ချဲလ်ဆီး အသင်း ဟာ လူငယ် တိုက်စစ်မှုး လေး တမ်မီ အေဘရာဟမ် ကို တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း နဲ့ စာချုပ် သစ် ကမ်းလှမ်း ဖို့ စတင် ဆွေးနွေး နေပြီ လို့ သတင်း ကြားသိ ရ ပါတယ် ။ အေဘရာဟမ် ဟာ ယခု ရာသီ မှာ ချဲလ်ဆီး အတွက် ပရီးမီး ယားလိဂ် သွင်းဂိုး ၇ ဂိုး အထိ သွင်းယူ ပေးထား တဲ့ လူငယ် တိုက်စစ်မှုး လေး တစ်ဦး လည်း ဖြစ် ပါတယ် ။

ဘာစီလိုနာ အသင်း နဲ့ ယခု ရာသီ မှာ တောက်ပ လာတဲ့ လူငယ် တိုက်စစ် မှုးလေး အန်ဆု ဖာတီ ဟာ စပိန် နိုင်ငံသား လက်မှတ် ရရှိ သွားခဲ့ ပြီ ဖြစ်တာကြောင့် စပိန် ယူ-၁၇ အသင်း နဲ့ ယူ-၁၇ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကို ပါဝင် ကစား ဖို့ စိတ်ကူး နိုင်ပြီ ဖြစ် ပါတယ် ။

ဘိုင်ယန် မြုးနစ် အသင်း ရဲ့ အကြီး အကဲ အူလီ ဟိုးနက်စ် က တော့ မန်နျူရယ် နူအာ ဟာ ဂျာမဏီ ရဲ့ နံပါတ် ၁ ဂိုး သမား အဖြစ် ရှိ နေဆဲ ဖြစ်ကာ ဘာကာ ဂိုး သမား တာစတီဂျန် အနေဖြင့် အဆိုပါ ကိစ္စ အကြောင်း ကို ဆွေးနွေး ဖို့ အချိန် အခါ မဟုတ် သေးပါဘူး လို့ ဂိုး သမား ၂ ဦး အကြား ကို ၀င်ရောက် ပြောဆို ခဲ့ ပါတယ် ။

ရလဒ် ဆိုးတွေ ကြုံတွေ့ နေရ ပေမယ့် အာဆင်နယ် အသင်း ရဲ့ အကြီး အကဲတွေ ကတော့ နည်းပြ အူနိုင်း အမ်မရီ အပေါ် ကို ယုံကြည်မှု အပြည့် အ၀ ရှိနေတယ် လို့ သိရ ပါတယ် ။

ဘရာဇီး ဘောလုံး အကျော် အမော် ဟောင်း ကာကာ ကတော့ နေမာ ဟာ PSG အသင်း ကို ချန်ပီယံ လိဂ် မှာ အောင်ပွဲ ရရှိအောင် ဦးဆောင် ကစား ပေးနိုင် တဲ့ သူ ဖြစ်ပြီး နွေရာသီ တုန်းက အသင်း မပြောင်းဖြစ် ခဲ့တာ ဟာ မှန်ကန် တဲ့ လုပ်ရပ် ဖြစ်တယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းရဲ့ အကြီးအကဲ အော်စကာ ဂရူ က ဘာကာ ဟာ နွေရာသီ တစ်လျောက် လုံး နေမာ ကို အရ ပြန် ခေါ် ဖို့ အစွမ်းကုန် ကြိုးစား ခဲ့တယ် လို့ ထုတ်ဖော် ပြောဆို ခဲ့ပြီး PSG က နေမာ ကို လုံးဝ လက်မလွှတ် ခဲ့တာ ဖြစ်တယ် လို့ ပြောပြ သွားခဲ့တာ ဖြစ်ပါတယ် ။

ဒ့ါ အပြင် နယ်သာလန် ခံစစ်မှုးလေး ဒီလစ် ဟာ အီတလီ ရဲ့ အခွန် ကောက်ခံမှု နည်းပါး တာကြောင့် ၀င်ငွေ ပိုမို ရရှိ နိုင်မယ့် ယူဗင်တပ် ကို ရွေးချယ် သွားခဲ့ တာ ဖြစ်တယ် လို့ လည်း ဂရူ က ပြောဆို သွားခဲ့ ပါတယ် ။

နယူး ကာဆယ် အသင်း နည်းပြ ဟောင်း ပီတာ ဘရက်စလေ ဟာ လူငယ် ကစား သမား တွေ အပေါ် အသား အရောင် ခွဲခြားတဲ့ အသုံးအနှုန်း တွေ နဲ့ ပြောဆို ခဲ့ကြောင်း စစ်ဆေး တွေ့ရှိ ခဲ့တဲ့ အတွက် ဘောလုံး နဲ့ ပတ်သက် ခွင့် ၈ လ ပိတ်ပင် ဖို့ FA က အမိန့် ချမှတ် လိုက်တယ် လို့ သိရ ပါတယ် ။

ဆောက်သမ်တန် ကစား သမား နေသန် ရက်မွန် ဟာ ဘုန်းမောက် အသင်း နဲ့ ကစား ရမယ့် သောကြာနေ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ပြန်လည် ပါဝင် လာနိုင် ဖို့ ရှိတယ် လို့ သိရ ပါတယ် ။ ဘုန်းမောက် ဘက်မှာ တော့ ဒေးဗစ် ဘရွတ် နဲ့ ဒန် ဂိုစလင်း တို့ ဟာ ဆောက်သမ်တန် နဲ့ ပွဲ ကို ပါဝင် ဖို့ မဖြစ်နိုင် သေးဘူးလို့ သိရ ပါတယ်

စပါး အသင်း နောက်ခံလူ ၂ ဦး ဖြစ်တဲ့ ဆာဂျီ အူရီယာ နဲ့ ဒန်နီ ရိုစ့် တို့ ကတော့ ယခု အပတ် ကစားမယ့် လူစာရင်း ထဲ ကို ပြန်လည် ပါဝင် လာနိုင် တော့မယ် လို့ သိရပြီး ခံစစ်မှုး ဂျူအန် ဖွိုက် ကတော့ ခြေကျင်းဝတ် ဒဏ်ရာ ကို ကုသ နေဆဲ ဖြစ်တယ် လို့ ကြားသိရ ပါတယ် ။

မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန် ကတော့ နောက်ခံလူတွေ ဒဏ်ရာ ရရှိ နေချိန် မှာ ဘင်ဂျမင် မန်ဒီ ပြန် ကစား လာနိုင်တာ ဟာ အလွန် အားတက် စရာ ဖြစ်တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

ရွှေဘောလုံး ( Ballon D’or ) ဆု ကို ပေးအပ်ချီးမြှင့် တဲ့ ပြင်သစ် ဘောလုံး မဂ္ဂဇင်း ဟာ ယခု နှစ် မှာ ကမ္ဘာ့ အကောင်းဆုံး ဂိုး သမား ဆု ကို ယာချင်ဆု ( Yachin Trophy ) အမည် နဲ့ ပေးအပ် ချီးမြှင့် ဖို့ ပြင်ဆင် ထားပြီး ဖြစ်တယ် လို့ သိရ ပါတယ် ။ ပြင်သစ် ဘောလုံး မဂ္ဂဇင်း ဟာ ယမန်နှစ် ကလည်း အကောင်းဆုံး အမျိုးသမီး ရွှေဘောလုံး ဆု နဲ့ လူငယ် ရွှေဘောလုံးဆု ( Kopa Trophy ) တို့ကို စတင် ပေးအပ် ခဲ့ပြီး ယခု နှစ် မှာတော့ ဂိုး သမားဆု ကို ထည့်သွင်း လာခဲ့တာပဲ ဖြစ် ပါတယ် ။ စကာတင် စာရင်း ကိုတော့ အောက်တိုဘာ ၂၁ ရက်နေ့ မှာ ထုတ်ပြန် ကြေငြာ သွားမယ် လို့ သတင်း ရရှိ ပါတယ် ခင်ဗျာ . . .

SPORTS MYANMAR