘာ စီ လို နာ အ သင်း ဟာ ကို ပါ ဒယ် ရေး ဖ လား ပြိုင် ပွဲ မှာ ရီး ရဲလ် မက် ဒ ရစ် အ သင်း ကို သုံး ဂိုး ပြတ် အ နိုင် ရ ခဲ့ ပြီး လေး ရက် အ ကြာ မှာ ပဲ လာလီဂါ မှာ တစ်ဂိုး ဂိုးမရှိနဲ့ ထပ်မံ အနိုင် ရခဲ့ပါတယ် ။

ပီကေး ဟာ ၂၀၀၈ ခုနှစ်တုန်းကလည်း ဘာစီလိုနာ အသင်းရဲ့ မြို့ ခံ ပြိုင် ဘက် အက်စပန်ညို ကို သရော် ခဲ့ဖူးပြီး သူ့ မှာ ဘယ် လောက် ရှိ သ လဲ ဆို တဲ့ မေး ခွန်း ကို ” ကျ နော့် မှာ ရှိ တဲ့ ပိုက် ဆံ က အက်စ် ပန် ညို အ သင်း ရဲ့ အ သုံး စ ရိတ် ထက် တော့ များ ပါ တယ် ။ ‘ လို့ ဖြေ ကြား ခဲ့ ဖူး ပါ တယ် ။

ပီကေး ဟာ ဘာစီလိုနာ အသင်း နဲ့ အတူ လာလီဂါ ဖလား ခုနှစ်ကြိမ် ၊ ချန်ပီယံလိဂ် ဖလား သုံးကြိမ် စသည့် ဖလား အောင်မြင်မှုတွေ ရယူ နိုင်ခဲ့သလို စပိန် လက်ရွေးစင် အသင်းနဲ့လည်း ယူရို ချန်ပီယံ တစ် ကြိမ် ၊ ကမ္ဘာ့ ဖ လား ချန် ပီ ယံ တစ် ကြိမ် ဖြစ် ခဲ့ ပါ တယ် ။

SPORTS MYANMAR