မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ဒီေန႔ ည ( မနက္ျဖန္ နံနက္ 1:30 အခ်ိန္ ) မွာ ယူရို ပါလိဂ္ အုပ္စု အဆင့္ အဖြင့္ ပြဲစဥ္ အျဖစ္ အက္စတာနာ အသင္း နဲ့ ရင္ဆုိင္ ကစား သြား ရဖုိ႔ ရွိေန ပါတယ္ ။

 

အဆုိပါ ပြဲစဥ္ မတုိင္မီ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ေတာင္ပံ တုိက္စစ္ ကစားသမား ေဟာင္း ျဖစ္သူ မန္ဖစ္ ဒီေပး က လက္ရွိ တုိက္စစ္မွဴး မားကပ္စ္ ရပ္ရွ္ဖုိ႔ ကို လူမွဳ ကြန္ယက္ မွ တစ္ဆင့္ စိတ္ဓါတ္ တက္ၾကြ ေစခဲ့ လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ တုိက္စစ္မွဴး ျဖစ္သူ မားကပ္စ္ ရပ္ရွ္ဖုိ႔ ဟာ ယူနုိက္တက္ စီနီယာ ကစားသမား ဘဝ ကို ယူရို ပါလိဂ္ ျပိဳင္ပြဲ မွ စတင္ ခဲ့သူ ျဖစ္ျပီး တစ္ကယ့္ ကို ေကာင္းမြန္ လွတဲ့ အမွတ္ တရ ေတြကို ပိုင္ဆုိင္ ထားခဲ့ သူပဲ ျဖစ္ပါတယ္ ။

2016 ခုႏွစ္ တုန္းက ယူရို ပါလိဂ္ ပြဲစဥ္ အျဖစ္ ယူနုိက္တက္ တုိ႔ မစ္ဂ်ယ္လန္း အသင္း နဲ့ ရင္ဆုိင္ ကစား ခဲ့ရ ပါတယ္ ။ အဆုိပါ ပြဲစဥ္ မကစား မီ ယူနုိက္တက္ အသင္း ရဲ့ တိုက္စစ္ မွဴး ျဖစ္သူ မာရွယ္ ဟာ ေသြးပူ ေလ့က်င့္ေရး လုပ္တုန္း ဒဏ္ရာ ရရွိ ခဲ့တဲ့ အတြက္ ရပ္ရွ္ဖုိ႔ က စီနီယာ ကစားသမား ဘဝ ကို စတင္ ခြင့္ ရရွိ ခဲ့တာ ပဲ ျဖစ္ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာ ပါဝင္ ကစား ခြင့္ ရရွိ သြား လိုက္တဲ့ အသက္ 18 နွစ္ အရြယ္ ရပ္ရွ္ဖုိ႔ ဟာ အသင္း အတြက္ ကစား ေပး ရတဲ့ စီနီယာ ကစားသမား ဘဝ ပထမဆံုး ပြဲစဥ္ မွာပဲ 2 ဂိုး အထိ သြင္းယူ ရင္း ပရိသတ္ ေတြရဲ့ ႏွစ္ျခိဳက္ မွဳကို သိမ္းပိုက္ နုိင္ခဲ့ ပါတယ္ ။ အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ ဟာ မစ္ဂ်ယ္လန္း ကို 5 – 1 ဆုိတဲ့ ရလဒ္ နဲ့ အနုိင္ယူ နုိင္ခဲ့ ပါတယ္ ။

အခုေတာ့ အက္စတာနာ နဲ့ ကစား ရမယ္ ပြဲစဥ္ မတုိင္မီ ယူနုိက္တက္ တုိက္စစ္ ကစားသမား ေလးက မစ္ဂ်ယ္လန္းနဲ့ ကစား ခဲ့စဥ္ တုန္းက စီနီယာ ကစားသမား ဘဝ ရဲ့ ပထမဆံုး သြင္းဂိုး သြင္းယူ ခဲ့စဥ္ က ေအာင္ပြဲ ခံခဲ့ တဲ့ ပံုရိပ္ ကို အမွတ္တရ အျဖစ္ လူမွဳ ကြန္ယက္ ျဖစ္တဲ့ အင္စတာဂရမ္ အေပၚ တင္သြား ခဲ့လိုက္ ပါတယ္ ။

ဒါကို အဆိုပါ ည တုန္းက ရပ္ရွ္ဖုိ့ နည္းတူ ယူနုိက္တက္ အတြက္ ဂိုး သြင္းယူ ေပး ခဲ့တဲ့ လက္ရွိ လိုင္ယြန္ အသင္း ရဲ့ တုိက္စစ္ ကစားသမား ျဖစ္သူ မန္ဖစ္ ဒီေပး က ဒီ ရက္စြဲ ကို သူလည္း အမွတ္ရ ေနဆဲ ျဖစ္ေၾကာင္း အသိအမွတ္ ျပဳ စကား ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” အဲ့ဒီ အခ်ိန္ တုန္းက ယူရို ပါလိဂ္ ဟာ က်ြန္ေတာ့္ အတြက္ ေတာ့ တစ္ကယ့္ ကို စပါယ္ရွယ္ အမွတ္တရ ေတြကို ပိုင္ဆုိင္ ေစခဲ့ ပါတယ္ ။ ပိုျပီး ၾကိဳးစား အလုပ္ လုပ္ဖုိ႔ ဆံုးျဖတ္ခ်က္ ေတြကို ျဖစ္ေစ ခဲ့ သလို အသင္း ကို ၾကီးမား တဲ့ အဆင့္ တစ္ခု ဆီ ေရာက္ရွိ ေစဖုိ႔ တြန္းအား ျဖစ္ေစ ခဲ့ ပါတယ္ ” လို့ ရပ္ရွ္ဖုိ့ က အင္စတာဂရမ္ ေပၚမွာ အမွတ္တရ တင္သြား ခဲ့လိုက္ ပါတယ္ ။

ဒါကို ေတြ့ျမင္ လိုက္ ရတဲ့ ဒီေပး က ‘ Jheeezzzz ငါ မွတ္မိတယ္ ???????????? ‘ ဆုိျပီး ျပန္လည္ အသိအမွတ္ ျပဳေပး ခဲ့ကာ အီမိုဂ်ီ နဲ့ အတူ အသင္းေဖာ္ ေဟာင္းကို စိတ္ဓါတ္ တက္ၾကြ ေစခဲ့ လိုက္ ပါတယ္ ။

မစ္ဂ်ယ္လန္း နဲ့ ပြဲမွာ သြင္းယူ ခဲ့တဲ့ အဆုိပါ သြင္းဂိုး ေၾကာင့္ ရပ္ရွ္ဖုိ႔ ဟာ အသင္း ရဲ့ ဂႏၶဝင္ ေဂ်ာ့ခ်္ ဘက္စ္ ကို ေက်ာ္လြန္ ျပီး ဥေရာပ ျပိဳင္ပြဲ မွာ ဂိုး သြင္းယူ နုိင္ ခဲ့တဲ့ ယူနုိက္တက္ ရဲ့ အသက္ အငယ္ဆံုး ကစားသမား ျဖစ္ခဲ့ ရ ပါတယ္ ။

ဒီေန့ ည မွာေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ နည္းျပ ျဖစ္သူ အိုလီ ဂန္နား ဆုိးလ္ရွား က အကယ္ဒမီ ထြက္ လူငယ္ ကစားသမား ေလး ျဖစ္တဲ့ မာဆြန္ ဂရင္းဝုဒ္ ကို ပြဲထြက္ ကစား ခြင့္ ေပးသြား ဖုိ႔ ရွိေန ပါတယ္ ။ အကယ္လို့ ဂရင္းဝုဒ္ သာ ဂိုး သြင္းယူ နုိင္မယ္ ဆုိရင္ ရပ္ရွ္ဖုိ႔ ရဲ့ စံခ်ိန္ ကို ေက်ာ္ျဖတ္ သြားနိုင္ ပါ လိမ့္မယ္ ။

#Sports_Myanmar

Unicode

အင်စတာဂရမ် ပေါ်မှ ရပ်ရှ်ဖို့ရဲ့ ရေးသားချက် အပေါ် အသိအမှတ် ပြုလိုက်တဲ့ ဒီပေး ၊ ယူနိုက်တက်ရဲ့ မှတ်တမ်းကောင်း တစ်ခုကို သိမ်းပိုက်နိုင်ခွင့် ပိုင်ဆိုင် ထားတဲ့ ဂရင်းဝုဒ်

================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ ည ( မနက်ဖြန် နံနက် 1:30 အချိန် ) မှာ ယူရို ပါလိဂ် အုပ်စု အဆင့် အဖွင့် ပွဲစဉ် အဖြစ် အက်စတာနာ အသင်း နဲ့ ရင်ဆိုင် ကစား သွား ရဖို့ ရှိနေ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဟောင်း ဖြစ်သူ မန်ဖစ် ဒီပေး က လက်ရှိ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ ကို လူမှု ကွန်ယက် မှ တစ်ဆင့် စိတ်ဓါတ် တက်ကြွ စေခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ယူနိုက်တက် စီနီယာ ကစားသမား ဘဝ ကို ယူရို ပါလိဂ် ပြိုင်ပွဲ မှ စတင် ခဲ့သူ ဖြစ်ပြီး တစ်ကယ့် ကို ကောင်းမွန် လှတဲ့ အမှတ် တရ တွေကို ပိုင်ဆိုင် ထားခဲ့ သူပဲ ဖြစ်ပါတယ် ။

