ေတာ့တင္ဟမ္ ေဟာ့စပါး အသင္း နည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏို က သူ႔ အေနနဲ႔ အသင္း ရဲ႕ ခ်န္ပီယံ လိဂ္ အုပ္စု အဖြင့္ ရလဒ္ အေပၚ အေကာင္းျမင္ ထား ပါတယ္ လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။ စပါး အသင္ ဟာ ယမန္ေန႔ ညက ဂရိ ကလပ္ အိုလံ ပီယာ ေကာ့စ္ အသင္း နဲ႔ အေ၀း ကြင္း မွာ ယွဥ္ၿပဳိင္ ကစား ခဲ့ ၿပီး ၂ ဂုိး စီ သေရ က်သြား ခဲ့ ပါတယ္ ။

အိမ္ရွင္ အိုလံပီယာေကာ့စ္ ဟာ ပရိသတ္ေတြ ရဲ႕ တခဲနက္ ေအာ္ဟစ္ အားေပးမႈ ေတြ နဲ႔ အတူ အိမ္ကြင္း မွာ စပါး ကို ဖိအားေပး ကစား ႏုိင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ပထမပိုင္း ၂၆ မိနစ္ မွာေတာ့ စပါး တို႔ ပင္နယ္တီ ရခဲ့ ၿပီး ဟယ္ရီကိန္း က အဖြင့္ဂုိး စတင္ သြင္းယူ ေပးခဲ့ ပါတယ္ ။

ပထမ ပုိင္း မၿပီးခင္ မွာ ပဲ လူးကပ္ ေမာ္ရာ က ဒုတိယ ေျမာက္ ဂုိး ကို သြင္းယူ ခဲ့တာ ေၾကာင့္ စပါး တို႔ အေ၀း ကြင္း မွာ ၂ ဂုိး အသာ နဲ႔ ဦးေဆာင္ ထားႏုိင္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ ပထမ ပုိင္း ၿပီးခါ နီးမွာ အိမ္ရွင္ အိုလံ ပီယာ ေကာ့စ္ က တစ္ဂုိး ျပန္လည္ ေခ်ပ ခဲ့ၿပီး ဒုတိယပုိင္း မွာ ပင္နယ္တီ က တဆင့္ ေနာက္တစ္ဂုိး ထပ္မံ ေခ်ပ ခဲ့ျပန္ တာ ေၾကာင့္ ပြဲ အၿပီး မွာ တစ္ဖက္ ၂ ဂုိး စီ သေရ ရလဒ္ ႏဲ႔ အဆံုးသတ္ သြားခဲ့ ပါတယ္ ။

စပါး ဟာ အုပ္စု ဘီ မွာ ဘုိင္ယန္ ၊ ရက္စတား တို႔ နဲ႔ အတူ က်ေရာက္ ေနတာ ျဖစ္ၿပီး အား အနည္းဆံုး လုိ႔ သတ္မွတ္ ထားတဲ့ အိုလံပီယာေကာ့စ္ ကို အႏုိင္ မရခဲ့ တာ ေၾကာင့္ လက္က်န္ ပြဲေတြ အတြက္ ဖိအား အနည္းငယ္ ၀င္ လာခဲ့ ၿပီျဖစ္ ပါတယ္ ။

ဒါေပမယ့္ နည္းျပ ပိုခ်က္တီႏို ကေတာ့ အခု မွ ပြဲစဥ္ ( ၁ ) သာ ရွိေန ေသးတာေၾကာင့္ ဘာမွ စိတ္ပူျခင္း မရွိ ေသးဘဲ ရလဒ္ အေပၚ အေကာင္းျမင္ ထားပါတယ္ လို႔ ပြဲ အၿပီး မွာ ေျပာဆို သြားခဲ့ ပါတယ္ ။

“ကြ်န္ေတာ့ အျမင္ ကေတာ့ ရလဒ္ က ေကာင္း ပါတယ္ ။ တစ္မွတ္ ဆုိေပမယ့္ အုပ္စု က အခု မွ အစပဲ ရွိ ေသး တာပါ ။ ဒါေၾကာင့္ အေကာင္းပဲ ျမင္ထား ပါတယ္ ။ အစ မေကာင္းခဲ့ ေပမယ့္ ကိန္း နဲ႔ ေမာ္ရာ တို႔ရဲ႕ ဂုိး ေတြ နဲ႔ ကြ်န္ေတာ္တုိ႔ ဦးေဆာင္ ႏုိင္ ခဲ့ ပါတယ္”

“ဒုတိယပုိင္း ကစားပံု ကလည္း တိုးတက္မႈ ရွိခဲ့ ပါတယ္ ။ ဒါေပမယ့္ ေပါ့ေပါ့ ဆဆ နဲ႔ ဂုိး ျပန္ေပး ခဲ့ရ ပါတယ္ ။ ဒါကေတာ့ စိတ္ပ်က္ စရာ ပါပဲ ။ ပဲေလ့စ္ နဲ႔ ပြဲ တုန္းက လုိေတာ့ အရွိန္ အဟုန္ ျပင္းျပင္း နဲ႔ မကစား ႏုိင္ခဲ့ တာ အမွန္ ပါ ။ ဒါေပမယ့္ အဆိုး ျမင္ဖို႔ က ေစာလြန္း ပါေသး တယ္” လုိ႔ ပိိုခ်က္တီႏို က ေျပာဆို သြားခဲ့ ပါတယ္ ။

စပါး အသင္း ဟာ ျပည္တြင္း လိဂ္ ျဖစ္တဲ့ ပရီးမီး ယားလိဂ္ မွာ အဆင့္ ၃ ေနရာ ကို ရယူ ထားခ့ဲ ၿပီး လာမယ့္ ပိတ္ရက္ မွာေတာ့ လက္စတာ စီးတီး အသင္း နဲ႔ ယွဥ္ၿပဳိင္ ကစား သြား ရမွာ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

ဂရိမြေပေါ်က သရေပွဲနဲ့ ပတ်သက်ပြီး အဆိုးမြင်ခြင်း မရှိတဲ့ စပါး နည်းပြ ပိုချက်တီနို

===========================================

တော့တင်ဟမ် ဟော့စပါး အသင်း နည်းပြ မော်ရီစီယို ပိုချက်တီနို က သူ့ အနေနဲ့ အသင်း ရဲ့ ချန်ပီယံ လိဂ် အုပ်စု အဖွင့် ရလဒ် အပေါ် အကောင်းမြင် ထား ပါတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ စပါး အသင် ဟာ ယမန်နေ့ ညက ဂရိ ကလပ် အိုလံ ပီယာ ကော့စ် အသင်း နဲ့ အဝေး ကွင်း မှာ ယှဉ်ပြိုင် ကစား ခဲ့ ပြီး ၂ ဂိုး စီ သရေ ကျသွား ခဲ့ ပါတယ် ။

အိမ်ရှင် အိုလံပီယာကော့စ် ဟာ ပရိသတ်တွေ ရဲ့ တခဲနက် အော်ဟစ် အားပေးမှု တွေ နဲ့ အတူ အိမ်ကွင်း မှာ စပါး ကို ဖိအားပေး ကစား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပထမပိုင်း ၂၆ မိနစ် မှာတော့ စပါး တို့ ပင်နယ်တီ ရခဲ့ ပြီး ဟယ်ရီကိန်း က အဖွင့်ဂိုး စတင် သွင်းယူ ပေးခဲ့ ပါတယ် ။

ပထမ ပိုင်း မပြီးခင် မှာ ပဲ လူးကပ် မော်ရာ က ဒုတိယ မြောက် ဂိုး ကို သွင်းယူ ခဲ့တာ ကြောင့် စပါး တို့ အဝေး ကွင်း မှာ ၂ ဂိုး အသာ နဲ့ ဦးဆောင် ထားနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် ပထမ ပိုင်း ပြီးခါ နီးမှာ အိမ်ရှင် အိုလံ ပီယာ ကော့စ် က တစ်ဂိုး ပြန်လည် ချေပ ခဲ့ပြီး ဒုတိယပိုင်း မှာ ပင်နယ်တီ က တဆင့် နောက်တစ်ဂိုး ထပ်မံ ချေပ ခဲ့ပြန် တာ ကြောင့် ပွဲ အပြီး မှာ တစ်ဖက် ၂ ဂိုး စီ သရေ ရလဒ် နဲ့ အဆုံးသတ် သွားခဲ့ ပါတယ် ။

စပါး ဟာ အုပ်စု ဘီ မှာ ဘိုင်ယန် ၊ ရက်စတား တို့ နဲ့ အတူ ကျရောက် နေတာ ဖြစ်ပြီး အား အနည်းဆုံး လို့ သတ်မှတ် ထားတဲ့ အိုလံပီယာကော့စ် ကို အနိုင် မရခဲ့ တာ ကြောင့် လက်ကျန် ပွဲတွေ အတွက် ဖိအား အနည်းငယ် ၀င် လာခဲ့ ပြီဖြစ် ပါတယ် ။

ဒါပေမယ့် နည်းပြ ပိုချက်တီနို ကတော့ အခု မှ ပွဲစဉ် ( ၁ ) သာ ရှိနေ သေးတာကြောင့် ဘာမှ စိတ်ပူခြင်း မရှိ သေးဘဲ ရလဒ် အပေါ် အကောင်းမြင် ထားပါတယ် လို့ ပွဲ အပြီး မှာ ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော့ အမြင် ကတော့ ရလဒ် က ကောင်း ပါတယ် ။ တစ်မှတ် ဆိုပေမယ့် အုပ်စု က အခု မှ အစပဲ ရှိ သေး တာပါ ။ ဒါကြောင့် အကောင်းပဲ မြင်ထား ပါတယ် ။ အစ မကောင်းခဲ့ ပေမယ့် ကိန်း နဲ့ မော်ရာ တို့ရဲ့ ဂိုး တွေ နဲ့ ကျွန်တော်တို့ ဦးဆောင် နိုင် ခဲ့ ပါတယ်”

“ဒုတိယပိုင်း ကစားပုံ ကလည်း တိုးတက်မှု ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ပေါ့ပေါ့ ဆဆ နဲ့ ဂိုး ပြန်ပေး ခဲ့ရ ပါတယ် ။ ဒါကတော့ စိတ်ပျက် စရာ ပါပဲ ။ ပဲလေ့စ် နဲ့ ပွဲ တုန်းက လိုတော့ အရှိန် အဟုန် ပြင်းပြင်း နဲ့ မကစား နိုင်ခဲ့ တာ အမှန် ပါ ။ ဒါပေမယ့် အဆိုး မြင်ဖို့ က စောလွန်း ပါသေး တယ်” လို့ ပိိုချက်တီနို က ပြောဆို သွားခဲ့ ပါတယ် ။

စပါး အသင်း ဟာ ပြည်တွင်း လိဂ် ဖြစ်တဲ့ ပရီးမီး ယားလိဂ် မှာ အဆင့် ၃ နေရာ ကို ရယူ ထားခဲ့ ပြီး လာမယ့် ပိတ်ရက် မှာတော့ လက်စတာ စီးတီး အသင်း နဲ့ ယှဉ်ပြိုင် ကစား သွား ရမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR