ယေန႔ နံနက္ အေစာပိုင္းမွာ ကစားသြားခဲ႔တဲ႔ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ မွာ မန္စီးတီး အသင္းကရွက္တာဒိုးနက္စ္ အသင္းကို အေဝးကြင္းမွာ ၃-၀ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။ မန္စီးတီးတို႔ဟာ ေနာက္ဆံုးကစားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲမွာ တန္းတက္ေနာ့ဝွစ္ခ်္ကို အ့ံအားသင့္ဖြယ္ရွံုးနိမ့္ထားခဲ႔ရမွဳကို ေခ်ျဖတ္ႏိုင္လိုက္တာလည္းျဖစ္ပါတယ္။

မန္စီးတီး အသင္းဟာ ဒီီရာသီမွွာ ျပိဳင္ပြဲေလးခုအထိ ယွဥ္ျပိဳင္သြားရဖို႔ ရွိေနတာျဖစ္ျပီး လတ္တေလာမွာ ဒဏ္ရာျပသနာေတြရဲ႕ ႏွိပ္စက္မွဳကိုခံေနခဲ႕ရတာျဖစ္ပါတယ္။အားထားရတဲ႔ ခံစစ္မွဴး တဦးျဖစ္တဲ႔ လာေပၚေတးဟာ ဇန္နဝါရီလေလာက္အထိ အနားယူရဖို႔ ရွိေနသလို ဂ်ြန္စတုန္းကလည္း ရွက္တာဒိုးနက္စ္နဲ႔ ပြဲျကို ေလ့က်င့္ခန္းအစီအစဥ္မွာဒဏ္ရာရသြားခဲ႔တာေျကာင့္ျဖစ္ပါတယ္။

စမ္းသပ္စစ္ေဆးမွဳေတြအရ ဂ်ြန္စတုန္းရဲ႕ ျကြက္သားဒဏ္ရာဟာ ေလး ငါးပတ္ ေလာက္ အနားယူသြားရဖို႔ရွိေနတာျဖစ္လို႔ မန္စီးတီး လူစာရင္းမွာ ဗဟုိုခံစစ္မွဴး စစ္အျဖစ္ ေအာ္တာမန္ဒီ တဦးတည္းသာက်န္ရွိေနတာျဖစ္ပါတယ္။ဒါေျကာင့္လည္း နည္းျပျကီးဂြာဒီယိုလာဟာကြင္းလယ္အဖ်က္ကစားသမားတဦးျဖစ္တဲ႔ ဖာနန္ဒင္ဟိုနဲ႔ သူ႔ကိုရွက္တာဒိုးနက္စ္နဲ႔ ပဲြမွာတြဲျပီးအသံုးျပဳခဲ႔ရတာျဖစ္ပါတယ္။

ေအာ္တာမန္ဒီဟာ အသက္ ၃၁ႏွစ္အရြယ္ရွိေနျပီျဖစ္ျပီး ဖာနန္ဒင္ဟိုကေတာ့ ၃၄ ႏွစ္ အရြယ္အထိရွိေနတာျဖစ္ပါတယ္။ဒါေျကာင့္လည္း သူတို႔ႏွစ္ဦးကို ပြဲတိုင္းအသံုးျပဳႏိုင္မွာမဟုတ္လို႔ ခံစစ္ပိုင္းအတြက္ ေနာက္ထပ္ေရြးခ်ယ္စရာေတြ ရွာေဖြရေတာ့မွာျဖစ္တယ္လို႕ ဂြာဒီယုိလာက ထုတ္ေျပာသြားခဲ႔ပါတယ္။

ရွက္တာဒိုးနက္စ္နဲ႔ ပြဲအျပီး အင္တာဗ်ဴးတခုမွာ ဂြာဒီယိုလာက – ” ဗဟုိခံစစ္ေနရာမွာ ဖာနန္ဒင္ဟုိ ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္မယ္ဆိုတဲ႔အေပၚကို သံသယေတာင္မရွိခဲ႔ပါဘူူး။သူဟာအသက္ ၃၄ႏွစ္အရြယ္ရွိေနျပီး ေအာ္တာမန္ဒီက အသက္ ၃၁ႏွစ္အရြယ္ရွိေနပါတယ္။

ေနာက္ထပ္ေရြးခ်ယ္စရာအျဖစ္ေတာ့ အသက္ ၁၈ႏွစ္အရြယ္ ဂါစီယာ ပဲရွိေနပါတယ္။ေနာက္ထပ္ သံုး၊ ေလး လေလာက္ အတြင္း ဘာေတြျဖစ္သြားမယ္ဆိုတာေတာ့ က်ြန္ေတာ္လည္းမသိေသးပါဘူး။သူတို႔ႏွစ္ေယာက္လံုးဟာဒီညမွ အံံ့မခန္းေျခစြမ္းျပသသြားခဲ႔ျကပါတယ္။

ေအာ္တာမန္ဒီ အေနနဲ႔လည္း ျပီးခဲ႔တဲ႔ပြဲက ျဖစ္ရပ္အျပီး အေကာင္းဆံုး ကုိယ္ရည္ကိုယ္ေသြးျပသသြားႏိုင္ခဲ႔ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ ေနရာအတြက္ေနာက္ထပ္အေျဖရွာရဦးမွာျဖစ္ျပီး ရိုဒရီ သို႔မဟုတ္ ေဝၚကာျဖစ္ႏိုင္ပါတယ္။ဘာေျကာင့္လည္းဆိုေတာ့သူတို႔ႏွစ္ေယာက္ဟာ ပြဲတိုင္းမကစားႏိုင္ျကလို႕ ျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ရွက္တာဒိုးနက္စ္နဲ႔ ပြဲမွာေျခစြမ္းျပသသြားခဲ႔ျပီး ကိုယ္တိုင္ဂိုးသြင္းႏိုင္ခ႔ဲသလို မာရက္ဇ္ရဲ႕ ဂိုးကို ဖန္တီးေပးႏိုင္ခဲ႔တဲ႔ ဂန္ဒိုဂမ္ကေတာ့ ေနာ့ဝွစ္ခ်္နဲ႔ ရွံုးပြဲကေန ျပန္ရုန္းထြက္လာႏိုင္ခဲ႔တဲ႔ အသင္းေဖာ္ေတြကို ခ်ီးက်ဴးသြားခဲ႔ပါတယ္။BT Sport နဲ႔ အင္တာဗ်ဴးမွာ ဂန္ဒိုဂမ္က –

” အဲ႔ဒီလို ရွံုးပြဲကို တုန္႔ျပန္ႏိုင္ဖို႔လိုခဲ႔တာျဖစ္ျပီး ေကာင္းေကာင္းကို တုန္႔ျပန္လိုက္ႏိုင္ ခဲ႔တာ ျဖစ္ပါတယ္။တသင္းလံုးလုပ္ေဆာင္ႏိုင္ခဲ႔တာျဖစ္ျပီး တဦးတေယာက္ခ်င္းပဲ မဟုတ္ပါဘူး။ရလဒ္ကအေရးအျကီးဆံုးျဖစ္ျပီး က်ြန္ေတာ္တို႔အေတာ္ေလးေကာင္းေကာင္းကစားသြားႏိုင္ခဲ႔ျကပါတယ္။

အေဝးကြင္းပြဲေတြမွာ ဂိုးအရင္သြင္းႏိုင္တာဟာ အျမဲတမ္းအေထာက္အကူျဖစ္ေစပါတယ္။က်ြန္ေတာ္တိို႔ ဖန္တီးမွဳေတြ လည္းအမ်ားျကီး လုပ္ေဆာင္ႏိုင္ခဲ႔ပါတယ္။အခုထက္ ပိုျပီး တဂိုး၊ ႏွစ္ဂိုး ၊ သံုးဂိုးေလာက္ ပိုသြင္းႏိုင္ခဲ႔သင့္တယ္လို႔လည္းယူဆပါတယ္။

တတိယဂိုး ဟာ ပြဲကို အျပီးသတ္လိုက္သလို ျဖစ္သြားေစခဲ႕ပါတယ္။ကံေကာင္းတာကေတာ့ ေနာက္ဆံုး ၁၅မိနစ္ ေက်ာ္ေက်ာ္ေလာက္ အခ်ိန္အပိုင္းအျခားမွာ က်ြန္ေတာ္တို႔ ေကာင္းေကာင္းထိန္းကစားႏိုင္ခဲ႔တာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

မန္စီးတီး အသင္းဟာ လာမယ့္ပြဲစဥ္မွာ ဝက္ဖို႔ဒ္ အသင္းကို အီတီဟတ္မွာ ဧည့္ခံကစားသြားရမွာျဖစ္ျပီး အဲ႔ဒီေနာက္ ျကားရက္ အတြင္းမွာလည္း ကရာေဘာင္ဖလား ပြဲစဥ္အျဖစ္ ပရက္စ္တန္ အသင္းကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

SPORT MYANMAR

Unicode

ဒဏ်ရာပြသနာတွေများနေတဲ့မန်စီးတီး အသင်းခံစစ်ကိုဘယ်လိုအဖြေရှာပေးမယ်ဆိုတာပြောပြလိုက်တဲ့ #ပက်ဂွာဒီယိုလာ
===================================

ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် မှာ မန်စီးတီး အသင်းကရှက်တာဒိုးနက်စ် အသင်းကို အဝေးကွင်းမှာ ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးတို့ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းတက်နော့ဝှစ်ချ်ကို အ့ံအားသင့်ဖွယ်ရှုံးနိမ့်ထားခဲ့ရမှုကို ချေဖြတ်နိုင်လိုက်တာလည်းဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဒီီရာသီမှှာ ပြိုင်ပွဲလေးခုအထိ ယှဉ်ပြိုင်သွားရဖို့ ရှိနေတာဖြစ်ပြီး လတ်တလောမှာ ဒဏ်ရာပြသနာတွေရဲ့ နှိပ်စက်မှုကိုခံနေခဲ့ရတာဖြစ်ပါတယ်။အားထားရတဲ့ ခံစစ်မှူး တဦးဖြစ်တဲ့ လာပေါ်တေးဟာ ဇန်နဝါရီလလောက်အထိ အနားယူရဖို့ ရှိနေသလို ဂျွန်စတုန်းကလည်း ရှက်တာဒိုးနက်စ်နဲ့ ပွဲကြို လေ့ကျင့်ခန်းအစီအစဉ်မှာဒဏ်ရာရသွားခဲ့တာကြောင့်ဖြစ်ပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအရ ဂျွန်စတုန်းရဲ့ ကြွက်သားဒဏ်ရာဟာ လေး ငါးပတ် လောက် အနားယူသွားရဖို့ရှိနေတာဖြစ်လို့ မန်စီးတီး လူစာရင်းမှာ ဗဟိုုခံစစ်မှူး စစ်အဖြစ် အော်တာမန်ဒီ တဦးတည်းသာကျန်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်လည်း နည်းပြကြီးဂွာဒီယိုလာဟာကွင်းလယ်အဖျက်ကစားသမားတဦးဖြစ်တဲ့ ဖာနန်ဒင်ဟိုနဲ့ သူ့ကိုရှက်တာဒိုးနက်စ်နဲ့ ပွဲမှာတွဲပြီးအသုံးပြုခဲ့ရတာဖြစ်ပါတယ်။

အော်တာမန်ဒီဟာ အသက် ၃၁နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဖာနန်ဒင်ဟိုကတော့ ၃၄ နှစ် အရွယ်အထိရှိနေတာဖြစ်ပါတယ်။ဒါကြောင့်လည်း သူတို့နှစ်ဦးကို ပွဲတိုင်းအသုံးပြုနိုင်မှာမဟုတ်လို့ ခံစစ်ပိုင်းအတွက် နောက်ထပ်ရွေးချယ်စရာတွေ ရှာဖွေရတော့မှာဖြစ်တယ်လို့ ဂွာဒီယိုလာက ထုတ်ပြောသွားခဲ့ပါတယ်။

ရှက်တာဒိုးနက်စ်နဲ့ ပွဲအပြီး အင်တာဗျူးတခုမှာ ဂွာဒီယိုလာက – ” ဗဟိုခံစစ်နေရာမှာ ဖာနန်ဒင်ဟို ကောင်းကောင်းလုပ်ဆောင်နိုင်မယ်ဆိုတဲ့အပေါ်ကို သံသယတောင်မရှိခဲ့ပါဘူူး။သူဟာအသက် ၃၄နှစ်အရွယ်ရှိနေပြီး အော်တာမန်ဒီက အသက် ၃၁နှစ်အရွယ်ရှိနေပါတယ်။

နောက်ထပ်ရွေးချယ်စရာအဖြစ်တော့ အသက် ၁၈နှစ်အရွယ် ဂါစီယာ ပဲရှိနေပါတယ်။နောက်ထပ် သုံး၊ လေး လလောက် အတွင်း ဘာတွေဖြစ်သွားမယ်ဆိုတာတော့ ကျွန်တော်လည်းမသိသေးပါဘူး။သူတို့နှစ်ယောက်လုံးဟာဒီညမှ အံံ့မခန်းခြေစွမ်းပြသသွားခဲ့ကြပါတယ်။

အော်တာမန်ဒီ အနေနဲ့လည်း ပြီးခဲ့တဲ့ပွဲက ဖြစ်ရပ်အပြီး အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးပြသသွားနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ နေရာအတွက်နောက်ထပ်အဖြေရှာရဦးမှာဖြစ်ပြီး ရိုဒရီ သို့မဟုတ် ဝေါ်ကာဖြစ်နိုင်ပါတယ်။ဘာကြောင့်လည်းဆိုတော့သူတို့နှစ်ယောက်ဟာ ပွဲတိုင်းမကစားနိုင်ကြလို့ ဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ရှက်တာဒိုးနက်စ်နဲ့ ပွဲမှာခြေစွမ်းပြသသွားခဲ့ပြီး ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့သလို မာရက်ဇ်ရဲ့ ဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ ဂန်ဒိုဂမ်ကတော့ နော့ဝှစ်ချ်နဲ့ ရှံုးပွဲကနေ ပြန်ရုန်းထွက်လာနိုင်ခဲ့တဲ့ အသင်းဖော်တွေကို ချီးကျူးသွားခဲ့ပါတယ်။BT Sport နဲ့ အင်တာဗျူးမှာ ဂန်ဒိုဂမ်က –

” အဲ့ဒီလို ရှံုးပွဲကို တုန့်ပြန်နိုင်ဖို့လိုခဲ့တာဖြစ်ပြီး ကောင်းကောင်းကို တုန့်ပြန်လိုက်နိုင် ခဲ့တာ ဖြစ်ပါတယ်။တသင်းလုံးလုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး တဦးတယောက်ချင်းပဲ မဟုတ်ပါဘူး။ရလဒ်ကအရေးအကြီးဆုံးဖြစ်ပြီး ကျွန်တော်တို့အတော်လေးကောင်းကောင်းကစားသွားနိုင်ခဲ့ကြပါတယ်။

အဝေးကွင်းပွဲတွေမှာ ဂိုးအရင်သွင်းနိုင်တာဟာ အမြဲတမ်းအထောက်အကူဖြစ်စေပါတယ်။ကျွန်တော်တိို့ ဖန်တီးမှုတွေ လည်းအများကြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။အခုထက် ပိုပြီး တဂိုး၊ နှစ်ဂိုး ၊ သုံးဂိုးလောက် ပိုသွင်းနိုင်ခဲ့သင့်တယ်လို့လည်းယူဆပါတယ်။

တတိယဂိုး ဟာ ပွဲကို အပြီးသတ်လိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။ကံကောင်းတာကတော့ နောက်ဆုံး ၁၅မိနစ် ကျော်ကျော်လောက် အချိန်အပိုင်းအခြားမှာ ကျွန်တော်တို့ ကောင်းကောင်းထိန်းကစားနိုင်ခဲ့တာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ လာမယ့်ပွဲစဉ်မှာ ဝက်ဖို့ဒ် အသင်းကို အီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အဲ့ဒီနောက် ကြားရက် အတွင်းမှာလည်း ကရာဘောင်ဖလား ပွဲစဉ်အဖြစ် ပရက်စ်တန် အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

SPORT MYANMAR