လီဗာပူး နည္းျပ ယာဂန္ကေလာ့က သူတုိ႕ကို အုပ္စု E အဖြင့္ ပြဲစဥ္မွာ အႏုိင္ယူခဲ့တဲ့ နာပုိလီ အသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ဖလားကို ဆြတ္ခူးႏုိင္စြမ္း ရွိတယ္လို႕ ေထာက္ခံ သြားခဲ့ပါတယ္။ လက္ရွိ ဥေရာပ ခ်န္ပီယံ လီဗာပူး ဟာ အဂၤါေန႕က နာပုိလီ အသင္းကို ေနပယ္မွာ ၂-၀ နဲ႕ ရွံဳးနိမ့္ ခဲ့ျပီး ၂ ရာသီ ဆက္တုိက္ အေ၀းကြင္း ရွံဳးပြဲနဲ႕ ရင္ဆုိင္ ခဲ့ရပါတယ္။

 

ဒရီးစ္မာတန္စ္္ဟာ ၈၂ မိနစ္မွာ ပင္နယ္တီ ကေန နာပိုလီ အတြက္ အဖြင့္ဂိုးကို သြင္းယူ ခဲ့ျပီး ဒီပင္နယ္တီဟာ ပြဲရဲ႕ အလွည့္အေျပာင္း တစ္ခု ျဖစ္ကာ နည္းျပ ယာဂန္ကေလာ့ နဲ႕ လူေတာ္ေတာ္ မ်ားမ်ား ကေတာ့ ကယ္လီဟြန္ ဟန္ေဆာင္ လွဲခ် ခဲ့တယ္လို႕ ယူဆ ေနၾကပါတယ္။ ဂိုးေပးလိုက္ ရျပီးေနာက္ ကစားကြက္ ပ်က္သြား ခဲ့တဲ့ လီဗာပူး အသင္းဟာ ၉၂ မိနစ္ မွာေတာ့ ဗန္ဒိုိက္ ရဲ႕ အမွား ကေန တဆင့္ လိုရန္တီ ရဲ႕ ဂိုးသြင္းျခင္းကို ခံခဲ့ ရတာ ျဖစ္ပါတယ္။

ယာဂန္ကေလာ့ က ပြဲအျပီးမွာ ဒုိင္လူၾကီး ရဲ႕ အျငင္းပြားဖြယ္ ပင္နယ္တီ ဆံုးျဖတ္ခ်က္ နဲ႕ သူ႕ တုိက္စစ္ ကစားသမား ေတြရဲ႕ final pass ေတြကို စိတ္ပ်က္လက္ပ်က္ ျဖစ္ေန ခဲ့ျပီး ကာလို အန္ဆယ္ေလာ့တီ အသင္းရဲ႕ ဒီရာသီ ခ်န္ပီယံလိဂ္ အခြင့္အေရး နဲ႕ ပက္သက္ျပီး ေမးျမန္း ခဲ့ရာမွာ ကေလာ့ က “သူတုိ႕ ခ်န္ပီယံ ျဖစ္ႏုိင္ပါတယ္။ ဒါဟာ ရွင္းပါတယ္။ အကယ္၍ ကုိယ့္အသင္းမွာ ေကာင္းမြန္တဲ့ အစီအစဥ္ ရွိတယ္ ၊ ကစားသမားေကာင္းေတြ ရွိေနတယ္ ဆုိရင္…သူတုိ႕မွာ ဒါေတြ ပုိင္ဆုိင္ ထားပါတယ္။ ဒါဆိုရင္ေတာ့ သူတုိ႕ ဒီျပိဳင္ပြဲမွာ ဗုိလ္စြဲ ႏုိင္ပါတယ္။ ကၽြန္ေတာ္တုိ႕ရဲ႕ အေတြ႕အၾကံဳ အရ ကေတာ့ ခ်န္ပီယံလိဂ္ ဖလား ကို ဆြတ္ခူး ႏုိင္ဖို႕ အတြက္ ကမာၻ႕ အေကာင္းဆံုး အသင္း ျဖစ္ေနစရာ မလို အပ္ပါဘူး။

မွန္ကန္တဲ့ အခိုက္အတန္႕မွာ ကိုယ္ရွိ ေနရ ပါမယ္။ ကိုယ့္အေနနဲ႕ တစ္ခ်ိဳ႕ အေျခအေန ေတြမွာ ကံေကာင္း ရပါမယ္။ အခန္းထဲမွာ ရွိတဲ့ လူ၂ ေယာက္တည္း ကသာ ဒါဟာ ပင္နယ္တီလို႕ ယူဆ ခ့ဲမယ္ ဆုိရင္ ဒါဟာ ပင္နယ္တီ ျဖစ္တယ္လို႕ ကုိယ့္ဘက္က လက္ခံ သြားရ ပါမယ္။ ဒါေပမယ့္ ဒါပါပဲ။ သူတုိ႕ ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူး ႏုိင္စြမ္း ရွိတာ ကေတာ့ အမွန္ပါပဲ။” လို႕ ဆုိလိုက္ ပါတယ္။

စီးရီးေအ ျပိဳင္ပြဲဟာ ပရီးမီးယားလိဂ္ ထက္ ေနာက္က်မွ က်င္းပ ခဲ့တာေၾကာင့္ နာပိုလီ ဟာ လီဗာပူးထက္ ပိုမို လန္းဆန္း ေနကာ ပြဲကုိ အင္ျပည့္အားျပည့္နဲ႕ အဆံုးသတ္ ႏုိင္ခဲ့တာလား ဆုိတဲ့ ေမးခြန္းကို ကေလာ့က မေက်မနပ္ တုန္႕ျပန္ ခဲ့ပါေသးတယ္။

ကေလာ့ က “ဒီေန႕ည ေမးခြန္းေတြဟာ တကယ့္ကုိ စိန္ေခၚမွဳ ျပင္းထန္ ပါတယ္။ စကိုင္းအီတလီယာ က လူဟာ နာပိုလီဟာ ကၽြန္ေတာ္တုိ႕ထက္ ပိုေကာင္း ခဲ့သလား ဆုိတာကို ေမးျမန္း ခဲ့ပါတယ္။ ဒီပြဲဟာ ဒီလိုေတာ့ ကၽြန္ေတာ္ မထင္ပါဘူး။ ပြဲကစား ေနခ်ိန္မွာ သူဘယ္ေရာက္ ေနသလဲ ကၽြန္ေတ္ာ မသိပါဘူး။ အခု ကၽြန္ေတာ္တုိ႕ ႏြမ္းနယ္ ေနသလားလုိ႕ ခင္ဗ်ားတုိ႕ ေမးတယ္ေနာ္။ ဘယ္သူ႕ဘက္က ၾကြက္တက္တာလဲ? ဘယ္သူ လဲက် ခဲ့တာလဲ? လီဗာပူး ကစားသမားလား နာပိုလီ ကစားသမာလား? သူတုိ႕ အႏုိင္ရေနတဲ့ အခ်ိန္မွာမွ ကၽြန္ေတာ္တုိ႕ထက္ လန္းဆန္းတဲ့ပံု ေပါက္တာပါ။ ဒီလို ပြဲမ်ိဳးရဲ႕ ပံုမွန္ ၾကံ့ခုိင္မွု ျပသနာေတြက လြဲျပီး ဘာ ၾကံ့ခုိင္မွဳ ျပသနာ မွ မရွိ ခဲ့ပါဘူး။ ပြဲက အရမ္း ျပိဳင္ဆုိင္မွဳ ျပင္းထန္လို႕ပါ။ ဒီေန႕ကၽြန္ေတာ့္ရဲ႕ အသင္း ၾကံ့ခုိင္မွဳ ျပသနာ ဘာမွ မရွိ ခဲ့ပါဘူး။

ကၽြန္ေတ္ာတုိ႕ ဒီအေျခအေနေတြ အဆံုးသတ္ ရပါမယ္။ ဘ၀မွာ လူတုိင္းလူတုိင္း ေကာင္းမြန္တဲ့ အခိုက္တန္႕ေတြ လိုအပ္ပါတယ္။ ကၽြန္ေတာ္တုိ႕ ဒီညမွာေတာ့ အေပါင္းလကၡဏာေဆာင္တဲ့ အခိုက္အတန္႕ေတြ မရခဲ့ပါဘူး။ ဒါဟာ သာမန္ ကိစၥပါ။ ဒါေပမယ့္ ၾကံ့ခုိင္မွဳနဲ႕ ဘာမွ မဆုိင္ပါဘူး။” လို႕ ဆုိသြား ပါတယ္။

SPORT MYANMAR

Unicode

နာပိုလီတို့ ဘာကြောင့် ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်စွမ်း ရှိသလဲ ဆိုတာ ပြောပြလိုက်တဲ့ ယာဂန်ကလော့

လီဗာပူး နည်းပြ ယာဂန်ကလော့က သူတို့ကို အုပ်စု E အဖွင့် ပွဲစဉ်မှာ အနိုင်ယူခဲ့တဲ့ နာပိုလီ အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်စွမ်း ရှိတယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။ လက်ရှိ ဥရောပ ချန်ပီယံ လီဗာပူး ဟာ အင်္ဂါနေ့က နာပိုလီ အသင်းကို နေပယ်မှာ ၂-၀ နဲ့ ရှုံးနိမ့် ခဲ့ပြီး ၂ ရာသီ ဆက်တိုက် အဝေးကွင်း ရှံုးပွဲနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

ဒရီးစ်မာတန်စ််ဟာ ၈၂ မိနစ်မှာ ပင်နယ်တီ ကနေ နာပိုလီ အတွက် အဖွင့်ဂိုးကို သွင်းယူ ခဲ့ပြီး ဒီပင်နယ်တီဟာ ပွဲရဲ့ အလှည့်အပြောင်း တစ်ခု ဖြစ်ကာ နည်းပြ ယာဂန်ကလော့ နဲ့ လူတော်တော် များများ ကတော့ ကယ်လီဟွန် ဟန်ဆောင် လှဲချ ခဲ့တယ်လို့ ယူဆ နေကြပါတယ်။ ဂိုးပေးလိုက် ရပြီးနောက် ကစားကွက် ပျက်သွား ခဲ့တဲ့ လီဗာပူး အသင်းဟာ ၉၂ မိနစ် မှာတော့ ဗန်ဒိိုက် ရဲ့ အမှား ကနေ တဆင့် လိုရန်တီ ရဲ့ ဂိုးသွင်းခြင်းကို ခံခဲ့ ရတာ ဖြစ်ပါတယ်။

ယာဂန်ကလော့ က ပွဲအပြီးမှာ ဒိုင်လူကြီး ရဲ့ အငြင်းပွားဖွယ် ပင်နယ်တီ ဆုံးဖြတ်ချက် နဲ့ သူ့ တိုက်စစ် ကစားသမား တွေရဲ့ final pass တွေကို စိတ်ပျက်လက်ပျက် ဖြစ်နေ ခဲ့ပြီး ကာလို အန်ဆယ်လော့တီ အသင်းရဲ့ ဒီရာသီ ချန်ပီယံလိဂ် အခွင့်အရေး နဲ့ ပက်သက်ပြီး မေးမြန်း ခဲ့ရာမှာ ကလော့ က “သူတို့ ချန်ပီယံ ဖြစ်နိုင်ပါတယ်။ ဒါဟာ ရှင်းပါတယ်။ အကယ်၍ ကိုယ့်အသင်းမှာ ကောင်းမွန်တဲ့ အစီအစဉ် ရှိတယ် ၊ ကစားသမားကောင်းတွေ ရှိနေတယ် ဆိုရင်…သူတို့မှာ ဒါတွေ ပိုင်ဆိုင် ထားပါတယ်။ ဒါဆိုရင်တော့ သူတို့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲ နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြံု အရ ကတော့ ချန်ပီယံလိဂ် ဖလား ကို ဆွတ်ခူး နိုင်ဖို့ အတွက် ကမ္ဘာ့ အကောင်းဆုံး အသင်း ဖြစ်နေစရာ မလို အပ်ပါဘူး။

မှန်ကန်တဲ့ အခိုက်အတန့်မှာ ကိုယ်ရှိ နေရ ပါမယ်။ ကိုယ့်အနေနဲ့ တစ်ချို့ အခြေအနေ တွေမှာ ကံကောင်း ရပါမယ်။ အခန်းထဲမှာ ရှိတဲ့ လူ၂ ယောက်တည်း ကသာ ဒါဟာ ပင်နယ်တီလို့ ယူဆ ခဲ့မယ် ဆိုရင် ဒါဟာ ပင်နယ်တီ ဖြစ်တယ်လို့ ကိုယ့်ဘက်က လက်ခံ သွားရ ပါမယ်။ ဒါပေမယ့် ဒါပါပဲ။ သူတို့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်စွမ်း ရှိတာ ကတော့ အမှန်ပါပဲ။” လို့ ဆိုလိုက် ပါတယ်။

စီးရီးအေ ပြိုင်ပွဲဟာ ပရီးမီးယားလိဂ် ထက် နောက်ကျမှ ကျင်းပ ခဲ့တာကြောင့် နာပိုလီ ဟာ လီဗာပူးထက် ပိုမို လန်းဆန်း နေကာ ပွဲကို အင်ပြည့်အားပြည့်နဲ့ အဆုံးသတ် နိုင်ခဲ့တာလား ဆိုတဲ့ မေးခွန်းကို ကလော့က မကျေမနပ် တုန့်ပြန် ခဲ့ပါသေးတယ်။

ကလော့ က “ဒီနေ့ည မေးခွန်းတွေဟာ တကယ့်ကို စိန်ခေါ်မှု ပြင်းထန် ပါတယ်။ စကိုင်းအီတလီယာ က လူဟာ နာပိုလီဟာ ကျွန်တော်တို့ထက် ပိုကောင်း ခဲ့သလား ဆိုတာကို မေးမြန်း ခဲ့ပါတယ်။ ဒီပွဲဟာ ဒီလိုတော့ ကျွန်တော် မထင်ပါဘူး။ ပွဲကစား နေချိန်မှာ သူဘယ်ရောက် နေသလဲ ကျွန်တေ်ာ မသိပါဘူး။ အခု ကျွန်တော်တို့ နွမ်းနယ် နေသလားလို့ ခင်ဗျားတို့ မေးတယ်နော်။ ဘယ်သူ့ဘက်က ကြွက်တက်တာလဲ? ဘယ်သူ လဲကျ ခဲ့တာလဲ? လီဗာပူး ကစားသမားလား နာပိုလီ ကစားသမာလား? သူတို့ အနိုင်ရနေတဲ့ အချိန်မှာမှ ကျွန်တော်တို့ထက် လန်းဆန်းတဲ့ပုံ ပေါက်တာပါ။ ဒီလို ပွဲမျိုးရဲ့ ပုံမှန် ကြံ့ခိုင်မှု ပြသနာတွေက လွဲပြီး ဘာ ကြံ့ခိုင်မှု ပြသနာ မှ မရှိ ခဲ့ပါဘူး။ ပွဲက အရမ်း ပြိုင်ဆိုင်မှု ပြင်းထန်လို့ပါ။ ဒီနေ့ကျွန်တော့်ရဲ့ အသင်း ကြံ့ခိုင်မှု ပြသနာ ဘာမှ မရှိ ခဲ့ပါဘူး။

ကျွန်တေ်ာတို့ ဒီအခြေအနေတွေ အဆုံးသတ် ရပါမယ်။ ဘဝမှာ လူတိုင်းလူတိုင်း ကောင်းမွန်တဲ့ အခိုက်တန့်တွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီညမှာတော့ အပေါင်းလက္ခဏာဆောင်တဲ့ အခိုက်အတန့်တွေ မရခဲ့ပါဘူး။ ဒါဟာ သာမန် ကိစ္စပါ။ ဒါပေမယ့် ကြံ့ခိုင်မှုနဲ့ ဘာမှ မဆိုင်ပါဘူး။” လို့ ဆိုသွား ပါတယ်။

SPORT MYANMAR