မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ က 2018 – 19 ေဘာလံုး ရာသီ ကုန္ဆံုး ျပီးေနာက္ ေႏြမွာ စိန္ေခၚ မွဳ အသစ္ ေတြ ရင္ဆုိင္ လိုတဲ့ အေၾကာင္း ေျပာခဲ့ ေသးတဲ့ အတြက္ သူ့ရဲ့ အေျပာင္း အေရႊ့ သတင္း ေတြ အေတာ္ေလး လွဳပ္ခတ္ ခဲ့ပါ ေသးတယ္ ။

သူ့ကို ေခၚယူ ဖုိ႔ အတြက္ စပိန္ ထိပ္သီး ရီးယဲ မက္ဒရစ္ နဲ့ အီတလီ ခ်န္ပီယံ ဂ်ဴဗင္တပ္ အသင္း ေတြက အထူး ေစာင့္ၾကည့္ ခဲ့ၾက ေပမယ့္ ဥေရာပ အေျပာင္း အေရႊ့ ေနာက္ဆံုး ရက္ အထိ ဘယ္လို မွ ထူးျခား မွဳ မရွိ ခဲ့ရ တဲ့ အတြက္ ေပါ့ဂ္ဘာ ဟာ အိုိးလ္ ထရပ္ဖုိ႔ဒ္ မွာပဲ ဆက္လက္ ရွိေန ခဲ့ရ ပါတယ္ ။

အခုေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ေပါလ္ စခိုးလ္ က အသင္း ေဟာင္း အေနနဲ့ ျပင္သစ္ လက္ေရြးစင္ ကို ေရာင္းခ် ျဖစ္ ပါက လည္း အဲ့တာ ဟာ အသင္း အတြက္ ၾကီးမား တဲ့ ဆံုးရွံဳး မွဳ တစ္ရပ္ ကို ျဖစ္ေစ မွာ မဟုတ္ ေၾကာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ 2009 ခုနွစ္ တုန္းက အသင္းမွ စီ ေရာ္နယ္ဒို မေျပာင္းခင္ အသင္း ဖက္မွ ေျပာခဲ့ သလို ေပါ့ဂ္ဘာ ကို ေနာက္ထပ္ တစ္ႏွစ္ အသင္း မွာ အေသအခ်ာ ကစား ေပးဖုိ႔ အသင္း ဖက္မွ ညွိနွိဳင္း သင့္ေၾကာင္း ေပါလ္ စခိုးလ္ က အၾကံျပဳ ေျပာၾကား ခဲ့လိုက္ ပါတယ္ ။

 

” သူ ( ေပါ့ဂ္ဘာ ) အသင္း ေျပာင္းေရႊ့ လိုေန တယ္ ဆုိတာ အရမ္း ကို သိသာ ထင္ရွား လြန္း ေနတယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ သူ ရီးယဲ မက္ဒရစ္ အသင္း ဆီကို ေျပာင္းေရႊ့ ခ်င္ေန ခဲ့ ေပမယ့္ အေၾကာင္း အမ်ိဳးမ်ိဳး ေၾကာင့္ မေျပာင္းေရႊ့ ျဖစ္ခဲ့ ရ ပါဘူး ”

” ခရစၥတီယာနုိ အသင္း မွာ ရွိေန ခဲ့စဥ္ တုန္းက လို တူညီ တဲ့ ကမ္းလွမ္း မွဳ တစ္ရပ္ ကို အသင္း ဖက္မွကစားသမား နဲ့ ညွိႏွိဳင္း ျပဳလုပ္ ထားခဲ့ မယ္ ဆုိရင္ ေတာ့ က်ြန္ေတာ္ အံ့အား သင့္မိ မွာ မဟုတ္ ပါဘူး ”

” အကယ္လို့ သူတုိ႔ ေတြ ကသာ ေပါလ္ ကို ေနာက္ တစ္ႏွစ္ ရွိေန ေပးဖုိ႔ ေျပာခဲ့ ၾကမယ္ ဆုိရင္ ဘာဆက္ ျဖစ္လာ မလဲ ဆုိတာ ကို က်ြန္ေတာ္ တုိ့ ေစာင့္ၾကည့္ ရတာ ေပါ့ ။ ဒါေပမယ့္ သူဟာ ယူနုိက္တက္ အတြက္ ေတာ့ ၾကီးမား တဲ့ ဆံုးရွံဳး မွဳ ျဖစ္မယ္ လို့ေတာ့ က်ြန္ေတာ္ မထင္ ပါဘူး ”

” သူ့ရဲ့ ေျခစြမ္း ေတြက လြန္ခဲ့တဲ့ ႏွစ္ႏွစ္ ၊ သံုးႏွစ္ ေလာက္ တုန္းက နဲ့ ယွဥ္မယ္ ဆုိရင္ တစ္ နည္းနည္း နဲ့ ပိုျပီး ခမ္းနား ေကာင္းမြန္ လာတယ္ လို့ က်ြန္ေတာ္ မထင္ မိ ပါဘူး ။ သူ့လို ပဲ အသင္း အတြက္ ေကာင္းမြန္စြာ အလုပ္ လုပ္ေပး နုိင္ ၾကမယ့္ ကစား သမားေတြ ပိုျပီး ရွိေန ၾကပါ ေသးတယ္ ” လို့ ေပါလ္ စခိုးလ္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ယူနုိက္တက္ ဟာ လက္ရွိ ရာသီ သစ္ မွာေတာ့ အသင္း ရဲ့ နံပါတ္ တစ္ ဂိုး သမား ျဖစ္သူ ေဒးဗစ္ ဒီဂီယာ ကို စာခ်ဳပ္ သက္တမ္း တုိးနုိင္ ခဲ့ သလို ျပီး ခဲ့တဲ့ ေဘာလံုး ရာသီ က စတင္ ျပီး အသင္း အတြက္ ေျခစြမ္း ေကာင္းေတြ ျပသ နုိင္ခဲ့တဲ့ ေနာက္ခံလူ ဗစ္တာ လင္ဒီေလာ့ဖ္ ကိုလည္း စာခ်ဳပ္ သက္တမ္း တုိးျမွင့္ နုုိင္ခဲ့ ၾကပါ ေသးတယ္

 

အခုေတာ့ ယူနုိက္တက္ ပရိသတ္ အခ်ိဳ့ က လူမွဳ ကြန္ယက္ အထက္ မွာ ေနာက္ထပ္ ကစားသမား တစ္ဦး အျဖစ္ လက္ရွိ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ ကို စာခ်ဳပ္ သက္တမ္း တုိးျမွင့္ ဖုိ႔ အသင္း ကို တုိက္တြန္း ေန ၾကတယ္ လို့ သိရွိ ရ ပါတယ္ ။

#Sports_Myanmar

Unicode

ပေါ့ဂ်ဘာကို ရောင်းချလိုက်ခြင်းက ယူနိုက်တက် အပေါ် ဘယ်လို သက်ရောက်မှု ဖြစ်စေမလဲ ဆိုတာ ပြောကြားလိုက်တဲ့ #ပေါလ်စခိုးလ်

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ က 2018 – 19 ဘောလုံး ရာသီ ကုန်ဆုံး ပြီးနောက် နွေမှာ စိန်ခေါ် မှု အသစ် တွေ ရင်ဆိုင် လိုတဲ့ အကြောင်း ပြောခဲ့ သေးတဲ့ အတွက် သူ့ရဲ့ အပြောင်း အရွှေ့ သတင်း တွေ အတော်လေး လှုပ်ခတ် ခဲ့ပါ သေးတယ် ။

သူ့ကို ခေါ်ယူ ဖို့ အတွက် စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် နဲ့ အီတလီ ချန်ပီယံ ဂျူဗင်တပ် အသင်း တွေက အထူး စောင့်ကြည့် ခဲ့ကြ ပေမယ့် ဥရောပ အပြောင်း အရွှေ့ နောက်ဆုံး ရက် အထိ ဘယ်လို မှ ထူးခြား မှု မရှိ ခဲ့ရ တဲ့ အတွက် ပေါ့ဂ်ဘာ ဟာ အိိုးလ် ထရပ်ဖို့ဒ် မှာပဲ ဆက်လက် ရှိနေ ခဲ့ရ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ပေါလ် စခိုးလ် က အသင်း ဟောင်း အနေနဲ့ ပြင်သစ် လက်ရွေးစင် ကို ရောင်းချ ဖြစ် ပါက လည်း အဲ့တာ ဟာ အသင်း အတွက် ကြီးမား တဲ့ ဆုံးရှုံး မှု တစ်ရပ် ကို ဖြစ်စေ မှာ မဟုတ် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် 2009 ခုနှစ် တုန်းက အသင်းမှ စီ ရော်နယ်ဒို မပြောင်းခင် အသင်း ဖက်မှ ပြောခဲ့ သလို ပေါ့ဂ်ဘာ ကို နောက်ထပ် တစ်နှစ် အသင်း မှာ အသေအချာ ကစား ပေးဖို့ အသင်း ဖက်မှ ညှိနှိုင်း သင့်ကြောင်း ပေါလ် စခိုးလ် က အကြံပြု ပြောကြား ခဲ့လိုက် ပါတယ် ။

” သူ ( ပေါ့ဂ်ဘာ ) အသင်း ပြောင်းရွှေ့ လိုနေ တယ် ဆိုတာ အရမ်း ကို သိသာ ထင်ရှား လွန်း နေတယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူ ရီးယဲ မက်ဒရစ် အသင်း ဆီကို ပြောင်းရွှေ့ ချင်နေ ခဲ့ ပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် မပြောင်းရွှေ့ ဖြစ်ခဲ့ ရ ပါဘူး ”

” ခရစ္စတီယာနို အသင်း မှာ ရှိနေ ခဲ့စဉ် တုန်းက လို တူညီ တဲ့ ကမ်းလှမ်း မှု တစ်ရပ် ကို အသင်း ဖက်မှ ကစားသမား နဲ့ ညှိနှိုင်း ပြုလုပ် ထားခဲ့ မယ် ဆိုရင် တော့ ကျွန်တော် အံ့အား သင့်မိ မှာ မဟုတ် ပါဘူး ”

” အကယ်လို့ သူတို့ တွေ ကသာ ပေါလ် ကို နောက် တစ်နှစ် ရှိနေ ပေးဖို့ ပြောခဲ့ ကြမယ် ဆိုရင် ဘာဆက် ဖြစ်လာ မလဲ ဆိုတာ ကို ကျွန်တော် တို့ စောင့်ကြည့် ရတာ ပေါ့ ။ ဒါပေမယ့် သူဟာ ယူနိုက်တက် အတွက် တော့ ကြီးမား တဲ့ ဆုံးရှံုး မှု ဖြစ်မယ် လို့တော့ ကျွန်တော် မထင် ပါဘူး ”

” သူ့ရဲ့ ခြေစွမ်း တွေက လွန်ခဲ့တဲ့ နှစ်နှစ် ၊ သုံးနှစ် လောက် တုန်းက နဲ့ ယှဉ်မယ် ဆိုရင် တစ် နည်းနည်း နဲ့ ပိုပြီး ခမ်းနား ကောင်းမွန် လာတယ် လို့ ကျွန်တော် မထင် မိ ပါဘူး ။ သူ့လို ပဲ အသင်း အတွက် ကောင်းမွန်စွာ အလုပ် လုပ်ပေး နိုင် ကြမယ့် ကစား သမားတွေ ပိုပြီး ရှိနေ ကြပါ သေးတယ် ” လို့ ပေါလ် စခိုးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ လက်ရှိ ရာသီ သစ် မှာတော့ အသင်း ရဲ့ နံပါတ် တစ် ဂိုး သမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ကို စာချုပ် သက်တမ်း တိုးနိုင် ခဲ့ သလို ပြီး ခဲ့တဲ့ ဘောလုံး ရာသီ က စတင် ပြီး အသင်း အတွက် ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့တဲ့ နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ် ကိုလည်း စာချုပ် သက်တမ်း တိုးမြှင့် နုုိင်ခဲ့ ကြပါ သေးတယ် ။

အခုတော့ ယူနိုက်တက် ပရိသတ် အချို့ က လူမှု ကွန်ယက် အထက် မှာ နောက်ထပ် ကစားသမား တစ်ဦး အဖြစ် လက်ရှိ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကို စာချုပ် သက်တမ်း တိုးမြှင့် ဖို့ အသင်း ကို တိုက်တွန်း နေ ကြတယ် လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar