ယာဂန္ကေလာ့ က သူဟာ အသင္း အတြက္ မၾကာခင္မွာပဲ ျပန္ကစား ေပးႏုိင္ ေတာ့မွာ ျဖစ္တဲ့ လီဗာပူး ၾကယ္ပြင့္ အဲလက္ ေအာက္စလိတ္ ခ်ိန္ဘာလိန္ နဲ႕ ပက္သက္ျပီး ဖိအား မ်ားစြာ ေပးျခင္း အားျဖင့္ ၾကီးမားတဲ့ အမွားအယြင္းေတြ ထဲက တစ္ခုကုိ က်ဴးလြန္ ခဲ့တယ္လို႕ ဆုိသြား ခဲ့ပါတယ္။

ေအာက္စလိတ္ ခ်ိန္ဘာလိန္ ဟာ ယခုလ အေစာပုိင္းမွာ တုန္းက လီဗာပူး ယူ ၂၃ အသင္း အတြက္ ကစားေပးခဲ့ျခင္း နဲ႕ အတူ ကာလရွည္ ေစာင့္ဆုိင္း ခဲ့ရတဲ့ ဒဏ္ရာ ကေန ျပန္လာ ခဲ့ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္ ၾကယ္ပြင့္ေဟာင္း ဟာ ဒူးေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ေထာ့နဲ႕ေထာ့နဲ႕ နဲ႕ ကြင္းထဲက မထြက္ခြာမီ လူငယ္ အသင္း အတြက္ မိနစ္ ၄၀ ပဲ ကစား ႏိုင္ခဲ့ ါတယ္။

ေအာက္စလိတ္ ခ်ိန္ဘာလိန္ ရဲ႕ ျပန္လာခဲ့ မွဳနဲ႕ ပက္သက္ျပီး ကေလာ့ က “ ကၽြန္ေတာ္ ဒီအသင္း မွာ ျပဳလုပ္ခဲ့တဲ့ ၾကီးမားတဲ့ အမွား အယြင္းေတြ ထဲက တစ္ခု ကေတာ့ ခ်ိန္ဘာလိန္ ျပန္လာမွဳ နဲ႕ ပက္သက္ျပီး လူသိရွင္ၾကား စိတ္လွဳပ္ရွား ေနေၾကာင္း ျပသခဲ့တာ ပါပဲ။ ဒါ့ေၾကာင့္လည္း ဒါဘီနဲ႕ ကစား ခဲ့တဲ့ ယူ ၂၃ အသင္း ပြဲစဥ္ကုိ အာရံု စူးစုိက္မွဳေတြ မ်ားေစ ခဲ့ပါတယ္။

အခု ဆုိရင္ ကၽြန္ေတာ္တုိ႕ သူ႕ကို အရိပ္ေအာက္ထဲ အနည္းငယ္ ျပန္သြင္း သြားမွာပါ။ သူဟာ အသင္းနဲ႕ အတူ ေလ့က်င့္ခန္း ဆင္းမွာပါ။ သူ႕အေနနဲ႕ ပြဲကစားဖို႕ အတြက္ သင့္ေတာ္ျပီး အဆင္သင့္ ျဖစ္တဲ့ အေနအထား ကုိ ေရာက္ခဲ့တဲ့ အခါ ကၽြန္ေတာ္ ခင္ဗ်ား တို႕ကို သတိေပး သြားမွာပါ။ အဲဒီ မတုိင္မီ အထိေတာ့ ကၽြန္ေတာ္ သူနဲ႕ ပက္သက္ျပီး ေျပာေတာ့မွာ မဟုတ္ ပါဘူး။” လို႕ ေျပာသြား ပါတယ္။

ကေလာ့ ဟာ ေနာက္ခံလူ ဂ်ိဳးဂိုးမက္္ဇ္ ၊ ထရန္အလက္ဇန္းဒါး အာႏုိး နဲ႕ ဇာဒန္ ရွကီရီ တုိ႕ရဲ႕ ေနာက္ဆံုးရ ၾကံ့ခုိင္မွဳ အေျခအေန ေတြကို ေျပာျပ သြားခဲ့ျပီး အဆုိပါ ကစားသမား ၃ ဦးစလံုးဟာ ဒဏ္ရာ ကေန ျပန္လာ ျပီးေနာက္ ျပီးခဲ့တဲ့ အဂါေန႕က ပထမဦးဆံုး အၾကိမ္ ေလ့က်င္ခန္း ျပန္ဆင္း ခဲ့ၾကတာ ျဖစ္ပါတယ္။

ကေလာ့ က “ သူတုိ႕ရဲ႕ တုန္႕ျပန္မွဳကို ကၽြန္ေတာ္တုိ႕ ၾကည့္သြား ရမွာပါ။ သူတုိ႕ဟာ ျပဳစုေစာင့္ေရွာက္ဖို႕ နဲ႕ ျပန္လည္ ထူေထာင္ေရး လုပ္ဖို႕ လိုအပ္ ခဲ့ပါတယ္။ ဂိုးမက္ဇ္ ဟာ ၁၅ ပတ္ေလာက္ နားေန ခဲ့ရျပီးေနာက္ ၾကာသပေတး ေန႕က ျပန္လာ ခဲ့ပါတယ္။ အေတာ္ၾကာတာ ပဲဗ်ာ။ ဒါေပမယ့္ သူ႕ရဲ႕ အေနအထား ဟာ အေတာ္ ေကာင္းေန ပါတယ္။

ျပန္လည္ ထူေထာင္ေရး sessions ေတြ အမ်ားၾကီး လုပ္ခဲ့ျပီးေနာက္ သူဟာ ေဘာလံုး ေလ့က်င့္ခန္း နဲ႕ ျပန္လည္ အသားက် လာခဲ့ပါတယ္။ သူတုိ႕ အုိေက မွာပါ။ ဒီေန႕ ေလ့က်င့္ခန္း ထပ္ဆင္း ၾကမွာပါ။” လို႕ ေျပာသြား ခဲ့ပါတယ္။

လီဗာပူး ဟာ ပရီးမီးယားလိ္ဂ္ အမွတ္ေပး ဇယား ရဲ႕ အဆင့္ တစ္ေနရာ မွာ ရပ္တည္ ေနသလို စပါး အသင္း ကလည္း အဆင့္ ၃ ေနရာ မွာ ရပ္တည္ေနကာ အဆုိပါ ႏွစ္သင္းစလံုး ဟာ ခ်န္ပီယံလိဂ္ မွာလည္း ကြာတားဖိုင္နယ္ကို တက္ေရာက္ ထားခဲ့ ၾကပါတယ္။ ကေလာ့ ကေတာ့ ေတာ့တင္ဟမ္ ရဲ႕ ပံုစံေကာင္း အတြက္ မန္ေနဂ်ာ ေမာ္ရီစီယုိ ပိုခ်က္တီႏုိ ကုိ လံုး၀ ခ်ီးက်ဴး ရမယ္လို႕ ေျပာခဲ့ ပါတယ္။

ကေလာ့ က “ အေျပာင္းအေရြ႕ ေတြ မ်ားျပား လွတဲ့ ဒီႏုိင္ငံမွာ ကုိယ့္ရဲ႕ အသင္းဟာ အေျပာင္းအေရြ႕ မလုပ္ဘူး ဆုိရင္ ဒါဟာ တကယ့္ကို ၾကီးမားတဲ့ သတင္းေခါင္းၾကီး ပါပဲ။ ပိုခ်က္တီႏုိ ဘက္ကလည္း ကစားသမား ေခၚယူ ခ်င္လိမ့္မယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။

ဒါေပမယ့္ အသင္းမွာ ရွိတဲ့ ကစားသမား ေတြကလည္း အသင္းကို တုိးတက္ေအာင္ လုပ္ေပး ႏို္ငပါတယ္။ သူတုိ႕ဟာ အျပင္ကေန ေခၚယူခ်င္တဲ့ သူေတြထက္ ပုိေတာင္ ေကာင္းေန ႏိုင္ပါတယ္။ သူတုိ႕ သြားတဲ့နည္းလမ္း ကို ကၽြန္ေတ္ာ အမ်ားၾကီး ေလးစား ပါတယ္။ ေနာက္ဆံုး မွာေတာ့ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ကုိယ့္ဆံုးျဖတ္ခ်က္ နဲ႕ ကုိယ္ပါပဲ။” လို႕ ဆုိုသြား ပါတယ္။

SM

Unicode

ချိိန်ဘာလိန် နဲ့ ပက်သက်ပြီး ကြီးမားတဲ့ အမှားတွေ ထဲက တစ်ခုကို သူလုပ်ခဲ့တယ်လို့ ထုတ်ဖော်လိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့ က သူဟာ အသင်း အတွက် မကြာခင်မှာပဲ ပြန်ကစား ပေးနိုင် တော့မှာ ဖြစ်တဲ့ လီဗာပူး ကြယ်ပွင့် အဲလက် အောက်စလိတ် ချိန်ဘာလိန် နဲ့ ပက်သက်ပြီး ဖိအား များစွာ ပေးခြင်း အားဖြင့် ကြီးမားတဲ့ အမှားအယွင်းတွေ ထဲက တစ်ခုကို ကျူးလွန် ခဲ့တယ်လို့ ဆိုသွား ခဲ့ပါတယ်။

အောက်စလိတ် ချိန်ဘာလိန် ဟာ ယခုလ အစောပိုင်းမှာ တုန်းက လီဗာပူး ယူ ၂၃ အသင်း အတွက် ကစားပေးခဲ့ခြင်း နဲ့ အတူ ကာလရှည် စောင့်ဆိုင်း ခဲ့ရတဲ့ ဒဏ်ရာ ကနေ ပြန်လာ ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ကြယ်ပွင့်ဟောင်း ဟာ ဒူးကောက်ကြော ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့ နဲ့ ကွင်းထဲက မထွက်ခွာမီ လူငယ် အသင်း အတွက် မိနစ် ၄၀ ပဲ ကစား နိုင်ခဲ့ ါတယ်။

အောက်စလိတ် ချိန်ဘာလိန် ရဲ့ ပြန်လာခဲ့ မှုနဲ့ ပက်သက်ပြီး ကလော့ က “ ကျွန်တော် ဒီအသင်း မှာ ပြုလုပ်ခဲ့တဲ့ ကြီးမားတဲ့ အမှား အယွင်းတွေ ထဲက တစ်ခု ကတော့ ချိန်ဘာလိန် ပြန်လာမှု နဲ့ ပက်သက်ပြီး လူသိရှင်ကြား စိတ်လှုပ်ရှား နေကြောင်း ပြသခဲ့တာ ပါပဲ။ ဒါ့ကြောင့်လည်း ဒါဘီနဲ့ ကစား ခဲ့တဲ့ ယူ ၂၃ အသင်း ပွဲစဉ်ကို အာရုံ စူးစိုက်မှုတွေ များစေ ခဲ့ပါတယ်။

အခု ဆိုရင် ကျွန်တော်တို့ သူ့ကို အရိပ်အောက်ထဲ အနည်းငယ် ပြန်သွင်း သွားမှာပါ။ သူဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းမှာပါ။ သူ့အနေနဲ့ ပွဲကစားဖို့ အတွက် သင့်တော်ပြီး အဆင်သင့် ဖြစ်တဲ့ အနေအထား ကို ရောက်ခဲ့တဲ့ အခါ ကျွန်တော် ခင်ဗျား တို့ကို သတိပေး သွားမှာပါ။ အဲဒီ မတိုင်မီ အထိတော့ ကျွန်တော် သူနဲ့ ပက်သက်ပြီး ပြောတော့မှာ မဟုတ် ပါဘူး။” လို့ ပြောသွား ပါတယ်။

ကလော့ ဟာ နောက်ခံလူ ဂျိုးဂိုးမက််ဇ် ၊ ထရန်အလက်ဇန်းဒါး အာနိုး နဲ့ ဇာဒန် ရှကီရီ တို့ရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေ တွေကို ပြောပြ သွားခဲ့ပြီး အဆိုပါ ကစားသမား ၃ ဦးစလုံးဟာ ဒဏ်ရာ ကနေ ပြန်လာ ပြီးနောက် ပြီးခဲ့တဲ့ အဂါနေ့က ပထမဦးဆုံး အကြိမ် လေ့ကျင်ခန်း ပြန်ဆင်း ခဲ့ကြတာ ဖြစ်ပါတယ်။

ကလော့ က “ သူတို့ရဲ့ တုန့်ပြန်မှုကို ကျွန်တော်တို့ ကြည့်သွား ရမှာပါ။ သူတို့ဟာ ပြုစုစောင့်ရှောက်ဖို့ နဲ့ ပြန်လည် ထူထောင်ရေး လုပ်ဖို့ လိုအပ် ခဲ့ပါတယ်။ ဂိုးမက်ဇ် ဟာ ၁၅ ပတ်လောက် နားနေ ခဲ့ရပြီးနောက် ကြာသပတေး နေ့က ပြန်လာ ခဲ့ပါတယ်။ အတော်ကြာတာ ပဲဗျာ။ ဒါပေမယ့် သူ့ရဲ့ အနေအထား ဟာ အတော် ကောင်းနေ ပါတယ်။

ပြန်လည် ထူထောင်ရေး sessions တွေ အများကြီး လုပ်ခဲ့ပြီးနောက် သူဟာ ဘောလုံး လေ့ကျင့်ခန်း နဲ့ ပြန်လည် အသားကျ လာခဲ့ပါတယ်။ သူတို့ အိုကေ မှာပါ။ ဒီနေ့ လေ့ကျင့်ခန်း ထပ်ဆင်း ကြမှာပါ။” လို့ ပြောသွား ခဲ့ပါတယ်။

လီဗာပူး ဟာ ပရီးမီးယားလိ်ဂ် အမှတ်ပေး ဇယား ရဲ့ အဆင့် တစ်နေရာ မှာ ရပ်တည် နေသလို စပါး အသင်း ကလည်း အဆင့် ၃ နေရာ မှာ ရပ်တည်နေကာ အဆိုပါ နှစ်သင်းစလုံး ဟာ ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ်ကို တက်ရောက် ထားခဲ့ ကြပါတယ်။ ကလော့ ကတော့ တော့တင်ဟမ် ရဲ့ ပုံစံကောင်း အတွက် မန်နေဂျာ မော်ရီစီယို ပိုချက်တီနို ကို လုံးဝ ချီးကျူး ရမယ်လို့ ပြောခဲ့ ပါတယ်။

ကလော့ က “ အပြောင်းအရွေ့ တွေ များပြား လှတဲ့ ဒီနိုင်ငံမှာ ကိုယ့်ရဲ့ အသင်းဟာ အပြောင်းအရွေ့ မလုပ်ဘူး ဆိုရင် ဒါဟာ တကယ့်ကို ကြီးမားတဲ့ သတင်းခေါင်းကြီး ပါပဲ။ ပိုချက်တီနို ဘက်ကလည်း ကစားသမား ခေါ်ယူ ချင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒါပေမယ့် အသင်းမှာ ရှိတဲ့ ကစားသမား တွေကလည်း အသင်းကို တိုးတက်အောင် လုပ်ပေး နို်ငပါတယ်။ သူတို့ဟာ အပြင်ကနေ ခေါ်ယူချင်တဲ့ သူတွေထက် ပိုတောင် ကောင်းနေ နိုင်ပါတယ်။ သူတို့ သွားတဲ့နည်းလမ်း ကို ကျွန်တေ်ာ အများကြီး လေးစား ပါတယ်။ နောက်ဆုံး မှာတော့ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ်ပါပဲ။” လို့ ဆိုုသွား ပါတယ်။

SM