အင်္ဂါနေ့မှာကစား သွားခဲ့တဲ့ချန်ပီယံ လိဂ် အုပ်စု F အဖွင့်ပွဲစဉ် မှာ သြစတြီးယားကလပ် ဆဲလ်ဘာ့ခ်ျ အသင်းက ဘယ်ဂျီယံကလပ် ဂန့် အသင်းကို ၆-၂ ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ ဒီပွဲမှာ အထူးခြေစွမ်း ပြသသွားခဲ့တာကတော့ ဆဲလ်ဘာ့ခ်ျ အသင်းရဲ့ အသက် ၁၉နှစ်အရွယ် တိုက်စစ်မှူးလေး ဟားလန်း ပဲ ဖြစ်ပါတယ်။
ဆဲလ်ဘာ့ခ်ျ အသင်းဟာ တိုက်စစ် ခြေစွမ်းခြေစကောင်းတဲ့ ကစားသမားတွေကို အများအပြား မွေးထုတ်ခဲ့ဖူးတဲ့ အသင်းဖြစ်ပြီး လီဗာပူး အသင်းနဲ့ အတူ ကျော်ကြားနေပြီ ဖြစ်တဲ့ နာဘီကီတာ ၊ မာနေး တို့ လည်း ပါဝင်တာဖြစ်ပါတယ်။
မန်စီးတီး နဲ့ လိဒ်စ် အသင်းတွေရဲ့ ကစားသမား ဟောင်းတဦးဖြစ်တဲ့ အယ်ဖီလ် အင့်ဂ်ျရဲ့ သားဖြစ်သူ ဟားလန်ကတော့ ဒီရာသီပြိုင်ပွဲစုံမှာ ၁၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ယူနိုက်တက် အသင်းက စိတ်ဝင်စားနေတယ်လို့သတင်းတွေကဖော်ပြပါတယ်။
အာဆင်နယ် အသင်းရဲ့ ကင်းထောက်တွေကလည်း မကြာသေးမီက ကစားခဲ့တဲ့ သြစတြီးယားလိဂ် ပွဲတွေကိုလာရောက် ကြည့်ရှု အားပေးခဲ့ပြီး တိုင်ရိုလ်အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနိုင်ခဲ့တဲ့ အဆိုပါကြယ်ပွင့် ၂ဦးစလုံးကို ထောက်လှမ်းထားခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။
SPORT MYANMAR
Unicode
ချန်ပီယံလိဂ်မှာဂိုးသွင်းနိုင်ခဲ့တဲ့ဆဲလ်ဘာ့ချ်ကြယ်ပွင့်လေးတွေကိုခေါ်ယူဖို့စိတ်ဝင်စားလာတဲ့ #အာဆင်နယ်အသင်း ( Rumour )
================================
အင်္ဂါနေ့မှာကစား သွားခဲ့တဲ့ချန်ပီယံ လိဂ် အုပ်စု F အဖွင့်ပွဲစဉ် မှာ သြစတြီးယားကလပ် ဆဲလ်ဘာ့ချ် အသင်းက ဘယ်ဂျီယံကလပ် ဂန့် အသင်းကို ၆-၂ ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ ဒီပွဲမှာ အထူးခြေစွမ်း ပြသသွားခဲ့တာကတော့ ဆဲလ်ဘာ့ချ် အသင်းရဲ့ အသက် ၁၉နှစ်အရွယ် တိုက်စစ်မှူးလေး ဟားလန်း ပဲ ဖြစ်ပါတယ်။
ဒီရာသီ သြစတြီးယား ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ ရပွဲကစားသွင်းဂိုး ၁၁ဂိုးနဲ့ ဖန်တီးမှု ၄ကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့ ဟားလန်းဟာ ကစားသမားဘဝ ချန်ပီယံလိဂ်ပွဲဦးထွက် မှာလည်း အခုလိုဂိုးတွေမြူးခဲ့တာဖြစ်ပါတယ်။ဒီနော်ဝေသားလေးရဲ့ အသင်းဖော်ဖြစ်တဲ့ကွင်းလယ်ဖန်တီးရှင် ဇိုဘော့စ်လိုင်ကလည်းသွင်းဂိုးတဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဇိုဘော့စ်လိုင် ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ကွင်းလယ်ကစားသမားကောင်းတဦး အဖြစ်ရှိနေခဲ့လို့ ဥရောပထိပ်တန်းအသင်းအချို့ ရဲ့ မျက်စိကျမှုကို ခံထားခဲ့ရတာဖြစ်ပါတယ်။ဒီဟန်ဂေရီသားလေးကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲ အာဆင်နယ်လည်းပါဝင်နေပြီးသူ့ကိုခေါ်ယူနိုင်ဖို့ အခုနွေရာသီ အစောပိုင်းမှာ စုံစမ်းမှုတွေ ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။
Football Landon သတင်းစာရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာသူ့ကို အခုရာသီကုန်မှာခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ဇိုဘော့စ်လိုင်ကို ရီးရဲလ်အသင်းကလည်းချိတ်ဆက်နေခဲ့တာဖြစ်ပြီး တိုနီကရူးစ်ရဲ့ နေရာအတွက်ရည်ရွယ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီဆယ်ကျော်သက် ကစားသမားလေးဟာ သူ့ရဲ့ အရည်အသွေးကို ဆက်ပြီးပြသနိုင်ဖို့ ဆဲလ်ဘာ့ချ်မှာ တရာသီ ကြာဆက်ပြီးဖြတ်သန်းဖို့ ရည်ရွယ်ထားပုံပါပဲ။ ဇိုဘော့စ်လိုင်သာရောက်လာပါက ဆီဘယ်လော့စ်ရဲ့ အနာဂတ်အပေါ်ကို သက်ရောက်မှုရှိလာနိုင်တာဖြစ်ပါတယ်။
ဆီဘယ်လော့စ်ဟာ လတ်တလောမှာ အာဆင်နယ် အသင်းကို တရာသီအငှားစာချုပ်နဲ့ ရောက်နေခဲ့တာ ဖြစ်ပြီး အခုရာသီကုန်မှာ ရီးရဲလ်အသင်းကို ပြန်ဖို့ မပြန်ဖို့ ကျိန်းသေမပြောနိုင်သေးတာဖြစ်ပါတယ်။ဒါပေမယ့် လည်း အာဆင်နယ်အသင်းသာဇိုဘော့စ်လိုင်ကို ရရှိဖို့ကြိုးပမ်းဖြစ်ခဲ့ပါက အင်တာမီလန်၊ ဂျူဗီ တို့ နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေသေးတာဖြစ်ပါတယ်။
ဇိုဘော့စ်လိုင်ကတော့ မကြာသေးမီက အင်တာဗျူးတခုမှာ – ” ကျွန်တော့်ရဲ့ ကစားပုံဟာ လာဇီယို အသင်းရဲ့ ဆာဗစ်၊ ရီးရဲလ်အသင်းရဲ့ တိုနီကရူးစ် တို့နဲ့ နီးစပ်မှု ရှိတယ် လို့ လူတွေက ပြောကြပါတယ်။ကြားရတာတကယ့်ကိုအံ့မခန်းအရာ တခုပါပဲ ” လို့ပြောထားခဲ့ဖူးပါတယ်။
ဆဲလ်ဘာ့ချ် အသင်းဟာ တိုက်စစ် ခြေစွမ်းခြေစကောင်းတဲ့ ကစားသမားတွေကို အများအပြား မွေးထုတ်ခဲ့ဖူးတဲ့ အသင်းဖြစ်ပြီး လီဗာပူး အသင်းနဲ့ အတူ ကျော်ကြားနေပြီ ဖြစ်တဲ့ နာဘီကီတာ ၊ မာနေး တို့ လည်း ပါဝင်တာဖြစ်ပါတယ်။
မန်စီးတီး နဲ့ လိဒ်စ် အသင်းတွေရဲ့ ကစားသမား ဟောင်းတဦးဖြစ်တဲ့ အယ်ဖီလ် အင့်ဂျ်ရဲ့ သားဖြစ်သူ ဟားလန်ကတော့ ဒီရာသီပြိုင်ပွဲစုံမှာ ၁၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ယူနိုက်တက် အသင်းက စိတ်ဝင်စားနေတယ်လို့သတင်းတွေကဖော်ပြပါတယ်။
အာဆင်နယ် အသင်းရဲ့ ကင်းထောက်တွေကလည်း မကြာသေးမီက ကစားခဲ့တဲ့ သြစတြီးယားလိဂ် ပွဲတွေကိုလာရောက် ကြည့်ရှု အားပေးခဲ့ပြီး တိုင်ရိုလ်အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲဲ့တဲ့ ပွဲမှာခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနိုင်ခဲ့တဲ့ အဆိုပါကြယ်ပွင့် ၂ဦးစလုံးကို ထောက်လှမ်းထားခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။
SPORT MYANMAR