မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှ စတင် ပြီး အထူး ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့တဲ့ ဗဟို နောက်ခံလူ ဖြစ်သူ နယ်လ်ဆွန် ဗစ်တာ လင်ဒီလော့ဖ် ဟာ အသင်း မှာ 2024 ခုနှစ် အထိ ဆက်လက် ရှိနေ မယ့် ကာလ ရှည် စာချုပ် တစ်ရပ် ချုပ်ဆို လိုက်ခဲ့ ပါပြီ ။ အဆိုပါ စာချုပ် မှာတော့ အသင်း နဲ့ နောက်ထပ် တစ်နှစ် သက်တမ်း တိုးနိုင် ခွင့် ကိုပါ ထည့်သွင်း ချုပ်ဆို ထားခဲ့ ပါတယ် ။

အသက် 25 နှစ် ရှိပြီ ဖြစ်တဲ့ လင်ဒီလော့ဖ် ဟာ ယူနိုက်တက် အသင်း ဆီကို 2017 ခုနှစ် တုန်းက ရောက်ရှိ လာခဲ့ သူ ဖြစ်ပြီး အသင်း အတွက် ပြိုင်ပွဲစုံ 74 ပွဲ အထိ ကစား ပေးထား နိုင်ခဲ့ ပါတယ် ။ အခုတော့ အသင်း နဲ့ စာချုပ် သက်တမ်း တိုးမြှင့် နိုင် ခဲ့တဲ့ နောက် လင်ဒီလော့ဖ် က …

” ကျွန်တော် ယူနိုက်တက် အသင်း ဆီ စတင် ရောက်ရှိ ခဲ့တဲ့ နေ့ ကတည်းက ဒီ နေရာ ကို အိမ် အဖြစ် ခံစား ခဲ့ရ ပါတယ် ။ ကျွန်တော် ဟာ လွန် ခဲ့တဲ့ နှစ်နှစ်တာ ကာလ အတွင်း အသင်း ရဲ့ ကစားသမား တစ်ဦး အနေ နဲ့ရော ၊ လူသား တစ်ဦး အနေ နဲ့ပါ အတော်လေး တိုးတက် ခဲ့တယ် လို့ ခံစား ခဲ့ရ ပါတယ် ”

” အသင်း မှာ ကျွန်တော့် ကို ကူညီ ပေးခဲ့ ကြတဲ့ သူတွေ ၊ အထောက် အပံ့ ကောင်းတွေ ပေးခဲ့ ကြတဲ့ သူတွေ အားလုံး ကို တစ်ကယ် ပဲ ကျေးဇူး တင် ပါတယ် ။ ကျွန်တော် ဘောလုံး ကစား တာကို နှစ်သက် သူ ဖြစ်ပြီး အခုတော့ အသင်း ကို ဆု ဖလား တွေ ရရှိ စေရေး မှာ ကူညီ ပေးဖို့ ၊ ပရိသတ် တွေ အတွက် ပြန်လည် ပေးဆပ် ဖို့ ရည်ရွယ်ချက် ထားရှိ ထားခဲ့ ပါတယ် ”

” အသင်း မှာ ရှိနေ ကြတဲ့ ကစားသမား တိုင်းက ကျွန်တော် နဲ့ တူညီ တဲ့ အမြင် တွေ ရှိနေ ကြမယ် လို့ ယုံကြည် ပါတယ် ။ ကျွန်တော် တို့ အားလုံး ယူနိုက်တက် အသင်း ရှိနေ သင့်တဲ့ နေရာ တစ်ခု ကို ပြန်လည် ရောက်ရှိ စေ နိုင်ဖို့ အစွမ်းကုန် ကြိုးစား ကြ ပါ့မယ် ”

” ကျွန်တော် ဟာ အသက် ငယ်ရွယ် သေးသူ ဖြစ်တဲ့ အတွက် နောက်ထပ် တိုးတက် ကောင်းမွန် လာနိုင် ဦးမယ် ဆိုတာ ကို သိရှိ ထား ပါတယ် ။ အသင်း ရဲ့ နည်းပြ ၊ နည်းပြ အဖွဲ့ဝင် တွေရဲ့ ကူညီ မှုနဲ့ ဆိုရင် ကျွန်တော် တို့ ရှေ့ဆက် ပြီးတော့ ကောင်းမွန် တဲ့ အရာ တွေပဲ ရောက်ရှိ လာ လိမ့်မယ် လို့ ကျွန်တော် ယုံကြည် နေ ပါတယ် ”

” ဒီ ကလပ် အသင်း မှာ ကစား ရတယ် ဆိုတာ တစ်ကယ့် ကို ဂုဏ်ယူ စရာ ပါပဲ ။ ကျွန်တော် အဲ့တာ ကို နှစ်တွေ အကြာကြီး လုပ်ဆောင် ချင်နေ ပါတယ် ။ ကျွန်တော့် ရဲ့ အနာဂတ် က လုံးဝ အနီ ( red ) ပါပဲ ” လို့ လင်ဒီလော့ဖ် က ယူနိုက်တက် ပရိသတ် တွေ ရင်ထဲ ထိစေမယ့် စကား ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အသင်း ရဲ့ အားထား ရတဲ့ ဗဟို နောက်ခံလူ ကို စာချုပ် သက်တမ်း တိုးမြှင့် နိုင်ခဲ့ တာနဲ့ ပတ်သက် ပြီး ယူနိုက်တက် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား က သူဟာ တစ်ကယ် ပဲ ပျော်ရွှင် ဝမ်းမြောက် မိကြောင်း ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

” ဗစ်တာ က သူဟာ ဘာလဲ ဆိုတာ ဒီမှာ သက်သေ ပြထား နိုင်ခဲ့ ပြီး ကျွန်တော် တို့ အသင်း ရဲ့ အရေး ပါတဲ့ အစိတ် အပိုင်း တစ်ခု ဖြစ်ခဲ့ ပါတယ် ။ သူဟာ ပွဲစဉ် အတွင်း မှာ တည်ငြိမ် မှုတွေ ကိုလည်း ယူဆောင် ပေးလာ နိုင်ခဲ့ ပါတယ် ။ သူဟာ ဒီမှာ အောင်မြင် မှုတွေ ရရှိ နိုင်ဖို့ ဆုံးဖြတ် ထားခဲ့ ပြီ ဆိုတာ ကျွန်တော် တို့ မြင်တွေ့ နိုင် ပါတယ် ”

” သူ့ရဲ့ အနာဂတ် ကို မန်ချက်စတာ ယူနိုက်တက် မှာပဲ ဆက်လက် ရှိနေ စေဖို့ ရွေးချယ် ခဲ့တဲ့ အတွက် ကျွန်တော် အလွန် အမင်း ပျော်ရွှင် မိ ပါတယ် ။ ကျွန်တော် တို့ အားလုံး ဟာ အောင်မြင် မှု တွေကို အတူတကွ သယ်ဆောင် လာနိုင် ကြဖို့ အတွက် စုပေါင်း ကြိုးစား သွားကြ မှာပါ ။ ယူနိုက်တက် တို့ ရှိနေ သင့်တဲ့ နေရာ တစ်ခု ကို ပြန်လည် ရောက်ရှိ စေဖို့ ပေါ့ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar