မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ အသင်းရဲ့ ကွင်းလယ် ခံစစ် ပိုင်းကို အင်အား ဖြည့်တင်း သွားဖို့ အတွက် ဝက်စ်ဟမ်း အသင်း ရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ဒီကလန် ရိုက်စ် ကို ခေါ်ယူ လိုနေ ပေမယ့် ဂယ်ရီ နဗီးလ် က သူ့ရဲ့ အမြင် တွေကို ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒီကလန် ရိုက်စ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဝက်စ်ဟမ်း အသင်း နဲ့ အတူ အထူး ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ သလို ဒီ ဘောလုံး ရာသီ မှာလည်း ကောင်းမွန် တဲ့ ခြေစွမ်း တွေကို ဆက်လက် ပြသ ထားနိုင် ခဲ့တာ ကြောင့် အင်္ဂလန် လက်ရွေးစင် အသင်း ထဲ ပါဝင် ခွင့် ရရှိ ထားခဲ့ ပါတယ် ။

ဒါပေမယ့် လက်ရှိ ကစားသမား ရဲ့ အပြောင်း အရွှေ့ နဲ့ ပတ်သက် လို့ ပြောင်းရွှေ့ ကြေး ပေါင် သန်း 90 အထိ ပေးချေ ရ လိမ့်မယ် ဆိုတဲ့ သတင်း နဲ့ ပတ်သက် လို့ ဂယ်ရီ နဗီးလ် က အင်္ဂလန် လက်ရွေးစင် ဟာ အဲ့ဒီ လောက် အထိ ထိုက်တန် မှု ရှိ မရှိ ဆိုတာ သေချာ တဲ့ အရာ မဟုတ် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အင်္ဂါနေ့ က ပြုလုပ် ခဲ့တဲ့ သတင်း စကားဝိုင်း အစီအစဉ် မှာတော့ သူသာ ဆိုရင် ဒီကလန် ရိုက်စ် က်ု မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ခေါ်ယူ ဖြစ်လိမ့် မလား ဆိုတာ အမေး ခံလိုက် ရတဲ့ အချိန် …

” ကျွန်တော် မသိ ပါဘူး ၊ ကျွန်တော် ဆိုလို တာက ခင်ဗျား သူ့ကို ဝက်စ်ဟမ်း ကနေ ခေါ်ထုတ် နိုင်ဖို့ အတွက် ပေါင် သန်း 80 ၊ ပေါင် သန်း 90 လောက် သုံးစွဲ စေလို နေ သလား တော့ ကျွန်တော် မသိဘူး လို့ ပြော ချင်တာ ပါ ”

” ကျွန်တော် တို့ တွေက ဇာဟာ အတွက် အဲဗာတန် ဖက်က ပေါင် 70 သန်း အထိ ပေးဖို့ ကမ်းလှမ်း ခဲ့တဲ့ အချိန် မှာ ငြင်းဆန် ပယ်ချ ခံခဲ့ လိုက် ရတာ ကို သိရှိ ကြ ပါတယ် ။ အခု အပြောင်း အရွှေ့ တွေမှာ တော့ ဝက်စ်ဟမ်း ၊ ပဲလေ့စ် အသင်း တွေ ဆီက ကစားသမား တစ်ယောက် ကို ခေါ်ယူ နိုင်ဖို့ ဆိုတာ လွယ်ကူ တဲ့ ကိစ္စ တစ်ရပ် တော့ မဟုတ် တော့ ပါဘူး ”

” အဲ့တာက ကုန်ကျ စရိတ် အရမ်း များတဲ့ ကိစ္စ တစ်ခု ဖြစ်လာ ခဲ့ ပါပြီ ။ အခုနေ ပေါင် သန်း 80 ၊ 90 လောက် ပေးရမယ် ဆိုရင် ကျွန်တော် က ‘ Yes ‘ ပြောသွား ရ မှာလား ? လက်ရှိ အချိန် မှာတော့ ပုဂ္ဂိုလ်ရေး အရ ပြောရရင် အဲ့တာ က သင့်တော် တယ်လို့ မခံစား ရ ပါဘူး ”

” ဒါပေမယ့် အနာဂတ် မှာ ရှေ့ဆက် တိုးတက် လာမယ့် ကောင်လေး တစ်ယောက် ကိုတော့ ကျွန်တော် တို့ ကြိုတင် မြင်တွေ့ နေကြ ရ သလား ? အဲ့ဒီ လိုသာ မေးမယ် ဆိုရင် တော့ ကျွန်တော် က အတွေး ချင်း ထပ်တူ ကျတယ် လို့ ပြန်လည် ဖြေကြား သွားမှာ ပါ ”

” ဒါပေမယ့် အဲ့ဒီလို အလားအလာ ကောင်းတဲ့ ကောင်လေး တစ်ယောက် အတွက် ကျွန်တော် ဒီလောက် ငွေတွေ ကို သုံးစွဲ သွားဖြစ် မလား ? မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အဲ့ဒီ လို ကစားသမား ကို အမှန်တကယ် ပဲ လိုအပ် နေတာလား ? ကျွန်တော် ကတော့ အဲ့တာ ကို အရင် တွေး ပါ့မယ် ”

” သူတို့ ဟာ လက်ရှိ အသင်း မှာ နီမန်ဂျာ မာတစ် ကို ပိုင်ဆိုင် ထားကြ ပါတယ် ။ ဒါ့အပြင် တူညီ တဲ့ နေရာ တစ်ခု မှာပဲ ရိုက်စ် လို ခြေစွမ်း ကောင်း ပြသ နေတဲ့ မက် တော်မီနေး ကိုလည်း သူတို့ ပိုင်ဆိုင် ထားကြ တယ်လေ ” လို့ ဂယ်ရီ နဗီးလ် က သူ့ရဲ့ အမြင် ကို ချပြ သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar