မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ မနက်ဖြန် ကစား မယ့် ယူရိုပါ လိဂ် အုပ်စု အဖွင့် ပွဲစဉ် မှာ မေဆင် ဂရင်းဝုဒ် ၊ ဆာဂျီယို ရိုမဲရိုး နဲ့ အဲလက်စ်တွမ်ဇီဘီ တို့ ၃ ဦး ပွဲထွက် ပါဝင် မယ် လို့ နည်းပြ ဆိုးရှား က အတည်ပြု ပြောဆို သွားခဲ့ ပြီး ဒီဂီယာ ကို တော့ အနားပေး သွားမယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

ဘိုင်ယန် ဂိုး သမားကြိး နူအာ ကတော့ ဂျာမဏီ အသင်း နဲ့ ၂၀၂၀ ယူရို ပြိုင်ပွဲ ကို ပါဝင် ကစား ဖို့ ပစ်မှတ် ထား နေပြီး လက်ရွေးစင် အသင်း ရဲ့ နံပါတ် ၁ အဖြစ် ဆက်လက် ရှိနေ ဖို့ လည်း ယှဉ်ပြိုင် ကြိုးစား သွားမယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး ခံစစ်မှုး ခရစ်ရှန်ဆန် ကတော့ ဗလင်စီယာ ကို ရှုံးနိမ့်ခဲ့မှု ကို အမြန်ဆုံး မေ့ပစ် ပြီး ရှေ့ဆက် စရာ ရှိတာတွေ ကို သေချာ အာရုံစိုက် ပြင်ဆင် သွားဖို့ အသင်းဖော် တွေ ကို တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

ရိုးမား အသင်း ကတော့ မနက်ဖြန် မှာ ကစားမယ့် ဥရောပ ပွဲစဉ် မှာ ယူနိုက်တက် ကနေ အငှား ခေါ်ယူ ထားတဲ့ နောက်ခံလူ စမောလင်း ကို အသုံးပြု ဦးမှာ မဟုတ်သေး ဘူးလို့ သိရ ပါတယ် ။

အင်တာမီလန် တိုက်စစ်မှုး လူကာကူ ကတော့ ယမန်နေ့ က ကစား ခဲ့တဲ့ ဆလားဗီးယား နဲ့ ပွဲ မှာ ခြေစွမ်း မကောင်းခဲ့ ကြောင်း ၀န်ခံ ပြောဆို ခဲ့ပြီး အေစီမီလန် အသင်းနဲ့ ကစား ရမယ့် စီးရီးအေ ပွဲစဉ် ကို သေချာ ပြင်ဆင် နေတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် အသင်း ရဲ့ တိုက်စစ် မှုး အယ်ဗာရို မိုရာတာ ကတော့ ဒဏ်ရာ ကြောင့် ယနေ့ ည ကစားမယ့် ယူဗင်တပ် နဲ့ ချန်ပီယံ လိဂ် ပွဲစဉ် ကို လွဲချော် မှာ ဖြစ်တယ် လို့ သိရ ပါတယ် ။

ဘိုင်ယန် မြုးနစ် အသင်း ကွင်းးလယ်လူ ဖိလစ်ပီ ကော်တင်ဟို ကတော့ ဘိုင်ယန် ဟာ အသင်း ဟောင်း လီဗာပူး ထက် ပိုပြီး မိသားစုဆန် တဲ့ ကလပ် ဖြစ်ပါတယ် လို့ အသင်းသစ် ရဲ့ အတွေ့ အကြုံ ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရိန်းဂျားစ် နဲ့ နယ်သာလန် နောက်ခံလူ ဖာနန်ဒို ရစ်ဆန် ဟာ အာရုံကြော ဝေဒနာကြောင့် အသက် ၄၃ နှစ် အရွယ် မှာ တင် ကွယ်လွန် သွားခဲ့ တယ်လို့ သတင်း ကြားသိရ ပါတယ် ။

စီးရီးအေ ကလပ် အတ္တလန်တာ ကတော့ သူတို့ရဲ့ အိမ်ကွင်း အခြေ အနေ အားနည်းမှု ကြောင့် ချန်ပီယံ လိဂ် အိမ်ကွင်း ပွဲစဉ်တွေ ကို ကီလိုမီတာ ၄၀ အကွာ မှာ ရှိတဲ့ ဆန်စီရို ကွင်း ( အေစီ နှင့် အင်တာ တို့၏ အိမ်ကွင်း ) မှာ ကစား သွားမယ် လို့ သိရ ပါတယ် ။

ယနေ့ ဟာ မော်ဒန် ဘောလုံး ကမ္ဘာ က နာမည်ကျော် ကစား သမား အများအပြား ရဲ့ ငယ်ဘ၀ သူရဲကောင်း ဖြစ်ခဲ့ဖူးသူ ဘရာဇီး ဂန္ထ၀င် တိုက်စစ်မှုးကြီး ရိုနယ်ဒို နာဇာရီယို ရဲ့ ၄၃ နှစ်ပြည့် မွေးနေ့ ပဲ ဖြစ်ပါတယ် ခင်ဗျာ ။ Happy Birthday Ronaldo!!

SPORTS MYANMAR