ရီးရဲမက္ဒရစ္ အသင္းရဲ႕ ဂုိး သမား သီေဘာက္ ေကာ့တြဳိက္ က ယမန္ေန႔ ညက ယွဥ္ၿပဳိင္ ကစား ခဲ့တဲ့ ခ်န္ပီယံ လိဂ္ အုပ္စု အဖြင့္ ပြဲစဥ္ က ၿပဳိင္ဘက္ ကစား သမား ဒီမာရီယာ ကို ခ်ီးက်ဳး စကားဆုိ သြားခဲ့ ပါတယ္ ။ ရီးရဲ ဟာ PSG ရဲ႕ ျပင္သစ္ ကြင္း ကို သြားေရာက္ ကစား ခဲ့ၿပီး ၃ ဂုိး ျပတ္ ရွဳံးနိမ့္ ကာ အုပ္စု အဖြင့္ ကို အရုပ္ဆုိး အက်ည္းတန္ ေစခဲ့ ပါတယ္ ။

PSG ဟာ အဓိက တုိက္စစ္ အတြဲ ျဖစ္တဲ့ ဘာေပ ၊ ကာဗာနီ တို႔ ဒဏ္ရာ ရရွိ ေနၾကသလို ေနမာ ကလည္း ပြဲပယ္ အျပစ္ဒဏ္ က်ခံ ေနရတာ ေၾကာင့္ တုိက္စစ္ မွာ အီကာဒီ ၊ ဒီမာရီယာ တုိ႔ နဲ႔ ပြဲထြက္ လာခဲ့ ပါတယ္ ။ ဒါေပမယ့္ အိမ္ရွင္ ဟာ ရီးရဲ မက္ဒရစ္ ကို ဂိုးျပတ္ အႏုိင္ ရခဲ့ၿပီး ဒီမာရီယာ က ၂ ဂုိး သြင္းယူကာ ေနာက္ခံလူ မူနဲယား က ေနာက္ဆံုး မိနစ္ မွာ တတိယ ေျမာက္ဂုိး ကို သြင္းယူ ေပးခဲ့ ပါတယ္ ။

“ဒီမာရီယာ ဟာ တကယ့္ ထိပ္တန္း ကစား သမားပါ ။ သူ႔ရဲ႕ သြင္းဂိုး ၂ ဂုိး စလံုး က အဆင့္ အတန္း ျမင့္ ပါတယ္ ။ ပထမ ဂုိး ရဲ႕ ကန္ခ်က္ က ျပင္းပါတယ္ ။ ကြ်န္ေတာ့ လက္ ထုတ္လုိက္ ေပမယ့္ မမီ လုိက္ ပါဘူး ။ ဒုတိယ ဂုိး က ဧရိယာ အစပ္ ကေန ကန္သြင္း ခဲ့တာပါ ။ ဒီဂုိး ကလည္း တကယ္ ေကာင္းခဲ့ ပါတယ္” လုိ႔ ရီးရဲ မက္ဒရစ္ ဂုိး သမား ေကာ့တြဳိက္ က ဒီမာရီယာ ရဲ႕ အရည္ အေသြး ကို ေျပာျပ ခ်ီးက်ဳး သြားခဲ့ ပါတယ္ ။

ဆက္လက္ၿပီး “ကြ်န္ေတာ္ တို႔ ကစားပံု ဆုိးခဲ့ တယ္လို႔ မထင္ မိပါဘူး ။ ဒါေပမယ့္ ရလဒ္ ကေတာ့ ကြဲျပား ခဲ့ ပါတယ္ ။ ဘာေတြ မွားယြင္း ခဲ့ သလဲ ဆုိတာ ေသခ်ာ ျပန္လည္ သံုးသပ္ၿပီး ျပင္ဆင္ ဖို႔ လိုအပ္ ပါတယ္” လုိ႔ ေကာ့တြဳိက္ က ေျပာဆို သြားခဲ့ ပါတယ္ ။

 

 

ရီးရဲ ေတာင္ပံ ကစား သမား ဂါရတ္ ေဘးလ္ ဟာ လွပ တဲ့ ေခ်ပဂုိး တစ္ဂုိး ကို PSG ဂုိး သမား နာဗက္စ္ အေပၚ က ေက်ာ္ၿပီး သြင္းယူ ခဲ့ ေပမယ့္ မကန္သြင္း ခင္ မွာ လက္ နဲ႔ ထိခဲ့တယ္ လုိ႔ VAR က စစ္ေဆး ေတြ႕ရွိ ခဲ့တာ ေၾကာင့္ သြင္းဂုိး ကို ပယ္ဖ်က္ ခဲ့ ပါတယ္ ။

“ပီအက္စ္ဂ်ီ ဟာ ကြ်န္ေတာ္တို႔ ထက္ ပိုၿပီး ပြဲ ကို ေသခ်ာ အာရံု စိုက္ၿပီး အရွိန္ အဟုန္ နဲ႔ ဖြင့္လွစ္ ႏုိင္ခဲ့ တယ္ လုိ႔ ကြ်န္ေတာ္ ထင္ ပါတယ္ ။ ကြ်န္ေတာ္ တို႔ ကေတာ့ တုိက္စစ္ မွာ ေရာ ခံစစ္ ပုိင္း မွာ ပါ သူတို႔ လုိ ေကာင္း မြန္ ေအာင္ မစြမ္း ေဆာင္ ႏုိင္ ခဲ့ ပါဘူး ။ သြင္းဂုိး ေတြ ပယ္ဖ်က္ ခံ ရတာ ကလည္း အခုလို ရလဒ္မ်ဳိး ျဖစ္ေစ ခဲ့ တာပါ ။ ဘာပဲ ျဖစ္ျဖစ္ ဒီ အမွားေတြ ကို ေလ့လာၿပီး ပိုေကာင္းလာ ေအာင္ လုပ္ေဆာင္ ရမွာ ပါပဲ” လို႔ ေကာ့တြဳိက္ က ေျပာဆို သြားခဲ့ ပါတယ္ ။

ရီးရဲ ကစား သမား ေဟာင္း ဂူတီ ကေတာ့ ေနမာ ၊ ဘာေပ ၊ ကာဗာနီ တို႔ မပါတဲ့ PSG ကို ဒီေလာက္ အထိ ဂုိးျပတ္ ေအာင္ ကစား ခဲ့တဲ့ ရီးရဲ မက္ဒရစ္ အသင္း ကို ေ၀ဖန္ ေျပာဆို သြားခဲ့ ပါတယ္ ။ ရီးရဲ ဟာ ၿပီးခဲ့တဲ့ အပတ္ လာလီဂါ တုန္းက လီဗန္ေတးကို ၃ ဂုိးျပတ္ အႏုိင္ ရေနၿပီး မွ ၂ ဂုိး ျပန္ေပး ခဲ့ရတဲ့ အတြက္ ေ၀ဖန္ခံ ခဲ့ ရခ်ိန္္ မွာ အခုလို ဂုိးျပတ္ ရွဳံးနိ္မ့္မႈ ေၾကာင့္ ဖိအားေတြ ပုိမို မ်ားျပား လာခဲ့ ရၿပီ ျဖစ္ပါတယ္ ။

လာမယ့္ အပတ္ မွာေတာ့ ရီးရဲမက္ဒရစ္ ဟာ ဆီဗီးလား အသင္း နဲ႔ ယွဥ္ၿပဳိင္ ကစား ရမွာပဲ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

“ဒီမာရီယာ အရမ်းကောင်းလွန်းတယ်” လို့ ပြောဆိုရင်း အမှားတွေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း သတိပေးခဲ့တဲ့ ရီးရဲဂိုးသမား ကော့တွိုက်

========================================

ရီးရဲမက်ဒရစ် အသင်းရဲ့ ဂိုး သမား သီဘောက် ကော့တွိုက် က ယမန်နေ့ ညက ယှဉ်ပြိုင် ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် အုပ်စု အဖွင့် ပွဲစဉ် က ပြိုင်ဘက် ကစား သမား ဒီမာရီယာ ကို ချီးကျုး စကားဆို သွားခဲ့ ပါတယ် ။ ရီးရဲ ဟာ PSG ရဲ့ ပြင်သစ် ကွင်း ကို သွားရောက် ကစား ခဲ့ပြီး ၃ ဂိုး ပြတ် ရှုံးနိမ့် ကာ အုပ်စု အဖွင့် ကို အရုပ်ဆိုး အကျည်းတန် စေခဲ့ ပါတယ် ။

PSG ဟာ အဓိက တိုက်စစ် အတွဲ ဖြစ်တဲ့ ဘာပေ ၊ ကာဗာနီ တို့ ဒဏ်ရာ ရရှိ နေကြသလို နေမာ ကလည်း ပွဲပယ် အပြစ်ဒဏ် ကျခံ နေရတာ ကြောင့် တိုက်စစ် မှာ အီကာဒီ ၊ ဒီမာရီယာ တို့ နဲ့ ပွဲထွက် လာခဲ့ ပါတယ် ။ ဒါပေမယ့် အိမ်ရှင် ဟာ ရီးရဲ မက်ဒရစ် ကို ဂိုးပြတ် အနိုင် ရခဲ့ပြီး ဒီမာရီယာ က ၂ ဂိုး သွင်းယူကာ နောက်ခံလူ မူနဲယား က နောက်ဆုံး မိနစ် မှာ တတိယ မြောက်ဂိုး ကို သွင်းယူ ပေးခဲ့ ပါတယ် ။

“ဒီမာရီယာ ဟာ တကယ့် ထိပ်တန်း ကစား သမားပါ ။ သူ့ရဲ့ သွင်းဂိုး ၂ ဂိုး စလုံး က အဆင့် အတန်း မြင့် ပါတယ် ။ ပထမ ဂိုး ရဲ့ ကန်ချက် က ပြင်းပါတယ် ။ ကျွန်တော့ လက် ထုတ်လိုက် ပေမယ့် မမီ လိုက် ပါဘူး ။ ဒုတိယ ဂိုး က ဧရိယာ အစပ် ကနေ ကန်သွင်း ခဲ့တာပါ ။ ဒီဂိုး ကလည်း တကယ် ကောင်းခဲ့ ပါတယ်” လို့ ရီးရဲ မက်ဒရစ် ဂိုး သမား ကော့တွိုက် က ဒီမာရီယာ ရဲ့ အရည် အသွေး ကို ပြောပြ ချီးကျုး သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး “ကျွန်တော် တို့ ကစားပုံ ဆိုးခဲ့ တယ်လို့ မထင် မိပါဘူး ။ ဒါပေမယ့် ရလဒ် ကတော့ ကွဲပြား ခဲ့ ပါတယ် ။ ဘာတွေ မှားယွင်း ခဲ့ သလဲ ဆိုတာ သေချာ ပြန်လည် သုံးသပ်ပြီး ပြင်ဆင် ဖို့ လိုအပ် ပါတယ်” လို့ ကော့တွိုက် က ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ တောင်ပံ ကစား သမား ဂါရတ် ဘေးလ် ဟာ လှပ တဲ့ ချေပဂိုး တစ်ဂိုး ကို PSG ဂိုး သမား နာဗက်စ် အပေါ် က ကျော်ပြီး သွင်းယူ ခဲ့ ပေမယ့် မကန်သွင်း ခင် မှာ လက် နဲ့ ထိခဲ့တယ် လို့ VAR က စစ်ဆေး တွေ့ရှိ ခဲ့တာ ကြောင့် သွင်းဂိုး ကို ပယ်ဖျက် ခဲ့ ပါတယ် ။

“ပီအက်စ်ဂျီ ဟာ ကျွန်တော်တို့ ထက် ပိုပြီး ပွဲ ကို သေချာ အာရုံ စိုက်ပြီး အရှိန် အဟုန် နဲ့ ဖွင့်လှစ် နိုင်ခဲ့ တယ် လို့ ကျွန်တော် ထင် ပါတယ် ။ ကျွန်တော် တို့ ကတော့ တိုက်စစ် မှာ ရော ခံစစ် ပိုင်း မှာ ပါ သူတို့ လို ကောင်း မွန် အောင် မစွမ်း ဆောင် နိုင် ခဲ့ ပါဘူး ။ သွင်းဂိုး တွေ ပယ်ဖျက် ခံ ရတာ ကလည်း အခုလို ရလဒ်မျိုး ဖြစ်စေ ခဲ့ တာပါ ။ ဘာပဲ ဖြစ်ဖြစ် ဒီ အမှားတွေ ကို လေ့လာပြီး ပိုကောင်းလာ အောင် လုပ်ဆောင် ရမှာ ပါပဲ” လို့ ကော့တွိုက် က ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ ကစား သမား ဟောင်း ဂူတီ ကတော့ နေမာ ၊ ဘာပေ ၊ ကာဗာနီ တို့ မပါတဲ့ PSG ကို ဒီလောက် အထိ ဂိုးပြတ် အောင် ကစား ခဲ့တဲ့ ရီးရဲ မက်ဒရစ် အသင်း ကို ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။ ရီးရဲ ဟာ ပြီးခဲ့တဲ့ အပတ် လာလီဂါ တုန်းက လီဗန်တေးကို ၃ ဂိုးပြတ် အနိုင် ရနေပြီး မှ ၂ ဂိုး ပြန်ပေး ခဲ့ရတဲ့ အတွက် ဝေဖန်ခံ ခဲ့ ရချိန်် မှာ အခုလို ဂိုးပြတ် ရှုံးနိ်မ့်မှု ကြောင့် ဖိအားတွေ ပိုမို များပြား လာခဲ့ ရပြီ ဖြစ်ပါတယ် ။

လာမယ့် အပတ် မှာတော့ ရီးရဲမက်ဒရစ် ဟာ ဆီဗီးလား အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR