ပရီးမီးယားလိဂ် ပွဲစဉ် တွေ တစ်ခေါက် ပြန် ရောာက်လာခဲ့ ပြန်ပါပြီ ။ ဒီ တစ်ပတ် မှာတော့ ဥရောပ ပွဲတွေ ကစား ထားတဲ့ အသင်းတွေ ရဲ့ ပွဲပမ်း နိုင်ချေ ကို ထည့်သွင်း စဉ်းစား ရမယ့် ရက်သတ္တပတ် ဆိုရင်လည်း မမှား နိုင် ပါဘူး ။ အပတ်စဉ် ပွဲကြီး ပွဲကောင်းတွေ ပါဝင် နေတဲ့ ပရီးမီး ယားလိဂ် ဟာ ဒီ အပတ် မှာလည်း ချဲလ်ဆီး နဲ့ လီဗာပူး တို့ ထိပ်တိုက် တွေ့ဆုံ မှု နဲ့ အတူ ပရိသတ်တွေ ကို ဖမ်းစား ဦးမှာပဲ ဖြစ် ပါတယ် ။

ဒါကြောင့် ယခု အပတ် မှာ ယှဉ်ပြိုင် ကစား ကြမယ့် ပရီးမီး ယားလိဂ် ပွဲစဉ် တွေရဲ့ ရလဒ်တွေ ဘယ်လို ဖြစ်မယ် ဆိုတာ Sky Sports ရဲ့ ဘောလုံး ဝေဖန် သုံးသပ်သူ ချာလီ နီကိုလပ်စ် ရဲ့ သုံးသပ်ချက် တွေကို ဖော်ပြ ပေးလိုက် ရပါတယ် ။

၁ ။ လက်စတာ စီးတီး – စပါး
ပြီးခဲ့တဲ့ အပတ် တုန်းက ယူနိုက်တက် ဆီကနေ လက်စတာ တို့ တစ်ခုခု ရခဲ့သင့် ပါတယ် ။ ဒီနှစ် အသင်းကြီး ၆ သင်း ကို ဒုက္ခပေး နိုင်မယ့် အသင်းတွေ ထဲ မှာ လက်စတာ ကို ထည့်တွက်လို့ ရနိုင် ပါတယ် ။ ဒါပေမယ့် ဒီလို ဒုက္ခပေးနိုင်ဖို့ အတွက် လက်စတာ တို့ တိကျ သေချာမှု အနည်းငယ် လိုအပ် နေပါသေးတယ် ။

စပါး ကတော့ ပဲလေ့စ် နဲ့ ပွဲ ကို သက်တောင့် သက်သာ ကစားသွားခဲ့ ပါတယ် ။ ချန်ပီယံ လိဂ် မှာလည်း ၂ ဂိုး အရင် သွင်းပြီးမှ ဂိုးတွေ ပြန်ပေး ခဲ့ရတာပါ ။ ဒဏ်ရာ ကစား သမားတွေ လည်း ပြန် ကောင်းလာပါပြီ ။ ဒါပေမယ့် ဘယ်သူတွေ နဲ့ ပိုချက်တီနို ကစားမယ် ဆိုတာ ခန့်မှန်းလို့ မရနိုင် ပါဘူး ။ လူထုတ်ပုံ မမှန်လို့ ကတော့ လက်စတာ တို့ အသာရ သွားနိုင် ပါတယ် ။
ခန့်မှန်းချက် – လက်စတာ ၂ – ၁ စပါး

၂ ။ မန်ချက်စတာ စီးတီး – ၀က်ဖိုဒ့်
မန်စီးတီး တို့ လက်တလော မှာ ခံစစ် ပြဿနာ တွေနဲ့ အလုပ်များနေ ပါတယ် ။ အဓိက ခံစစ်မှုး ၂ ဦး နာနေ တဲ့ အတွက် ဖာနန်ဒင်ဟို ကို နောက်တန်း ဆင်း ဆော့ခိုင်း မယ့် အနေအထား ပါပဲ ။ ဒီလိုမှ မဟုတ်ရင် အင်္ဂလန် အသင်း မှာ ကစားခဲ့ သလို ဝေါ်ကာ ကို နောက်တန်း ၃ ယောက် ကစားကွက် မှာ ထားပြီး ကစားဖို့ ဂွာဒီယိုလာ ကြိုးစား ပါလိမ့်မယ် ။ နီကိုလပ်စ် အော်တာမန်ဒီ ထက် စာရင်တော့ ဝေါ်ကာ နဲ့ နောက်တန်း ၃ ယောက် ကစားကွက် က ပိုပြီး အဆင်ပြေ ဖို့ ရှိနိုင် ပါတယ် ။

ဝက်ဖိုဒ့် ဟာ အာဆင်နယ် ရဲ့ လွှမ်းမိုးမှု ကို ကျော်လွှားနိုင် ခဲ့ ပါတယ် ။ သူတို့ရဲ့ ကစားပုံ ကလည်း တစ်မှတ် ထက် တောင် ပိုပြီး ထိုက်တန် ခဲ့တာပါ ။ ဒါပေမယ့် စီးတီး ကိုတော့ အံ့အားသင့် အောင် လုပ်နိုင် ဖို့ မလွယ်ကူ ပါဘူး ။ ခံစစ် ပြဿနာ တွေ ကြောင့် စီးတီး တို့ စိတ်လိုလက်ရ ကစားနိုင်ဖို့ မလွယ်ပေမယ့် ၃ မှတ်ကိုတော့ အလျော့ခံ မှာ မဟုတ်ပါဘူး ။
ခန့်မှန်းချက် – မန်စီးတီး ၁ – ၀ ၀က်ဖိုဒ့်

၃ ။ ၀က်စ်ဟမ်း – မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် တို့ လာကစားတိုင်း ဒေါသထွက် နေတဲ့ ၀က်စ်ဟမ်း နဲ့ ပဲ ရင်ဆိုင် ရတတ် ပါတယ် ။ ၀က်စ်ဟမ်း ဟာ တောင့်တင်းပြီး ကာယပိုင်း အားသာချက် အများကြိး ရှိပါတယ် ။ ဒါကို ယူနိုက်တက် တို့ ဘယ်လို ရင်ဆိုင် ကျော်ဖြတ် မလဲဆိုတာ ကျွန်တော် မသိပါဘူး ။ လက်စတာ ကို နိုင်ခဲ့တာ ယူနိုက်တက် အတွက် တကယ်ကို တန်ဖိုးကြီး တဲ့ ၃ မှတ် ဖြစ်စေခဲ့ ပါတယ် ။ ဒါပေမယ့် ၀က်စ်ဟမ်း ကို အနိုင်ယူနိုင်မယ့် ယူနိုက်တက် ကစားပုံ နဲ့ ကစားသမား ကို မမြင် မိတာတော့ အမှန် ပါပဲ ။
ခန့်မှန်းချက် – ၀က်စ်ဟမ်း ၂ – ၁ မန်ချက်စတာ ယူနိုက်တက်

၎ ။ ချဲလ်ဆီး – လီဗာပူး
ဖရန့်လမ်းပတ် ကတော့ ဘယ် အသင်းနဲ့ ပဲ ရင်ဆိုင်တွေ့တွေ့ တိုက်စစ် ဖွင့်ပြီးပဲ ကစား မှာပါ ။ ဒါက လီဗာပူး ကို တန်ပြန် တိုက်စစ် ဆင်ခွင့်တွေ ရစေ ပါလိမ့်မယ် ။ ၂ သင်းစလုံး ဥရောပ ပွဲ ပန်း ထားပြီး ရလဒ်လည်း မကောင်းခဲ့ ကြပါဘူး ။ အထူး သဖြင့် လမ်းပတ် တို့ အိမ်ကွင်း မှာ ရလဒ် မကောင်းသေးတာ ကို အဖတ်ဆယ် ချင်မှာ သေချာ ပါတယ် ။

တမ်မီ အေဘရာဟမ် ကို ၀ီလ်ယံ နဲ့ ပက်ဒရို တို့ ၀န်းရံပြီး ပွဲထွက် လာနိုင် ပါတယ် ။ ဒါက လီဗာပူး ခံစစ် ကို အန္တရာယ် ပြုနိုင် မှာပါ ။ ဂိုးသွင်း နိုင်လောက်တဲ့ အခွင့်အရေးတွေ ဖန်တီးပေး နိုင်ဖို့ တော့ လိုအပ် ပါမယ် ။ လီဗာပူး တိုက်စစ် ကတော့ ဘယ် အသင်းကို မဆို ဂိုးသွင်း နိုင် ပါတယ် ။ အပြန် အလှန် ဂိုးတွေ သွင်းကြပြီး သရေ ကျသွားမယ့် ပွဲမျိုး ဖြစ်လာမှာပါ ။
ခန့်မှန်းချက် – ချဲလ်ဆီး ၂ – ၂ လီဗာပူး

၅ ။ အာဆင်နယ် – ဗီလာ
အာဆင်နယ် အကြောင်း ဘယ်က စပြောရင် ကောင်းမလဲ ။ နီကိုလပ်စ် ပီပီ အနေနဲ့ အင်္ဂလိပ် ကစားပုံ နဲ့ အသားကျ နေသင့် ပါပြီ ။ သူ့ရဲ့ အလိမ် အခေါက် အလှည့်အစား တွေ နဲ့ အော်ဘားမီးယန်း ကို ကူညီ ပေး နိုင်သင့် နေပါပြီ ။ အူနိုင်း အမ်မရီ အနေနဲ့လည်း ရီစ် နီလ်ဆင် ၊ ဂျိုး ၀ဲလော့ တို့လို လူငယ်တွေကို နေရာပေး သင့် ပါပြီ ။ ဒါပေမယ့် ဒေးဗစ် လူးဝစ် နဲ့ ဘယ်သူ တွဲ ကစားမလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး ။

အိမ်ကွင်းမှာတောာ့ အာဆင်နယ်ဆီက သွင်းဂိုးတွေ ကို အမြောက်အများ မြင်ရမှာပါ ။ အိုဇေးလ် နဲ့ ဆီဘယ်လော့ တို့ သာ ၀င် ကစားနိုင် မယ် ဆိုရင် အာဆင်နယ် ရဲ့ တိုက်စစ် က အများကြီး သွက်လက် သွားမှာ အမှန် ပါပဲ ။ ဗီလာ ကတော့ တိုက်စစ် နဲ့ ကွင်းလယ် မဆိုးပေမယ့် ခံစစ် ကတော့ တော်တော်လေး ညံ့ပါတယ် ။ တန်ပြန် တိုက်စစ် ကနေ ဂိုး အချို့ ပြန်ရနိုင် ပေမယ့် အီးမရိတ် မှာတော့ အာဆင်နယ် ပဲ နိုင်ပွဲ ရသွားမှာပါ ။
ခန့်မှန်းချက် – အာဆင်နယ် ၄ – ၂ ဗီလာ

အခြားပွဲစဉ် ခန့်မှန်းမှု ရလဒ်များ –

၆ ။ ဆောက်သမ်တန် ၃ – ၂ ဘုန်းမောက်

၇ ။ ဘန်လေ ၂ – ၀ နောဝှစ်ခ်ျ

၈ ။ အဲဗာတန် ၁ – ၀ ရှက်ဖီး ယူနိုက်တက်

၉ ။ နယူးကာဆယ် ၃ – ၁ ဘရိုက်တန်

၁၀ ။ ပဲလေ့စ် ၀ – ၁ ၀ုဗစ်

ပရိသတ်ကြီးတို့ရဲ့ ခန့်မှန်းချက် က ရော ဘာတွေ ဖြစ်မလဲဗျာ . . . အမြင်လေးတွေ မျှဝေ ခဲ့ကြပါဦး . . .

SPORTS MYANMAR