ဒီ တစ်ပါတ် ကစားကြ ရမဲ့ ပွဲစဉ် များ

ဘာစီလိုနာ Vs အက်စ်ပန်ညို ( 9:45 PM )
အလာဗတ် Vs အေတီကို ( မနက်ဖြန် 2:15 AM )
ရီးယဲ Vs ဟူစကာ ( သန်ဘက်ခါ 1:15 AM )

ဘာစီလိုနာ အသင်း ဟာ ကတ်တလန် ဒါဘီ အဖြစ် ဒီနေ့ ည မှာ အက်စ်ပန်ညို အသင်း နဲ့ ကစား ရ ပါ တော့မယ် ။

ဘာစီလိုနာ အသင်း ရဲ့ သမိုင်း တစ်လျောက် အကောင်းဆုံး သွင်းဂိုး အဖြစ် 2007 ခုနှစ် က မက်ဆီ ဂီတာဖေး အသင်း ဖက်ကို ဂိုး သမား အပါအဝင် ပြိုင်ဖက် ကစားသမား 5-6 ဦး လောက်ကို ကျော်ဖြတ် သွင်းယူ ခဲ့တဲ့ ဂိုးက ရရှိ သွားခဲ့ ပါတယ် ။

ယူနိုက်တက် ပစ်မှတ် ကစားသမား ဖြစ်သူ ဖိလစ်ပီ ကော်တင်ဟို ဟာ ဘာစီလိုနာ အသင်း မှ ထွက်ခွာ တော့မယ် ဆိုတဲ့ သတင်း တွေဟာ တစ်စ ထက် တစ်စ ပိုမို ကျယ်လောင် လာခဲ့ ပါပြီ ။

ကတ်တလန် ဒါဘီ ကစား ပွဲ မတိုင်မီ မက်ဆီ ရော ဆွာရက် ပါ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ ကောင်းမွန် စွာ လေ့ကျင့် နိုင်ခဲ့ ကြ ပါတယ် ။ သူတို့ နှစ်ဦး လုံးဟာ အက်စ်ပန်ညို နဲ့ ရင်ဆိုင် ကစား ရမဲ့ ကစားသမား စာရင်း ထဲ ပါဝင် နေကြ ပါတယ် ။

ဥရုဂွေး လက်ရွေးစင် တိုက်စစ် မှူးဟောင်း ဖြစ်တဲ့ ဖော်လန် ကတော့ ယူနိုက်တက် ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှ ဘာစီလိုနာ ကို ထုတ်နိုင် ခြေ အနည်း နဲ့ အများ ရှိနေ ပါ တယ်လို့ သုံးသပ် သွားခဲ့ ပါတယ် ။

ဘာကာ နည်းပြ ဖြစ်သူ ဗယ်လ်ဗာဒီ ကတော့ မက်ဆီ ဟာ ကတ်တလန် ဒါဘီ ကစား ပွဲ အပေါ် အလေးအနက် ထားနေ ယှဉ်ပြိုင် သွားဖို့ ရှိ နေတယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ဘိုင်ယန် မြူးနစ် နဲ့ အတူ ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ ရည်မှန်း ချက် ရှိနေ ခဲ့တာ ကြောင့် သူဟာ ဘာစီလိုနာ အသင်း ဆီ မပြောင်းရွှေ့ ခဲ့တာ ပါလို့ ဘိုင်ယန် နောက်ခံလူ ဖိလစ် လမ်း က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဘရားဇီး လက်ရွေးစင် ကစားသမား ဟောင်း ဖြစ်သူ ရီဗယ်လ်ဒို က အမ်ဘက်ပီ မပြော နဲ့ မက်ဆီ ၊ စီ ရော်နယ်ဒို တို့တောင် ပြောင်းရွှေ့ ကြေး ပေါင် 280 သန်း တန်ကြေး မရှိ ကြဘူး လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

အာဆင်နယ် အသင်း ကတော့ အီဝိုဘီ အတွက် ယှဉ်ပြိုင် မှုတွေ ဖြစ်ပေါ် စေဖို့ အတွက် ဘာစီလိုနာ စတား မယ်လ်ကွန် ကို ခေါ်ယူ လို နေတယ် လို့ သိရှိ ရ ပါတယ် ။

မက်ဆီ ကတော့ စီ ရော်နယ်ဒို ကို သူနဲ့ တန်းတူ ထားခဲ့ ပြီး အကောင်းဆုံး ကစားသမား 5 ယောက် အဖြစ် နေမာ ၊ အမ်ဘက်ပီ ၊ ဟာဇက် ၊ ဆွာရက် နဲ့ အဂူရို တို့ကို ရွေးချယ် သွားခဲ့ လိုက် ပါတယ် ။

ဒါ့ အပြင် စီ ရော်နယ်ဒို ဟာ မက်ဒရစ် မှာ ရှိနေ သေးရင် တစ်ကယ် ပဲ ကောင်းမွန် လိမ့်မယ် လို့ မက်ဆီ က ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီ နောက် အာဂျင်တိုင်းသား တွေက သူ့ကို ဘာ့ကြောင့် အ ခုလို မနှစ်သက် ကြတာ လဲ ဆိုတဲ့ အကြောင်း သား ဖြစ်သူ က မေး ခဲ့တယ် လို့ မက်ဆီ က ဆက်လက် ပြောကြာ ခဲ့ ပါတယ် ။

မက်ဆီ ကတော့ ကစားသမား ဘဝ ကို တောင် အမေရိက ကလပ် နီဝဲလ် အသင်း မှာ ကုန်ဆုံး လိုကြောင်း အနာဂတ် နဲ့ ပတ်သက် လို့ ဖွင့်ဟ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ချဲလ်ဆီး စတား လေး ဟက်ဒ်ဆန် အိုဒွိုင်း ကို စောင့်ကြည့် နေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ ဒါ့အပြင် တိုက်စစ် ပိုင်း အင်အား ဖြည့်တင်း နိုင်ဖို့ အတွက် လူကာ ဂျိုဗစ် ၊ မားကပ်စ် ရပ်ရှ်ဖို့ တို့ကို ပစ်မှတ် ထားနေ ခဲ့ ပါတယ် ။

မက်ဆီ ကတော့ ချန်ပီယံ လိဂ်မှာ ရီးယဲ မက်ဒရစ် အသင်း ဖက်ကို သွင်းယူ ခဲ့တဲ့ ဆိုလို ဂိုး နဲ့ ယူနိုက်တက် ဖက်ကို သွင်းယူ ခဲ့တဲ့ ခေါင်းတိုက် ဂိုး တွေကို သူ့ရဲ့ အကောင်းဆုံး ဂိုးတွေ လို့ ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

ပီကေး က သူဟာ အက်စ်ပန်ညို အသင်း ထက် ပိုပြီး ငွေကြေး ရှိကြောင်း ပြောကြား ခဲ့တဲ့ သတင်း က တစ်စ ထက် တစ် ပြောစရာ ဖြစ်လာ ခဲ့ပြီး လာလီဂါ ဥက္ကဋ္ဌ တိဗတ်စ် နဲ့ အက်စ်ပန်ညို အသင်း ရဲ့ နည်းပြ ရူဘီ တို့က ကတ်တလန် သား ကို ကိုယ်စီ ဝေဖန် သွားခဲ့ ကြ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ ကင်းထောက် တစ်ဦး က ဒီလစ် ဟာ ဘာစီလိုနာ အသင်း နဲ့ အံ့ဝင် နိုင်မဲ့ ကစားသမား မျိုး ဖြစ်ကြောင်း အသင်း ဆီ သတင်း ပို့ခဲ့ တယ်လို့ သိရှိ ရ ပါတယ် ။ လက်ရှိ အချိန် ဒီလစ် ကို ခေါ်ယူ နိုင်ဖို့ အတွက် ဥရောပ ထိပ်သီး ကလပ် များစွာ က စိတ်ဝင်စား နေကြ ပါတယ် ။

အေတီကို ဟာ မနက်ဖြန် နံနက် 2:15 အချိန် မှာ ဒီပို့တီဗို့ အလာဗတ်စ် အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။

ဂျာမန် ထိပ်သီ ဘိုင်ယန် မြူးနစ် အသင်း ဟာ အက်သလက်တီကို မက်ဒရစ် အသင်း ရဲ့ နောက်ခံ လူ လူးကပ်စ် ဟာနန်ဒက်စ် ကို လာမဲ့ နွေမှာ ယူရို သန်း 80 နဲ့ ခေါ်ယူ ဖို့ သဘော တူညီ မှု ရရှိ ခဲ့ပြီ ။ ဒါ့အပြင် အေတီကို အသင်း ရဲ့ နောက်ခံ လူတွေ ဟာ အသက် အရွယ် ရရှိ လာပြီ ဖြစ်တာ ကြောင့် ဆီမြွန်နီ အနေ နဲ့ နောက် ရာသီ မှာ ခံစစ် အင်အား တောင့်တင်း အောင် အဓိက ထား ကြိုးပမ်း ရပါ တော့မယ် ။

ထွက်ပေါ် လာတဲ့ သတင်း တစ်ရပ် ကတော့ ဘာကာ ဟာ ဂရစ်ဇ်မန်း ကို ခေါ်ယူ နိုင်ဖို့ အတွက် ရူးသွပ်ဖွယ် ကောင်းလှ တဲ့ လုပ်ရပ် တွေကို လုပ်ဆောင် သွားမှာ မဟုတ် ဘူး လို့ သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

ဆီမြွန်နီ ကတော့ အလာဗက်စ် အသင်း နဲ့ ကစား ရမဲ့ ပွဲစဉ် မှာ အသင်း ရဲ့ တိုက်စစ် မှူး သုံးယောက် လုံးကို ထည့်သွင်း ကစား သွား စေဖို့ ရှိနေ ပါတယ် ။

မိုချန် ဂလာဘတ် အသင်း ရဲ့ ကွင်းလယ် လူ သော်ဂန် ဟာဇက် ဟာ အက်သလက်တီကို မက်ဒရစ် အသင်း ဆီ ပြောင်းရွှေ့ လို နေတယ် လို့ Sport Bild က ဖော်ပြ လိုက် ပါတယ် ။

AS သတင်းစာ ရဲ့ ဖော်ပြ ချက် အရ ဆီမြွန်နီ နဲ့ အတူ နောက်ထပ် ဆု ဖလား တွေ ဆွတ်ခူး နိုင်ဖို့ အတွက် ဂရစ်ဇ်မန်း ဟာ အေတီကို မှာပဲ ဆက်လက် ရှိနေ လိုကြောင်း အသင်း ကို ပြောခဲ့ တယ် လို့ ဖော်ပြ သွားခဲ့ လိုက် ပါတယ် ။

မန်စီးတီး အသင်း ဟာ အေတီကို စတား ဆောလ် နီဂွတ်ဇ် ကို ခေါ်ယူ လိုနေ ခဲ့ ပေမဲ့ အသင်း ဖက်မှ ကစားသမား ရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း 150 အောက် လုံးဝ လျော့ချ သွားဖို့ မရှိ ဘူးလို့ သိရှိ ရ ပါတယ် ။

ဂရစ်ဇ်မန်း ဟာ အသင်း အတွက် အရာရာ ပေးဆပ် ထားခဲ့ သူ တစ်ဦး ပါ ။ သူ မရှိတဲ့ အေတီကို အသင်း အကြောင်း ကျွန်တော် တစ်ခါ မှ မတွေး ဖူးဘူး လို့ အေတီကို နည်းပြ ဆီမြွန်နီ က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ တရုတ် ကလပ် မှာ ကစား နေ ခဲ့တဲ့ အေတီကို ကစား သမား ဟောင်း ကာရက်စ်ကို က သူ ကစား ခဲ့ ဖူးတဲ့ အသင်း တွေထဲ အေတီကို သာ အကြီးကျယ် ဆုံး ကလပ် ပါပဲ လို့ ဖွင့်ဟ သွားခဲ့ ပါတယ် ။ အခု တော့ အသက် 25 နှစ် အရွယ် ကွင်းလယ် လူ ဟာ မက်ဒရစ် မြေကို ပြန်လာ ဖို့ ရှိနေ တယ် ဆိုတဲ့ သတင်း တွေ ပိုမို ကျယ်လောင် လာခဲ့ ပါပြီ ။

အမှတ်ပေး ဖလား ဆွတ်ခူး ရေးနဲ့ ပတ်သက် လို့ သူဟာ အမြဲ တမ်း အကောင်းပဲ တွေးနေ ကြောင်း ဆီမြွန်နီ က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

အေတီကို အသင်း ဟာ လူးကပ်စ် ဟာနန်ဒက်ဇ် ရဲ့ နေရာ ကို အစား ထိုး နိုင်ဖို့ အတွက် လေဗာကူဆင် အသင်း ရဲ့ ကစားသ မား ဖြစ်သူ ဝမ်ဒဲလ် ကို စိတ်ဝင်စား နေတယ် လို့ သိရှိ ရ ပါတယ် ။

အေတီကို ၊ ဗီလာ ရီးယဲ အသင်း တွေနဲ့ အတူ ပီချီချီ ဆွတ်ခူး ခဲ့ ဖူးတဲ့ တိုက်စစ် မှူးဟောင်း ဖြစ်သူ ဒီယေဂို ဖော်လန် ကတော့ လက်ရှိ အချိန် အထိ အေတီကို ဂျာစီ ကို မိသားစု နဲ့ အတူ ဂုဏ်ယူစွာ ဝတ်ဆင် နေဆဲ ပါပဲ ။

ရီးယဲ မက်ဒရစ် အသင်း ဟာ ဒီ တစ်ပါတ် မှာတော့ ဟူစကာ အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။

AS သတင်းစာ ရဲ့ ဖော်ပြချက် အရ ရီးယဲ မက်ဒရစ် အသင်း ဟာ PSG အသင်း ရဲ့ ပြစ်ဒဏ် ပေးခြင်း ခံထား ခဲ့ ရတဲ့ ကွင်းလယ် လူ ရာဘီယော့ ကို ခေါ်ယူ နိုင်ဖို့ အတွက် သဘော တူညီ မှု ရယူ နိုင် ခဲ့ပြီ လို့ ဖော်ပြ သွားခဲ့ လိုက် ပါတယ် ။

ဇီဒန်း ရဲ့ သား ဖြစ်သူ လူကာ ဇီဒန်း ကို ခေါ်ယူ နိုင်ဖို့ အတွက် ဘေဆယ် အသင်း က စိတ်ဝင်စား နေတယ် လို့ သိရှိ ရ ပါတယ် ။

ဒါ့အပြင် ရီးယဲ မက်ဒရစ် အသင်း ဟာ လီဗာပူး စတား မာနေး နဲ့ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာ ၊ ချဲလ်ဆီး တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဟာဇက် ၊ PSG အသင်း ရဲ့ တောင်ပံ တိုက်စစ် အမ်ဘတ်ပီ တို့ကို ခေါ်ယူ ဖြစ်မယ် ဆိုတဲ့ သတင်း ဟာလည်း ဆက်လက် ကျယ်လောင် နေဆဲ ပါပဲ ။

ရီးယဲ မက်ဒရစ် အသင်း ဟာ ကစားသမား သစ်တွေ များစွာ ခေါ်ယူ ဖို့ ပစ်မှတ် ထားနေ ခဲ့တာ ကြောင်ါ ဘဏ္ဍာရေး ကုန်ကျ စရိတ် ပြန်လည် ကာမိ ဖို့ အတွက် PSG နဲ့ ယူနိုက်တက် တို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ တိုနီး ခရူးစ် ကို ရောင်းချ သွားနိုင် ဖွယ် ရှိနေ ပါတယ် ။

ထို့အတူ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂါးရတ် ဘေးလ် ၊ နောက်ခံ လူ ဗာရာနီ တို့ရဲ့ အနာဂတ် ဟာလည်း ရီးယဲ မှာ ရှေ့ဆက် ရှိ နေဖို့ မရေရာ တဲ့ အနေအထား ကို ရောက်ရှိ နေခဲ့ ပါတယ် ။

နိုင်ငံတကာ ပွဲစဉ် တွေ ပြီးဆုံး သွား ခဲ့တဲ့ အချိန် မှာတော့ အသင်း သားတွေ အားလုံး အတူတကွ ပူးပေါင်း လေ့ကျင့်ရေး လုပ်ဆောင် နေခဲ့ ကြ ပေမဲ့ ကော့တွိုက်စ် ကတော့ တစ်ဦး တည်းသာ လေ့ကျင့် နေခဲ့ ရတယ် လို့ သိရှိ ရ ပါတယ် ။

ဒါ့ကြောင့် ဟူစကာ အသင်း နဲ့ ကစား ရမဲ့ ပွဲစဉ် အတွင်း ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဂိုးပေါက် မှာ ကေလာ နာဗတ်စ် ကို မြင်တွေ့ရ နိုင်ခြေ များနေ ခဲ့ ပါတယ် ။

ချဲလ်ဆီး အသင်း ရဲ့ နည်းပြ ဖြစ်သူ ဆာရီ ကတော့ ရီးယဲ ပစ်မှတ် ဟာဇက် ရဲ့ အနာဂတ် အကြောင်း သူလည်း မသိ ရှိ သေး ကြောင်း ၊ ကစားသမား ဖြစ်သူ ရဲ့ ဆုံးဖြတ် ချက် အပေါ် လေးစား မှု အပြည့် ထားရှိ မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဇာဗီ အလွန်ဆို ကတော့ ရီးယဲ မက်ဒရစ် U-13 အသင်း နဲ့ အတူ ပထမ ဆုံး လိဂ် ဖလား ကို ဆွတ်ခူး သွားနိုင် ခဲ့ ပါတယ် ။ ဒါ့ကြောင့် သူဟာ ရာထူး တိုးလာ ဖို့ ရှိနေ တယ်လို့ သိရှိ ရ ပါတယ် ။

အသင်း ကို ဇနက်ဒင်း ဇီဒန်း ပြန်လည် ရောက်ရှိ လာခဲ့ မှု နဲ့ အတူ ရီးယဲ အသင်း ဘယ် နောက်ခံ လူ မာဆယ်လို ဟာ အသင်း မှာ ပဲ ရှေ့ဆက် ရှိနေ ဖို့ ဆန္ဒ ရှိနေ တယ်လို့ သိရှိ ရ ပါတယ် ။

ဒီနေ့ ဟာ ရီးယဲ မက်ဒရစ် အသင်း ခေါင်းဆောင် ဖြစ်သူ ဆာဂျီယို ရာမို့စ် ရဲ့ အသက် 33 နှစ်ပြည့် မွေးနေ့ ပဲ ဖြစ် ပါတယ် ။
#HappyBirthdayCaptain

Unicode