လက်စတာ နည်းပြ ရော်ဂျာ ကတော့ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ သတင်း ထွက်ပေါ် နေမှု အပေါ် စိုးရိမ် မိတယ် လို့ ၀န်ခံ ပြောဆို ခဲ့ပြီး ယူနိုက်တက် လို အသင်းမျိုး ဆီက စိတ်ဝင်စားမှု ဟာ ကစား သမားတွေ ကို တိမ်းညွတ် စေနိုင်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။
SPORTS MYANMAR
Unicode
မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ
============================================
မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယနေ့ ည ( မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၁း၃၀ နာရီ ) မှာ ယူရိုပါ လိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ကာဇက် စတန် ကလပ် အက်စတာနာ နဲ့ ယှဉ်ပြိုင် ကစား ရမှာ ပဲ ဖြစ် ပါတယ် ။
ယခု ပွဲ မှာ နည်းပြ ဆိုးရှား ဟာ အဓိက ဂိုး သမား ဒီဂီယာ ကို အနားပေး ပြီး အရန် ဂိုး သမားကြီး ရိုမဲရိုး ကို ပွဲထုတ် မယ်လို့ မနေ့ က ပြုလုပ် တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် လူငယ် ခံစစ်မှုး တွမ်ဇီဘီ နဲ့ လူငယ် တိုက် စစ်မှုး မေဆင် ဂရင််းဝုဒ် တို့ ကိုလည်း ပွဲထွက် စာရင်း မှာ ထည့်သွင်း သွားမယ် လို့ ဆိုးရှား က အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။
ကွင်းလယ် မှာလည်း ဘရာဇီးသား ဖရက်ဒ် ပါ၀င် ပွဲထွက် မယ် လို့ သိရှိ ရ ပါတယ် ။
ယူနိုက်တက် တောင်ပံ ကစား သမား ဒန်နီ ရယ်ဂျိမ်းစ် ကတော့ လက်စတာ စီးတီး ကို အနိုင် ရခဲ့တဲ့ ပွဲ မှာ ဒဏ်ရာ အနည်းငယ် ရရှိ သွားခဲ့ တာကြောင့် ယမန်နေ့ က လေ့ကျင့်ခန်း အစီအစဉ် ကို လွဲချော် ခဲ့သလို ယနေ့ည ပွဲမှာ လည်း ပါ၀င် မှာ မဟုတ်ဘူး လို့ သိရ ပါတယ် ။
ဒါ့အပြင် လုခ်ရှော ၊ အန်တိုနီ မာရှယ် နဲ့ အဲရစ် ဘိုင်လီ တို့ ဟာလည်း ဒဏ်ရာ ကို ပျောက်ကင်းအောင် ကုသ နေကြဆဲ ဖြစ်တယ် လို့ သိရ ပါတယ် ။ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ နဲ့ ဂျက်ဆီ လင်ဂတ် တို့ ကတော့ လေ့ကျင့်ခန်း အစီ အစဉ် မှာ ပြန်လည် ပါ၀င် လာခဲ့ ကြပါတယ် ။
ယူနိုက်တက် ဟာ ယမန်နေ့ က လေ့ကျင့်ခန်း မစတင် ခင်မှာ နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ် ကို ၂၀၂၄ ခုနှစ် အထိ သက်တမ်း ရှိနေမယ့် စာချုပ်သစ် ကို ချုပ်ဆို နိုင် ခဲ့ ပါတယ် ။ ဆွီဒင် နောက်ခံလူ ဟာ ယူနိုက်တက် ကို ရောက်လာ ခဲ့တဲ့ ၂ နှစ် အတွင်း ပွဲပေါင်း ရ၀ ကျော် ကစားပေး ထားခဲ့ ပြီး အသင်းရဲ့ အဓိက ခံစစ်မှုး အဖြစ် ရှိနေ ခဲ့ ပါတယ် ။
ယူနိုက်တက် ဟာ ဒီဂီယာ ၊ လင်ဒီလော့ဖ် တို့ကို စာချုပ်သက်တမ်းတိုး နိုင် ခဲ့ အပြီး မှာ မေဆင် ဂရင်းဝုဒ် ၊ ဂျက်ဆီ လင်ဂတ် နဲ့ ပေါလ် ပေါ့ဘာ တို့ ရဲ့ စာချုပ် တွေ ကို လည်း ဆက်လက် သက်တမ်းတိုး ချုပ်ဆို နိုင် ဖို့ အတွက် လုပ်ဆောင် နေတယ် လို့ သိရ ပါတယ် ။
မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ စီးရီးအေ ကလပ် ဘရက်စီးယား ရဲ့ လူငယ် ကွင်းလယ် ကစား သမားလေး ဆန်ဒရို တိနာလီ ကို ကင်းထောက် တွေ စေလွှတ် ကာ စောင့်ကြည့် ခဲ့တယ် လို့ သိရ ပါတယ် ။
ယူနိုက်တက် လူငယ် ကစား သမားလေး မက်စ် တိုင်လာ ဟာ ကင်ဆာ ဝေဒနာ ကို ဓါတ်ကင် ကုသမှု ခံယူ ရာကနေ သက်သာ ပျောက်ကင်း ခဲ့တာ ကြောင့် လူငယ် အသင်း နဲ့ အတူ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နိုင် ခဲ့ ပါတယ် ။ တိုင်လာ ရဲ့ သတင်းကို စီနိယာ အသင်းသား တွေ က ပါ ၀မ်းမြောက် ၀မ်းသာ ကြိုဆို ခဲ့ကြတယ် လို့ သိရ ပါတယ် ။
ယူနိုက်တက် ယူ-၁၉ အသင်း ကတော့ ယမန်နေ့ က ဟာသာ ဘာလင် ယူ-၁၉ အသင်း နဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားခဲ့ ပြီး ၂ ဂိုးစီ သရေ ကျခဲ့ ကြတယ် လို့ သိရ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ ရက်ဘူး ဆဲလ်ဘတ် အတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းနေတဲ့ နော်ဝေ လူငယ် တိုက်စစ်မှုးလေး အာလင်း ဟာလန်း ကို ကင်းထောက်တွေ စေလွှတ် ကာ စောင့်ကြည့် ခိုင်း ထားတယ်လို့ ကြားသိရ ပါတယ် ။
လက်စတာ နည်းပြ ရော်ဂျာ ကတော့ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ သတင်း ထွက်ပေါ် နေမှု အပေါ် စိုုးရိမ် မိတယ် လို့ ၀န်ခံ ပြောဆို ခဲ့ပြီး ယူနိုက်တက် လို အသင်းမျိုး ဆီက စိတ်ဝင်စားမှု ဟာ ကစား သမားတွေ ကို တိမ်းညွတ် စေနိုင်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။
ယူနိုက်တက် ကွင်းလယ်လူ ဟောင်း ပေါလ် စခိုး ကတော့ ဆိုးရှား ဟာ ဆန်းချက် ၊ လူကာကူ တို့ ကို အသင်း ကနေ ရှင်းထုတ် ဖို့ စိတ်ကူး ထားခဲ့ ပါက နွေရာသီ အပြောင်း အရွှေ့ အတွင်း တိုက်စစ်မှုး တစ်ဦး တော့ ၀ယ်ယူ ခဲ့သင့်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် စခိုး က ယူနိုက်တက် အနေဖြင့် ပေါ့ဘာ ကို လက်လွှတ် ဆုံးရှုံး ခဲ့ရ ပါက လည်း ဆိုးဆိုးရွားရွားကြိး ဖြစ်ပျက် သွားဖို့ မရှိနိုင် ပါဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။
SPORTS MYANMAR