2016 ခုနှစ် တုန်းက ယူရို ပါလိဂ် ပွဲစဉ် အဖြစ် ယူနိုက်တက် တို့ မစ်ဂျယ်လန်း အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မကစား မီ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှူး ဖြစ်သူ မာရှယ် ဟာ သွေးပူ လေ့ကျင့်ရေး လုပ်တုန်း ဒဏ်ရာ ရရှိ ခဲ့တဲ့ အတွက် ရပ်ရှ်ဖို့ က စီနီယာ ကစားသမား ဘဝ ကို စတင် ခွင့် ရရှိ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ပါဝင် ကစား ခွင့် ရရှိ သွား လိုက်တဲ့ အသက် 18 နှစ် အရွယ် ရပ်ရှ်ဖို့ ဟာ အသင်း အတွက် ကစား ပေး ရတဲ့ စီနီယာ ကစားသမား ဘဝ ပထမဆုံး ပွဲစဉ် မှာပဲ 2 ဂိုး အထိ သွင်းယူ ရင်း ပရိသတ် တွေရဲ့ နှစ်ခြိုက် မှုကို သိမ်းပိုက် နိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် ဟာ မစ်ဂျယ်လန်း ကို 5 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ ပါတယ် ။

အခုတော့ အက်စတာနာ နဲ့ ကစား ရမယ် ပွဲစဉ် မတိုင်မီ ယူနိုက်တက် တိုက်စစ် ကစားသမား လေးက မစ်ဂျယ်လန်းနဲ့ ကစား ခဲ့စဉ် တုန်းက စီနီယာ ကစားသမား ဘဝ ရဲ့ ပထမဆုံး သွင်းဂိုး သွင်းယူ ခဲ့စဉ် က အောင်ပွဲ ခံခဲ့ တဲ့ ပုံရိပ် ကို အမှတ်တရ အဖြစ် လူမှု ကွန်ယက် ဖြစ်တဲ့ အင်စတာဂရမ် အပေါ် တင်သွား ခဲ့လိုက် ပါတယ် ။

ဒါကို အဆိုပါ ည တုန်းက ရပ်ရှ်ဖို့ နည်းတူ ယူနိုက်တက် အတွက် ဂိုး သွင်းယူ ပေး ခဲ့တဲ့ လက်ရှိ လိုင်ယွန် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မန်ဖစ် ဒီပေး က ဒီ ရက်စွဲ ကို သူလည်း အမှတ်ရ နေဆဲ ဖြစ်ကြောင်း အသိအမှတ် ပြု စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အဲ့ဒီ အချိန် တုန်းက ယူရို ပါလိဂ် ဟာ ကျွန်တော့် အတွက် တော့ တစ်ကယ့် ကို စပါယ်ရှယ် အမှတ်တရ တွေကို ပိုင်ဆိုင် စေခဲ့ ပါတယ် ။ ပိုပြီး ကြိုးစား အလုပ် လုပ်ဖို့ ဆုံးဖြတ်ချက် တွေကို ဖြစ်စေ ခဲ့ သလို အသင်း ကို ကြီးမား တဲ့ အဆင့် တစ်ခု ဆီ ရောက်ရှိ စေဖို့ တွန်းအား ဖြစ်စေ ခဲ့ ပါတယ် ” လို့ ရပ်ရှ်ဖို့ က အင်စတာဂရမ် ပေါ်မှာ အမှတ်တရ တင်သွား ခဲ့လိုက် ပါတယ် ။

ဒါကို တွေ့မြင် လိုက် ရတဲ့ ဒီပေး က ‘ Jheeezzzz ငါ မှတ်မိတယ် ???????????? ‘ ဆိုပြီး ပြန်လည် အသိအမှတ် ပြုပေး ခဲ့ကာ အီမိုဂျီ နဲ့ အတူ အသင်းဖော် ဟောင်းကို စိတ်ဓါတ် တက်ကြွ စေခဲ့ လိုက် ပါတယ် ။

မစ်ဂျယ်လန်း နဲ့ ပွဲမှာ သွင်းယူ ခဲ့တဲ့ အဆိုပါ သွင်းဂိုး ကြောင့် ရပ်ရှ်ဖို့ ဟာ အသင်း ရဲ့ ဂန္ဓဝင် ဂျော့ချ် ဘက်စ် ကို ကျော်လွန် ပြီး ဥရောပ ပြိုင်ပွဲ မှာ ဂိုး သွင်းယူ နိုင် ခဲ့တဲ့ ယူနိုက်တက် ရဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်ခဲ့ ရ ပါတယ် ။

ဒီနေ့ ည မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က အကယ်ဒမီ ထွက် လူငယ် ကစားသမား လေး ဖြစ်တဲ့ မာဆွန် ဂရင်းဝုဒ် ကို ပွဲထွက် ကစား ခွင့် ပေးသွား ဖို့ ရှိနေ ပါတယ် ။ အကယ်လို့ ဂရင်းဝုဒ် သာ ဂိုး သွင်းယူ နိုင်မယ် ဆိုရင် ရပ်ရှ်ဖို့ ရဲ့ စံချိန် ကို ကျော်ဖြတ် သွားနိုင် ပါ လိမ့်မယ် ။

#Sports_Myanmar