ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ဗလင္စီယာ အသင္း နဲ႕ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ ပြဲစဥ္ မွာ ဗလင္စီယာ အသင္း ကို အိမ္ကြင္း မွာ ၀ – ၁ နဲ႕ အေရးနိမ့္ ခဲ့ရပါတယ္ ။ ထို ပြဲစဥ္ ရဲ႕ ပြဲျပီးခါနီး မွာ သေရ ရမယ့္ ပင္နယ္တီ အခြင့္အေရး ကို ရရွိ ခဲ့ေပမယ့္ လူစားဝင္ ကြင္းလယ္ တိုက္စစ္ ကစားသမား ေရာ့စ္ ဘာကေလ က ျဖဳန္းတီး ပစ္ခဲ့လို႕ ခ်ယ္လ္ဆီး တို႕ ေခ်ပဂိုး မရခဲ့ပဲ အေရးနိမ့္ ခဲ့ရတာ ျဖစ္ပါတယ္ ။

 

ထို ပင္နယ္တီ မကန္ခင္ ခ်ယ္လ္ဆီး အသင္း ဖက္မွ ေရာ့စ္ ဘာကေလ ၊ ဝီလီယံ ၊ ေဂ်ာ္ဂ်င္ဟုိ တို႕ဟာ ပင္နယ္တီ ဘယ္သူ ကန္ရမလဲ ဆိုတဲ့ အေနအထား အတြက္ တေယာက္ နဲ႕ တေယာက္ အျငင္းအခံု ျပဳလုပ္ ခဲ့ၾကအျပီး အဆံုးမွာ ဘာကေလ က ပင္နယ္တီ ကို လုကန္ ခဲ့ပါတယ္ ။

ဘာကေလ ဟာ လမ္းပတ္ ရဲ႕ ပထမ ဦးစားေပး ပင္နယ္တီ ကန္ရမယ့္ ကစားသမား ျဖစ္ေနသည့္တိုင္ လူစားဝင္ ကစားသမား ျဖစ္ခဲ့တာေၾကာင့္ ထို ပြဲစဥ္ မွာ ပြဲစကတည္း က ပါဝင္ခဲ့တဲ့ ဝီလီယံ နဲ႕ ေဂ်ာ္ဂ်င္ဟို တို႕ဟာလည္း ထို ပင္နယ္တီ ကန္ဖို႕ ထိုက္တန္မႈ ရွိခဲ့တယ္ ပဲ ဆိုရပါမယ္ ။

ပြဲျပီး အင္တာဗ်ဴး တခုမွာေတာ့ ဝီလီယံ ကေတာ့ သူဟာ ဘာကေလ ဆီကေန ပင္နယ္တီ ကန္ခြင့္ ေတာင္းခဲ့ေၾကာင္း ဝန္ခံ ခဲ့သလို ၊ ဘာကေလ ဟာလည္း ပင္နယ္တီ ကန္ဖို႕ အေတာ္ေလး ဆႏၵ ျပင္းျပ ေနခဲ့ျပီး ထို အျခင္းအရာ အတြက္ သူလည္း ကိုယ္ခ်င္းစာ မိေၾကာင္း ၊ ဘာကေလ အဖို႕ မဝင္ ခဲ့တဲ့ ပင္နယ္တီ အေၾကာင္း ကို ေမ့ထားျပီး ေရွ႕ဆက္ ၾကိဳးစားဖို႕သာ လိုတယ္ လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဝီလီယံ က ” ေရာ့စ္ ဟာ ပင္နယ္တီ ကန္ဖို႕ အေတာ္ေလး စိတ္ဆႏၵ ျပင္းျပ ခဲ့ပါတယ္ ။ ကြ်န္ေတာ္ လည္း ဒီ ပင္နယ္တီ ကန္ခြင့္ ရဖို႕ ဘာကေလ ဆီက ခြင့္ေတာင္း ခဲ့ပါေသးတယ္ ။ ဒါေပမယ့္ သူဟာ ဒီ ပင္နယ္တီ အတြက္ ယံုၾကည္မႈ အျပည့္ ရွိေနခဲ့တာပါ ။ အဆံုးမွာေတာ့ သူ လြဲခဲ့ပါတယ္ ။ ဒီလို ပင္နယ္တီ လြဲေခ်ာ္ ခဲ့တာမ်ိဳး ဟာ ကြ်န္ေတာ္ နဲ႕ ေဂ်ာ္ဂ်င္ဟို တို႕လို ကစားသမား ေတြလည္း ၾကံဳတတ္ပါတယ္ ။ ”

” ဒါေပမယ့္ ေရွ႕ဆက္ ၾကိဳးစားျပီး စိတ္ခိုင္ခိုင္ ထားဖို႕သာ အေရးၾကီးပါတယ္ ။ ကြ်န္ေတာ္ တို႕ အႏိုင္ ရရင္ အတူတူ ေပ်ာ္ရႊင္ ရမွာ ျဖစ္သလို ရႈံးနိမ့္ တဲ့ အခါ လည္း အတူတူ ရႈံးနိမ့္ရမွာပါပဲ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ဗလင္စီယာ ကို အဖြင့္ပြဲ မွာ ရႈံးနိမ့္ ခဲ့ျပီ ျဖစ္လို႕ ေရွ႕ေလွ်ာက္ လက္က်န္ အုပ္စု ပြဲစဥ္ ေတြမွာ အမွား နည္းႏိုင္သေလာက္ နည္းေအာင္ လုပ္ဖို႕ လိုလာျပီ ျဖစ္ပါတယ္ ။

ဝီလီယံ က ” ကြ်န္ေတာ္ တို႕ဟာ ဒီေန႕ ပြဲ အတြက္ အေပါင္း လကၡဏာ ေဆာင္မယ့္ ရလဒ္မ်ိဳး အလိုရွိ ခဲ့တာပါ ။ ဒါေပမယ့္ ကံဆိုးစြာ နဲ႕ပဲ ကြ်န္ေတာ္ တို႕ အေရးနိမ့္ ခဲ့ရပါတယ္ ။ အုပ္စု အဆင့္ ကို ေက်ာ္ျဖတ္ ႏိုင္ဖို႕ ကြ်န္ေတာ္ တို႕မွာ လက္က်န္ ၅ပြဲ ထပ္ကစားဖို႕ က်န္ပါေသးတယ္ ။ ကြ်န္ေတာ္ တို႕မွာ ေနာက္တဆင့္ တက္ဖို႕ အခြင့္အေရး ရွိပါေသးတယ္ ။ အခုထက္ ပိုျပီး ေျခစြမ္း ေကာင္းလာဖို႕ လိုေသးသလို ၊ ေရွ႕ေလွ်ာက္ ပံုစံေကာင္းေတြ ျပသ သြားရမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ပင်နယ်တီ ကန်ခွင့်တောင်းခဲ့ကြောင်း ဝန်ခံရင်း ၊ ပင်နယ်တီ လွဲချော် ခဲ့တဲ့ ဘာကလေ အပေါ် အားပေးစကား ပြောကြားလိုက်တဲ့ #ဝီလီယံ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဗလင်စီယာ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် မှာ ဗလင်စီယာ အသင်း ကို အိမ်ကွင်း မှာ ၀ – ၁ နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ ထို ပွဲစဉ် ရဲ့ ပွဲပြီးခါနီး မှာ သရေ ရမယ့် ပင်နယ်တီ အခွင့်အရေး ကို ရရှိ ခဲ့ပေမယ့် လူစားဝင် ကွင်းလယ် တိုက်စစ် ကစားသမား ရော့စ် ဘာကလေ က ဖြုန်းတီး ပစ်ခဲ့လို့ ချယ်လ်ဆီး တို့ ချေပဂိုး မရခဲ့ပဲ အရေးနိမ့် ခဲ့ရတာ ဖြစ်ပါတယ် ။

ထို ပင်နယ်တီ မကန်ခင် ချယ်လ်ဆီး အသင်း ဖက်မှ ရော့စ် ဘာကလေ ၊ ဝီလီယံ ၊ ဂျော်ဂျင်ဟို တို့ဟာ ပင်နယ်တီ ဘယ်သူ ကန်ရမလဲ ဆိုတဲ့ အနေအထား အတွက် တယောက် နဲ့ တယောက် အငြင်းအခုံ ပြုလုပ် ခဲ့ကြအပြီး အဆုံးမှာ ဘာကလေ က ပင်နယ်တီ ကို လုကန် ခဲ့ပါတယ် ။

ဘာကလေ ဟာ လမ်းပတ် ရဲ့ ပထမ ဦးစားပေး ပင်နယ်တီ ကန်ရမယ့် ကစားသမား ဖြစ်နေသည့်တိုင် လူစားဝင် ကစားသမား ဖြစ်ခဲ့တာကြောင့် ထို ပွဲစဉ် မှာ ပွဲစကတည်း က ပါဝင်ခဲ့တဲ့ ဝီလီယံ နဲ့ ဂျော်ဂျင်ဟို တို့ဟာလည်း ထို ပင်နယ်တီ ကန်ဖို့ ထိုက်တန်မှု ရှိခဲ့တယ် ပဲ ဆိုရပါမယ် ။

ပွဲပြီး အင်တာဗျူး တခုမှာတော့ ဝီလီယံ ကတော့ သူဟာ ဘာကလေ ဆီကနေ ပင်နယ်တီ ကန်ခွင့် တောင်းခဲ့ကြောင်း ဝန်ခံ ခဲ့သလို ၊ ဘာကလေ ဟာလည်း ပင်နယ်တီ ကန်ဖို့ အတော်လေး ဆန္ဒ ပြင်းပြ နေခဲ့ပြီး ထို အခြင်းအရာ အတွက် သူလည်း ကိုယ်ချင်းစာ မိကြောင်း ၊ ဘာကလေ အဖို့ မဝင် ခဲ့တဲ့ ပင်နယ်တီ အကြောင်း ကို မေ့ထားပြီး ရှေ့ဆက် ကြိုးစားဖို့သာ လိုတယ် လို့ ပြောကြား ခဲ့ပါတယ် ။

ဝီလီယံ က ” ရော့စ် ဟာ ပင်နယ်တီ ကန်ဖို့ အတော်လေး စိတ်ဆန္ဒ ပြင်းပြ ခဲ့ပါတယ် ။ ကျွန်တော် လည်း ဒီ ပင်နယ်တီ ကန်ခွင့် ရဖို့ ဘာကလေ ဆီက ခွင့်တောင်း ခဲ့ပါသေးတယ် ။ ဒါပေမယ့် သူဟာ ဒီ ပင်နယ်တီ အတွက် ယုံကြည်မှု အပြည့် ရှိနေခဲ့တာပါ ။ အဆုံးမှာတော့ သူ လွဲခဲ့ပါတယ် ။ ဒီလို ပင်နယ်တီ လွဲချော် ခဲ့တာမျိုး ဟာ ကျွန်တော် နဲ့ ဂျော်ဂျင်ဟို တို့လို ကစားသမား တွေလည်း ကြုံတတ်ပါတယ် ။ ”

” ဒါပေမယ့် ရှေ့ဆက် ကြိုးစားပြီး စိတ်ခိုင်ခိုင် ထားဖို့သာ အရေးကြီးပါတယ် ။ ကျွန်တော် တို့ အနိုင် ရရင် အတူတူ ပျော်ရွှင် ရမှာ ဖြစ်သလို ရှုံးနိမ့် တဲ့ အခါ လည်း အတူတူ ရှုံးနိမ့်ရမှာပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ဗလင်စီယာ ကို အဖွင့်ပွဲ မှာ ရှုံးနိမ့် ခဲ့ပြီ ဖြစ်လို့ ရှေ့လျှောက် လက်ကျန် အုပ်စု ပွဲစဉ် တွေမှာ အမှား နည်းနိုင်သလောက် နည်းအောင် လုပ်ဖို့ လိုလာပြီ ဖြစ်ပါတယ် ။

ဝီလီယံ က ” ကျွန်တော် တို့ဟာ ဒီနေ့ ပွဲ အတွက် အပေါင်း လက္ခဏာ ဆောင်မယ့် ရလဒ်မျိုး အလိုရှိ ခဲ့တာပါ ။ ဒါပေမယ့် ကံဆိုးစွာ နဲ့ပဲ ကျွန်တော် တို့ အရေးနိမ့် ခဲ့ရပါတယ် ။ အုပ်စု အဆင့် ကို ကျော်ဖြတ် နိုင်ဖို့ ကျွန်တော် တို့မှာ လက်ကျန် ၅ပွဲ ထပ်ကစားဖို့ ကျန်ပါသေးတယ် ။ ကျွန်တော် တို့မှာ နောက်တဆင့် တက်ဖို့ အခွင့်အရေး ရှိပါသေးတယ် ။ အခုထက် ပိုပြီး ခြေစွမ်း ကောင်းလာဖို့ လိုသေးသလို ၊ ရှေ့လျှောက် ပုံစံကောင်းတွေ ပြသ သွားရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR