ဒေါ့မွန် 0 – 0 ဘာစီလိုနာ
PSG 3 – 0 ရီးယဲ မက်ဒရစ်
အေတီကို 2 – 2 ဂျူဗင်တပ်
ရီးယဲ မက်ဒရစ် အသင်း အတွက် ဒီတစ်ပါတ်မှာ တိုက်စစ်ပိုင်း ကစားသမား အစုံအလင် နီးပါး ပါဝင် ခဲ့ကြ ပေမယ့် အဝေးကွင်းမှာ ပြင်သစ် ချန်ပီယံ PSG အသင်း ကို ဂိုးပြတ် ရှုံးနိမ့် ခဲ့ရ ပါတယ် ။
ဒါဟာ ရီးယဲ မက်ဒရစ် အသင်း အတွက် တော့ 2006 ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံ လိဂ် အဖွင့် ပွဲမှာ ရှုံးနိမ့် ခဲ့ရခြင်း ဖြစ်ခဲ့ ပါတယ် ။
ဒါ့အပြင် ရီးယဲ မက်ဒရစ် အသင်း ဟာ 2009 ခုနှစ် တုန်းက အန်ဖီးလ် မှာ 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ နောက် 3 ဂိုး အထိ ပေးခဲ ရပြီး ဂိုး မသွင်း နိုင် ခဲ့တဲ့ ပွဲ တစ်ပွဲ ကို ထပ်မံ ပိုင်ဆိုင် ခဲ့ရ ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ရဲ့ နံပါတ် 14 ကစားသမား ဟောင်း ဖြစ်သူ ဂူတီ က ပြိုင်ဖက် အသင်း ဖက်မှာ နေမာ ၊ အမ်ဘက်ပီ နဲ့ ကာဗာနီ တို့ မပါဝင် နိုင်တဲ့ အချိန် 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခြင်းက ဆိုးရွား လွန်းတဲ့ အရာ တစ်ခု ဖြစ်ကြောင်း အသင်း ဟောင်း အပေါ် ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။
ပီတာ ခရော့ခ်ျ ကတော့ ဂါးရတ် ဘေးလ် ဟာ ရီးယဲ မက်ဒရစ် အသင်း ဖက်မှ ပေးနေ ခဲ့တာ ထက် ပိုပြီး လေးစား မှု ရရှိ ဖို့ ထိုက်တန် သူ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ရှုံးပွဲ ကြုံတွေ ခဲ့ရ ပေမယ့် နည်းပြ ဇီဒန်း ဆီက ထောက်ပံ့ ပေးမှု တွေကို ဆက်လက် ရရှိ ပါက သူဟာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ဘောလုံး ရာသီ တစ်ခု ကို ပိုင်ဆိုင် နိုင် လိမ့်မယ် လို့ ယုံကြည် ကြောင်း ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဂျိမ်းစ် ရိုဒရီဂွက် က ပြောကြား သွားခဲ့ ပါတယ် ။
ဒါ့အပြင် နှစ်ဂိုး ပေးခဲ့ ရတဲ့ နောက် အရှုံး မပေး တဲ့ စိတ်ဓါတ် နဲ့ အကောင်းဆုံး တိုက်ပွဲ ဝင်ခဲ့ ကြတဲ့ ကစားသမား တွေရဲ့ ခံယူချက် ကို ကျေနပ် မိကြောင်း ဆီမြွန်နီ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Unicode
ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားခဲ့ ကြတဲ့ ဘာကာ ၊ ရီးယဲ နဲ့ အေတီကို သတင်းတိုများ
================
ဒေါ့မွန် 0 – 0 ဘာစီလိုနာ
PSG 3 – 0 ရီးယဲ မက်ဒရစ်
အေတီကို 2 – 2 ဂျူဗင်တပ်
ဒီတစ်ပါတ် ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ အဓိက ကစားသမား ဖြစ်တဲ့ မက်ဆီ ဟာ ပွဲချိန် 59 မိနစ် မှာ လူစားဝင် ပါဝင် ကစားခဲ့ ပေမယ့် ဘာကာ တို့ဟာ အဝေးကွင်း မှာ ရမှတ် တစ်မှတ် နဲ့သာ ကျေနပ် ခဲ့ရ ပါတယ် ။
အဆိုပါ ပွဲစဉ် မှာ ပါဝင် ကစားခွင့် ရရှိ ခဲ့တဲ့ အန်းဆု ဖာတီဟာ ဘာစီလိုနာ အသင်းရဲ့ သမိုင်း တစ်လျောက်မှာ အသက် အငယ်ဆုံး ချန်ပီယံလိဂ် ပွဲထွက် ကစားသူ အဖြစ် မှတ်တမ်းဝင် သွားခဲ့ ပါတယ် ။ ( 16 နှစ် 321 ရက် )
အဆိုပါ ပွဲစဉ် မှာတော့ ဘာစီလိုနာ အသင်း ရဲ့ အားထား ရတဲ့ ဘယ် နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာ ဟာ ပွဲချိန် မိနစ် 40 မှာ ဒဏ်ရာ ရရှိ သွားခဲ့ ပါတယ် ။ အဆိုပါ ဒဏ်ရာ ကြောင့် သူဟာ 10 ရက် 15 ရက်ခန့် အနားယူ ရမယ် လို့ သိရှိ ရ ပါတယ် ။
သတင်း တွေကတော့ အယ်လ်ဘာ ဒဏ်ရာ ပြသနာ ကြုံတွေ့ ခြင်းက ကစားသမား သစ် ဂျူနီယာ ဖီရ်ပို အတွက် အခွင့် အရေး တစ်ရပ် ရခြင်း ပဲလို့ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ ကို ဖော်ပြ ခဲ့ကြ ပါတယ် ။
အဆိုပါ ပွဲစဉ် မှာတော့ ဘာကာ တို့ ပင်နယ်တီ ပေးခဲ့ ရပြီး ဂိုး သမား တာစတီဂျန် မှ အကောင်းဆုံး ကာကွယ် သွားနိုင် ခဲ့ ပါတယ် ။ တာစတီဂျန် ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ 6 ကြိမ် အထိ ပင်နယ်တီ ပေးခဲ့ ရပေမယ့် 4 ကြိမ် အထိ ကာကွယ် ထားနိုင် ခဲဲ့တဲ့ စပါယ်ရှယ် မှတ်တမ်းကောင်း တစ်ရပ် ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။
ဘာစီလိုနာ ပရိသတ်တွေ ကတော့ တာစတီဂျန် ပင်နယ်တီ ကာကွယ် ခဲ့တဲ့နောက် နူအာ နဲ့ ဂျိုအာချင်လို တို့ ဒါကို စောင့်ကြည့် နေကြ သလား ? ဘယ်သူက ဂျာမနီရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သင့် သလဲ ဆိုတာ ကို မေးခွန်း ထုတ်သွား ခဲ့ကြ ပါတယ် ။
ဘာစီလိုနာ အသင်း ရဲ့ အဓိက တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ဟာ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ် မှာ ဂိုး မသွင်းယူ နိုင် ခဲ့တာ 19 ပွဲ အထိ ရှိလာ ခဲ့ ပါပြီ ။ ဆွာရက်ဇ် ဟာ 2015 ခုနှစ် ကတည်းက ချန်ပီယံလိဂ် အဝေးဂိုး လာဘ်ပိတ် နေခဲ့ သူပဲ ဖြစ်ပါတယ် ။
အဆိုပါ ပွဲစဉ် မှာ ရုန်းကန် ခဲ့ရတဲ့ ဘာစီလိုနာ အသင်း ရဲ့ တိုက်စစ်မှူးသစ် ဂရစ်ဇ်မန်း က သူဟာ အခု အချိန် မှာ မက်ဆီ ၊ ဆွာရက်ဇ် ၊ ဒမ်ဘီလီ တို့နဲ့ ကစားပုံ ကိုက်ညီ ဖို့ ကြိုးစား ညှိနှိုင်း နေဆဲ ဖြစ်ကြောင်း ဝန်ခံ သွားခဲ့ လိုက် ပါတယ် ။
ပွဲစဉ် အပြီးမှာတော့ ဘာစီလိုနာ အသင်း နည်းပြ ဗယ်လ်ဗာဒီ က သူတို့ ဟာ ပွဲစဉ် အတွင်း ပြိုင်ဖက် ရဲ့ ဖိအား ပေးမှု ကို ခံခဲ့ ရကြောင်း ဝန်ခံ ခဲ့ပြီး တာစတီဂျန် ဟာ ကြီးကျယ် ခမ်းနား တဲ့ ဂိုးသမား ဖြစ်ကြောင်း ချီးကျူး သွားခဲ့ ပါတယ် ။
ဒါ့အပြင် မက်ဆီ ဟာ ပြင်ဆင် မှုတွေ များစွာ မလုပ် ခဲ့ရ ပေမယ့် အသင်း အတွက် လုံလောက်စွာ ခြေစွမ်း ကောင်းပြ ကစား ပေးနိုင် ခဲ့ကြောင်း ဗယ်လ်ဗာဒီ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ပြိုင်ဖက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မာကို ရူးစ် က သူဟာ ပင်နယ်တီ ကန်တာ ဆိုးရွား ခဲ့ကြောင်း ၊ တာစတီဂျန် ဟာ ခမ်းနား တဲ့ ဂိုး သမား ဖြစ်ကြောင်း လက်ရွေးစင် အသင်းဖော် ကို ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
‘ ကျွန်တော် တုု့ိ နှစ်မှတ်ပဲ ဆုံးရှံုး ခဲ့ ရတာပါ ။ နောက်ဆုံး မိနစ် မှာ မက်ဆီ ဂိုး မသွင်းနိုင် ခဲ့တဲ့ အတွက် ဘုရား သခင် ကို ကျေးဇူးတင် ပါတယ် ‘ လို့ ဒေါ့မွန် နောက်ခံလူ ဟမ်းမဲလ် က ပြောကြား သွားခဲ့ ပါတယ် ။
အာဂျင်တီးနား ဂန္ဓဝင် ရီကွယ်မီ က မက်ဆီ ကို ဘိုကာ ဂျူနီယာ အသင်း ရဲ့ ဂျာစီ နဲ့ မြင်တွေ့ ရဖို့ ဆိုတာ အိပ်မက် တစ်ခု ဖြစ်ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဘာစီလိုနာ အသင်း ရဲ့ ကွင်းလယ် ကစားသမား သစ် ဒီဂျောင် ဟာ ဗယ်လ်ဗာဒီ ထွက် ဆိုတဲ့ သတင်း တစ်ခု ကို Like ပေးခဲ့တယ် လို့ သိရှိ ရ ပါတယ် ။
ဘာစီလိုနာ အသင်း ဟာ နောက်ဆုံး ကစား ခဲ့တဲ့ အဝေးကွင်း ပွဲစဉ် 7 ပွဲဆက် အနိုင် ရယူ နိုင်ခြင်း မရှိ ခဲ့ပဲ 13 ဂိုး အထိ ပေးခဲ့ ရ ပါတယ် ။
ဘာစီလိုနာ အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဒမ်ဘီလီ ဟာ ပဲရစ် ကို ပြန်သွားတယ် လို့ သိရှိ ရ ပါတယ် ။ ဒါပေမယ့် သူဟာ ဂရာနာဒါ အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် အမီ ပြန်လာ ဖုုိ့ ရှိနေ ပါတယ် ။
ဘာစီလိုနာ အသင်း ရဲ့ လူငယ် နည်းပြ ကတော့ ကူဘို ဟာ မက်ဆီ နဲ့ ကစားပုံ ပိုမို တူပေမယ့် သူဟာ ဖာတီ ကိုသာ ပိုမို နှစ်သက် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” အကယ်လို့ ဇာဗီ သာ ဘာစီလိုနာ အသင်း ရဲ့ နည်းပြ မလုပ် ခဲ့ရင် ကျွန်တော် သူ့ကို သတ်ပစ် မှာပါ ” လို့ အီတူး က ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒါ့အပြင် လူငယ် ကစားသမားလေး ဖာတီ ကို ချီးကျူးရင်း ဂရစ်ဇ်မန်း ဟာ ကမ႓ာ့ အကောင်းဆုံး အသင်း မှာ ကစား နေရတာ ဖြစ်ကြောင်း အီတူး က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ပီကေး ရဲ့ ဇနီးသည် ဖြစ်တဲ့ နာမည်ကျော် အဆိုတော် ရှာကီရာ က သားဖြစ်သူ ကို မတွေ့ရတာ တစ်လ ကျော်ပြီ ဖြစ်ကြောင်း ၊ ဒါဟာ တစ်ကယ့် ကို ခက်ခဲ တဲ့ အရာ တစ်ခု ဖြစ်ကြောင်း မိခင် တစ်ဦး ရဲ့ ခံစားချက် ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း အတွက် ဒီတစ်ပါတ်မှာ တိုက်စစ်ပိုင်း ကစားသမား အစုံအလင် နီးပါး ပါဝင် ခဲ့ကြ ပေမယ့် အဝေးကွင်းမှာ ပြင်သစ် ချန်ပီယံ PSG အသင်း ကို ဂိုးပြတ် ရှံုးနိမ့် ခဲ့ရ ပါတယ် ။
ဒါဟာ ရီးယဲ မက်ဒရစ် အသင်း အတွက် တော့ 2006 ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံ လိဂ် အဖွင့် ပွဲမှာ ရှံုးနိမ့် ခဲ့ရခြင်း ဖြစ်ခဲ့ ပါတယ် ။
ဒါ့အပြင် ရီးယဲ မက်ဒရစ် အသင်း ဟာ 2009 ခုနှစ် တုန်းက အန်ဖီးလ် မှာ 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှံုးနိမ့် ခဲ့တဲ့ နောက် 3 ဂိုး အထိ ပေးခဲ ရပြီး ဂိုး မသွင်း နိုင် ခဲ့တဲ့ ပွဲ တစ်ပွဲ ကို ထပ်မံ ပိုင်ဆိုင် ခဲ့ရ ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ကို ပါ့စ် ဒက်စ် ပရင့်စ် ကွင်းမှာ ဒဏ်ခတ် ခဲ့သူ ကတော့ 2 ဂိုး သွင်းယူ ခဲ့တဲ့ ကစားသမား ဟောင်း ဖြစ်သူ အန်ဂျယ် ဒီမားရီးယား ပဲ ဖြစ်ခဲ့ ရ ပါတယ် ။ ဒါ့အပြင် ဒီနွေ PSG အသင်း ဆီ ပြောင်းရွှေ့ သွားတဲ့ ကေလာ နာဗတ်စ် ဟာလည်း အသင်း ဟောင်းနဲ့ ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင် ခဲ့ ရတဲ့ ပွဲစဉ် မှာ ပျော်ရွှင် ခဲ့ရ ပါတယ် ။
အဆိုပါ ပွဲစဉ် မှာ ရီးယဲ တို့ ဂိုးတွေ ရရှိ ခဲ့ ပေမယ့် လူကျွံဘော အဖြစ် သတ်မှတ် ခံခဲ့ ရတာ ကြောင့် နစ်နာ ခဲ့ကြ ရ ပါတယ် ။ ပွဲစဉ် အတွင်း ကောင်းမွန် တဲ့ လက်စွမ်း တွေ မပြသ နိုင်ခဲ့ ကြတဲ့ ကော့တွိုက်စ် ကိုတော့ ပရိသတ် တွေ အတော်လေး စိတ်ပျက် နေခဲ့ ကြ ပါတယ် ။
ကော့တွိုက်စ် ဟာ ရီးယဲ မက်ဒရစ် အသင်း အတွက် 57 ပွဲ ကစား ပေးထား ခဲ့ပြီး 81 ဂိုး အထိ ပေးထား ခဲ့ ရတဲ့ မှတ်တမ်း ဆိုး တစ်ရပ် ကို ပိုင်ဆိုင် ထားခဲ့ ရ ပါပြီ ။
အဆိုပါ ပွဲစဉ် အပြီး မှာတော့ မော်ရင်ဟို ဟာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ ပြန်လည် ဖြစ်လာ နိုင်မလား ဆိုတဲ့ မေးခွန်း တွေ ပြန်လည် ထွက်ပေါ် လာခဲ့ ပါတယ် ။
အဆိုပါ ပွဲစဉ် အပြီး မှာတော့ ရီးယဲ မက်ဒရစ် အသင်း ရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ကာဆီမီရို က ပေးစရာ ဆင်ခြေ မရှိ တော့ကြောင့် စိတ်ပျက် လက်ပျက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နောက်ခံလူ ရီယို ဖာဒီနန် ကတော့ ဟာဇက် ဟာ ရီးယဲ မက်ဒရစ် အသင်း ဆီ မှားယွင်း တဲ့ အချိန် တစ်ခု မှာ ပြောင်းရွှေ့ သွားတယ် ဆိုတဲ့ အဖြစ် မျိုး ဖြစ်လာမှာ ကို စိုးရိမ် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အဆိုပါ ပွဲစဉ် အပြီး မှာတော့ အသင်း ဟာ သူ မျှော်လင့် ထားတဲ့ အဆင့် တစ်ခု မှာ ရှိ မနေ ကြောင်း ၊ PSG အသင်း ဖက်က ကစား တာ တစ်ကယ် ပဲ ကောင်းမွန် ခဲ့ကြောင်း ရီးယဲ နည်းပြ ဇီဒန်း က ဝန်ခံ ပြောကြား သွားခဲ့ ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ရဲ့ နံပါတ် 14 ကစားသမား ဟောင်း ဖြစ်သူ ဂူတီ က ပြိုင်ဖက် အသင်း ဖက်မှာ နေမာ ၊ အမ်ဘက်ပီ နဲ့ ကာဗာနီ တို့ မပါဝင် နိုင်တဲ့ အချိန် 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှံုးနိမ့် ခြင်းက ဆိုးရွား လွန်းတဲ့ အရာ တစ်ခု ဖြစ်ကြောင်း အသင်း ဟောင်း အပေါ် ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။
ပီတာ ခရော့ချ် ကတော့ ဂါးရတ် ဘေးလ် ဟာ ရီးယဲ မက်ဒရစ် အသင်း ဖက်မှ ပေးနေ ခဲ့တာ ထက် ပိုပြီး လေးစား မှု ရရှိ ဖို့ ထုုိက်တန် သူ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ရှံုးပွဲ ကြံုတွေ ခဲ့ရ ပေမယ့် နည်းပြ ဇီဒန်း ဆီက ထောက်ပံ့ ပေးမှု တွေကို ဆက်လက် ရရှိ ပါက သူဟာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ဘောလုံး ရာသီ တစ်ခု ကို ပိုင်ဆိုင် နိုင် လိမ့်မယ် လို့ ယုံကြည် ကြောင်း ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဂျိမ်းစ် ရိုဒရီဂွက် က ပြောကြား သွားခဲ့ ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ သီဘောက် ကော့တွိုက်စ် ကတော့ ဒီမားရီးယား ဟာ ပါရမီ ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ၊ ပြိုင်ဖက် အသင်း က ပွဲစဉ် ကို အရှိန် ကောင်းကောင်း စတင် နိုင်ခဲ့ ခြင်းက အခုလို ရလဒ် ဆိုးစေ ခဲ့ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဇီဒန်း က စွမ်းဆောင်ရည် ကျဆင်း နေတဲ့ ကော့တွိုက်စ် ကို အပြစ်တင် ဖို့ ငြင်းဆန် ခဲ့ပြီး သူတို့ အားလုံး က တစ်လှေ တည်းစီး တစ် ခရီး တည်း သွားနေ ကြတဲ့ သူတွေ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
