မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က လက်ရှိ အသင်း ရဲ့ တိုက်စစ် မှာ လိုအပ် တဲ့ အချိန် ပွဲ အရှိန် ကို မြင့်တင် ပေးနိုင် မယ့် ကစားသမား ကင်းမဲ့ နေခြင်း က သူ့ကို အတော်လေး စိတ် မကျေမနပ် ဖြစ်စေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီး ခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက အသင်း ရဲ့ အထောင် တိုက်စစ် ကစားသမား ဖြစ်သူ ရိုမီလူ လူကာကူ ကို အီတလီ ထိပ်သီး အင်တာ မီလန် အသင်း ဆီ ရောင်းချ ခဲ့လိုက် ပြီ ပြန်လည် အစား ထိုး အင်အား ဖြည့်တင်း မှု မပြုလုပ် ထားနိုင် ခဲ့ ပါဘူး ။

လက်ရှိ အချိန် မှာတော့ အသင်း ရဲ့ အားထား ရတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ် ဟာ ဒဏ်ရာ ပြသနာ တွေ ကြုံတွေ့ နေခဲ့ ရတာ ကြောင့် ပွဲ ကစား ခွင့်တွေ လွဲချော် နေတဲ့ အချိန် တိုက်စစ် မှာ ရပ်ရှ်ဖို့ တစ်ဦး တည်းသာ ဂိုးသွင်း နိုင်ရေး ဖိအား တွေအောက် ကျရောက် နေခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အခြား တိုက်စစ် ကစား သမား သစ် ဖြစ်တဲ့ ဒန်နီယယ် ဂျိမ်းစ် ကတော့ ဒီ ရာသီ အသင်း အတွက် စတင် ကစားပေး ခဲ့တဲ့ ပွဲစဉ် 5 ပွဲမှာ 3 ဂိုး အထိ သွင်းယူ ပေးရင်း အိုးလ် ထရပ်ဖို့ဒ် မြေမှာ ကစားသမား ဘဝကို အကောင်းမွန်ဆုံး စတင် နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် အခုတော့ သူဟာ လည်း လက်စတာ နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့ ရတဲ့ အတွက် ရပ်ရှ်ဖို့ အတွက် ဂိုးသွင်း နိုင်ရေး ဖိအား တွေ ပိုမို ကျရောက် လာဖို့ ရှိနေ ပါတယ် ။ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အက်စတာနာ အသင်း နဲ့ ကစား ရမယ့် ယူရို ပါလိဂ် အဖွင့် ပွဲစဉ် မှာ လူငယ် ကစားသမား တွေကို ထုတ်သုံး သွားဖို့ ရှိကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

ဒါပေမယ့် ယူနိုက်တက် ဂန္ဓဝင် ပေါလ် စခိုးလ် ကတော့ အသင်း မှ ထွက်ခွာ သွားတဲ့ လူကာကူ ရဲ့ နေရာ ကို ဝါရင့် တိုက်စစ် ကစားသမား တစ်ဦး တစ်ယောက် နဲ့ ပြန်လည် အစား မထိုး ခဲ့တဲ့ အတွက် အသင်း ဟောင်း အပေါ် စိတ်ပျက် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒါဟာ ကျွန်တော့် ကို စိတ် မကျေမနပ် ဖြစ်စေ တဲ့ အရာ တစ်ခု ပါပဲ ။ သူတို့ တွေဟာ လူကာကူ ကို ရောင်းချ ဖြစ်မယ် ဆိုတာ ကို အိုလီ ဂန်နား ဆိုးလ်ရှား က ကြိုတင် သိရှိ ထားခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ တွေဟာ တိုက်စစ် ကစားသမား ကို ပြန်လည် ခေါ်ယူ ခြင်း မရှိ ခဲ့တာ က ကျွန်တော့် အတွက် တော့ အမှား ကျူးလွန် ခြင်း တစ်ခု လိုပဲ ခံစား ရ ပါတယ် ”

” သူတို့ တွေ ကြိုးစား ခဲ့ကြ သေးလား ၊ အသင်း ဖက်က ဘယ်လို အားထုတ် ခဲ့ကြ သေးလဲ ဆိုတာ တော့ ကျွန်တော် လည်း မသိနိုင် ပါဘူး ။ ဒါပေမယ့် အခု တော့ သူတို့ တွေဟာ ဘောလုံး ရာသီ တစ်ခု ကို တိုက်စစ် ကစားသမား စစ်စစ် တစ်ဦး တစ်ယောက် မပါပဲ ရှေ့ဆက် ကြရ ပါ တော့မယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်း ဆိုတာ က တိုက်စစ် ကစား ဟန်နဲ့ လူသိ များနေ ခဲ့တဲ့ အသင်း တစ်သင်း ပါ ။ ဒီ အသင်း မှာ ဟို အရင် တုန်းက ဆိုရင် တိုက်စစ် မှူး စစ်စစ် လေးယောက် လောက်တောင် ရှိခဲ့ ကြ ပါတယ် ”

” အခုတော့ သူတို့ တွေက ဘယ် တောင်ပံ ကစားသမား တွေလား ၊ ညာ တောင်ပံ ကစားသမား တွေလား ဆိုတာ တောင် သေချာ မသိ ရတဲ့ ရပ်ရှ်ဖို့ ၊ မာရှယ် တို့နဲ့ ရာသီ ရှည် တစ်ခု ကို ရှေ့ဆက် ကြရ ပါ တော့မယ် ။ ဒါကို သူတို့ ကိုင်တွယ် ဖြေရှင်း နိုင်ဖို့ တော့ ကျွန်တော် မျှော်လင့် နေ ပါတယ် ” လို့ ပေါလ် စခိုးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar