ျပီး ခဲ့တဲ့ တစ္ပါတ္ က လက္ေရြးစင္ အသင္း အတြက္ ကစား ဖုိ့ ယူနုိက္တက္ ကြင္းလယ္ လူ ေပါလ္ ေပါ့ဂ္ဘာ ျပင္သစ္ ေျမ ကို ေရာက္ရွိ ခဲ့တဲ့ အခ်ိန္ တုန္းက ရီးယဲ မက္ဒရစ္ အသင္း နဲ့ နည္းျပ ဇီဒန္း လက္ေအာက္ ကစား ဖုိ့ ဆုိတာ အိပ္မက္ တစ္ခု သာ ျဖစ္ေၾကာင္း ဖြင့္ဟ သြားခဲ့ ပါ ေသးတယ္ ။

အခု ေတာ့ ဇီဒန္း က ဟူစကာ အသင္း နဲ့ ကစား ရမဲ့ ပြဲစဥ္ မတုိင္မီ အသင္း ျပဳလုပ္ ခဲ့ ရတဲ့ သတင္း စာ ရွင္းလင္း ပြဲ မွာ ေပါ့ဂ္ဘာ နဲ့ ပတ္သက္ လို့ ကိုယ္တုိင္ မွတ္ခ်က္ ေပးသြား ခဲ့ပါ ေသးတယ္ ။ အဲ့ဒီ မတုိင္ခင္ မွာ ေတာ့ သူဟာ အေျပာင္း အေရႊ့ နဲ့ ပတ္သက္ တဲ့ ေကာလာဟလ သတင္း ေတြ အေၾကာင္း ၊ ေခၚယူ ျဖစ္မဲ့ ကစားသမား ေတြ အေၾကာင္း အေမးျမန္း ခံခဲ့ ရပါ ေသးတယ္ ။

ဒါေပမဲ့ သူ ကေတာ့ ေပါ့ဂ္ဘာ အေၾကာင္း အေမးခံ ရတဲ့ အခါ မွပဲ စကား ေတြ အမ်ား ၾကီး ေျပာၾကား သြားခဲ့ တာပဲ ျဖစ္ ပါတယ္ ။

” က်ြန္ေတာ္ ေပါ့ဂ္ဘာ ကို တစ္ကယ္ ပဲ ႏွစ္သက္ လွ ပါတယ္ ။ ဒါကို ခင္ဗ်ား တုိ့လည္း သိ ၾကတာ ပဲေလ ။ က်ြန္ေတာ္ သူ့ ကို ေကာင္းေကာင္း သိ ပါတယ္ ။ သူဟာ ျခားနားတဲ့ ကစားသမား တစ္ဦး ပါ ။ သူ့ရဲ့ စေကး ေတြနဲ့ အတူ သူဟာ ေျပာင္းလဲ မွဳေတြ အမ်ား ၾကီး လုပ္ေဆာင္ ေပးနိုင္ ပါတယ္ ”

” ဘယ္လို တုိက္စစ္ ဆင္ ကစား ရ မလဲ ၊ ျပိဳင္ဖက္ ကို ဘယ္လို ခုခံ ရ မလဲ ဆုိတာ သူ ေကာင္းေကာင္း သိရွိ ပါတယ္ ။ ဘယ္လို ပဲ ျဖစ္ေန ပါေစ ၊ သူဟာ က်ြန္ေတာ့္ ရဲ့ ကစားသမား တစ္ဦး မဟုတ္ ပါဘူး ။ သူဟာ ယူနုိက္တက္ အသင္း ကစားသမား ျဖစ္ သလို က်ြန္ေတာ္ တုိ့ အဲ့တာ အေပၚ ေလးစား မွဳ ရွိၾက ပါတယ္ ။ သူ မက္ဒရစ္ ကို ႏွစ္သက္ တဲ့ အေၾကာင္း အျမဲ လို ေျပာျဖစ္ ပါတယ္ ” လုိ့ ဇီဒန္း က ျပန္လည္ မွတ္ခ်က္ ေပးသြား ခဲ့လိုက္ ပါတယ္ ။

အခု အေျပာင္းအေရႊ့ သတင္း နဲ့ ပတ္သက္ ျပီး ေပါ့ဂ္ဘာ ဟာ ရီးယဲ မက္ဒရစ္ အသင္း ဆီ ေရာက္ရွိ ဖုိ့ မ်ားတယ္ ဆုိတဲ့ အသံ ေတြ မ်ားစြာ ထြက္ေပၚ ေန ခဲ့ျပီး ရီးယဲ မွ ဂါးရတ္ ေဘးလ္ (သို့) အသင္း မွာ အနာဂတ္ ေရွ့ဆက္ ရွိဖုိ့ မေသခ်ာ ေတာ့တဲ့ ေနာက္ခံ လူ ဗာရာနီ တုိ့က အေျပာင္း အေရႊ့ အစိတ္ အပိုင္း အျဖစ္ ပါဝင္ နုိင္ေျခ ရွိတယ္ ဆုိတဲ့ သတင္း ေတြလည္း ထြက္ေပၚ ေနခဲ့ ပါ ေသးတယ္ ။

အခု ေတာ့ ရီးယဲ မက္ဒရစ္ နည္းျပ ျပန္လည္ ျဖစ္လာ သူ ဇီဒန္း က ဗာရာနီ ရဲ့ အေန အထား နဲ့ ပတ္သက္ ျပီး သူ့ရဲ့ အေတြး ေတြကို ဖြင့္ဟ သြား ခဲ့လိုက္ ပါတယ္ ။

” အဲ့တာ နဲ့ ပတ္သက္ ျပီး က်ြန္ေတာ့္ ဆီမွာ အေပါင္း လကၡဏာ ေဆာင္တဲ့ ခံစား ခ်က္ေတြ ရွိေန ပါတယ္ ။ သူ အသင္း အတြက္ ဘာေတြ လုပ္ေပး ခ့ဲ သလဲ ဆုိတာ သူ ေကာင္းေကာင္း သိရွိ ပါတယ္ ။ ဒါ့ေၾကာင့္ လည္း ကလပ္ အသင္း ေတာ္ေတာ္ မ်ားမ်ား က သူ့ကို ေခၚယူ လိုခ်င္ ေနခဲ့ ၾကတာ ပါ ”

” သူ ဒီမွာ အဆင္ ေျပ ေနတယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ သူဟာ အသင္း ရဲ့ ေလးေယာက္ ေျမာက္ ဦးစား ေပး ကစားသ မား တစ္ဦး ျဖစ္ ပါတယ္ ။ သူရဲ့ ျဖစ္စဥ္ ေတြ ဟာ ဒီမွာ မကုန္ဆံုး ေသး ပါဘူး ။ က်ြန္ေတာ္ အေျပာင္း အေရႊ့ ေကာလာဟလ သတင္း ေတြ အေၾကာင္း သိ ပါတယ္ ”

” သတင္းစာ ရွင္းလင္း ပြဲေတြ မွာလည္း အဲ့ဒီ အေၾကာင္း အနည္း နဲ့ အမ်ား ေျပာျဖစ္ ၾကတာ ပါပဲ ။ က်ြန္ေတာ္ တုိ့ ကေတာ့ ေနာက္ထပ္ ကစား ရမဲ့ ပြဲစဥ္ 10 ပြဲ ေလာက္ က်န္ေန ပါ ေသးတယ္ ။ က်ြန္ေတာ္ တုိ့ ဒီ ရာသီ ကို ေကာင္းမြန္ စြာ ျဖတ္သန္း နုိင္ဖုိ့ လုပ္ေဆာင္ ရပါ ဦးမယ္ ”

” က်ြန္ေတာ္ က ေတာ့ အသင္း နဲ့ မသက္ ဆုိင္ ၾကတဲ့ ကစား သမား ေတြ အေၾကာင္း မေျပာ လို ပါဘူး ” လို့ ဇီဒန္း က အဆံုး သတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

အဲ့ဒီ ေနာက္ အသင္း ရဲ့ ဂိုး သမား ျဖစ္သူ သီေဘာက္ ေကာ့တြိဳက္စ္ ဟာ ဒဏ္ရာ ျပသနာ ရွိေန ခဲ့တဲ့ အတြက္ ဟူစကာ နဲ့ ပြဲစဥ္ ကို ပါဝင္ နုိင္ ဦးမွာ မဟုတ္ ေသးေၾကာင္း ၊ ရက္ အနည္းငယ္ အနား ယူ ရမွာ ျဖစ္ေၾကာင္း အတည္ ျပဳ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။ ဒါ့ေၾကာင့္ ဟူစကာ နဲ့ ပြဲ ကိုေတာ့ ေကလာ နာဗတ္စ္ ဟာ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ လာမွာ ပဲ ျဖစ္ ပါတယ္ ။

ရီးယဲ ပစ်မှတ် ပေါ့ဂ်ဘာ နဲ့ ပတ်သက်လို့ ကိုယ်တိုင် မှတ်ချက် ပေးလိုက်ပြီ ဖြစ်တဲ့ #ဇီဒန်း

===================

ပြီး ခဲ့တဲ့ တစ်ပါတ် က လက်ရွေးစင် အသင်း အတွက် ကစား ဖို့ ယူနိုက်တက် ကွင်းလယ် လူ ပေါလ် ပေါ့ဂ်ဘာ ပြင်သစ် မြေ ကို ရောက်ရှိ ခဲ့တဲ့ အချိန် တုန်းက ရီးယဲ မက်ဒရစ် အသင်း နဲ့ နည်းပြ ဇီဒန်း လက်အောက် ကစား ဖို့ ဆိုတာ အိပ်မက် တစ်ခု သာ ဖြစ်ကြောင်း ဖွင့်ဟ သွားခဲ့ ပါ သေးတယ် ။

အခု တော့ ဇီဒန်း က ဟူစကာ အသင်း နဲ့ ကစား ရမဲ့ ပွဲစဉ် မတိုင်မီ အသင်း ပြုလုပ် ခဲ့ ရတဲ့ သတင်း စာ ရှင်းလင်း ပွဲ မှာ ပေါ့ဂ်ဘာ နဲ့ ပတ်သက် လို့ ကိုယ်တိုင် မှတ်ချက် ပေးသွား ခဲ့ပါ သေးတယ် ။ အဲ့ဒီ မတိုင်ခင် မှာ တော့ သူဟာ အပြောင်း အရွှေ့ နဲ့ ပတ်သက် တဲ့ ကောလာဟလ သတင်း တွေ အကြောင်း ၊ ခေါ်ယူ ဖြစ်မဲ့ ကစားသမား တွေ အကြောင်း အမေးမြန်း ခံခဲ့ ရပါ သေးတယ် ။

ဒါပေမဲ့ သူ ကတော့ ပေါ့ဂ်ဘာ အကြောင်း အမေးခံ ရတဲ့ အခါ မှပဲ စကား တွေ အများ ကြီး ပြောကြား သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

” ကျွန်တော် ပေါ့ဂ်ဘာ ကို တစ်ကယ် ပဲ နှစ်သက် လှ ပါတယ် ။ ဒါကို ခင်ဗျား တို့လည်း သိ ကြတာ ပဲလေ ။ ကျွန်တော် သူ့ ကို ကောင်းကောင်း သိ ပါတယ် ။ သူဟာ ခြားနားတဲ့ ကစားသမား တစ်ဦး ပါ ။ သူ့ရဲ့ စကေး တွေနဲ့ အတူ သူဟာ ပြောင်းလဲ မှုတွေ အများ ကြီး လုပ်ဆောင် ပေးနိုင် ပါတယ် ”

” ဘယ်လို တိုက်စစ် ဆင် ကစား ရ မလဲ ၊ ပြိုင်ဖက် ကို ဘယ်လို ခုခံ ရ မလဲ ဆိုတာ သူ ကောင်းကောင်း သိရှိ ပါတယ် ။ ဘယ်လို ပဲ ဖြစ်နေ ပါစေ ၊ သူဟာ ကျွန်တော့် ရဲ့ ကစားသမား တစ်ဦး မဟုတ် ပါဘူး ။ သူဟာ ယူနိုက်တက် အသင်း ကစားသမား ဖြစ် သလို ကျွန်တော် တို့ အဲ့တာ အပေါ် လေးစား မှု ရှိကြ ပါတယ် ။ သူ မက်ဒရစ် ကို နှစ်သက် တဲ့ အကြောင်း အမြဲ လို ပြောဖြစ် ပါတယ် ” လို့ ဇီဒန်း က ပြန်လည် မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

အခု အပြောင်းအရွှေ့ သတင်း နဲ့ ပတ်သက် ပြီး ပေါ့ဂ်ဘာ ဟာ ရီးယဲ မက်ဒရစ် အသင်း ဆီ ရောက်ရှိ ဖို့ များတယ် ဆိုတဲ့ အသံ တွေ များစွာ ထွက်ပေါ် နေ ခဲ့ပြီး ရီးယဲ မှ ဂါးရတ် ဘေးလ် (သို့) အသင်း မှာ အနာဂတ် ရှေ့ဆက် ရှိဖို့ မသေချာ တော့တဲ့ နောက်ခံ လူ ဗာရာနီ တို့က အပြောင်း အရွှေ့ အစိတ် အပိုင်း အဖြစ် ပါဝင် နိုင်ခြေ ရှိတယ် ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ် နေခဲ့ ပါ သေးတယ် ။

အခု တော့ ရီးယဲ မက်ဒရစ် နည်းပြ ပြန်လည် ဖြစ်လာ သူ ဇီဒန်း က ဗာရာနီ ရဲ့ အနေ အထား နဲ့ ပတ်သက် ပြီး သူ့ရဲ့ အတွေး တွေကို ဖွင့်ဟ သွား ခဲ့လိုက် ပါတယ် ။

” အဲ့တာ နဲ့ ပတ်သက် ပြီး ကျွန်တော့် ဆီမှာ အပေါင်း လက္ခဏာ ဆောင်တဲ့ ခံစား ချက်တွေ ရှိနေ ပါတယ် ။ သူ အသင်း အတွက် ဘာတွေ လုပ်ပေး ခဲ့ သလဲ ဆိုတာ သူ ကောင်းကောင်း သိရှိ ပါတယ် ။ ဒါ့ကြောင့် လည်း ကလပ် အသင်း တော်တော် များများ က သူ့ကို ခေါ်ယူ လိုချင် နေခဲ့ ကြတာ ပါ ”

” သူ ဒီမှာ အဆင် ပြေ နေတယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူဟာ အသင်း ရဲ့ လေးယောက် မြောက် ဦးစား ပေး ကစားသ မား တစ်ဦး ဖြစ် ပါတယ် ။ သူရဲ့ ဖြစ်စဉ် တွေ ဟာ ဒီမှာ မကုန်ဆုံး သေး ပါဘူး ။ ကျွန်တော် အပြောင်း အရွှေ့ ကောလာဟလ သတင်း တွေ အကြောင်း သိ ပါတယ် ”

” သတင်းစာ ရှင်းလင်း ပွဲတွေ မှာလည်း အဲ့ဒီ အကြောင်း အနည်း နဲ့ အများ ပြောဖြစ် ကြတာ ပါပဲ ။ ကျွန်တော် တို့ ကတော့ နောက်ထပ် ကစား ရမဲ့ ပွဲစဉ် 10 ပွဲ လောက် ကျန်နေ ပါ သေးတယ် ။ ကျွန်တော် တို့ ဒီ ရာသီ ကို ကောင်းမွန် စွာ ဖြတ်သန်း နိုင်ဖို့ လုပ်ဆောင် ရပါ ဦးမယ် ”

” ကျွန်တော် က တော့ အသင်း နဲ့ မသက် ဆိုင် ကြတဲ့ ကစား သမား တွေ အကြောင်း မပြော လို ပါဘူး ” လို့ ဇီဒန်း က အဆုံး သတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီ နောက် အသင်း ရဲ့ ဂိုး သမား ဖြစ်သူ သီဘောက် ကော့တွိုက်စ် ဟာ ဒဏ်ရာ ပြသနာ ရှိနေ ခဲ့တဲ့ အတွက် ဟူစကာ နဲ့ ပွဲစဉ် ကို ပါဝင် နိုင် ဦးမှာ မဟုတ် သေးကြောင်း ၊ ရက် အနည်းငယ် အနား ယူ ရမှာ ဖြစ်ကြောင်း အတည် ပြု ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒါ့ကြောင့် ဟူစကာ နဲ့ ပွဲ ကိုတော့ ကေလာ နာဗတ်စ် ဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် လာမှာ ပဲ ဖြစ် ပါတယ် ။