• မေန႔ညက ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ စပါးအသင္းဟာ အေ၀းကြင္းမွာ 2 ဂိုး နဲ႔ ဦးေဆာင္ျပီးမွ ၊ ေခ်ပဂိုးေတြ ျပန္လည္ ခြင့္ျပဳလိုက္ရျပီး သေရ တစ္မွတ္နဲ႔သာ ျပီးဆံုးသြားခဲ့ပါတယ္။ စပါးဟာ ပြဲစလို႔ မီးနစ္ 30 အတြင္း ကိန္း ၊ ေမာ္ရာ တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ဦးေဆာင္ခဲ့တာ ျဖစ္ေပမယ့္ ၊ အိမ္ရွင္အတြက္ ေခ်ပဂိုးေတြကို 44 မီးနစ္မွာ ပိုဒီးယန္႔စ္ ၊ 54 မီးနစ္မွာ ဗယ္ေဗြနာ တို႔က သြင္းယူေပးသြားခဲ့ၾကတာပါ။

• ခ်န္ပီယံလိဂ္ အဖြင့္ပြဲစဥ္မွာေတာ့ ပရီးမီးယားလိဂ္ အသင္းေတြထဲက ႏိုင္ပြဲရယူႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ အသင္းက မန္စီးတီးပဲ ျဖစ္ပါတယ္။ အေ၀းကြင္းမွာ ရွက္တာဒိုးနက္ ကို မာရက္ ၊ ဂြန္ဒိုဂန္ ၊ ေဂ်ဇု တို႔ရဲ႕ သြင္းဂိုးေတြ နဲ႔ အတူ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

• တိုက္စစ္ ျပသနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ပီအက္စ္ဂ်ီ အသင္းကေတာ့ ဒီရာသီ အေျပာင္းအေရႊ႕မွာ ေငြေၾကး သံုးစြဲမႈ အမ်ားဆံုး ျပဳလုပ္ထားခဲ့တဲ့ ရီးရဲ မက္ဒရစ္ အသင္းကို အိမ္ကြင္းမွာ ဂိုးျပတ္ ႏိုင္ပြဲနဲ႔ ေခ်မွဳန္းျပသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီ အတြက္ ဂိုးေတြကို ဒီမာရီယာ က 2 ဂိုး ၊ မူနီယာက 1 ဂိုး သြင္းယူေပးသြားခဲ့တာပါ။ နည္းျပ ဇီဒန္း အတြက္ေတာ့ ရာသီစလို႔ မၾကာခင္မွာပဲ ရႈံးပြဲက 2 ပြဲ အထိ ၾကံဳထားရျပီ ျဖစ္သလို ၊ သူ႔ရဲ႕ ကစားပံုဟာလဲ က်စ္လစ္မႈ မရွိေသးတာေၾကာင့္ ၊ သံုးစြဲထားတဲ့ ေငြေၾကး ပမာဏနဲ႔ ယွဥ္လိုက္ရင္ ေမးခြန္းထုတ္ခ်င္စရာေတာ့ ျဖစ္လာခဲ့ပါျပီ။

• ေအတီကိုဟာ စီးရီးေအ ခ်န္ပီယံ ဂ်ဴဗီကုိ ေနာက္က် ေခ်ပဂိုးနဲ႔ အတူ အိမ္ကြင္းမွာ သေရ ကစားသြားခဲ့ပါတယ္။ အခုေနာက္ပိုင္း ဒီႏွစ္သင္း ေတြ႔ဆံုတိုင္း သြင္းဂိုးေတြ ျမင္ရေလ့ ရွိတာနဲ႔ အညီ ဂ်ဴဗီ က ကြာဒရာဒို ၊ မာတြီဒီ တို႔ရဲ႕ သြင္းဂိုးေတြ နဲ႔ ပြဲကို ဦးေဆာင္ခဲ့ေပမယ့္ ၊ မီးနစ္ 70 ဆားဗစ္ခ်္ က လည္းေကာင္း ၊ မီးနစ္ 90 အေရာက္မွာ ဟာရဲရားက လည္းေကာင္း ေခ်ပဂိုးေတြ အသီးသီး ျပန္လည္ သြင္းယူသြားၾကတာ ျဖစ္ပါတယ္။

• ယူႏိုက္တက္ ဟာ သူတို႔ရဲ႕ ေနာက္တန္း ကစားသမား လင္ဒီေလာ့ဖ္ ကို 2024 ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္းတိုး ခ်ဳပ္ဆိုလိုက္ျပီ ျဖစ္ပါတယ္။ ဆြီဒင္ ခံစစ္မႈးဟာ 2017 ခုႏွစ္ က ေျပာင္းေရႊ႕ေၾကး ပါင္ 31 သန္း နဲ႔ ေရာက္ရွိလာခဲ့သူ ျဖစ္ျပီး ၊ အသင္းအတြက္ စုစုေပါင္း 71 ပြဲ ပါ၀င္ ကစားေပးထားျပီးျပီ ျဖစ္ပါတယ္။

• ယူႏိုက္တက္ ရဲ႕ ေနာက္ထပ္ ဦးစားေပး ပစ္မွတ္ကေတာ့ ကြင္းလယ္ ကစားသမား ေပါ့ဘာ ၊ လင္ဂတ္ နဲ႔ ဂရန္း ၀ုဒ္ တို႔ကို စာခ်ဳပ္ သက္တမ္း တိုးဖို႔ ဆက္လက္ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

• ခ်န္ပီယံလိဂ္ အဖြင့္ပြဲစဥ္မွာပဲ ဇဲလ္ဘု အသင္းအတြက္ ဟတ္ထရစ္ သြင္းယူ ေပးႏုိင္ခဲ့တဲ့ အသက္ 19 ႏွစ္ အရြယ္ ေနာ္ေ၀တိုက္စစ္မႈး ဟာလန္း ကို ေစာင့္ၾကည့္ဖို႔ ယူႏိုက္တက္ဟာ ဟာ သူတို႔ရဲ႕ ကင္းေထာက္ေတြကို ေစလႊတ္ထားျပီးျပီ ျဖစပ္ါတယ္။

• ဘိုင္ယန္ ျမဴးနစ္ အသင္းရဲ႕ ဂိုးသမားၾကီး ႏူအာ ဟာ လက္ေရြးစင္ ကစားသမားဘ၀ ကေန အနားယူဖို႔ စဥ္းစားလာေနျပီ ျဖစ္ပါတယ္။ သတင္းေတြ အရေတာ့ ယူရုိ 2020 ပြဲစဥ္ အျပီး အနားယူဖို႔ စီစဥ္ထားတယ္လို႔ သိရသလုိ ၊ သူ႔ရဲ႕ ေနရာကိုလဲ ဘာစီလိုနာ ဂိုးသမား တာစတီဂန္ ကို ဖယ္ေပးဖို႔ ဆံုးျဖတ္ခ်က္ ခ်ျပီးျပီလို႔ ေဖာ္ျပသြားခဲ့ပါတယ္။

• ယူႏိုက္တက္ဟာ ဆိုးရွားကို ထုတ္ပယ္ဖို႔ အစီအစဥ္ မရွိေသးေသာ္လဲ ၊ သူ႔ရဲ႕ ေနရာကို အစားထိုးလို႔ရမယ့္ နည္းျပမ်ိဳးကိုေတာ့ ရွာေဖြေစာင့္ၾကည့္ေနျပီ ျဖစ္ပါတယ္။ ျပင္သစ္ က သတင္းေတြအရ ပီအက္စ္ဂ်ီ နည္းျပ တူခ်ယ္ဟာ ယူႏိုက္တက္ ရဲ႕ ေစာင့္ၾကည့္စာရင္းမွာ ထိပ္ဆံုးကေန ပါ၀င္ေနတယ္လို႔ ဆိုပါတယ္။ လက္ရွိ ဆိုးရွား နဲ႔ ယူနိုက္တက္တို႔ အၾကား စာခ်ဳပ္သက္တမ္းဟာ 3 ႏွစ္အထိ ခ်ဳပ္ဆိုထားတာ ျဖစ္ကာ ၊ မၾကာခင္က ပရီးမီးယားလိဂ္မွာ ရလာဒ္ေတြ အနည္းငယ္ ယိမ္းယိုင္ျပီးေနာက္ပိုင္း ၊ သူ႔ရဲ႕ အနာဂတ္ မတည္ျငိမ္တဲ့သတင္းေတြ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

• လီဗာပူး ေနာက္တန္း ကစားသမား ဗန္ဒိုက္ ကေတာ့ မၾကာေသးခင္က Mirror သတင္းစာက ေဖာ္ျပခဲ့တဲ့ သူဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ နီးစပ္ေနျပီ ဆိုတဲ့သတင္းေတြကို ပယ္ခ်လိုက္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ စာခ်ဳပ္သစ္ ကိစၥအတြက္ သူနဲ႔ ကလပ္အသင္းအၾကား လံုး၀ ေဆြးေႏြးမႈ ျပဳလုပ္ထားျခင္း မရွိေသးဘူးလို႔ ဖြင့္ဟသြားခဲ့့ျပီး ၊ ကြင္းထဲက စြမ္းေဆာင္ရည္ေတြကိုပဲ အာရံုစုိက္ေနတယ္လို႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။ ဗန္ဒိုက္ရဲ႕ လက္ရွိ စာခ်ဳပ္ သက္တမ္းဟာ 2023 ခုႏွစ္မွာ ကုန္ဆံုးမွာ ျဖစ္ပါတယ္။

• ခ်ဲဆီးဟာ အသင္းမွာ ေျခစြမ္းျပ ကစားလာေနတဲ့ လူငယ္ ကစားသမားေတြ ျဖစ္တဲ့ တိုက္စစ္မႈး အဗရာဟမ္ နဲ႔ ခံစစ္မႈး တီမိုရီ တို႔ကုိ 5 ႏွစ္ အထိ စာခ်ဳပ္သက္တမ္းတိုးျမွင့္ ခ်ဳပ္ဆိုဖို႔ တရား၀င္ ေဆြးေႏြးလာခဲ့ျပီ ျဖစ္ပါတယ္။ တီမိုရီ ရဲ႕ စာခ်ဳပ္ဟာ 2021 ခုႏွစ္မွာ ကုန္ဆံုးမွာ ျဖစ္သလုိ ၊ ဗရာဟမ္ ရဲ႕ စာခ်ဳပ္ကလဲ 2022 ခုႏွစ္မွာ ကုန္ဆံုးမွာ ျဖစ္သည့္တိုင္ေအာင္ ၊ ကလပ္ အသင္းက ႏွစ္ေယာက္ စလံုးကို ေရရွည္ စာခ်ဳပ္ ခ်ဳပ္ဖို႔ ျပင္ဆင္လာခဲ့တာ ျဖစ္ပါတယ္။ အဗရာဟမ္ ဟာ အသင္းအတြက္ 4 ပြဲ ကစားျပီး 7 ဂိုး အထိ သြင္းယူေပးထားသူ ျဖစ္ပါတယ္။

• 2023 ခုႏွစ္ ရဲ႕ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို အဂၤလန္ က ၀င္ဘာေလ ကြင္းၾကီးထဲမွာ က်င္းပသြားမွာ ျဖစ္ေၾကာင္း ဥေရာပ ေဘာလံုးအဖြဲ႔ခ်ဳပ္က တရား၀င္ ေၾကျငာလိုက္ျပီ ျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ 2021 ခုႏွစ္ အတြက္ စိန္႔စ္ပီတာဘတ္ကြင္း ၊ 2022 ခုႏွစ္ အတြက္ ျမဴးနစ္ ကြင္းေတြမွာမွာ အသီးသီး က်င္းပသြားမယ္လို႔ ေျပာဆုိသြားခဲ့ပါတယ္။

• အာဆင္နယ္ နည္းျပ အူႏိုင္း အမ္မရီ ကေတာ့ ယူရုိပါလိဂ္ အဖြင့္ပြဲစဥ္ အျဖစ္ ကစားမယ့္ ဖရန္႔ဖတ္ နဲ႔ ပြဲစဥ္မွာ သူ႔ရဲ႕ ကစားသမား ႏွစ္ဦး ျဖစ္တဲ့ ဆိုကရက္တစ္ နဲ႔ အိုေဇး တို႔ကို အနားေပးထားမွာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

• ေအတီကို နည္းျပ ဆီျမြန္နီ ကေတာ့ သူတုိ႔ အသင္းဟာ ေနာက္က် ေခ်ပဂိုး နဲ႔ တစ္မွတ္ ရခဲ့တယ္ ဆိုေပမယ့္ ၊ တကယ္ေတာ့ အဲဒီထက္ ေကာင္းမြန္တဲ့ ရလာဒ္မ်ိဳး နဲ႔ ထိုက္တန္မႈ ရွိတယ္လို႔ ဂ်ဴဗီ နဲ႔ ပြဲအျပီးမွာ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။ ဆာရီ ကေတာ့ သူတို႔ အေနနဲ႔ အလြန္တည္ကန္ေဘာေတြကို ခုခံတဲ့ ေနရာမွာ တိုးတက္မႈေတြ လိုအပ္ေနေသးတယ္လို႔ ၀န္ခံသြားခဲ့ျပီး ၊ VAR ရဲ႕ ဆံုးျဖတ္ခ်က္ တစ္ခ်ိဳ႕ကလဲ တိက်မႈ မရွိခဲ့ဘူးလို႔ သံုးသပ္သြားခဲ့ပါတယ္။

• ဘာစီလိုနာ အသင္းရဲ႕ ေတာင္ပံ ကစားသမားေလး အန္ဆူ ဖာတီ ဟာ ဒီတစ္ပတ္ထဲမွာပဲ စပိန္ ပတ္စ္ပို႔ လက္ခံ ရရွိသြားေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ လာမယ့္ ယူ 17 ကမၻာ့ဖလား ျပိဳင္ပြဲမွာေတာ့ စပိန္ ဂ်ာစီနဲ႔ အတူ ၀င္ေရာက္ ယွဥ္ျပိဳင္ေနတာ ျမင္ေတြ႔ရေတာ့မွာပါ။

• ကမၻာေက်ာ္ ေဘာလံုးသမားၾကီး ရိုနာဒို ကေတာ့ သူ႔အေနနဲ႔ မိတ္ေဆြေတြ ၊ ေဆြမ်ိဳးေတြ အမ်ားၾကီး ရွိေသာ္လဲ ၊ တကယ္တမ္း သူ႔စိတ္ထဲမွာ ယံုၾကည္မႈ အျပည့္ ထားတဲ့သူက 4 ဦးသာ ရွိတယ္လို႔ ရင္ဖြင့္ သြားခဲ့ပါတယ္။

• ေဒါ့မြန္ နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ တံေကာက္ေၾကာ ဒဏ္ရာ ရရွိသြားတဲ့ ဘာစီလိုနာ ေနာက္တန္း ကစားသမား ေဂ်ာ္ဒီ အယ္လ္ဘာ ဟာ အနည္းဆံုး 15 ရက္ ၀န္းက်င္ခန္႔ အနားယူသြားရမွာ ျဖစ္ပါတယ္။

• ဒီကေန႔မွာေတာ့ ျမန္မာ့ ၾကက္ေတာင္မယ္ သက္ထားသူဇာ ဟာ ေမာ္လ္ဒိုက္မွာ က်င္းပလွ်က္ ရွိေနတဲ့ Maldives International Future Series 2019 ျပိဳင္မွာ ၊ ရႈံးထြက္ အဆင့္ပြဲစဥ္ကို စတင္ ယွဥ္ျပိဳင္ ကစားမွာ ျဖစ္ပါတယ္။ သူမ ရဲ႕ ျပိဳင္ဘက္ဟာ Yeh Szu Jou ျဖစ္ျပီး ၊ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ 754 မွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။ Yeh Szu Jou ဟာ ကစားသမားဘ၀ တစ္ေလွ်ာက္မွာ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ကို အျမင့္ဆံုး 678 အထိသာ တက္လွမ္းႏိုင္ခဲ့ဖူးသူ ျဖစ္ပါတယ္။

 

 

 

Maldives International Future Series ဟာ ကမၻာ့ၾကက္ေတာင္ အဖြဲ႔ခ်ဳပ္က သတ္မွတ္ထားတဲ့ ျပိဳင္ပြဲ အမ်ိဳးအစားေတြထဲမွာ အနိမ့္ဆံုး အဆင့္ ျပိဳင္ပြဲ အမ်ိဳးအစား ျဖစ္ျပီး ၊ ေပးတဲ့ ဆုေၾကးကလဲ နည္းပါးတာေၾကာင့္ အေရွ႕ေတာင္ အာရွ ရဲ႕ ထိပ္တန္း ၾကက္ေတာင္မယ္ေတြ လာေရာက္ ယွဥ္ျပိဳင္ျခင္း မရွိပါဘူး။

SPORT MYANMAR

Unicode

မော်လဒိုက်မှာ ရှုံးထွက်ပွဲစဉ် စတင် ကစားတော့မယ့် သက်ထားသူဇာ နဲ့ နံနက်ခင်း သတင်းများ
************************************************

• မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ စပါးအသင်းဟာ အဝေးကွင်းမှာ 2 ဂိုး နဲ့ ဦးဆောင်ပြီးမှ ၊ ချေပဂိုးတွေ ပြန်လည် ခွင့်ပြုလိုက်ရပြီး သရေ တစ်မှတ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ စပါးဟာ ပွဲစလို့ မီးနစ် 30 အတွင်း ကိန်း ၊ မော်ရာ တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့တာ ဖြစ်ပေမယ့် ၊ အိမ်ရှင်အတွက် ချေပဂိုးတွေကို 44 မီးနစ်မှာ ပိုဒီးယန့်စ် ၊ 54 မီးနစ်မှာ ဗယ်ဗွေနာ တို့က သွင်းယူပေးသွားခဲ့ကြတာပါ။

• ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် အသင်းတွေထဲက နိုင်ပွဲရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အသင်းက မန်စီးတီးပဲ ဖြစ်ပါတယ်။ အဝေးကွင်းမှာ ရှက်တာဒိုးနက် ကို မာရက် ၊ ဂွန်ဒိုဂန် ၊ ဂျေဇု တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

• တိုက်စစ် ပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ပီအက်စ်ဂျီ အသင်းကတော့ ဒီရာသီ အပြောင်းအရွှေ့မှာ ငွေကြေး သုံးစွဲမှု အများဆုံး ပြုလုပ်ထားခဲ့တဲ့ ရီးရဲ မက်ဒရစ် အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် နိုင်ပွဲနဲ့ ချေမှုန်းပြသွားခဲ့ပါတယ်။ ပီအက်စ်ဂျီ အတွက် ဂိုးတွေကို ဒီမာရီယာ က 2 ဂိုး ၊ မူနီယာက 1 ဂိုး သွင်းယူပေးသွားခဲ့တာပါ။ နည်းပြ ဇီဒန်း အတွက်တော့ ရာသီစလို့ မကြာခင်မှာပဲ ရှုံးပွဲက 2 ပွဲ အထိ ကြုံထားရပြီ ဖြစ်သလို ၊ သူ့ရဲ့ ကစားပုံဟာလဲ ကျစ်လစ်မှု မရှိသေးတာကြောင့် ၊ သုံးစွဲထားတဲ့ ငွေကြေး ပမာဏနဲ့ ယှဉ်လိုက်ရင် မေးခွန်းထုတ်ချင်စရာတော့ ဖြစ်လာခဲ့ပါပြီ။

• အေတီကိုဟာ စီးရီးအေ ချန်ပီယံ ဂျူဗီကို နောက်ကျ ချေပဂိုးနဲ့ အတူ အိမ်ကွင်းမှာ သရေ ကစားသွားခဲ့ပါတယ်။ အခုနောက်ပိုင်း ဒီနှစ်သင်း တွေ့ဆုံတိုင်း သွင်းဂိုးတွေ မြင်ရလေ့ ရှိတာနဲ့ အညီ ဂျူဗီ က ကွာဒရာဒို ၊ မာတွီဒီ တို့ရဲ့ သွင်းဂိုးတွေ နဲ့ ပွဲကို ဦးဆောင်ခဲ့ပေမယ့် ၊ မီးနစ် 70 ဆားဗစ်ချ် က လည်းကောင်း ၊ မီးနစ် 90 အရောက်မှာ ဟာရဲရားက လည်းကောင်း ချေပဂိုးတွေ အသီးသီး ပြန်လည် သွင်းယူသွားကြတာ ဖြစ်ပါတယ်။

• ယူနိုက်တက် ဟာ သူတို့ရဲ့ နောက်တန်း ကစားသမား လင်ဒီလော့ဖ် ကို 2024 ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဆွီဒင် ခံစစ်မှုးဟာ 2017 ခုနှစ် က ပြောင်းရွှေ့ကြေး ပါင် 31 သန်း နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ အသင်းအတွက် စုစုပေါင်း 71 ပွဲ ပါ၀င် ကစားပေးထားပြီးပြီ ဖြစ်ပါတယ်။

• ယူနိုက်တက် ရဲ့ နောက်ထပ် ဦးစားပေး ပစ်မှတ်ကတော့ ကွင်းလယ် ကစားသမား ပေါ့ဘာ ၊ လင်ဂတ် နဲ့ ဂရန်း ၀ုဒ် တို့ကို စာချုပ် သက်တမ်း တိုးဖို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

• ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာပဲ ဇဲလ်ဘု အသင်းအတွက် ဟတ်ထရစ် သွင်းယူ ပေးနိုင်ခဲ့တဲ့ အသက် 19 နှစ် အရွယ် နော်ဝေတိုက်စစ်မှုး ဟာလန်း ကို စောင့်ကြည့်ဖို့ ယူနိုက်တက်ဟာ ဟာ သူတို့ရဲ့ ကင်းထောက်တွေကို စေလွှတ်ထားပြီးပြီ ဖြစပ်ါတယ်။

• ဘိုင်ယန် မြူးနစ် အသင်းရဲ့ ဂိုးသမားကြီး နူအာ ဟာ လက်ရွေးစင် ကစားသမားဘဝ ကနေ အနားယူဖို့ စဉ်းစားလာနေပြီ ဖြစ်ပါတယ်။ သတင်းတွေ အရတော့ ယူရို 2020 ပွဲစဉ် အပြီး အနားယူဖို့ စီစဉ်ထားတယ်လို့ သိရသလို ၊ သူ့ရဲ့ နေရာကိုလဲ ဘာစီလိုနာ ဂိုးသမား တာစတီဂန် ကို ဖယ်ပေးဖို့ ဆုံးဖြတ်ချက် ချပြီးပြီလို့ ဖော်ပြသွားခဲ့ပါတယ်။

• ယူနိုက်တက်ဟာ ဆိုးရှားကို ထုတ်ပယ်ဖို့ အစီအစဉ် မရှိသေးသော်လဲ ၊ သူ့ရဲ့ နေရာကို အစားထိုးလို့ရမယ့် နည်းပြမျိုးကိုတော့ ရှာဖွေစောင့်ကြည့်နေပြီ ဖြစ်ပါတယ်။ ပြင်သစ် က သတင်းတွေအရ ပီအက်စ်ဂျီ နည်းပြ တူချယ်ဟာ ယူနိုက်တက် ရဲ့ စောင့်ကြည့်စာရင်းမှာ ထိပ်ဆုံးကနေ ပါ၀င်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဆိုးရှား နဲ့ ယူနိုက်တက်တို့ အကြား စာချုပ်သက်တမ်းဟာ 3 နှစ်အထိ ချုပ်ဆိုထားတာ ဖြစ်ကာ ၊ မကြာခင်က ပရီးမီးယားလိဂ်မှာ ရလာဒ်တွေ အနည်းငယ် ယိမ်းယိုင်ပြီးနောက်ပိုင်း ၊ သူ့ရဲ့ အနာဂတ် မတည်ငြိမ်တဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

• လီဗာပူး နောက်တန်း ကစားသမား ဗန်ဒိုက် ကတော့ မကြာသေးခင်က Mirror သတင်းစာက ဖော်ပြခဲ့တဲ့ သူဟာ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီ ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ စာချုပ်သစ် ကိစ္စအတွက် သူနဲ့ ကလပ်အသင်းအကြား လုံးဝ ဆွေးနွေးမှု ပြုလုပ်ထားခြင်း မရှိသေးဘူးလို့ ဖွင့်ဟသွားခဲ့့ပြီး ၊ ကွင်းထဲက စွမ်းဆောင်ရည်တွေကိုပဲ အာရုံစိုက်နေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒိုက်ရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ 2023 ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

• ချဲဆီးဟာ အသင်းမှာ ခြေစွမ်းပြ ကစားလာနေတဲ့ လူငယ် ကစားသမားတွေ ဖြစ်တဲ့ တိုက်စစ်မှုး အဗရာဟမ် နဲ့ ခံစစ်မှုး တီမိုရီ တို့ကို 5 နှစ် အထိ စာချုပ်သက်တမ်းတိုးမြှင့် ချုပ်ဆိုဖို့ တရားဝင် ဆွေးနွေးလာခဲ့ပြီ ဖြစ်ပါတယ်။ တီမိုရီ ရဲ့ စာချုပ်ဟာ 2021 ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်သလို ၊ ဗရာဟမ် ရဲ့ စာချုပ်ကလဲ 2022 ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်သည့်တိုင်အောင် ၊ ကလပ် အသင်းက နှစ်ယောက် စလုံးကို ရေရှည် စာချုပ် ချုပ်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ အဗရာဟမ် ဟာ အသင်းအတွက် 4 ပွဲ ကစားပြီး 7 ဂိုး အထိ သွင်းယူပေးထားသူ ဖြစ်ပါတယ်။

• 2023 ခုနှစ် ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အင်္ဂလန် က ၀င်ဘာလေ ကွင်းကြီးထဲမှာ ကျင်းပသွားမှာ ဖြစ်ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ်က တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ 2021 ခုနှစ် အတွက် စိန့်စ်ပီတာဘတ်ကွင်း ၊ 2022 ခုနှစ် အတွက် မြူးနစ် ကွင်းတွေမှာမှာ အသီးသီး ကျင်းပသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

• အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ကတော့ ယူရိုပါလိဂ် အဖွင့်ပွဲစဉ် အဖြစ် ကစားမယ့် ဖရန့်ဖတ် နဲ့ ပွဲစဉ်မှာ သူ့ရဲ့ ကစားသမား နှစ်ဦး ဖြစ်တဲ့ ဆိုကရက်တစ် နဲ့ အိုဇေး တို့ကို အနားပေးထားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

• အေတီကို နည်းပြ ဆီမြွန်နီ ကတော့ သူတို့ အသင်းဟာ နောက်ကျ ချေပဂိုး နဲ့ တစ်မှတ် ရခဲ့တယ် ဆိုပေမယ့် ၊ တကယ်တော့ အဲဒီထက် ကောင်းမွန်တဲ့ ရလာဒ်မျိုး နဲ့ ထိုက်တန်မှု ရှိတယ်လို့ ဂျူဗီ နဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။ ဆာရီ ကတော့ သူတို့ အနေနဲ့ အလွန်တည်ကန်ဘောတွေကို ခုခံတဲ့ နေရာမှာ တိုးတက်မှုတွေ လိုအပ်နေသေးတယ်လို့ ၀န်ခံသွားခဲ့ပြီး ၊ VAR ရဲ့ ဆုံးဖြတ်ချက် တစ်ချို့ကလဲ တိကျမှု မရှိခဲ့ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

• ဘာစီလိုနာ အသင်းရဲ့ တောင်ပံ ကစားသမားလေး အန်ဆူ ဖာတီ ဟာ ဒီတစ်ပတ်ထဲမှာပဲ စပိန် ပတ်စ်ပို့ လက်ခံ ရရှိသွားတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ လာမယ့် ယူ 17 ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ စပိန် ဂျာစီနဲ့ အတူ ၀င်ရောက် ယှဉ်ပြိုင်နေတာ မြင်တွေ့ရတော့မှာပါ။

• ကမ္ဘာကျော် ဘောလုံးသမားကြီး ရိုနာဒို ကတော့ သူ့အနေနဲ့ မိတ်ဆွေတွေ ၊ ဆွေမျိုးတွေ အများကြီး ရှိသော်လဲ ၊ တကယ်တမ်း သူ့စိတ်ထဲမှာ ယုံကြည်မှု အပြည့် ထားတဲ့သူက 4 ဦးသာ ရှိတယ်လို့ ရင်ဖွင့် သွားခဲ့ပါတယ်။

• ဒေါ့မွန် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိသွားတဲ့ ဘာစီလိုနာ နောက်တန်း ကစားသမား ဂျော်ဒီ အယ်လ်ဘာ ဟာ အနည်းဆုံး 15 ရက် ၀န်းကျင်ခန့် အနားယူသွားရမှာ ဖြစ်ပါတယ်။

• ဒီကနေ့မှာတော့ မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာ ဟာ မော်လ်ဒိုက်မှာ ကျင်းပလျှက် ရှိနေတဲ့ Maldives International Future Series 2019 ပြိုင်မှာ ၊ ရှုံးထွက် အဆင့်ပွဲစဉ်ကို စတင် ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ သူမ ရဲ့ ပြိုင်ဘက်ဟာ Yeh Szu Jou ဖြစ်ပြီး ၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက် 754 မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ Yeh Szu Jou ဟာ ကစားသမားဘဝ တစ်လျှောက်မှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကို အမြင့်ဆုံး 678 အထိသာ တက်လှမ်းနိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

Maldives International Future Series ဟာ ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ပြိုင်ပွဲ အမျိုးအစားတွေထဲမှာ အနိမ့်ဆုံး အဆင့် ပြိုင်ပွဲ အမျိုးအစား ဖြစ်ပြီး ၊ ပေးတဲ့ ဆုကြေးကလဲ နည်းပါးတာကြောင့် အရှေ့တောင် အာရှ ရဲ့ ထိပ်တန်း ကြက်တောင်မယ်တွေ လာရောက် ယှဉ်ပြိုင်ခြင်း မရှိပါဘူး။

SPORT MYANMAR