သတင်း အချို့ ကတော့ ရီးယဲ မက်ဒရစ် အသင်း ရဲ့ ခံစစ် က အသင်း ခေါင်းဆောင် ရာမို့စ် မပါဝင် နိုင်တဲ့ ဒဏ်ကို ခံစား ခဲ့ရ တယ်လို့ ဖော်ပြ နေကြ ပါတယ် ။
အေတီကို အသင်း ကတော့ ချန်ပီယံ လိဂ် အုပ်စု အဖွင့် ပွဲစဉ် မှာ ချန်ပီယံ လိဂ် မကျေပွဲ အဖြစ် ဂျူဗင်တပ် အသင်း ကို အိမ်ကွင်း မှာ ဧည့်ခံ ကစား ခဲ့ ပေမယ့် တစ်ဖက် နှစ်ဂိုး စီ သရေ ရလဒ် သာ ထွက်ပေါ် ခဲ့ရ ပါတယ် ။
အေတီကို အတွက် ခြေပ ဂိုးတွေ ကိုတွေ နောက်ခံလူ ဆာဗစ် နဲ့ လူစားဝင် ကစားပေး ခဲ့ရတဲ့ ကွင်းလယ်လူ ဟတ်တာ ဟာရဲရား တို့က သွင်းယူ ပေးခဲ့ ကြ ပါတယ် ။
အဆိုပါ ပွဲစဉ် မှာတော့ ပွဲချိန် တစ်လျောက် ကစားပုံ ကောင်းမွန် ခဲ့သလို ဒုတိယမြောက် ခြေပဂိုး ကို ဖန်တီး ပေးသွားနိုင် ခဲ့တဲ့ ကစားသမား သစ် ကီရန် ထရစ်ပီးယား က ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ရ ပါတယ် ။ ( All Football )
အဆိုပါ ပွဲစဉ် အပြီး မှာတော့ ဂျူဗင်တပ် အသင်း ဖက်က အလွတ် တည်ကန်ဘော တွေမှ တစ်ဆင့် ဂိုးတွေ ပေးလိုက် ရခြင်းက စိတ်ပျက် စရာ ကောင်းလွန်း ခဲ့ကြောင်း အသင်း ခေါင်းဆောင် ဘိုနူချီ က ငြီးတွား သွားခဲ့ လိုက် ပါတယ် ။
အေတီကို နည်းပြ ဆီမြွန်နီ ကတော့ ဒီ သရေ ရလဒ်နဲ့ ပတ်သက်လို့ ကောင်းတယ် ၊ ဆိုးတယ် လို့ ဆိုတဲ့ စိတ် ခံစားချက် မျိုး မရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒါ့အပြင် နှစ်ဂိုး ပေးခဲ့ ရတဲ့ နောက် အရှံုး မပေး တဲ့ စိတ်ဓါတ် နဲ့ အကောင်းဆုံး တိုက်ပွဲ ဝင်ခဲ့ ကြတဲ့ ကစားသမား တွေရဲ့ ခံယူချက် ကို ကျေနပ် မိကြောင်း ဆီမြွန်နီ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အဆိုပါ ပွဲစဉ် ကတော့ နောက်ဆုံး မိနစ် မှာ ခြေပဂိုး သွင်းယူ ခဲ့တဲ့ ကစားသမား သစ် ဟတ်တာ ဟာရဲရား အတွက် တစ်ကယ့် ကို အမှတ်တရ ပွဲစဉ် ဖြစ်ခဲ့ ရ ပါတယ် ။ သူဟာ အသင်း အတွက် ပထမဆုံး ကစား ပေတဲ့ ပွဲစဉ် မှာတဲ့ အရေးပါတဲ့ ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။
အဆိုပါ ပွဲစဉ် မှာ သူ လုပ်ပြ ခဲ့တဲ့ လက် အမူအရာ က ‘ လေ့လာ သင်ယူ ဖို့ ၊ ခင်ဗျား တို့ လေ့လာ သင်ယူ ဖို့ လိုအပ် သေးတယ် ‘ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ကြောင်း စီ ရော်နယ်ဒို က ရှင်းလင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar