ရီးရဲ မက္ဒရစ္ အသင္းရဲ႕ ေရွ႕တန္း နဲ႔ အားကစား ဒါရုိက္တာ ေဟာင္း ပက္ဂ်ာ မီဂ်ာတိုဗစ္ ကေတာ့ လက္ရွိ နည္းျပ ဇီဒန္း ဟာ ရီးရဲ မက္ဒရစ္ အသင္း ျဖစ္ပ်က္ ေနတဲ့ အရာ ေတြ အတြက္ အေျဖကို ရွာေတြ႕ ႏုိင္မွာ မဟုတ္ဘူး လုိ႔ ေျပာဆို သြားခဲ့ ပါတယ္ ။ ဇီဒန္း ဟာ ရီးရဲ မက္ဒရစ္ ကို ခ်န္ပီယံ လိဂ္ ဖလား ၃ ႏွစ္ဆက္တုိက္ ရရွိ ေအာင္ စြမ္းေဆာင္ ေပးႏုိင္ ခဲ့ ေပမယ့္ ဒုတိယ အႀကိမ္ ကိုင္တြယ္ ခ်ိန္ မွာေတာ့ ရလဒ္ ေကာင္းးေတြ ကို ရယူ ႏုိင္ဖို႔ ရုန္းကန္ ေနခဲ့ရ ပါတယ္ ။

ယမန္ေန႔ ညက PSG အသင္း ကို ဂုိးျပတ္ ရွဳံးနိမ့္ ခဲ့တဲ့ ခ်န္ပီယံ လိဂ္ အုပ္စု ပြဲစဥ္ အၿပီး မွာေတာ့ ဇီဒန္း အေပၚ ေ၀ဖန္မႈ ေတြ ပုိမို မ်ားျပား လာခဲ့ၿပီး ဖိအားေတြ လည္း က်ေရာက္ လာခဲ့ ရ ပါတယ္ ။ ရီးရဲ ဟာ ဒီရာသီ မွာ ဂုိးေတြ အမ်ားႀကီး ေပးထား ရသလုိ တုိက္စစ္ ပုိင္း ကလည္း ယခင္လုိ အားရ ေလာက္စရာ မရွိ ေသးတာ ေၾကာင့္ ပရိသတ္ေတြ ရဲ႕ ၿငဳိျငင္မႈ ေတြ ကို ႀကဳံေတြ႕ ေနရတာလည္း ျဖစ္ ပါတယ္ ။

PSG နဲ႔ ပြဲ မွာလည္း ေနမာ ၊ ဘာေပ နဲ႔ ကာဗာနီ တုိ႔ မပါ၀င္ ခဲ့တာ ေၾကာင့္ ရီးရဲ တို႔ အေ၀းကြင္း မွာ အဆင္ေခ်ာ ႏုိင္မယ္ လုိ႔ ယူဆ ခဲ့ၾက ေပမယ့္ တကယ္တန္း ကစား ခ်ိန္ မွာေတာ့ ၃ ဂုိးျပတ္ အေရးနိမ့္ ခဲ့ရ ပါတယ္ ။ ရီးရဲ ဒါရုိက္တာ ေဟာင္း မီဂ်ာ တိုဗစ္ ကေတာ့ PSG နဲ႔ ပြဲ ကို ဒီလုိ ရလဒ္မ်ဳိး ထြက္ေပၚ လာမယ္ လုိ႔ မေမွ်ာ္လင့္ ခဲ့ ေၾကာင္း နဲ႔ ဇီဒန္း ဟာ ရီးရဲ မက္ဒရစ္ ကို အေျဖ ရွာေပး ႏုိင္မွာ မဟုတ္ေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။

“PSG ကို ဒီလို ကစားသြား ႏုိင္မယ္ လို႔ ကြ်န္ေတာ္ မထင္ ခဲ့ ပါဘူး ။ တစ္ျခား ပြဲ တစ္ပြဲ ကို ၾကည့္ေနတယ္ လို႔ ေတာင္ ထင္မိ ခဲ့တာပါ ။ ပြဲ မကစားခင္ တုန္းက ရီးရဲ မက္ဒရစ္ မွာ အခြင့္ အေရး ေတြ ရလာ လိမ့္မယ္ လို႔ ထင္မွတ္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ တကယ္တန္း ကစား ခ်ိန္ မွာေတာ့ ဘာ အခြင့္ အေရးမွ ရွိမလာ ခဲ့ ပါဘူး”

“PSG ဟာ ရီးရဲ ထက္ အစစ သာလြန္ ခဲ့တာပါ ။ ပြဲ အစ ပထမ မိနစ္ ကတည္းက ရီးရဲ မက္ဒရစ္ ဟာ ရီးရဲ မက္ဒရစ္ နဲ႔ ကိုက္ညီ တဲ့ ေျခစြမ္း ကို မထုတ္ျပ ႏုိင္ ခဲ့ ပါဘူး ။ တုိက္စစ္ နဲ႔ ခံစစ္ အၾကား မွာ ဟာကြက္ ေတြ အႀကီးႀကီး ေပၚ ေနခဲ့ ၿပီး ဒါကို မဖာ ေထးႏုိင္ ခဲ့ ပါဘူး”

“ရီးရဲ မွာ တုိးတက္ ဖို႔ ေနရာေတြ အမ်ားႀကီး က်န္ေန ပါေသးတယ္ ။ ဇီဒန္း လည္း ဒါကို အေျဖ ရွာေပး ႏုိင္ မွာ မဟုတ္ပါဘူး ။ အခု ဆီဗီးလား နဲ႔ ကစား ရပါ ေတာ့မယ္ ။ သူတို႔ ဒီရာသီ မွာ ေတာ္ေတာ္ေလး ေကာင္း ေနခဲ့ တာပါ ။ ရီးရဲ နဲ႔ ဇီဒန္း တို႔ ဘယ္လို အေျဖရွာ မလဲ ကြ်န္ေတာ္ ေသခ်ာ မသိပါဘူး ။ စိတ္ပူ မိတာေတာ့ အမွန္ ပါပဲ” လုိ႔ မီဂ်ာ တိုဗစ္ က ေျပာဆို သြားခဲ့ ပါတယ္ ။

ရီးရဲ မက္ဒရစ္ ထံ ခ်ဲလ္ဆီး ကေန ယခု ေႏြရာသီ မွာ ေျပာင္းေရႊ႕ လာခဲ့တဲ့ ေတာင္ပံ ကစား သမား အီဒင္ ဟာဇက္ ဟာ အသင္း သစ္ အတြက္ ပထမဆံုး ပြဲခ်ိန္ ျပည့္ ပါ၀င္ ကစားေပး ခဲ့ ေပမယ့္ ျပင္သစ္ ကလပ္ ဘက္ကို ထိေရာက္ တဲ့ ကန္သြင္းမႈ ေတြ မျပဳလုပ္ ႏုိင္ ခဲ့ ပါဘူး ။

ရီး၇ဲ အတြက္ ဂါရတ္ေဘး က တစ္ဂုိး သြင္းခဲ့ ေသးေပမယ့္ လက္ထိ တယ္လုိ႔ VAR က ဆံုးျဖတ္ခဲ့တာ ေၾကာင့္ ေခ်ပဂုိး နဲ႔ လြဲေခ်ာ္ ခဲ့ရ ပါတယ္ ။

SPORTS MYANMAR

Unicode

ဇီဒန်း ဟာ ရီးရဲမက်ဒရစ် အတွက် အဖြေမဟုတ်ဘူးလို့ ဒါရိုက်တာဟောင်း မီဂျာတိုဗစ် ပြောဆို

==========================================

ရီးရဲ မက်ဒရစ် အသင်းရဲ့ ရှေ့တန်း နဲ့ အားကစား ဒါရိုက်တာ ဟောင်း ပက်ဂျာ မီဂျာတိုဗစ် ကတော့ လက်ရှိ နည်းပြ ဇီဒန်း ဟာ ရီးရဲ မက်ဒရစ် အသင်း ဖြစ်ပျက် နေတဲ့ အရာ တွေ အတွက် အဖြေကို ရှာတွေ့ နိုင်မှာ မဟုတ်ဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဇီဒန်း ဟာ ရီးရဲ မက်ဒရစ် ကို ချန်ပီယံ လိဂ် ဖလား ၃ နှစ်ဆက်တိုက် ရရှိ အောင် စွမ်းဆောင် ပေးနိုင် ခဲ့ ပေမယ့် ဒုတိယ အကြိမ် ကိုင်တွယ် ချိန် မှာတော့ ရလဒ် ကောင်းးတွေ ကို ရယူ နိုင်ဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။

ယမန်နေ့ ညက PSG အသင်း ကို ဂိုးပြတ် ရှုံးနိမ့် ခဲ့တဲ့ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် အပြီး မှာတော့ ဇီဒန်း အပေါ် ဝေဖန်မှု တွေ ပိုမို များပြား လာခဲ့ပြီး ဖိအားတွေ လည်း ကျရောက် လာခဲ့ ရ ပါတယ် ။ ရီးရဲ ဟာ ဒီရာသီ မှာ ဂိုးတွေ အများကြီး ပေးထား ရသလို တိုက်စစ် ပိုင်း ကလည်း ယခင်လို အားရ လောက်စရာ မရှိ သေးတာ ကြောင့် ပရိသတ်တွေ ရဲ့ ငြိုငြင်မှု တွေ ကို ကြုံတွေ့ နေရတာလည်း ဖြစ် ပါတယ် ။

PSG နဲ့ ပွဲ မှာလည်း နေမာ ၊ ဘာပေ နဲ့ ကာဗာနီ တို့ မပါ၀င် ခဲ့တာ ကြောင့် ရီးရဲ တို့ အဝေးကွင်း မှာ အဆင်ချော နိုင်မယ် လို့ ယူဆ ခဲ့ကြ ပေမယ့် တကယ်တန်း ကစား ချိန် မှာတော့ ၃ ဂိုးပြတ် အရေးနိမ့် ခဲ့ရ ပါတယ် ။ ရီးရဲ ဒါရိုက်တာ ဟောင်း မီဂျာ တိုဗစ် ကတော့ PSG နဲ့ ပွဲ ကို ဒီလို ရလဒ်မျိုး ထွက်ပေါ် လာမယ် လို့ မမျှော်လင့် ခဲ့ ကြောင်း နဲ့ ဇီဒန်း ဟာ ရီးရဲ မက်ဒရစ် ကို အဖြေ ရှာပေး နိုင်မှာ မဟုတ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“PSG ကို ဒီလို ကစားသွား နိုင်မယ် လို့ ကျွန်တော် မထင် ခဲ့ ပါဘူး ။ တစ်ခြား ပွဲ တစ်ပွဲ ကို ကြည့်နေတယ် လို့ တောင် ထင်မိ ခဲ့တာပါ ။ ပွဲ မကစားခင် တုန်းက ရီးရဲ မက်ဒရစ် မှာ အခွင့် အရေး တွေ ရလာ လိမ့်မယ် လို့ ထင်မှတ် ခဲ့ ပါတယ် ။ ဒါပေမယ့် တကယ်တန်း ကစား ချိန် မှာတော့ ဘာ အခွင့် အရေးမှ ရှိမလာ ခဲ့ ပါဘူး”

“PSG ဟာ ရီးရဲ ထက် အစစ သာလွန် ခဲ့တာပါ ။ ပွဲ အစ ပထမ မိနစ် ကတည်းက ရီးရဲ မက်ဒရစ် ဟာ ရီးရဲ မက်ဒရစ် နဲ့ ကိုက်ညီ တဲ့ ခြေစွမ်း ကို မထုတ်ပြ နိုင် ခဲ့ ပါဘူး ။ တိုက်စစ် နဲ့ ခံစစ် အကြား မှာ ဟာကွက် တွေ အကြီးကြီး ပေါ် နေခဲ့ ပြီး ဒါကို မဖာ ထေးနိုင် ခဲ့ ပါဘူး”

“ရီးရဲ မှာ တိုးတက် ဖို့ နေရာတွေ အများကြီး ကျန်နေ ပါသေးတယ် ။ ဇီဒန်း လည်း ဒါကို အဖြေ ရှာပေး နိုင် မှာ မဟုတ်ပါဘူး ။ အခု ဆီဗီးလား နဲ့ ကစား ရပါ တော့မယ် ။ သူတို့ ဒီရာသီ မှာ တော်တော်လေး ကောင်း နေခဲ့ တာပါ ။ ရီးရဲ နဲ့ ဇီဒန်း တို့ ဘယ်လို အဖြေရှာ မလဲ ကျွန်တော် သေချာ မသိပါဘူး ။ စိတ်ပူ မိတာတော့ အမှန် ပါပဲ” လို့ မီဂျာ တိုဗစ် က ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ထံ ချဲလ်ဆီး ကနေ ယခု နွေရာသီ မှာ ပြောင်းရွှေ့ လာခဲ့တဲ့ တောင်ပံ ကစား သမား အီဒင် ဟာဇက် ဟာ အသင်း သစ် အတွက် ပထမဆုံး ပွဲချိန် ပြည့် ပါ၀င် ကစားပေး ခဲ့ ပေမယ့် ပြင်သစ် ကလပ် ဘက်ကို ထိရောက် တဲ့ ကန်သွင်းမှု တွေ မပြုလုပ် နိုင် ခဲ့ ပါဘူး ။

ရီးရဲ အတွက် ဂါရတ်ဘေး က တစ်ဂိုး သွင်းခဲ့ သေးပေမယ့် လက်ထိ တယ်လို့ VAR က ဆုံးဖြတ်ခဲ့တာ ကြောင့် ချေပဂိုး နဲ့ လွဲချော် ခဲ့ရ ပါတယ် ။

SPORTS MYANMAR