SPORTS MYANMAR
Unicode
ကာဒစ်ဖ်တိုက်စစ်မှူးသစ် ဆာလာ သေဆုံးမှု နောက်ကွယ်က လူသိပ်မသိတဲ့ အကြောင်းအရာတစ်ခုကို ဖွင့်ချလိုက်တဲ့ #ဘီဘီစီ
=============================
ယခုနှစ် အစောပိုင်းက ဖြစ်ပွား ခဲ့တဲ့ ကာဒစ်ဖ် အသင်း တိုက်စစ်မှူးသစ် ဆာလာ စီးနင်းလိုက်ပါလာတဲ့ လေယာဉ် ပျက်ကျမှု နောက်ကွယ်က လူသိပ်မသိတဲ့ အကြောင်းအရာ တစ်ခုကို BBC Wales က ထုတ် ဖော် ရေး သား လိုက် ပါ တယ် ။
BBC Wales ရဲ့ ထုတ်ဖော်ချက် အရ ဆာလာ စီးနင်း လိုက်ပါလာတဲ့ လေယာဉ် ကို မောင်းနှင်လာတဲ့ လေယာဉ်မှူး ဒေးဗစ် အီဘော့ဆင် ( David Ibbotson ) ဟာ အရောင် တွေကို ခွဲခြား နိုင်စွမ်း မရှိတာကြောင့် ညဘက် မမောင်းနှင်ဖို့ ကန့်သတ် ခံထားရသူ ဖြစ်ကြောင်း ဖွင့် ချ လိုက် ပါ တယ် ။
အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ် ကလပ် ကာဒစ် အသင်း ရဲ့ တိုက်စစ်မှူးသစ် အီမယ်လီယာနို ဆာလာ စီးနှင်း လိုက်ပါလာတဲ့ လေယာဉ်ဟာ ပြင်သစ် ကနေ အင်္ဂလန် ကို ပျံသန်းလာစဉ် လမ်းမှာ ပျက်ကျ သွားခဲ့တာလည်း ဖြစ်ပါတယ် ။
The Air Accidents Investigation Branch ( AAIB ) ဟာ လေယာဉ်မှူး ကိုင်ဆောင်ထားတဲ့ လိုင်စင်ကို သေချာ လိုက်လံ စုံစမ်း နေပြီး အီဘော့ဆင် ရဲ့ ကိုယ်ပိုင် လေယာဉ် လိုင် စင် မှာ သူ့ ကို ညဘက်မှာ လေယာဉ် မောင်းနှင်ဖို့ ခွင့် ပြု ထား ခြင်း မ ရှိ ကြောင်း ဘီဘီစီ က ထုတ် ဖော် ရေး သား လိုက် ပါ တယ် ။
အီဘော့ဆင် ရဲ့ လေယာဉ်မောင်း လိုင်စင် မှာ အနီးကပ် မြင် ကွင်း တွေ အ တွက် မျက် မှန် တပ် ဖို့ လို အပ် ကြောင်း ညွှန် ကြား ထား ပြီး ဘီဘီစီ က တော့ အီဘော့ဆင် ကို နေ့ ခင်း ဘက် အ ချိန် တွေ မှာ သာ မောင်း နှင် ဖို့ ကန့် သတ် ထား တယ် လို့ ဆို ပါ တယ် ။
BBC Wales ရဲ့ အဆိုအရ လေယာဉ်မှူ း တစ် ဦး ဟာ ညဘက်မှာ ပျံ သန်း မောင်း နှင် ဖို့ အ တွက် အနီရောင် နဲ့ အစိမ်းရောင် အလင်းတွေကို ခွဲ ခြား သိ မြင် နိုင် ဖို့ လို အပ် ပြီး အီဘောဆင့်ဟာ အရောင်တွေ ကွဲ ပြား ခြား နား နိုင် စွမ်း မ ရှိ ကြောင်း သိ ရ ပါ တယ် ။
European Aviation ကတော့ လေယာဉ်မှူး တစ်ဦးဟာ ဘေးအန္တရယ် ကင်းရှင်းစေဖို့ အတွက် လိုင်စင်မှာ သတ်မှတ် ထားတဲ့ အတိုင်း မောင်းနှင် ရမှာသာ ဖြစ်ပြီး ကန့်သတ်ချက်တွေကို ကျော်လွန် လုပ်ဆောင်ပါက ဥပဒေနှင့် ဆန့်ကျင် လုပ်ဆောင်ခြင်းတာ ဖြစ်ကြောင်း စည်းကမ်း ထုတ်ထားပါတယ် ။
European Aviation rules အရ ညအချိန်ဟာ နေဝင်ပြီး မိနစ် ၃၀ အကြာကနေ နေထွက်ဖို့ မိနစ် ၃၀ အလို အထိ ဖြစ်ကြောင်း သတ်မှတ်ထားပါတယ် ။ BBC Wales ကတော့ ကာဒစ်တိုက်စစ်မှူးသစ် ဆာလာ စီးနင်း လိုက်ပါလာတဲ့ လေယာဉ်ဟာ နံနက် ၉ နာရီမှာ ထွက်ခွာဖို့ ပြင်ဆင် ထားပေမယ့် ဆာလာ ရဲ့ တောင်းဆိုမှုကြောင့် ည ရ နာရီကို ရွှေ့ ဆိုင်း လိုက် ရ တယ် လို့ သိရပါတယ် ။ ဆာလာ ဟာ နန်တက်စ် အသင်းဖော်တွေကို နှုတ်ဆက်ချင်တာကြောင့် လေယာဉ်ချိန်ကို ရွှေ့ ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ် ။
ကာဒစ်ဖ် အသင်းဟာ ဆာလာ ရဲ့ ပြောင်းရွှေ့ကြေး ကို နန့်တက်စ် အသင်းကို မပေးလိုတာ ကြောင့် ဖီဖာ ကို လျှောက်ထား ထားပြီး အခုလို နောက်ကွယ်က ကိစ္စတစ်ခု ပေါ်ပေါက် လာခဲ့တဲ့ အတွက် ပြောင်းရွှေ့ ကြေး ပေါင် ၁၅ သန်း ကို မပေးချေလိုတဲ့ ကာဒစ်ဖ် အသင်း အတွက် အကြောင်း ပြချက် ကောင်းတစ်ခု ဖြစ်လာနိုင် ပါတယ် ။
SPORTS MYANMAR