ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ ေအစီမီလန္ မွ ဝါရင့္ တိုက္စစ္မွဴး ဂြန္ဇာလို ဟီဂြာအင္ ကို ၆လ အငွား စာခ်ဳပ္ နဲ႕ ေခၚယူ ခဲ့ျပီး အသင္း ရဲ႕ လိုအပ္ ေနတဲ့ အေထာင္ တိုက္စစ္မွဴး ေနရာ အတြက္ ျဖည့္တင္းမႈ ျပဳလုပ္ ႏိုင္ခဲ့ ပါတယ္ ။ သို႕ေပမယ့္ လည္း ဟီဂြာအင္ ဟာ ခ်ယ္လ္ဆီး ပရိသတ္ ေတြ ေမွ်ာ္လင့္ ေနတဲ့ ေျခစြမ္းမ်ိဳး ေတာ့ ထုတ္ျပ ႏိုင္ခဲ့ျခင္း မရွိေသးပါဘူး ။

ဟီဂြာအင္ ဟာ ခ်ယ္လ္ဆီး ကို စေရာက္ လာကတည္းက ဟက္ဒါစ္ဖီးလ္ ၊ ဖူလ္ဟမ္ အသင္း ေတြနဲ႕ ထိပ္တိုက္ ေတြ႕ဆံု ခဲ့တဲ့ ပြဲစဥ္ ၂ပြဲ မွာသာ ဂိုးသြင္း ႏိုင္ခဲ့တာ ျဖစ္ျပီး ယခု အခ်ိန္ ထိ စုစုေပါင္း သြင္းဂိုး ၃ဂိုးသာ ရရွိေသးတာ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ၄င္းတို႕ရဲ႕ တိုက္စစ္မွာ ေျခစြမ္းျပဖို႕ ရုန္းကန္ ေနခဲ့ရတဲ့ မိုရာတာ ကို အငွားပို႕ ျပီး ဟီဂြာအင္ နဲ႕ အစားထိုး ခဲ့ေပမယ့္ ထင္ထားသလို ျဖစ္မလာခဲ့တာ ျဖစ္ပါတယ္ ။

မေန႕က ေကာ့ဘ္ဟမ္း ေလ့က်င့္ေရးကြင္း မွာ သတင္းေထာက္ ေတြနဲ႕ ေတြ႕ဆံု ေမးျမန္းရာ ခ်ယ္လ္ဆီး နည္းျပ ေမာ္ရစ္ဇီယို ဆာရီ က တိုက္စစ္မွဴး ဟီဂြာအင္ ဟာ ပရီးမီးယားလိဂ္ မွာ အထိုင္က်ဖို႕ ရုန္းကန္ ေနရေပမယ့္ ၄င္းတို႕ အေနနဲ႕ လာမယ့္ ၂လ အတြင္းမွာ သူဆီကေန စြမ္းေဆာင္ရည္ေကာင္း ေတြကို ေမွ်ာ္လင့္ ထားေၾကာင္း ၊ ပရီးမီးယားလိဂ္ နဲ႕ စီးရီးေအ ရဲ႕ အဖက္ဖက္ က ကြာျခားမႈ ေတြဟာ ဟီဂြာအင္ ကို ပိုျပီး ရုန္းကန္ ရေစတယ္ လို႕ ေျဖၾကား ခဲ့ပါတယ္ ။

ဆာရီ က ” ကြ်န္ေတာ္ ဟာ လာမယ့္ လက္က်န္ ၂လ အတြင္းမွာ ဂြန္ဇာလို ဆီကေန ထိပ္တန္း စြမ္းေဆာင္ရည္ေကာင္း တခ်ိဳ႕ ကို ေမွ်ာ္လင့္ ထားပါတယ္ ။ အခု ေလာေလာဆယ္ မွာေတာ့ ဒီ တခုပဲ အေရးၾကီး ပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ ဂြန္ဇာလို ကို ထိပ္တန္း ေျခစြမ္းအဆင့္ မွာ ရွိေစခ်င္ ၾကပါတယ္ ။ သူ႕အတြက္ ပရီးမီးယားလိဂ္ မွာ ခ်က္ခ်င္း အထိုင္က် ဖို႕က မလြယ္ပါဘူး ။ ”

” စီးရီးေအ နဲ႕ ပရီးမီးယားလိဂ္ အၾကား ျပိဳင္ပြဲ အဆင့္အတန္း ဟာ ျခားနား ေနပါတယ္ ။ ကြ်န္ေတာ့ အျမင္မွာေတာ့ အထူးသျဖင့္ အေထာင္ တိုက္စစ္မွဴး တေယာက္ အတြက္ ပရီးမီယားလိဂ္ မွာ တလ ၊ ၂လ အတြင္း အသားက် ဖို႕ ဆိုတာ ပိုျပီး ခက္ခဲတယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ဂြန္ဇာလို ကြ်န္ေတာ့ ကို ေျပာတာက ပရီးမီးယားလိဂ္ ခံစစ္မွဴး ေတြဟာ ၾကံ့ခိုင္မႈ အသားေပး ေဆာ့တဲ့ အတြက္ေၾကာင့္ သူ႕ အေနနဲ႕ ေျခစြမ္းျပ ႏိုင္ဖို႕ ရုန္းကန္ ေနရတယ္ လို႕ ဆိုပါတယ္ ။ ”

” ဒါ့အျပင္ ဒီက ကြင္းလယ္ဒိုင္ ေတြရဲ႕ ဆံုးျဖတ္ခ်က္ ဟာလည္း စီးရီးေအ ဒိုင္ေတြရဲ႕ ဆံုးျဖတ္ခ်က္ နဲ႕ မတူပါဘူး ။ သူ႕ အတြက္ေတာ့ လံုးဝ ကို ကြဲျပား ေနတဲ့ ေဘာလံုး ေလာက တခုဆီကို ေရာက္ရွိ ေနသလို ပါပဲ ။ ဒီမွာ က ပထမ တလ ၊ ၂လ ေလာက္ အတြင္းမွာ တိုက္စစ္မွဴး ပဲ ျဖစ္ျဖစ္ ၊ ဂိုးသမားပဲ ျဖစ္ျဖစ္ အထိုင္က် ဖို႕ ခက္ခဲ ပါတယ္ ။ ”

” ဂြန္ဇာလို အတြက္ ကစားပံု မတူညီတဲ့ လိဂ္ တခုကို ေရာက္ရွိ လာတာ ျဖစ္လို႕ သူ႕ အေနနဲ႕ ေျခစြမ္းျပ ႏိုင္ဖို႕ အတြက္ အခ်ိန္ အတိုင္းအတာ တခုထိ လိုအပ္ ပါလိမ့္မယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕မွာ သူ႕ အတြက္ အခ်ိန္ေပးဖို႕ မရွိပါဘူး ။ ကြ်န္ေတာ္ တို႕ဟာ သူ႕ရဲ႕ ထိပ္တန္း စြမ္းေဆာင္ရည္ ကို လာမယ့္ ၂လ အတြင္းမွာ လိုအပ္ ေနပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ည ၇ : ၃၅ အခ်ိန္ မွာ ကာဒစ္ဖ္ အသင္း ကို အေဝးကြင္း မွာ သြားေရာက္ ရင္ဆိုင္ ရမွာ ျဖစ္ျပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ အတြက္ မျဖစ္မေန အႏိုင္ ကစားဖို႕ လိုအပ္ ေနျပီ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ပရီးမီးယားလိဂ် မှာ ဟီဂွာအင် ဘာကြောင့် ရုန်းကန် နေရသလဲ ဆိုတာ ရှင်းလင်း ပြောဆို လိုက်တဲ့ #ဆာရီ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အေစီမီလန် မှ ဝါရင့် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂွာအင် ကို ၆လ အငှား စာချုပ် နဲ့ ခေါ်ယူ ခဲ့ပြီး အသင်း ရဲ့ လိုအပ် နေတဲ့ အထောင် တိုက်စစ်မှူး နေရာ အတွက် ဖြည့်တင်းမှု ပြုလုပ် နိုင်ခဲ့ ပါတယ် ။ သို့ပေမယ့် လည်း ဟီဂွာအင် ဟာ ချယ်လ်ဆီး ပရိသတ် တွေ မျှော်လင့် နေတဲ့ ခြေစွမ်းမျိုး တော့ ထုတ်ပြ နိုင်ခဲ့ခြင်း မရှိသေးပါဘူး ။

ဟီဂွာအင် ဟာ ချယ်လ်ဆီး ကို စရောက် လာကတည်းက ဟက်ဒါစ်ဖီးလ် ၊ ဖူလ်ဟမ် အသင်း တွေနဲ့ ထိပ်တိုက် တွေ့ဆုံ ခဲ့တဲ့ ပွဲစဉ် ၂ပွဲ မှာသာ ဂိုးသွင်း နိုင်ခဲ့တာ ဖြစ်ပြီး ယခု အချိန် ထိ စုစုပေါင်း သွင်းဂိုး ၃ဂိုးသာ ရရှိသေးတာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ရဲ့ တိုက်စစ်မှာ ခြေစွမ်းပြဖို့ ရုန်းကန် နေခဲ့ရတဲ့ မိုရာတာ ကို အငှားပို့ ပြီး ဟီဂွာအင် နဲ့ အစားထိုး ခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာခဲ့တာ ဖြစ်ပါတယ် ။

မနေ့က ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်း မှာ သတင်းထောက် တွေနဲ့ တွေ့ဆုံ မေးမြန်းရာ ချယ်လ်ဆီး နည်းပြ မော်ရစ်ဇီယို ဆာရီ က တိုက်စစ်မှူး ဟီဂွာအင် ဟာ ပရီးမီးယားလိဂ် မှာ အထိုင်ကျဖို့ ရုန်းကန် နေရပေမယ့် ၄င်းတို့ အနေနဲ့ လာမယ့် ၂လ အတွင်းမှာ သူဆီကနေ စွမ်းဆောင်ရည်ကောင်း တွေကို မျှော်လင့် ထားကြောင်း ၊ ပရီးမီးယားလိဂ် နဲ့ စီးရီးအေ ရဲ့ အဖက်ဖက် က ကွာခြားမှု တွေဟာ ဟီဂွာအင် ကို ပိုပြီး ရုန်းကန် ရစေတယ် လို့ ဖြေကြား ခဲ့ပါတယ် ။

ဆာရီ က ” ကျွန်တော် ဟာ လာမယ့် လက်ကျန် ၂လ အတွင်းမှာ ဂွန်ဇာလို ဆီကနေ ထိပ်တန်း စွမ်းဆောင်ရည်ကောင်း တချို့ ကို မျှော်လင့် ထားပါတယ် ။ အခု လောလောဆယ် မှာတော့ ဒီ တခုပဲ အရေးကြီး ပါတယ် ။ ကျွန်တော် တို့ဟာ ဂွန်ဇာလို ကို ထိပ်တန်း ခြေစွမ်းအဆင့် မှာ ရှိစေချင် ကြပါတယ် ။ သူ့အတွက် ပရီးမီးယားလိဂ် မှာ ချက်ချင်း အထိုင်ကျ ဖို့က မလွယ်ပါဘူး ။ ”

” စီးရီးအေ နဲ့ ပရီးမီးယားလိဂ် အကြား ပြိုင်ပွဲ အဆင့်အတန်း ဟာ ခြားနား နေပါတယ် ။ ကျွန်တော့ အမြင်မှာတော့ အထူးသဖြင့် အထောင် တိုက်စစ်မှူး တယောက် အတွက် ပရီးမီယားလိဂ် မှာ တလ ၊ ၂လ အတွင်း အသားကျ ဖို့ ဆိုတာ ပိုပြီး ခက်ခဲတယ် လို့ ကျွန်တော် ထင်ပါတယ် ။ ဂွန်ဇာလို ကျွန်တော့ ကို ပြောတာက ပရီးမီးယားလိဂ် ခံစစ်မှူး တွေဟာ ကြံ့ခိုင်မှု အသားပေး ဆော့တဲ့ အတွက်ကြောင့် သူ့ အနေနဲ့ ခြေစွမ်းပြ နိုင်ဖို့ ရုန်းကန် နေရတယ် လို့ ဆိုပါတယ် ။ ”

” ဒါ့အပြင် ဒီက ကွင်းလယ်ဒိုင် တွေရဲ့ ဆုံးဖြတ်ချက် ဟာလည်း စီးရီးအေ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက် နဲ့ မတူပါဘူး ။ သူ့ အတွက်တော့ လုံးဝ ကို ကွဲပြား နေတဲ့ ဘောလုံး လောက တခုဆီကို ရောက်ရှိ နေသလို ပါပဲ ။ ဒီမှာ က ပထမ တလ ၊ ၂လ လောက် အတွင်းမှာ တိုက်စစ်မှူး ပဲ ဖြစ်ဖြစ် ၊ ဂိုးသမားပဲ ဖြစ်ဖြစ် အထိုင်ကျ ဖို့ ခက်ခဲ ပါတယ် ။ ”

” ဂွန်ဇာလို အတွက် ကစားပုံ မတူညီတဲ့ လိဂ် တခုကို ရောက်ရှိ လာတာ ဖြစ်လို့ သူ့ အနေနဲ့ ခြေစွမ်းပြ နိုင်ဖို့ အတွက် အချိန် အတိုင်းအတာ တခုထိ လိုအပ် ပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော် တို့မှာ သူ့ အတွက် အချိန်ပေးဖို့ မရှိပါဘူး ။ ကျွန်တော် တို့ဟာ သူ့ရဲ့ ထိပ်တန်း စွမ်းဆောင်ရည် ကို လာမယ့် ၂လ အတွင်းမှာ လိုအပ် နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ရ : ၃၅ အချိန် မှာ ကာဒစ်ဖ် အသင်း ကို အဝေးကွင်း မှာ သွားရောက် ရင်ဆိုင် ရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ် နေပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR