ရိုမီရို လူကာကူ တစ်ယောက် အီတလီ ကလပ် အင်တာ မီလန် ကို ပြောင်းရွှေ့ လာခဲ့တာ တစ်လ ကျော်သာ ရှိပါ သေးတယ် ။ ဒါပေမယ့် အသား အရောင် ခွဲခြား ပြောဆို မှု ကို ၂ ကြိမ် တိုင်တိုင် ခံခဲ့ ရပြီ ဖြစ်သလို အသင်း ဖော် သစ် တွေ နဲ့ လည်း အသားကျ ခြင်း မရှိ ခဲ့သေး ပါဘူး ။ ဆလား ဗီးယား ပရက် အသင်း နဲ့ သရေ ကျခဲ့တဲ့ ချန်ပီယံ လိဂ် ပွဲအပြီး မှာတော့ လူကာကူ ရဲ့ ဒေါသတွေ ဟာ ပေါက်ကွဲ ထွက် လာခဲ့ ပါတော့တယ် ။

အီတလီ က လာတဲ့ သတင်း တွေ အရ လူကာကူ ဟာ ဆလားဗီးယား နဲ့ ပွဲ အပြီး အ၀တ် လဲခန်း ထဲ မှာ အသင်းဖော် ဘရိုဇိုဗစ် နဲ့ အချင်း များခဲ့ ပြီး အသင်း ဖော် အလက်ဆစ် ဆန်းချက် က ၀င်ရောက် ဖြန်ဖြေ ပေး ရတဲ့ အထိ ပြင်းထန် ခဲ့တယ် လို့ သိရ ပါတယ် ။

တစ်ဖက် တစ်ဂိုး စီ သရေ ကျခဲ့တဲ့ အဆိုပါ ချန်ပီယံ လိဂ် အုပ်စု အဖွင့် ပွဲ မှာ အင်တာ မီလန် ဟာ ကစားပုံ မကောင်း ခဲ့ ပါဘူး ။ လူကာကူ ဟာ အသင်း ဖော်တွေ ရဲ့ ပံ့ပိုးမှု ကို နည်းပါးစွာ ရရှိ ခဲ့ပြီး ရှေ့တန်း မှာ ဂိုးရ ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ ဧည့်သည် ဆလားဗီးယား က ဒုတိယပိုင်းမှာ ဦးဆောင်ဂိုး စသွင်း ခဲ့ပြီး နီကိုလို ဘာရဲလာ က မိနစ် ၉၀ ကျော် မှာ ပြန်လည် ချေပ ပေးခဲ့ တာပဲ ဖြစ် ပါတယ် ။

ပွဲ အပြီး မှာတော့ လူကာကူ ဟာ ဘရိုဇိုဗစ် ရဲ့ နည်းစနစ် ပိုင်း ကို အ၀တ်လဲ ခန်းထဲမှာ ဝေဖန် ပြောဆို ခဲ့ ပါတယ် ။ ခရိုအေးရှား ကွင်းလယ်လူ ဟာ ပွဲချိန် အတော်များများ မှာ နေရာ ပျောက် နေခဲ့ပြီး နည်းပြ ကွန်တီ ရဲ့ နည်းစနစ် မှာ အံ့ဝင် မှု မရှိခဲ့ ဘူးလို့ လူကာကူ က ဆိုခဲ့ ပါတယ် ။

ဘရိုဇိုဗစ် ကလည်း လူကာကူ လွဲချော် ခဲ့တဲ့ အခွင့် အရေး တစ်ခု ကို ပြန်လည် ပြောဆို တုန့်ပြန် ရာကနေ ၂ ဦး သာ စကားများ လာခဲ့ ကာ အသင်း ဖော် အလက်ဆစ် ဆန်းချက် က လူကာကူ ဘက်ကနေ ၀င်ရောက် ဖြန်ဖြေ ခဲ့ရသည် အထိ ဖြစ်လာ ခဲ့ ပါတယ် ။

အင်တာ အသင်း ခေါင်းဆောင် ဂိုး သမားကြီး ဟန်ဒါ နိုဗစ် ကလည်း ဘရိုဇိုဗစ် ကို ၀င်ရောက် ထိန်းသိမ်း ပေးခဲ့ ပြီး နည်းပြ ကွန်တီ ကတော့ အဆိုပါ ဖြစ်ရပ် အတွက် သီးသန့် ဆွေးနွေးမှု ပြုလုပ် မယ်လို့ ကြားသိရ ပါတယ် ။ အင်တာ ဟာ လာမယ့် ပိတ်ရက် မှာ မြို့ခံ ပြိုင်ဘက် အေစီမိလန် နဲ့ ကစား ရမှာ ဖြစ်ပြီး လူကာကူ နဲ့ ဘရိုဇိုဗစ် တို့ အနက် က တစ်ဦးဦး ကို အရန် ခုံ မှာ ချန် လှပ် ဖို့ ရှိနိုင်တယ် လို့ လည်း သတင်း တွေ ထွက် ပေါ်လာခဲ့ ပါတယ် ။

ဘရိုဇိုဗစ် ဟာ တစ်နိုင်ငံ တည်းသား အသင်းဖော် ပါရီဆစ် ကို နွေရာသီ မှာ ဘိုင်ယန်မြုးနစ် ထံ ထွက်ခွာ စေခဲ့ မှု နဲ့ ပတ်သက်ပြီး မပျော်မရွှင် ဖြစ်ခဲ့ ရတယ်လို့ ကြားသိရပြီး အခုလို လူကာကူ နဲ့ အဆင်မပြေ ဖြစ်မှု ဟာ အင်တာ မီလန် က သူ့ရဲ့ နေရာ ကို ထိခိုက် လာနိုင်ချေ ရှိတယ် လို့ အီတလီ သတင်းစာတွေ က သုံးသပ်ရေးသား လာခဲ့ ပါတယ် ။

လူကာကူ ကတော့ အင်တာ နည်းပြ ကွန်တီ ကိုယ်တိုင် လိုလိုလားလား ခေါ်ယူ ဖို့ တောင်းဆို ခဲ့သူ ဖြစ်တာ ကြောင့် ပြဿနာ တစ်စုံ တစ်ခု ပေါ်ပေါက် လာပါက လူကာကူ ဘက်ကို အလေးပေး ဖွယ် ရှိ နေတာ ကြောင့် ဘယ်ဂျီယံ သား နဲ့ ခရိုအေးရှားသား တို့ရဲ့ အချင်းများမှုမှာ ခရိုအေးရှားသား ဘက်က နစ်နာ ဖွယ် ရှိနေတယ် လို့ သုံးသပ်မှု တွေ ရှိလာ ခဲ့ ကြပါတယ် ။

SPORTS MYANMAR